Go to full page →

သခင်ခရစ်တော် ကြွလာခြင်းသည် နှောင့်နှေး၏ဟ ထင်ခြင်း၌ ဘေးဖြစ်ခြင်း။ CCB2 382

ငါ့ အရှင်လာခဲ့လိမ့်မည်ဟု မိမိ၏ စိတ်ထဲ၌ ပြောဆိုသော ထိုကျွန်ဆိုးသည် (မ၊ ၂၄: ၄၈။) သခင်ခရစ်တော်ကို စောင့်မျှော်နေသည်ဟု ပြောဆို၏။ သူသည် ကျွန် တစ်ယောက် ဖြစ်၏။ အပြစ် လက္ခဏာအားဖြင့် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၏။ သို့ရာတွင် စိတ်ထဲ၌ သူသည် စာတန်ဘက်သို့ လိုက်ပါနေ၏။ CCB2 382.1

သူသည် ကဲ့ရဲ့သော သူတို့ကဲ့သို့ သမ္မာတရားကို ပွင့်လင်းစွာ မငြင်းပယ်ချေ။ သို့ရာတွင် အရှင်လာခဲသည်ဟု စိတ်ထဲ၌ ထင်သည် အတိုင်း မိမိ အသက်တာ၏ အပြုအမူအားဖြင့် ဖော်ပြ၏။ သူ၏ စိတ်ထင်မြင်ချက်အားဖြင့် ထာဝရ အကျိုးကျေးဇူးများကို သူသည်ဂရုမစိုက်ဘဲ နေ၏၊ သူသည် လောက၏ စကားပုံများကို လက်ခံလျက် လောက၏ ထုံးစံ နှင့် အကျင့်ဓလေ့တို့ကို လိုက်နာ၏။ ကိုယ်ကျိုးရှာခြင်း၊ လောကီကြွားဝါခြင်း နှင့် လောဘရမ္မက်များကို အားကြီးစွာ ဖြစ်ပေါ်လာစေ၏။ သူ၏ ညီအစ်ကိုတို့သည် သူ့ထက် သာသွားမည်ကို စိုးရိမ်သဖြင့် သူတို့၏ ကြိုးပမ်းမှုကို ရှုတ်ချလျက် သူတို့၏ ရည်ရွယ်ချက်များကို ဆန့်ကျင်ဖက် ပြောဆို၏။ ထိုသို့အားဖြင့် မိမိ၏ ကျွန်ချင်းတို့ကို သူသည် ရိုက်နှက်၏။ CCB2 382.2

သူသည် ဘုရားသခင်၏ လူများမှ ခွဲခွာသွားသောအခါ၊ သူသည် ဘုရားကို မကြည်ညိုသော သူတို့နှင့် သာ၍ သာ၍ ပူးပေါင်းလာ၏။ သူသည် သေသောက်ကြူးသော သူတို့နှင့် အတူတကွ စားသောက်လျက် - လောကီသားတို့နှင့် ပေါင်းဖော်၍ သူတို့၏ သဘောကို လိုက်နာနေသည်ကို တွေ့ရ၏။ ထိုသို့အားဖြင့် သူသည် ကိုယ်ကာယ လုံခြုံမှုအတွက်သာ သွေးဆောင်ခြင်း ခံရလျက် မေ့လျော့ခြင်း၊ သတိမူခြင်း၊ ငိုက်မြည်း အိပ်ပျော်နေခြင်း အဖြစ်သို့ ရောက်ရှိသွားလေ၏။ 75T 101, 102; CCB2 382.3