Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၁)—မင်းညီမင်းသားများ၏ ဆန္ဒပြကန့်ကွက်မှု

    ၁၅၂၉ ခုနှစ်တွင် ကျင်းပသောစပါးလွှတ်တော်တွင် ဂျာမန် ခရစ်ယာန် မင်းညီမင်းသားများ ပြုလုပ်ခဲ့သော ဆန္ဒပြကန့်ကွက်မှုကြီး သည် ဘာသာရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖွင့်ဟခဲ့သမျှသော မြင့်မြတ်သည့်သက်သေခံချက် များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်ကြသော ထိုသူများ၏ ရဲစွမ်းသတ္တိနှင့် ခိုင်မြဲ တည်ကြည်မှုများကြောင့် အနာဂတ်ခေတ် အဆက်ဆက်အတွက် ဩတ္တပ္ပစိတ်လွတ်လပ်ခွင့်ကိုရရှိခဲ့ကာ ပြုပြင်ပြီး အသင်းတော်သည် လည်း ပရိုတက်စဆင့်ဟူသောအမည်ကို ရရှိခဲ့ပါသည်။GCBur 201.1

    သမ္မာတရားကိုဆန့်ကျင်ဘက်ပြုနေသော အင်အားစုများ အားဘုရားသခင်သည် ရပ်တန့်စေတော်မူ၏။ ပဉ္စမမြောက်ချားစ် ဘုရင်သည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အပြတ်ရှင်း ပစ်ရန် ရည်ရွယ်ခဲ့ သော်လည်း သူလုပ်ဆောင်ဖို့ကြံစည်တိုင်း သူ့အား အကြံပျက်စေခဲ့ပါသည်။ GCBur 201.2

    ပြုပြင်ပြောင်းလဲရေးသမားများကို အပြတ်ရှင်းဖို့ကြံတိုင်း တာ့စ်များသည် ရှေ့တန်းစစ်မျက်နှာတွင် ပေါ်လာတတ်သလို ပြင်သစ် ဘုရင် (သို့မဟုတ်) ရဟန်းမင်း ကိုယ်တိုင်ကလည်း ၎င်းအားစစ်ချီသည့် အချိန်များနှင့် ရင်ဆိုင် ခဲ့ရပါသည်။ ဤကဲ့သို့ တိုင်းနိုင်ငံများရုန်း ရင်းခတ်တိုက်ခိုက်နေကြခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် အနှောင့်အယှက်ကင်းစွာဖြင့် တိုးတက်ကြီးပွားလာခဲ့ရပါသည်။GCBur 201.3

    နောက်ဆုံးတွင် ရဟန်းမင်း၏မိတ်ဆွေဘုရင်များသည် ပြုပြင် ပြောင်းလဲရေးသမားများအပေါ် ပူးပေါင်းတိုက်လှန်လာကြပါသည်။ ဖေါက်ပြန်ရေးသမားများကိုချေမှုန်းနိုင်ဖို့ ဆွေးနွေးတိုင်ပင်ရန်အတွက် ၁၅၂၉ ခုနှစ်တွင် စပါးတွင်လွှတ်တော်ကျင်းပရန် လွှတ်တော်အမတ် များကို ဧကရာဇ်မင်းကဆင့်ခေါ်ခဲ့သည်။ အနုနည်းနှင့် ဖြေရှင်းလို့မ ရလျှင် အကြမ်းနည်းဖြင့် ဖြေရှင်းရန် ချားစ်ဘုရင်စီစဉ်ခဲ့ပါသည်။GCBur 202.1

    ရဟန်းမင်းအဖွဲ့သည် ပြုပြင်ပြောင်းလဲရေးသမားများအပေါ် မှာထားသည့် ၎င်းတို့၏ရက်စက်သည့်သဘောထားကို စပါးညီလာခံ တွင်ဗြောင်ကျကျထုတ်ဖော်ခဲ့ပါသည်။ GCBur 202.2

    မက္ကလန်သန်က “ကျွန်ုပ်တို့ဟာ မုန်းစရာကောင်းတဲ့လူတွေ၊ လောကရဲ့အမှိုက်တွေဖြစ်နေပြီ။ ဒါပေမယ့် ခရစ်တော်ဟာ သနားစရာ ကောင်းတဲ့သားသမီးတွေကို ငုံ့ကြည့်တော်မူပြီး ကာကွယ်စောင့် ရှောက်တော်မူလိမ့်မယ်” ဟုပြောခဲ့ပါသည်။ GCBur 202.3

    စပါးမြို့သူမြို့သား များသည် နှုတ်ကပတ်တော်ကို ဆာငတ် မွတ်နေကြသည်ဖြစ်ရာ ပိတ်ပင်ထား သည့် ကြားမှပင် ထောင်နှင့် ချီသောထိုမြို့သားများသည် ဆက္ကဆိုနီလွှတ်တော် အမတ်၏ ဘုရား ဝတ်ပြုဆောင်တွင် ဝတ်ပြုကိုးကွယ်ပွဲကျင်းပရန် စုရုံးလာကြ ပါသည်။ ဤအချက်သည် အကျပ်အတည်းကာလကို အမြန်ရောက်သွားစေ ပါသည်။ GCBur 202.4

    ဘာသာရေးလွတ်လပ်ခွင့်ရှိသည်ဟု တရားဝင်ကြေညာ ထားသော်လည်း ဝမ်းမြောက်ဖွယ်ရာသတင်းစကား ဟောပြောနေသော ပြည်နယ်များသည် ၎င်းတို့ပြည်နယ်အခွင့်အရေးများကို ကျူးကျော် ဖေါက်ဖျက်မှုများအား ဆန့်ကျင်ရန် ဆုံးဖြတ်ကြပါသည်။ လူးသာသည် စပါးတွင်ကျင်းပသည့် ညီလာခံသို့…………………………………….. တက်ရောက်ခွင့်မရခဲ့ချေ။ အမှုတော်ကိုကာကွယ်ရန် ဘုရားသခင်ရွေး ချယ်ခဲ့သည့် လုပ်ဖေါ်ဆောင်ဖက်များနှင့် မင်းညီမင်းသားများကို သူ့ကိုယ်စား တက်ရောက်စေခဲ့ပါသည်။ ဆက္ကဆိုနီလွှတ်တော်အမတ် ဖရက်ဒရစ်သည် သေဆုံးသွားရာ ၎င်း၏အရိုက်အရာကိုခံသည် မြို့ စားကြီးဂျွန်သည် ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဝမ်းပန်း တသာကြိုဆိုအားပေး ခဲ့ပါသည်။GCBur 202.5

    ဘာသာရေးပြုပြင်ပြောင်းလဲရေးကို လက်ခံထားသည့် ပြည် နယ်များသည် ရောမအသင်းတော်၏တရားစီရင်မှု၌ အရှုံးပေးအညံ့ ခံကြရန် ရဟန်းမင်းအဖွဲ့က တောင်းဆိုလာသောအခါ ပြုပြင်ပြောင်းလဲ ရေးသမားများက လုံးဝသဘောမတူကြချေ။GCBur 203.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေး မတည်ထောင်ရသေးသည့် နယ်များတွင်သာ ထို “ဝမ်းစ်အမိန့်” ကိုပြဌာန်းရန် အဆိုပြုကြသလို ဝမ်းစ်အမိန့်များနှင့်အညီ မလိုက်လျှောက်နိုင်သောနေရာများတွင် လည်းအသစ်တည်ထောင်သော ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများ တွင်မပါဝင်ကြဘဲ ပွဲတော်မင်္ဂလာဝင်ခြင်းကို မဆန့်ကျင်ခြင်း မည်သည့် ကာတိုလိတ်အသင်းသား ကိုမှ လူးသာအသင်းများတွင် ဝင်ခွင့်မပြု ကြရန် နောက်ဆုံးတွင် အဆိုပြုကြပါသည်။ ဤအဆိုပြုချက်ကို လွှတ် တော်က အတည်ပြုခဲ့ရာ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များအားရကျေနပ်သွား ကြပါသည်။GCBur 203.2

    အကယ်၍ ဤအမိန့်ကိုပြဌာန်းကျင့်သုံးခဲ့လျှင် ဘာသာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အသစ်တိုးချဲ့နိုင်မှာမဟုတ်သည့်ပြင် လုပ်လက်စရှိပြီးသားနေရာများ၌ပင် ခိုင်မာစွာတည်ထောင်နိုင်ကြ တော့မည် မဟုတ်ချေ။ လွတ်လပ်မှုများကို ပိတ်ပင်တားဆီးလာလိမ့် မည်။ ယုံကြည်မှု ပြောင်းလဲခြင်းများကိုလည်း ခွင့်ပြုကြတော့မည်…. မဟုတ်ချေ။ ကမ္ဘာ့မျှော်လင့်ချက်အလင်းတန်းများသည် ငြိမ်းသေတော့ သယောင်ဖြစ်နေပါသည်။GCBur 203.3

    တရားဟောအဖွဲ့များက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ- GCBur 204.1

    “ဘာလုပ်ရတော့မှာလဲ။ ခေါင်းဆောင်ကြီးတွေဟာ အညံ့ ခံပြီးဒီအမိန့်ကိုလက်ခံ ကြတော့မှာလား။ လူးသာအဖွဲ့က မင်းညီမင်း သားတွေကို ဘာသာရေး လွတ်လပ်ခွင့်ပေးထားတာပဲ။ ပြုပြင်ပြောင်း လဲရေးအမြင်တွေကို ဒီအမိန့် အတည်မပြုခင်ကတည်းက ဖက်ယမ်း လက်ခံခဲ့ကြတဲ့ သူတို့ရဲ့လူတွေအားလုံး ဆီကို ဒီလိုအသနားခံစာမျိုး ပို့ခဲ့တာပဲ။ ဒီလိုလုပ်တာနဲ့ မကျေနပ်နိုင်ကြသေး ဘူးလားဟု ညည်း တွားနေကြပါသည်။GCBur 204.2

    ရဟန်းမင်း၏လက်ထောက်ခေါင်းဆောင်များသည် ထို အစီအစဉ်ကို အခြေပြုပြီး ဆောက်တည်ထားသောအခြေခံစည်းမျဉ်း များကို ဝမ်းပန်းတသာဖြင့် ကြည့်ကြပါသည်။ GCBur 204.3

    ထို့နောက် ယုံကြည်စိတ်ချစွာဖြင့် သူတို့လှုပ်ရှားကြပါသည်။ ထိုအခြေခံစည်းမျဉ်းကဘာလဲ။ ဩတ္တပ္ပစိတ်ကို အနိုင်အထက်ပြုလျက် လွတ်လပ်စွာစုံစမ်းမေးမြန်းမှုကို တားမြစ်ပိုင်ခွင့်သည် ရောမအသင်း တော် ၌သာရှိသည်ဆိုသည်အချက်မှာ ထိုအခြေခံစည်းမျဉ်းဖြစ်သည်။ GCBur 204.4

    သို့ရာတွင် ရပိုင်ခွင့်တစ်ရပ်အနေဖြင့် ဘာသာရေးလွတ်လပ် ခွင့်ရကြမှာပါ။ GCBur 204.5

    အဆိုပြုခဲ့သည့် အစီအစဉ်များကို အတည်ပြုလက်ခံလိုက်ခြင်း ဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ဆက္ကဆိုနီ ပြည်နယ်တစ်ခုတွင်သာ ခံစားခွင့်ရှိကြောင်း ဝန်ခံခြင်းဖြစ်လာလိမ့်............................................ မည်။ အခြားခရစ်ယာန်နယ်မြေများတွင် လွတ်လပ်စွာစုံစမ်းစစ်ဆေး မှုများကို ပြုလုပ်လာကာ ပြုပြင်ပြောင်းလဲရေးယုံကြည်ချက်များ အားလက်ခံသူများကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ် လျက် အကျဉ်းချခြင်း၊ မီးရှို့သတ် ခြင်းများကို ကျင့်သုံးကြတော့မည်။ အရပ်ဒေသခွဲခြားပြီး ဘာသာရေး လွတ်လပ်ခွင့် သတ်မှတ်ခြင်းကို သူတို့ သဘောတူနိုင်မည်လား။ ရဟန်းမင်း၏ နယ်မြေများတွင် ထိုအစီအစဉ် ကြောင့် အသက်ပေးလှူခဲ့ရသော၊ ထောင်ပေါင်း များစွာသောသူများ၏ အသွေးသွန်းမှုအတွက် အပြစ်ကင်းပါသည်ဟု ပြုပြင်ပြောင်းလဲရေး သမားများက တောင်းပန်နိုင်ကြမည်လား”။GCBur 204.6

    “ဒီအမိန့်ကိုငြင်းပယ်ကြစို့။ ဩတ္တပ္ပစိတ်နှင့်ပတ်သက်တဲ့ ကိစ္စတွေမှာ လူအများစုမှာ လုပ်ပိုင်ခွင့်အာဏာမရှိပါဘူး” ဟု မင်းညီ မင်းသားများက ပြောဆိုကြသည်။ ဩတ္တပ္ပစိတ်၏ လွတ်လပ်မှုကို ကာ ကွယ်ရန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သည်။ ဘာသာရေးကိစ္စများမှာမူ နိုင်ငံတော်၌ အာဏာအကန့်အသတ် ရှိပါသည်။GCBur 205.1

    “ခေါင်းမာရဲသူများ” ဟု သမုတ်ခြင်းခံရသူများကို ချေမှုန်းရန် ရဟန်းမင်းအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုအဆိုပြုချက်တွင် ပါရှိ သည့် အချက်အလက်များကို လိုက်လျောမည်၊ မလိုက်လျောမည်ကို ကြေညာရန် လွတ်လပ်သောမြို့နယ်များမှ ကိုယ်စားလှယ်များအား တောင်းဆိုခဲ့ရာ ရင်ဆိုင် ရမည့်အန္တရာယ်များကို သိလျက်နှင့် တစ်ဝက် နီးပါးသော ကိုယ်စားလှယ် များသည် ပြောင်းလဲရေးသမားများဘက် တွင် ရပ်တည်ခဲ့ကြသည်။ တစ်ယောက်သောကိုယ်စားလှယ်က “ကျွန်ုပ်တို့ဟာ နှုတ်ကပတ်တော်ကို မငြင်းပယ်ပါက မီးရှို့အသတ်ခံကြရ မည်” ဟုဆို၏။GCBur 205.2