Go to full page →

အဝတ်အထည်တွင် လိုက်နာအပ်သော အခြေခံတရားများ။ CCB2 145

လူတစ်ယောက် အပေါ်၌ အဝတ်အထည် ဆင်ယင်ထားပုံသည် အများအားဖြင့် ယောက်ျား၊ မိန်းမတို့၏ သဘောကို ထင်ရှားစေသော အညွှန်း ဖြစ်သည်။ CCB2 145.1

ကျွန်ုပ်တို့သည် လူ တစ်ယောက်၏ အကျင့်စာရိတ္တကို ဝတ်ဆင်ထားသော အဝတ်အထည်၏ အနေအထား အားဖြင့် ဝေဖန်ပိုင်းခြားတတ်ကြသည်။ ဣန္ဒြေ ရှိ၍ ဘုရားတရားကို ကြည်ညိုသော မိန်းမသည် ဣန္ဒြေ ရှိစွာ ဝတ်စား ဆင်ယင်တတ်သည်။ ယဉ်ကျေးသိမ်မွေ့သော သဘောရှိ၍ ကောင်းမွန်အောင် ပြုပြင်ထားသော စိတ်နှလုံး ရှိတတ်ခြင်းကို ရိုးသား၍ သင့်တော်သော အဝတ်အထည်ကို ရွေးချယ်ခြင်းအားဖြင့် ထင်ရှားစေ၏။ မှန်သော မိန်းမသည် အကျင့်၏ တန်ဖိုးအားဖြင့် ထူးခြားစွာ သိရှိရသည်ကို သိနားလည်ကြောင်း၊ အဝတ်တန်ဆာ၌ လည်းကောင်း၊ အပြုအမူ အနေအထိုင်၌ လည်းကောင်း ရိုးသား၍ ဟန်မဆောင်တတ်သော သူသည် ဖော်ပြ၏။ အဝတ်တန်ဆာတွင် ရိုးသားခြင်းသည် မည်မျှ နှစ်သက်ဖွယ်၊ မည်မျှ စိတ်ဝင်စားဖွယ် ဖြစ်သနည်း။ ၎င်း၏ တင့်တယ် ယဉ်ကျေးခြင်းတွင် ထိုသို့သော အဝတ်တန်ဆာတို့ကို ယာခင်းထဲရှိ ပန်းပင်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။ CCB2 145.2

ကျွန်ုပ်တို့၏ လူများသည် ဘုရားသခင့် ရှေ့တော်၌ သတိနှင့် လည်းကောင်း၊ ရှေ့နောက် မျှော်မြင်ခြင်းနှင့် လည်းကောင်း သွားလာဖို့ရန် ကျွန်ုပ် တောင်းပန်ပါသည်။ အဝတ်တန်ဆာတို့တွင် ထုံးစံဓလေ့ကို လိုက်စားရာတွင် ကျန်းမာရေး စည်းကမ်းများနှင့် ညီညွတ်ပါစေ။ ကျွန်ုပ်တို့၏ ညီအစ်မသည် အများ ပြုသကဲ့သို့ ရိုးရိုးကလေး ဝတ်ဆင်လျက် အဝတ်တန်ဆာတို့မှာ ကောင်းသော အမျိုး ဖြစ်လျက် ခိုင်ခံ့ပြီးလျှင် အသက်အရွယ်နှင့် သင့်တော်ပါစေ။ ၎င်းပြင် စိတ်ထဲ၌ အဝတ်တန်ဆာနှင့် ဆိုင်သော ပြဿနာကိုသာ အမြဲ တွေးမနေပါနှင့်။ ကျွန်ုပ်တို့၏ ညီအစ်မများတို့သည် အဝတ်များကို ရိုးရိုး ပြင်ဆင် ချုပ်လုပ်ရမည်။ သူတို့သည် ဣန္ဒြေ ရှိသော အဝတ်တန်ဆာကို ဆင်ယင်လျက် အရှက်အကြောက် နှင့် လည်းကောင်း၊ ဣန္ဒြေနှင့် လည်းကောင်း ပြည့်စုံကြရမည်။ အတွင်း၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ဆင်ယင်ထားကြောင်း လောကအား အသက်ရှင်နေသော ပုံသက်သေကို ပြကြပါ။ CCB2 145.3

လောကသည် ဣန္ဒြေ ရ၍ သက်သက် သာသာ ရှိလျက် ကျန်းမာခြင်းကို ဖြစ်စေပြီး ကျမ်းစာတော်မြတ်နှင့် ညီညွတ်သော အဝတ်တန်ဆာမျိုးကို တည်ထွင်လာလျှင်၊ ၎င်းကို အသုံးပြုခြင်း အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် လည်းကောင်း၊ လောကနှင့် လည်းကောင်း ဆက်သွယ်မှုကို ပြောင်းလဲစေလိမ့်မည် မဟုတ်။ ခရစ်ယာန်တို့သည် သခင်ခရစ်တော်၏ ပုံသက်သေကို လိုက်၍ မိမိတို့၏ အဝတ်တန်ဆာကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ညီညွတ်စေရမည်။ သူတို့သည် အလွန်အမင် လောကီဆန်ခြင်းကို ရှောင်ကြဉ်ရမည်။ လူများ ချီးမွမ်းသည် ဖြစ်စေ၊ ကဲ့ရဲ့ ပြစ်တင်သည ဖြစ်စေ သူတို့သည် မှန်ကန်သော နည်းလမ်းကို လိုက်နာရကြမည်။ ၎င်းပြင် မှန်သော အမှုသည် အကျိုးပေးသောကြောင့်၊ မှန်သော အရာကို စွဲလမ်း လိုက်နာရမည်။ CCB2 146.1

အဝတ်တန်ဆာတွင် မသင့်တော်သော ခေတ်ဖက်ရှင် အားလုံးကို လိုက်နာရန် ကြိုးစားခြင်းဖြင့် အချိန် မဖြုန်းပါနှင့်။ သေသပ်၊ တင့်တယ်စွာ ဝတ်ဆင်ပါ၊ သို့ရာတွင် အလွန်အကျူး လှပ ခေတ်ဆန်အောင် ဝတ်ခြင်း၊ မသေမသပ်၊ ပွယောင်းယောင်း ဝတ်ဆင်ခြင်းဖြင့် လူအများ ကဲ့ရဲ့စရာ ဖြစ်အောင်၊ သင့် ကိုယ်ကို အပြင်ဆင်ပါနှင့်။ ကောင်းကင်ဘုံရှင်သည် သင့်ကို အမြဲ ကြည့်ရှုနေသည်ကို လည်းကောင်း၊ သင်သည် ဘုရားသခင်၏ နှစ်သက်ခြင်း၊ နှစ်သက်တော်မမူခြင်း ခံရမည်ကို လည်းကောင်း သင် သတိရှိလျက် အမြဲ ပြုမူ ဝတ်ဆင်ပါ။2CG 413-415; CCB2 146.2