Go to full page →

ကျမ်းစာက သွန်သင်ချက်။ CCB2 146

အဝတ်တန်ဆာ၌ စွဲလမ်း မက်မောနေကြကြောင်း သခင်ခရစ်တော်က သိမြင် သတိထားတော်မူသဖြင့်၊ ကိုယ်တော်က မိမိ တပည့်တော်တို့အား ၎င်း အဝတ်တန်ဆာ အကြောင်းကို လွန်မင်စွာ မတွေးတောရမည် အကြောင်း သတိပေး အမိန့်ပေးတော်မူ၏။ “အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သော အားဖြင့် ကြီးပွားသည်ကို ဆင်ခြင် အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်း မလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း၊ ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင် တစ်ပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။” အဝတ်အထည်၌ ကြွားဝါခြင်း၊ အလွန်အမင် ဖြုန်းတီးခြင်းသည် မိန်းမများ ပြုတတ်သော အပြစ်များ ဖြစ်၏။ ထိုကြောင့် ဤ သွန်သင် ဆုံးမစကားတို့သည် အထူးသဖြင့် မိန်းမတို့နှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။ ရွှေ၊ ငွေ၊ ပုလဲ သို့မဟုတ် အဖိုးများစွာ ပေးရသော အဝတ်တန်ဆာတို့ကို သခင်ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်း၊ နှစ်သက်ဖွယ် ဖြစ်ခြင်းတို့နှင့် နှိုင်းစာသောအခါ၊ ၎င်းတို့သည် မည်မျှ တန်ဖိုး နည်းသွားကြပြီလဲ။ CCB2 146.3

ကျွန်ုပ်အား အောက်ပါ ကျမ်းချက်များကို ညွှန်ပြထားပါသည်။ ကောင်းကင်တမန်က၊ ၎င်းတို့မှာ ဘုရားသခင်၏ လူများအား သွန်သင်ဆုံးမဖို့ ဖြစ်သည်ဟု ပြောဆို၏။ “ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သော ဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊ အဖိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့် လည်းကောင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ဝန်ခံ ပြုစုသော မိန်းမ ဆင်သင့်သည် အတိုင်း၊ ကောင်းသော အကျင့်နှင့် လည်းကောင်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။” ၁ တိ၊ ၂: ၉၊ ၁၀။ CCB2 147.1

“သင်တို့၏ တန်ဆာဆင်ခြင်းမူကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ် ဝတ်ခြင်း တည်းဟူသော အပြင် တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ ဘုရားသခင့် ရှေ့မှာ အဖိုးများစွာ ထိုက်သော နူးညံ့ငြိမ်သက်ခြင်း တည်းဟူသော မဖေါက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်း ရှိသော စိတ်နှလုံး၏ အတွင်းလူ ဖြစ်စေကြလော့။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ တန်ဆာဆင်လျက်၊” ၁ ပေ၊ ၃: ၃-၅။ CCB2 147.2

ဤ ဆုံးမစကားများသည် အလွန် ရှေးဆန်၍ ဂရုစိုက်ဖို့ မသင့်ဟု အများတို့က ထင်မှတ်ကြသည်။ သို့သော် မိမိ၏ တပည့်တော်တို့အား ဤ သွန်သင်ချက်တို့ကို ပေးတော်မူသော အရှင်သည် ကျွန်ုပ်တို့၏ ခေတ်ကာလ၌ အဝတ်တန်ဆာကို မက်မောခြင်းဖြင့် ဘေးရောက်မည်ကို သိရှိ နားလည်တော်မူ သဖြင့်၊ ကျွန်ုပ်တို့အား သတိပေးစကားကို ဖော်ပြထားတော်မူ၏။ ကျွန်ုပ်တို့သည် သတိပေးစကားကို လိုက်နာကြလျက် သတိပညာ ရှိကြပါမည်လော။ CCB2 147.3

သခင်ခရစ်တော် နောက်တော်သို့ မှန်ကန်စွာ လိုက်လိုသော သူတို့သည် မိမိတို့ ဆင်ယင်သော အဝတ်နှင့် သက်ဆိုင်၍ ကောင်းစွာ သိနားလည်လျက် မကျူးလွန်ရအောင် သတိပြုကြလိမ့်မည်။ ၁ ပေ၊ ၃: ၃-၅ တွင် ထာဝရဘုရားက ထင်ရှားစွာ ဖော်ပြထားသော ဤ ဆုံးမစကားကို လိုက်နာရန် ကြိုးစားကြလိမ့်မည်။3CG 415, 416; CCB2 148.1

အဝတ်တန်ဆာ၌ ကိုယ်ကို ငြင်းပယ်ခြင်းသည် ကျွန်ုပ်တို့၏ ခရစ်ယာန် တာဝန် ဖြစ်၏။ ရွှေတန်ဆာ၊ ကျောက်မြတ်ရတနာကို မဆင်မြန်းဘဲ ရိုးရိုး ဝတ်ဆင်ခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း တရားနှင့် ညီညွတ်၏။43T 366; CCB2 148.2

ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ရာ၌ စည်းဝေးတွင် မည်ကဲ့သို့ ဆင်ယင်ရမည် အကြောင်း အများသော သူတို့ကို သွန်သင်ပေးဖို့ လိုသေးသည်။ ရက်သတ္တပတ်အတွင်း ဝတ်ဆင်သော ရိုးရိုး အဝတ်တန်ဆာနှင့် သူတို့သည် ဘုရားသခင်၏ ရှေ့တော်သို့ ဝင်မလာရ။ အားလုံးတို့သည် ဘုရားသခင်၏ အိမ်တော်၌ ဝတ်ပြုကိုးကွယ်သောအခါ ဝတ်ဆင်ရန် ဥပုသ်နေ့ အဝတ်ကို သီးသန့်ထားရမည်။ ကျွန်ုပ်တို့သည် လောကီ ဖက်ရှင်ကို မလိုက်စားအပ် သော်လည်း၊ ကျွန်ုပ်တို့သည် အသွင်အပြင်အားဖြင့် အဝတ်တန်ဆာတွင် ဂရုမစိုက် အမှုမထားဘဲ မနေအပ်။ လက်ဝတ်တန်ဆာ ဆင်မြန်းခြင်း မပြုရသော်လည်း၊ ကျွန်ုပ်တို့သည် သေသပ်၍ သင့်တော်စွာ ပြင်ဆင်ရကြမည်။ ဘုရားသခင်၏ သားသမီးတို့သည် အတွင်း၊ အပြင် နှစ်ခုစလုံး၌ သန့်ရှင်း ဖြူစင်ရမည်။56T 355; CCB2 148.3

အထူးသဖြင့် သင်းအုပ်ဆရာကတော်တို့သည် အဝတ်တန်ဆာနှင့် သက်ဆိုင်၍ ကျမ်းစာ၏ သွန်သင်ချက်များမှ လွဲမသွားစေရန် သတိပြုရမည်။ ဤ ဆုံးမစကားများသည် အလွန် ရှေးဆန်၍ ဂရုစိုက်ဖို့ မသင့်ဟု အများတို့က ထင်မှတ်ကြသည်။ သို့သော် မိမိ၏ တပည့်တော်တို့အား ဤ သွန်သင်ချက်တို့ကို ပေးတော်မူသော အရှင်သည် ကျွန်ုပ်တို့၏ ခေတ်ကာလ၌ အဝတ်တန်ဆာကို မက်မောခြင်းဖြင့် ဘေးရောက်မည်ကို သိရှိနားလည်တော်မူသဖြင့် ကျွန်ုပ်တို့ အား၊ သတိပေးစကားကို ဖော်ပြထားတော်မူ၏။ ကျွန်ုပ်တို့သည် သတိပေးစကားကို လိုက်နာကြလျက် သတိပညာ ရှိကြပါမည်လော။ အဝတ်တန်ဆာ၌ အလွန် ခေတ်ဆန်ခြင်း အမှုသည် ဆက်လက် တိုးပွားလျက် ရှိ၏။ ယခုတိုင် မဆုံးသေးပါ။ ဖက်ရှင်သည် အမြဲ ပြောင်းလဲနေ၍ ကျွန်ုပ်တို့၏ ညီအစ်မများတို့သည် အချိန် နှင့် ငွေကုန်ကျမှုကို ဂရုမထားဘဲ ခေတ်အလိုက် ပေါ်လာသော ဖက်ရှင်ကို လိုက်စားတတ်ကြသည်။ မိမိတို့အား ပေးတော်မူသော ဘုရားသခင်ကို ပြန်၍ ပေးလှူသင့်သောအခါ၊ အဝတ်တန်ဆာအတွက် ငွေ အမြောက်အများ အကုန်ခံနေကြသည်။64T 630, 631; CCB2 148.4