Go to full page →

သန့်ရှင်းသောအခန်းနှင့်အသန့်ရှင်းဆုံးအခန်း GCBur 437

သန့်ရှင်းရာဌာနတော်၏တောင်ဘက်ခြမ်းတွင် နေ့ညမပြတ် အလင်းပေးနေသော မီးတိုင်ခုနစ်တိုင်နှင့်ပြီးသည့် ဆီမီးခုံရှိသည်။ မြောက်ဘက် ခြမ်းတွင်မူ ပွဲတော်မုန့်တင်ထားသောစားပွဲရှိသည်။ သန့် ရှင်းရာအခန်းနှင့် အသန့်ရှင်းဆုံးအခန်းနှစ်ခန်းကြားရှိ ကန့်လန့် ကာရှေ့တွင်မူ ရွှေဖြင့်မွမ်းမံ ထားသော နံ့သာပေါင်းမီးရှို့ရာ ယဇ် ပလ္လင်ရှိ၏။ ဣသရေလများ၏ဆုတောင်း သံများနှင့်အတူ ထိုပလ္လင် မှမွှေးရနံ့များသည် ဘုရားသခင်ထံတော်သို့ နေ့စဉ်တက်လျက်ရှိ ပါသည်။ GCBur 437.2

အသန့်ရှင်းဆုံးအခန်းထဲ၌မူ ပညတ်တော် (၁၀) ပါး ကျောက် ပြားထည့်ထားသည့် ရွှေဖြင့်မွမ်းမံထားသော ပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ တော်ကို ကရုဏာပလ္လင်ဖြင့် ဖုံးအုပ်ထားပြီး ထိုအပေါ် တွင် ရွှေသားအစစ်ဖြင့်ပြီးသော ခေရုဗိမ်နှစ်ပါးကလွှမ်းမိုးထားသည်။ ထိုခေရုဗိမ်နှစ်ပါးအလယ်ရှိ ဘုန်းတိမ်တော်အားဖြင့် ဤအခန်းထဲ တွင်ဘုရားသခင်စံပယ်တော်မူကြောင်း ထင်ရှားစေပါသည်။ GCBur 437.3

ခါနန်ပြည်တွင် ဟေဗြဲလူတို့အခြေတကျနေထိုင်ခဲ့သည့် နောက်ပိုင်းတွင် ထိုတဲတော်ကို ရှောလမုန်၏ဗိမာန်တော်ဖြင့် အ စားထိုးခဲ့ပါသည်။ ထိုဗိမာန်တော်သည် တဲတော်ထက်ကြာရှည်ခံ ပြီးပို၍ကြီးသော်လည်း အတိုင်း အထွာအချိုးအဆနှင့် ပါဝင်သော အရာများမှာ အတူတူပင်ဖြစ်ပါသည်။ ထိုဗိမာန်တော်သည် ဤပုံစံ ဖြင့်ရောမများမဖျက်ဆီးမီ အေဒီ ၇၀ အထိ တည်ရှိခဲ့ပါသည်။ ပထမပဋိညာဉ်နှင့်စပ်ဆိုင်သည့် ဤသန့်ရှင်းရာ ဌာနတော်သည် သမ္မာ ကျမ်းစာတွင်ဖေါ်ပြထားသည့် လောကနှင့်စပ်ဆိုင်သည့် တစ်ခု တည်းသောသန့်ရှင်းရာဌာနတော်ဖြစ်သည်။ သို့ရာတွင် ပဋိညာဉ် သစ်တွင် သန့်ရှင်းရာဌာနတော်မရှိပါသလား။ GCBur 438.1

သမ္မာတရားတော်ကိုရှာဖွေနေသူများသည် ဟေဗြဲဩဝါဒစာကို ပြန်လည်လေ့လာခဲ့ကြရာ “တစ်နည်းကား၊ ပထမပဋိညာဉ်တရား သည်ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့် လည်းကောင်း စပ်ဆိုင်သည်” ဟူသောစကားလုံးများ ဖြင့်ရည်ညွှန်းထားသည့် ပဋိညာဉ်သစ်ဆိုင်ရာ သန့်ရှင်းရာဌာနတော် ကိုတွေ့ခဲ့ပါသည်။ GCBur 438.2

ကနဦးအခန်း ကြီး၏ ပထမပိုင်းကိုဖတ်ကြည့်ရာ “ယခု ဆိုခဲ့ပြီးသောအကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား ထိုသို့ သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန် ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေ တော်မူ၏။ လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ် တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော် မူ၏” ဟူ၍တွေ့ရ၏။ ဟေဗြဲ ၈:၁-၂။ GCBur 438.3

ဤတွင် ပဋိညာဉ်သစ်၏သန့်ရှင်းရာဌာနတော်ကိုဖေါ်ပြနေ ပါသည်။ ပထမပဋိညာဉ်ဆိုင်ရာတဲတော်ကို မောရှေကတည်ဆောက် ခဲ့သည်။ ဤသန့်ရှင်းရာဌာနကိုမူ ဘုရားသခင်တည်ဆောက်တော် မူ၏။ GCBur 439.1

ထိုတဲတော်တွင် လောကယဇ်ပုရောဟိတ်များ အမှုတော်ဆောင် ကြပြီး ဤသန့်ရှင်းရာဌာနတွင်မူ ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ် မင်းဖြစ်သော ခရစ်တော်သည် ဘုရားသခင်၏ လက်ယာဘက်တွင် ထိုင်လျက် အမှုတော်ဆောင်သည်။ ထိုတဲတော်သည် မြေကြီးပေါ်တွင် ရှိ၍ သန့်ရှင်းရာဌာနတော်မှာမူ ကောင်းကင်ဘုံတွင်ရှိ၏။ GCBur 439.2

မောရှေတည်ဆောက်ခဲ့သောတဲတော်မှာ ပုံစံတစ်ခုကို အမှီပြု ၍တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ “ငါပြသမျှသောတဲတော်ပုံ၊ တဲတော် တန်ဆာ ပုံနှင့်အညီလုပ်ရမည်။” “တောင်ပေါ်မှာ သင့်အားပြခဲ့ပြီး သောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။” “ထိုတဲတော်ကား ပူဇော်သကာနှင့်ယဇ်များကို ပူဇော်သောကာလတည်းဟူသော မျက် မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။” သန့်ရှင်းရာအခန်းများသည် လည်း “ကောင်းကင်ဘုံ၌ရှိသောအရာများ၏ပုံ” များဖြစ်၏။ “ထို ယဇစ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာ အရိပ်နှင့်သာ ဆိုင်လျက် ဝတ်ကိုပြုနေကြ၏။” GCBur 439.3

“ထိုသို့နှင့်အညီ မှန်သောသန့်ရှင်းရာဌာနတော်၏ပုံဖြစ်သော လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနတော်ထဲသို့ ခရစ်တော်သည် မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ် ကိုပြုခြင်းငှာ ကောင်းကင် ကိုယ်ထဲသို့ ဝင်တော် မူပြီ။” ထွက် ၂၅:၉၊ ၄၀။ ဟေဗြဲ ၉:၉၊ ၂၃။ ၈:၅။ ၉:၂၄။ GCBur 439.4

ကောင်းကင်၌ရှိသော သန့်ရှင်းရာဌာနတော်သည် မောရှေ တည်ဆာက်ခဲ့သည့် တဲတော်၏မူရင်းပုံစံနမူနာဖြစ်၏။ လောကတဲ တော်၏ ကြီးကျယ်ခမ်းနားမှုများသည် ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့အတွက် ခရစ်တော်အမှုတော်ဆောင်နေသည့် ကောင်းကင် သန့်ရှင်းရာဌာနတော်၏ ဘုန်းများကို ရောင်ပြန်ဟပ်နေပါသည်။ GCBur 440.1

ကောင်းကင်သန့်ရှင်းရာဌာနနှင့် ပတ်သက်သော အရေး ကြီးသည့် အမှန်တရားများနှင့် လူသားများ၏ ကယ်တင်ခြင်းဆိုင်ရာ အရေးပါသည့် အချက်များကို လောကတဲတော်နှင့် ၎င်း၌ကျင်းပ သောအခမ်းအနားများ အားဖြင့် ထာဝရဘုရား သွန်သင်တော်မူ ခဲ့သည်။ GCBur 440.2