Go to full page →

ပရိုတက်စတင့်အယူဝါဒ၏ပြောင်းလဲမှုတစ်ခု GCBur 621

ရောမအသင်းတော်၏ ယုံကြည်ချက်များသည် ပရိုတက်စတင့် အသင်းတော်၏ ယုံကြည်ချက်များနှင့် ရှေးအခါတုန်းကလောက် ကွဲပြားခြားနားမှုမရှိတော့ပါဟု ပရိုတက်စတင့်နိုင်ငံများတွင် ဖွင့်ဆို နေကြသည်။ ပြောင်းလဲမှုတစ်ခုရှိခဲ့သည်မှာမှန်သည်။ သို့ရာတွင် ထို ပြောင်းလဲမှုသည် ရောမအသင်းတော်၏ ယုံကြည်ချက်များတွင် ဖြစ် ပေါ်သည်မဟုတ်ဘဲ ပရိုတက်စတင့်များ၌သာ ပြောင်းလဲမှုရှိခဲ့ပါသည်။ GCBur 621.4

ဘာသာရေးပြုပြင်ပြောင်းလဲ သူများ၏ အချိန်မှစ၍ အကြီးအကျ ယ်နိမ့်ကျယုတ်လျော့လာသည့် ပရိုတက်စတင့်အယူဝဒါကြောင့် ယ ခုတည်ရှိနေသော ပရိုတက်စတင့် ယုံကြည်ချက်များသည် ရောမအ သင်းတော်၏ ယုံကြည်ချက်များနှင့် အမှန်တကယ် ဆင်တူရိုးမှား ဖြစ် နေပါသည်။ GCBur 622.1

လောကီသားများ၏ ထောက်ခံမှုရရှိရန် ကြိုးစားနေသည့် ထို ပရိုတက်စတင့်အသင်းတော်သည် မကောင်းမှုအလုံးစုံအား ကောင်း မြတ်သည်ဟု ယုံကြည်နေပါသည်။ အကျိုးဆက်အနေဖြင့် သူတို့ သည်ကောင်းမြတ်မှုအလုံးစုံအား အနိဌာရုံတစ်ခုကဲ့သို့ အဆုံးတွင် ယုံကြည်ကြ လိမ့်မည်။ သူတို့သည် ယခင်ကကဲ့သို့ပင် ယခုတွင်လည်း ထိုအသင်းတော် အပေါ် မိမိတို့မညှာမတာထင်မြင်သုံးသပ်ခဲ့မှုများအ တွက် တောင်းပန်ခယ နေကြပါသည်။ မိမိတို့၏ တစ်ယူသန်မှုအ တွက်ခွင့်လွှတ်ရန် တောင်းပန်နေကြပါသည်။ GCBur 622.2

အလယ်ခေတ်တွင်ဖြစ်ပေါ်ခဲ့သောအသိဉာဏ်နှင့် ကိုယ်ကျင့်တ ရား ဆိုင်ရာ အမှောင်ကျမှုကြောင့်ရောမအသင်းတော်၏ အယူသီးမှုနှင့် ဖိနှိပ်ညှဉ်းဆဲမှုများသည် ပျံ့နှံ့သွားခဲ့ကြောင်း ခေတ်သစ်အသိပညာ ဖွံ့ဖြိုး ခြင်းနှင့်ဘာသာရေးကိစ္စများတွင် လျော့ရဲလားခြင်းသည် အုပ်ချုပ်လိုမှုကို အသက်သွင်းရန် ဟန့်တားလျက်ရှိကြောင်း လူအများက ပြောလာပါ သည်။ အသိပညာဖွံ့ဖြိုးနေသည့်ဤခေတ်တွင် ထိုကဲ့သို့သောကိစ္စများ ဖြစ်နေဆဲဖြစ်ကြောင်း သုံးသပ်နေခြင်းမှာ ရယ်စရာဖြစ်နေပါသည်။ သို့ရာတွင် သတိရစရာအချက်တစ်ခုမှာ ချပေးသည့်အလင်းတရား ကြီးမားလေလေ ထိုအလင်းကိုငြင်းဆန်နေသူများနှင့် သွေဖည် အောင်လုပ်နေသူများ၏ အမှောင်သည် ပို၍ပို၍မိုက်လေလေ ဆိုသည့်အချက်ဖြစ်သည်။ GCBur 622.3

အသိဉာဏ်ဆိုင်ရာမှောင်မိုက်ကာလများသည် ရောမ အသင်းတော်၏ အောင်မြင်မှုအတွက် မျက်နှာသာပေးခဲ့သည့် နည်းတူအသိဉာဏ်ဖွံ့ဖြိုးသော ကာလသည်လည်း ထပ်တူထပ်မျှ မျက်နှာသာပေးနေပါသည်။ အတိတ်ကာလတွင် လူတို့သည် သမ္မာ တရားဆိုင်ရာ အသိပညာချို့တဲ့ခဲ့ကြ သည့်အတွက် မည်ကဲ့သို့ အသက်ရှင်နေထိုင်ကြရမည်ကို မသိသဖြင့် စာတန်၏ ကျော့ကွင်းတွင် အမိခံခဲ့ကြရ၏။ ယနေ့အသက်ရှင်နေကြသည့်လူအများ သည်လည်း ထိုစဉ်က လူများကဲ့သို့ပင် မျက်ကန်းများသဖွယ် ထိုကျော့ကွင်း များကိုပင်တိုးနေကြပါသည်။ လူတို့သည် မိမိတို့၏ အယူအဆများကို ဘုရား၏ နှုတ်တော်ထွက်စကားများထက် အမွှန်းတင်လာသော အချိန်တွင် အသိပညာ ရှိခြင်းသည် အသိပညာမဲ့ခြင်းထက် ၎င်း တို့ကိုထိခိုက်နစ်နာစေပါသည်။ ယခုခေတ်မှားယွင်းသောသိပ္ပံပညာ သည် အမှောင်ခေတ်အချိန်က မသိ နားမလည်မှုကြောင့် ရောမယုံကြည်ချက်များကို လက်ခံရန် ပြင်ဆင်ပေးသကဲ့သို့ အောင်မြင်စွာပြင်ပေးနေပါသည်။ GCBur 623.1