Go to full page →

အဆုံးကာလသည် နီးပြီ။ CCB2 381

ကျွန်ုပ်တို့၏ လောကသို့ သခင်ခရစ်တော် ပြန်ကြွလာတော်မူခြင်း အမှုကို ကြာမြင့်စွာ ဆိုင်းငံ့ထားလိမ့်မည် မဟုတ်။ ဤ အချက်သည် သတင်းစကားတိုင်း၏ သော့ချက် ဖြစ်ပါစေ။ CCB2 381.1

တားမြစ်နေသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ယခု လောကမှ ရုပ်သိမ်းလျက်ပင် ရှိနေသည်။ လေနီကြမ်း၊ လေမုန်တိုင်း၊ မိုးသက်မုန်တိုင်း၊ မီးဘေး နှင့် ရေဘေး၊ ပင်လယ်ထဲ၌ လည်းကောင်း၊ ကုန်းပေါ်၌ လည်းကောင်း ဘေးဒုက္ခများတို့သည် တစ်ခုပြီး တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာနေ၏။ လောကဓါတ်ပညာက ဤ အရာ အားလုံးကို ရှင်းလင်းပြရန် ကြံစည်၏။ ဘုရားသခင်၏ သားတော် ကြွလာတော်မူချိန် နီးကြောင်းကို ဖော်ပြလျက်၊ ကျွန်ုပ်တို့ ပတ်လည်၌ များစွာ ဖြစ်ပေါ်လာသော နိမိတ်လက္ခဏာတို့သည် မှန်သော အကြောင်းရင်းထက် အခြားသော အကြောင်းကြောင့် ဖြစ်သည်ဟု မှတ်ယူကြ၏။ ဘုရားသခင်၏ ကျွန်များကို တံဆိပ်ခတ်ပြီးသည် တိုင်အောင် အရပ် လေးမျက်နှာ၏ လေများကို မတိုက်ခတ်စေရန် တားဆီးထားသော ကောင်းကင်တမန်တို့ကို လူတို့သည် မမြင်နိုင်ကြချေ။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန် တို့အား လေတို့ကို လွှတ်စေရန် မှာထားတော်မူသောအခါ၊ ကလောင်ဖြင့် ရေးသား ဖော်ပြခြင်းငှါ မတတ်နိုင်သော တိုက်ခိုက်ပွဲ ရှုခင်းကြီးသည် ဖြစ်ပေါ်လာလိမ့်မည်။ CCB2 381.2

ကန့်လန့်ကာကို လိပ်တင်နိုင်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့် ဒဏ်စီရင်ခြင်း ခံရသော လောကပေါ်သို့ ကျရောက်တော့မည် ဖြစ်သော တရားစီရင်ခြင်း အကြောင်းကို သင်သည် သိမြင်နိုင်လျှင်၊ သင်၏ အခြေအနေကို သင်သည် မြင်နိုင်လျှင်၊ သင်သည် သင်၏ ဝိညာဉ် နှင့် သင့် လူအချင်းချင်း၏ ဝိညာဉ်အတွက် ကြောက်လန့် တုန်လှုပ်လိမ့်မည်။ စိတ်ကြေကွဲလောက်အောင် ဝေဒနာ ပြင်းလျက် စိတ်အားကြီးစွာ ကောင်းကင်သို့ ဆုတောင်းရကြလိမ့်မည်။ သင်သည် ဗိမာန်တော် တံခါးဝ နှင့် ယဇ်ပလ္လင် စပ်ကြားတွင် ငိုကြွေးလျက် သင်၏ ဝိညာဉ် မျက်စိကန်းခြင်း နှင့် ဖောက်ပြန်ခြင်းအတွက် ဝန်ခံ တောင်းပန်လိမ့်မည်။66T 404, 408; 9&0 CCB2 381.3