Go to full page →

အခန်းနှစ်ခန်း GCBur 440

ကောင်းကင်သန့်ရှင်းရာဌာနတော်ရှိ သန့်ရှင်းရာအခန်းနှစ် ခန်းကို မြေကြီးတဲတော်ရှိ အခန်းနှစ်ခန်းဖြင့် ပုံဆောင်ထားပါသည်။ ကောင်းကင်နိုင်ငံရှိ ဘုရားသခင်၏ သန့်ရှင်းရာဌာနတော်မြင်ကွင်းကို ယောဟန်အားပြသတော် မူခဲ့သည်။ “ပလ္လင်တော်ရှေ့၌ ဘုရားသခင် ၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက် ရှိသည်” ကို ယောဟန်မြင်၏။ “ကောင်းကင်တမန်တစ်ပါးသည် လာ၍ရွှေလင်ပန်းကိုကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ GCBur 440.3

ပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအ ပေါင်းတို့၏ ပတ္ထနာနှင့်အတူ ဆက်ကပ်ခြင်းငှာ မီးရှို့သော နံ့သာပေါင်း အများကို ထိုသူ၌ပေးသည်” ကိုလည်း သူမြင်၏။ ဗျာ၊ ၄:၅။ ၈:၃။ ထိုပုရောဖက်သည် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ သန့်ရှင်းရာ အခန်းကိုမြင်တွေ့နေရခြင်းဖြစ်သည်။ လောကတဲတော်ရှိ သန့်ရှင်းရာ အခန်းထဲမှ ရွှေဖြင့်ပြုလုပ်ထားသော ဆီမီးတိုင်များနှင့် နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်က ပုံဆောင်ထားသည့် မီးတိုင်ခုနစ်တိုင်နှင့် ရွှေပလ္လင် ကို မြင်တွေ့နေပါသည်။ GCBur 440.4

တစ်ဖန် “ကောင်းကင်ဘုံ၌ ဘုရားသခင်၏ဗိမာန်တော်ကို ဖွင့်ထား၍” ကန့်လန့်ကာအတွင်းရှိ အသန့်ရှင်းဆုံးအခန်းထဲကို ကြည့်လိုက်ရာ “ပဋိညာဉ် သေတ္တာတော်” ကိုမြင်လေ၏။ ထိုသေတ္တာ တော်ကို ပညတ်တော် (၁၀) ပါး ကျောက်ပြားထည့်ထားရန် မောရှေ လုပ်ခဲ့သည့်သေတ္တာဖြင့် ပုံဆောင်ပါသည်။ ဗျာ၊ ၁၁:၁၉။ GCBur 441.1

ဤသို့ ဤအကြောင်းအရာကိုလေ့လာခြင်းဖြင့် ကောင်းကင်ဘုံ တွင် ဗိမာန်တော်တစ်ဆောင်ရှိကြောင်း ခိုင်လုံသည့်အထောက်အထား များကို တွေ့ရပါသည်။ GCBur 441.2

မောရှေသည် ၎င်းအားပြသသည့်ပုံစံအတိုင်း လောကတဲ တော်ကို ဆောက်လုပ်ခဲ့သည်။ ထိုပုံစံနမူနာသည် ကောင်းကင်ဘုံတွင် အမှန်တကယ် ရှိသည့်ဗိမာန်တော်ဖြစ်ကြောင်း ရှင်ပေါလုကသွန်သင် ထားပါသည်။ ယောဟန်ကလည်း ထိုဗိမာန်တော်ကို ကောင်းကင် ဘုံတွင်မြင်တွေ့နေရကြောင်း သက်သေခံထားပါသည်။ GCBur 441.3

ကောင်းကင်ဘုံရှိထိုဗိမာန်တော်၏ အသန့်ရှင်းဆုံးအခန်းထဲ တွင်ဘုရားသခင်၏ပညတ်တော်ရှိပါသည်။ ထိုပညတ်တော်ထည့် ထားသည့် ပဋိညာဉ်သေတ္တာကို ကရုဏာတော်ပလ္လင်ကဖုံးအုပ်ထားပြီး ထိုသေတ္တာတော် ရှေ့တွင် ခရစ်တော်သည် အပြစ်သားများအတွက် အသနားခံလျက်ရှိသည်။ ဤနည်းအားဖြင့် ကောင်းကင်တစ်ခုလုံး အံ့အားသင့်သွားစေမည့် ကယ်တင်ခြင်းစီမံကိန်းမှ တရားမျှတမှုနှင့် ကရုဏာတော်တို့၏ပေါင်းစည်းမှုကို ပုံဖေါ်ထားပါသည်။ ဘုရား သခင်သည် နောင်တရသောအပြစ်သားများကို ဖြောင့်မတ်စေစဉ် မှာပင် ကိုယ်တော်ရှင်သည် တရားမျှတနိုင်ကြောင်း ဖေါ်ပြသည့် ထိုမြင်ကွင်းသည် ကောင်းကင်တမန်များ ကြည့်ရှုလိုသည့် ကရုဏာ တော်၏ ဆန်းကြယ်မှုပင်ဖြစ်သည်။ လူသားများအတွက် ကြားဖျန် ဖြေမှုတွင် ခရစ်တော်ဆောင်ရွက်ခဲ့သည့် အမှုတော်အကြောင်းကို ဇာခရိအနာဂတ္တိကျမ်းတွင် တွေ့ရပါသည်။ GCBur 441.4

ကိုယ်တော်ရှင်သည် “ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။ ထာဝရ ဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင် ဘုန်းကြီး၍ မိမိရာဇပလ္လင် ပေါ်မှာထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍ ထိုနှစ်ပါးတို့ သည်မိတ်သဟာယပဋိညာဉ်ကိုဖွဲ့ကြလိမ့်မည်။ ဇာခရိ ၆:၁၂-၁၃။ GCBur 442.1

ခရစ်တော်သည် မိမိ၏အသေခံခြင်းနှင့် ကြားဖျန်ဖြေပေး ခြင်းများ အားဖြင့် ဘုရားသခင်၏အသင်းတော်ကျောက်မြစ်ဖြစ်ရုံ သာမက တည်ဆောက်သူလည်း ဖြစ်ပါသည်။ ၎င်းပြင် “ထိုတိုက်ထောင့် အမြစ်ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း၊ ထိုကျောက်နှင့် တစ် တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့် ဘုရားသခင်အဖို့အလို့ငှာ သန့်ရှင်းသောဗိမာန်တော် ဖြစ်သတည်း။” ဧဖက် ၂:၂၀-၂၁။ “ငါတို့ ကိုချစ်၍ မိမိအသွေးနှင့် ငါတို့၏ အပြစ်များကို ဆေးကြောတော်မူ ၍---- သူသည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေအစွမ်းသတ္တိရှိ တော်မူစေသတည်း။” ဗျာ ၁:၅-၆။ GCBur 442.2

“ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။” ဘုန်းတော်နိုင်ငံသည် ရောက်ရှိမလာသေးပါ။ ကြားဖျန်ဖြေရေးလုပ်ဆောင်မှု ပြီးဆုံးသည့်အချိန်ကျမှ ဘုရားသခင် သည် ကိုယ်တော်ရှင်အား “အဆုံးမရှိသောနိုင်ငံ” ကို အပ်ပေးတော်မူ လိမ့်မည်။ လုကာ ၁:၃၃။ ခရစ်တော်သည် ယခုတွင် ယဇ်ပုရောဟိတ် တစ်ပါးအနေဖြင့် အဖခမည်းတော်နှင့်အတူ ပလ္လင်ထက်တွင် စိုးစံ လျက်ရှိသည်။ GCBur 442.3

ပလ္လင်ထက်တွင် ထိုင်နေသောသူမှာ “ငါတို့အနာရော ဂါဝေဒနာများကို ယူတင်ဆောင်ရွက် သောသူ၊” “ငါတို့ခံရသည့်နည်း တူအမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ် သော်လည်း ဒုစရိုက်အပြစ်နှင့် ကင်းလွတ်သောသူ” ဖြစ်တော်မူ၏။ ဟေရှာ ၅၃:၄။ ဟေဗြဲ ၄:၁၅။ သံချွန်အရာများနှင့်ပြီးသော လက် များ၊လှံချက်အရာနှင့်ပြီးသောနံဘေး၊ ထိခိုက်ဒဏ်ရာရထားသည့် ခြေထောက်များက ကယ်တင်ခြင်းအတွက် ထိုမျှသောအဖိုးအခများ ပေးကာ ဝယ်ထားရသည့်လူသားများကို တိုးလျှိုးတောင်းပန်နေကြ ပါသည်။ GCBur 443.1

“ရာဇပလ္လင်တော်ပေါ်မှာ ပဇ်ပုရောဟိတ်လည်းဖြစ်၍ ထို နှစ်ပါးတို့သည် မိတ်သဟာယပဋိညာဉ်ကို ဖွဲ့ကြလိမ့်မည်။” ခမည်း တော်ဘုရားသခင်၏ မေတ္တာတော်သည် ပျောက်ဆုံးနေသောလူသား များ၏ ကယ်တင်ခြင်းအတွက် စမ်းရေချောင်းပမာဖြစ်ပါသည်။ ထို ကြောင့် “ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏” ဟုတမန်တော်များအား ခရစ်တော်မိန့်ဆိုခဲ့၏။ “ဘုရားသခင် သည်ခရစ်တော် အထဲ၌ရှိနေလျက် ---- ရန်ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲစေတော် မူ၏။” “ဘုရားသခင်သည် မိမိ၌တစ်ပါး တည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသား တို့ကို ချစ်တော်မူ၏။” ဇာ ၆:၁၃။ ယောဟန် ၁၆:၂၇။ ၂ကော ၅:၁၉။ ယောဟန် ၃:၁၆။ GCBur 443.2