Go to full page →

ပထမနေ့ကိုစောင့်ရှောက်ခြင်း GCBur 623

ပထမနေ့ကိုဥပုဉ်နေ့အဖြစ် စောင့်ရှောက်ခြင်းသည် ရောမ အသင်းတော်က အစပျိုးလိုက်သော ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ထိုနေ့ကိုစောင့်ရှောက်ခြင်းသည် မိမိတို့အသင်းတော်၌ တန်ခိုးအာဏာ ရှိကြောင်းကိုဖော်ပြသည့် အမှတ်လက္ခဏာတစ်ခုကို ထင်ရှား စေခြင်းလည်း ဖြစ်ကြောင်း ၎င်းတို့ကဖွင့်ဆိုပါသည်။ လောကီဓလေ့ ထုံးစံများနှင့်အညီ နေထိုင်ခြင်း၊ ဘုရား၏ပညတ်တော်များထက် ရိုးရာ ဓလေ့များကို ကိုင်းရှိုင်း ခြင်းတည်းဟူသော ရောမစိတ်ဓာတ်များသည် ပရိုတက်စတင့်အသင်းတော် များတွင် ပျံ့နှံ့လွှမ်းမိုးလျက်ရှိပြီး ရောမအသင်းတော်က အမွှန်းတင်နေသည့် ပထမနေ့ဥပုသ် စောင့်ခြင်းကို ၎င်းတို့လည်း လိုက်ပါအမွှန်းတင်နေကြပါသည်။ GCBur 623.2

သက်ဆိုင်ရာအစိုးရမင်းများ၏ ထောက်ခံမှုဖြင့် ထုတ်ပြန်ခဲ့သည် အမိန့်ပြန်တမ်းများ၊ ကျင်းပခဲ့သည် အထွေထွေအစည်းအဝေး ကြီးများနှင့် အသင်းတော်ဘာသာရေး အခမ်းအနားများသည် ဗာဟီရဝါဒပွဲလမ်းများက ခရစ်ယာန်လောကတွင် နေရာယူလာသည့် ခြေလှမ်းများဖြစ်ပါသည်။ ပထမနေ့တွင် ဥပုသ်စောင့်ရန် ပထမ ဦးဆုံးလူထုလှုပ်ရှားမှုအတွက် ဥပဒေ တစ်ရပ်ကို ကွန်စတိန်တင်း ဘုရင်က ထုတ်ပြန်ပေးခဲ့ပါသည်။ ပထမနေ့ကို ဥပုသ်နေ့အဖြစ် စောင့် ရှောက်ခြင်းသည် ခရစ်ယာန်မဟုတ်သူများ၏ လုပ်ဆောင်မှုများ နှင့်တူနေသော်လည်း ထိုဧကရာဇ်ကြီးသည် ခရစ်ယာန် ဘာသာကို နာမည်ခံရုံသက်သက်လက်ခံပြီးသည့်နောက်ပိုင်းတွင် ထိုဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ GCBur 624.1

မင်းညီမင်းသားများ၏ ထောက်ခံမှုကိုရရန် ကြိုးစားနေသူ တစ်ဦး ဖြစ်ရုံသာမက ကွန်စတိန်တင်းဘုရင်၏ ရင်းနှီးသောမိတ်ဆွေ တစ်ဦးလည်း ဖြစ်သောဂိုဏ်းအုပ် ယူဆီးဘီးယပ်စ်က ပထမနေ့ကို ဥပုသ်နေ့အဖြစ် ပြောင်းလဲပေးခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သမ္မာကျမ်းစာက ထိုကြေညာချက်ကိုထောက်ခံထားသည့် အထောက် အထား တစ်စုံတစ်ခုမျှမရှိပါ။ “ဥပုသ်တော်နေ့တွင် ဆောင်ရွက်ရမည့် ကိစ္စအဝဝကို သခင်ဘုရားနေ့တွင် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ ပြောင်းလဲပေးလိုက်ပြီ” ဟု ထိုကြေညာချက်၏ မှားယွင်းမှုကို ယူဆီးဘီး ယပ်စ်မတော်တဆအသိအမှတ် ပြုလိုက်မိပါသည်။ GCBur 624.2

ရောမအသင်းတော်သည် အခြေခိုင်လာသည်နှင့်အမျှ ပထမ နေ့ဥပုသ် စောင့်ခြင်းကိုလည်း စဉ်ဆက်မပြတ်ချီးမြှောက်ခဲ့ပါသည်။ သတ္တမနေ့ကို ဥပုသ်နေ့အဖြစ် အခိုက်အတန့်အားဖြင့် အသိအမှတ် ပြုခဲ့ကြသော်လည်း ဥပုသ်နေ့ပြောင်းလဲကြောင်းကြေညာချက်သည် တဖြည်းဖြည်းထိရောက် လာပါသည်။ GCBur 625.1

ပထမနေ့ဥပုသ်ကိုချိုးဖောက်သူများသည် မိမိတို့ကိုယ်တိုင်ကို သာမက အခြားအိမ်နီးချင်းများကိုလည်း ကြီးမားသောဘေးအန္တ ရာယ်များ ကျရောက်စေမှာစိုးသဖြင့် ထိုဥပုသ်ချိုးသူများထံဆိုဆုံးမ ကြရန် သာသနာနယ် ဂိုဏ်းချုပ်များအား ရောမဂိုဏ်းချုပ်ကြီးက နောက်ပိုင်းတွင် ညွှန်ကြားချက်များ ပေးပို့ခဲ့ပါသည်။ GCBur 625.2

အသင်းတော်အစည်းအဝေးများ၏ အမိန့်ထုတ်ပြန်ချက်များ နှင့်မလုံလောက်ကြောင်း ထင်ရှားလာသဖြင့် လူတို့၏စိတ်နှလုံးကို ချောက်ချားစေပြီး ပထမနေ့တွင် အလုပ်မှအနားယူစေမည့် အမိန့် ပြန်တမ်း တစ်ခုကိုထုတ်ပြန်ရန် အာဏာပိုင်များထံ အသင်းတော်အ ကြီးအကဲများ ချဉ်းကပ်တောင်းခံခဲ့ကြပါသည်။ ရောမမြို့တွင် ကျင်းပ ခဲ့သော ရောမအသင်းတော်၏ အစည်းအဝေးကြီးတွင် ကနဦးဆုံးဖြတ် ချက်အားလုံးကို ပြန်လည်အတည်ပြုကာ အသင်းတော်စည်းမျဉ်းများ တွင် ပေါင်းစည်းလိုက်ရုံ သာမက ထိုဆုံးဖြတ်ချက်များကို အစိုးရမင်း များကလည်း အတည်ပြုပေးခဲ့ကြပါသည်။ ပထမနေ့တွင် ဥပုသ် စောင့်ခြင်းကို သမ္မာကျမ်းစာက ထောက်ခံထားခြင်းမရှိသဖြင့် လူတို့ ၏စိတ်ထဲတွင် ကသိကအောက်ဖြစ်ခဲ့ကြရသည်။ ထိုကြောင့် နေကို ကိုးကွယ်သည့်နေ့အား ရိုသေသမှုပြုနိုင်ရန်အလို့ငှာ “သတ္တမနေ့သည် ထာဝရဘုရားသခင်၏ ဥပုသ်နေ့ ဖြစ်သည်” ဟူသော ဖွင့်ဆိုချက်ကို မည်သည့်အခွင့်အာဏာကိုသုံး၍ ဘေးဖယ် ထားသည်ကို ၎င်းတို့၏ ဆရာများအား သူတို့မေးမြန်းခဲ့ကြပါသည်။ GCBur 625.3

သမ္မာကျမ်းစာ၏ ထောက်ခံချက်မရှိသည်ကို ဖြည့်ဆည်း ရန်အခြားအသုံး တည့်သောနည်းလမ်းများသည် မရှိမဖြစ်လိုအပ်လာ ပါသည်။ GCBur 626.1

ပထမနေ့ဥပုသ်စောင့်ခြင်းကို စိတ်အားထက်သန်စွာ ထောက် ခံသူ တစ်ဦးသည် ၁၂ ရာစုအဆုံးပိုင်းလောက်တွင် အင်္ဂလန်ရှိအသင်း တော်များသြို လာရောက်လည်ပတ်ခဲ့ရာ သမ္မာတရားအပေါ်သစ္စာ ရှိသော သက်သေခံများ၏ ဟန့်တားမှုကြောင့် ထိုနိုင်ငံမှ အောင်မြင် စွာဖြင့် အခိုက်အတံ့ဆုတ်ခွာသွားခဲ့ ပါသ်ည။ အင်္ဂလန်သို့ ထိုသူပြန် လာသောအခါတွင် ဘုရားသခင် ကိုယ်တော်တိုင်က ပေးသနားသည် ဆိုသောစာလိပ်တစ်လိပ်ကို သူနှင့်အတူ ယူလာပါသည်။ ထိုစာလိပ် ထဲတွင် ပထမနေ့ဥပုသ်စောင့်ခြင်းအတွက် လိုအပ်သာအမိန့်စာ များ၊ပထမနေ့တွင် ဥပုသ်မစောင့်သူများအား ခြောက်လှန့်ထားသည့် ရွံရှာစရာခြိမ်းခြောက်စကားများ ပါဝင်ပါသည်။ ကောင်းကင်မှကျလာ သည်ဟုဆိုသော ထိုစာလိပ်ကို ယေရုရှလင်မြို့၊ ဂေါလဂေါသအ ရပ်ရှိစိန့်ရှုမောင်ဘုရားရှိခိုးကျောင်းယဇ်ပလ္လင်ပေါ်တွင် တွေ့ရှိခဲ့ သည်ဟုပြောပါသည်။ သို့စေကာမူ ထိုစာလိပ်ကို ရောမမြို့ရှိ ရောမ အသင်းတော်ထဲမှရရှိလာခဲ့ခြင်းသာဖြစ်ပါသည်။ ရောမအသင်းတော်၏ အုပ်ချုပ်ရေးအဖွဲ့သည် လိမ်လည်မှုများနှင့် အတုအပများကို ခေတ် အဆက်ဆက် အမွန်အမြတ်ထားခဲ့ကြပါသည်။ GCBur 626.2

ရောမအသင်းတော်အကြီးအကဲများသည် ပထမနေ့ကို ဥပုသ်နေ့အဖြစ် အတည်ပြုလာအောင် ကိုယ်တိုင်ကြိုးစားလုပ်ဆောင် နေကြစဉ်မှာပင် သတ္တမနေ့ဥပုသ်စောင့်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်အရဖြစ်သည်ကို လူသိရှင်ကြားဝန်ခံနေကြပါသည်။ GCBur 627.1

ကျွန်ုပ်တို့ခရစ်ယာန်များသည် ဥပုသ်တော် နေ့ကို သခင် ဘုရားနေ့သို့ ပြောင်းခဲပြီးဖြစ်သော်လည်း သတ္တမနေ့သည် ထာဝရ ဘုရား ခန့်ခွဲထားတော်မူသောနေ့ဖြစ်သောကြောင့် ယုဒလူများသာမက ဘုရားအား ဝတ်ပြုဟန်ဆောင်သူအပေါင်းတို့သည် ထိုနေ့ရက်ကို လက်ခံစောင့်ရှောက်နေကြပါသည်” ဟု ၁၆ ရာစုနှစ်တွင် ကျင်းပသည့် ရောမအသင်းတော်အစည်းအဝေးတစ်ခုတွင် ကြေညာခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်၏ ပညတ်တော်များကို နင်းချေနေသူများသည် ၎င်းတို့လုပ်ဆောင် နေသည့်အရာကို မသိသည်တော့မဟုတ်ပါချေ။ GCBur 627.2

သတ္တမနေ့ဥပုသ်စောင့်သူများ ပါဝင်သည့် ဝေါလ်ဒင်းဆီး (Waldenses) များကို ကာလကြာရှည်စွာနှိပ်စက်ညှဉ်းပန်းခဲ့မှုတွင် ရော မအသင်းတော်၏ မူဝါဒများကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ အိသီအိုးပီးယားနှင့် အာဘစ်ဆီးနီးယားအသင်းတော်များ၏ ရာဇဝင် မှတ်တမ်းများသည်လည်း အထူးအရေးပါလှပါသည်။ GCBur 627.3

ဝိညာဉ်ရေးအမှောင်ကျချိန်တွင်အလယ်အာဖရိကရှိခရစ်ယာန်များ အားကမ္ဘာကသတိမထားမိခဲ့သဖြင့် ၎င်းတို့သည်မိမိတို့၏ယုံကြည်ခြင်း တွင်လွတ်လပ်စွာကိုးကွယ်နိုင်ခဲ့ကြပါသည်။ သို့ရာတွင်နောက်ပိုင်းတွင် ၎င်းတို့ရှိနေသည်ကို ရောမများကသိရှိသွားရာ ရောမဂိုဏ်းချုပ်ကြီး အားခရစ်တော်၏ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် အာ ဘစ်ဆီးနီးယား ဧကရာဇ်ကို ဖြားယောင်းခဲ့ကြပါသည်။ သတ္တမနေ့ဥ ပုသ်ကို စောင့်ရှောက်ခြင်း အမှုသည် ပြင်းထန်သောပြစ်ဒဏ်ထိုက် သင့်နိုင်ကြောင်း ဖော်ပြကာ ထိုဥပုသ် စောင့်ခြင်းကို တားမြစ်သည့် အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ကြပါသည်။ သို့သော် အာဘစ် ဆီးနီးယား ဧကရာဇ်က ထိုအမိန့်ကိုမနာခံဘဲ ရောမအသင်းသား များကိုမိမိ၏ပိုင်နက်မှနှင်ထုတ်လိုက်ကာ ရှေးယုံကြည်ခြင်းကို ဆက် လက်ကျင့်ဆောင်ခဲ့ပါသည်။ GCBur 627.4

အာဖရိကရှိအသင်းတော်များသည် ဘုရားသခင်၏ပညတ် တော်ကို လိုက်လျှောက်သည့်အနေဖြင့် သတ္တမနေ့တွင် ဥပုသ်စောင့် နေစဉ်မှာပင် ထို ရောမအသင်းတော်၏ ဓလေ့ထုံးစံနှင့်အညီ ပထမ နေ့တွင်လည်း အလုပ်မလုပ်ဘဲ နားနေခဲ့ကြပါသည်။ GCBur 628.1

ရောမအသင်းတော်သည် သူမ၏ ဥပုသ်ကိုမြှောက်စားနိုင်ရန် ဘုရား၏ ဥပုသ်နေ့ကိုနင်းချေခဲ့သော်လည်း အနှစ်တစ်ထောင်နီးပါး အနှောင့်အယှက်ကင်းခဲ့သော ထိုအာဖရိကအသင်း တော်များသည် ရောမ၏ဖောက်ပြန်မှားယွင်းခြင်းကို မျှဝေလက်ခံခြင်း မပြုခဲ့ကြချေ။ ရောမတို့၏ လက်အောက်သို့ရောက်သွားသောအချိန်တွင် ဥပုသ် အမှန်ကို ဘေးဖယ်ကာ ဥပုသ်အတုကိုမြှောက်စားရန် ၎င်းတို့အား ဖိအားပေးခဲ့သော်လည်း လွတ်လပ်ရေးရသည်နှင့်တစ်ပြိုင်နက် စတုတ္ထပညတ်ကို ၎င်းတို့ချက်ချင်းလိုက်လျှောက်ခဲ့ကြပါသည်။ GCBur 628.2

ရောမအသင်းတော်သည် ဥပုသ်အစစ်နှင့် ထိုဥပုသ်ကို စောင့်ရှောက်သူများအပေါ် ထားရှိသော ရန်ငြှိုးဖွဲ့ခြင်းကို ဤမှတ်တမ်း မက ထင်ရှားစွာထုတ်ဖော်နေပါသည်။ ရောမအသင်းတော်နှင့် ပရိုတက်စတင့်များ ပူးပေါင်းကာ ပထမနေ့ဥပုသ်စောင့်ခြင်းကို မြှင့်တင် ကြသောအချိန်တွင် ထိုမြင်ကွင်းများကို တစ်ဖန်ထပ်မံမြင်တွေ့ ရလိမ့် ဦးမည်ဟု နှုတ်တော်ထွက်စကားများက သွန်သင်ထားပါသည်။ GCBur 628.3