Go to full page →

အခန်း (၆)—သေမင်းနှင့်ရင်ဆိုင်ခဲ့ရသောသူရဲကောင်းနှစ်ဦး GCBur 83

ဘူဟီးမီးယားရှိ ယုံကြည်သူများသည် ၉ ရာစုအစောပိုင်း မှာပင် တိုင်းရင်းသားဘာသာစကားဖြင့် လူထုဝတ်ပြုကိုးကွယ်ပွဲများ ကို ကျင်းပနေ ပေပြီ။ သို့ရာတွင် သတ္တမမြောက်ဂရီဂိုရီသည် ၎င်းတို့အား သိမ်းပိုက် ကျွန်ပြုရန်ရည်ရွယ်ချက် ဘူဟီးမီးယားတွင် လူထု ဝတ်ပြုကိုးကွယ်ပွဲများ ကျင်းပခြင်းကို တားမြစ်သည့်အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။ GCBur 83.1

“နားမလည်နိုင်သည့်ဘာသာစကားကို အသုံးပြုကာ ဝတ်ပြု ကိုးကွယ်ခြင်းဖြင့် ဘုရားသခင်ကျေနပ်အောင် ၎င်းတို့လုပ်ဆောင်နေ ကြခြင်းဖြစ်သည်” ဟု ရဟန်းမင်းက ကြေညာခဲ့သည်။ သို့သော် ဘုရား သခင်သည် အသင်းတော်၏ အဓွန့်ရှည်မှုအတွက် ပြင်ဆင်ပေးတော် မူခဲ့သည်။ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာကြသည့် ဝေါလ်ဒင်းဆီးများနှင့် အာဘီဂျင်ဆီးများသည် ဘူဟီးမီးယားသို့ ရောက်လာကြ၍ လျှို့ဝှက်စွာကြိုးကြိုးစားစား အမှုတော်ဆောင်ခဲ့ကြ သည်။ ဤနည်းအားဖြင့် စစ်မှန်သော ယုံကြည်ခြင်းကို ဆက်လက်ထိန်း သိမ်းခဲ့ပါသည်။ GCBur 83.2

ဂျွန်ဟပ်စ်ခေတ်မတိုင်မီကပင် ဘူဟီးမီးယားရှိ လူတို့သည် ထိုအသင်းတော်၏ ဖေါက်ပြန်မှုများကို ရှုတ်ချခဲ့ကြပါသည်။ ထိုအသင်း တော် အာဏာပိုင်များသည် စိုးရိမ်မှုပေါ်ပေါက်လာကာ ဧဝံဂေလိ တ ရားတော်ကို ဆန့်ကျင်ရန် နှိပ်စက်ညှဉ်းပန်းခြင်းကို အစပျိုးခဲ့ပါသည်။ ရောမအသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းများမှ ခွဲထွက်သွားသူများကို မီးရှို့၍သတ်သင့်သည်ဟူသော အမိန့်များသည် နောက်ပိုင်းတွင် ထွက် ပေါ်လာပါသည်။ သို့သော် အမှုတော်အောင်မြင်ရေးကိုသာ ခရစ် ယာန်များ မျှော်လင့်ခဲ့ကြရာ “တန်ခိုးအာဏာမရှိသောပုဂ္ဂိုလ်တစ်ဦး သည် သာမန် လူတန်းစားမှ ထွက်ပေါ်လာလိမ့်မည်။ သူ့ကိုရောမအ သင်းတော်က မဟန့်တားနိုင်ရာ” ဟု သေခါနီးဆဲဆဲခရစ်ယာန်တစ်ဦးက ကြွေးကြော်ခဲ့ ဖူးသည်။ ထိုပုဂ္ဂိုလ်သည် ပေါ်ထွက်ခဲ့ချေပြီ။ ရောမအသင်း တော်နှင့် ဆန့်ကျင်သည့် သူ၏သက်သေခံမှုများသည် တိုင်းနိုင်ငံများကို လှုပ်ရှားစေခဲ့ပါသည်။ GCBur 83.3

ဂျွန်ဟပ်စ်သည် သာမန်မိသားစုထဲမှပေါက်ဖွားလာပြီး ဖခင် သေဆုံးသွားပြီးနောက်ပိုင်းတွင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရပါသည်။ ဘုရား သခင်ကို ကြောက်ရွံ့ခြင်းနှင့် သိခြင်းပညာကို အမွန်အမြတ်ထားသော ဘုရားတရားရှိသည့် မိခင်ကြီးသည် သားကလေးအား ဤအမွေ (ဘုရားသခင်ကို ချစ်တတ်သည့်သဘော) ကိုပေးထားခဲ့ပါသည်။ ဂျွန် ဟပ်စ်သည် တောကျောင်းကလေးတွင် စတင်ပညာသင်ယူခဲ့ပြီး နောက်ပိုင်းတွင် ပရပ်က်တက္ကသိုလ်သို့ရောက်သွားကာ အထောက်အပံ့ ခံကျောင်းသားတစ်ဦး အနေဖြင့် ကျောင်းနေခဲ့ရပါသည်။ GCBur 84.1

ဟပ်စ်သည် ၎င်း၏မြန်ဆန်သောတိုးတက်မှုကြောင့် မကြာမီ မှာပင် တက္ကသိုလ်တွင်ထင်ရှားလာပါသည်။ နူးညံ့၍ နှစ်လိုဖွယ်ကောင်း သော သူ့ဟန်ပန်များကြောင့် လူချစ်လူခင် ပေါများခဲ့ပါသည်။ GCBur 84.2

သူသည် ရောမအသင်းတော်အပေါ် စွဲလမ်းချစ်ခင်သူတစ်ဦး ဖြစ်ပြီး အသင်းတော်ကပေးရန် ဝန်ခံကတိရှိသော ကောင်းချီးများကို ရယူရန် ကြိုးစားနေသူတစ်ဦးလည်းဖြစ်သည်။ ကောလိပ်အောင်ပြီး သောအခါ ရဟန်းပျိုအဖွဲ့ထဲသို့ သူဝင်ခဲ့ပါသည်။ သူသည် လျင်မြန်စွာ ထင်ရှား………………………………………………………………… လာကာ ဘုရင့်နန်းတော်နှင့်ရင်းနှီးလာခဲ့ပါသည်။ မကြာမီမှာပင် ပါ မောက္ခအဖြစ်ခန့်အပ်ခြင်းခံရကာ နောက်ပိုင်းတွင် ပါမောက္ခချုပ် ဖြစ်လာခဲ့ပါသည်။ အထောက်အပံ့ခံသာမန်ဆင်းရဲသားကျောင်းသား ကလေးဘဝမှ တိုင်းပြည်အတွက် ဂုဏ်ယူစရာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ ခဲ့ပါသည်။ အကြောင်းမှာ သူ့နာမည်သည် ဥရောပတစ်တိုက်လုံးတွင် ကျော်စောထင်ရှားနေချေပြီ။ GCBur 84.3

နောက်ပိုင်းတွင် သူနှင့်အတူအမှုတော်ဆောင်ခဲ့သောဂျရုမ်း သည် အင်္ဂလန်မှဝစ်ကလစ်၏ စာပေများကို ယူဆောင်လာပါသည်။ ဝစ်ကလစ်၏ စာပေများကြောင့် ပြောင်းလဲလာသူ အင်္ဂလန်ဘုရင်မကြီး သည် ဘူဟီးမီးယားမှမင်းသမီးတစ်ပါး ဖြစ်နေပါသည်။ သူမအရှိန်ဖြင့် ဝစ်ကလစ်၏ စာပေများကို ဘူဟီးမီးယားတွင် ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ဟပ်စ်သည် ဘာသာရေးပြုပြင်ပြောင်းလဲ ရေး များအပေါ် စိတ်လည်နေပေပြီ။ သူကိုယ်တိုင်က မသိခဲ့သော်လည်း ရောမအသင်းတော်နှင့် အလှမ်းကွာနေပြီဖြစ်သော လမ်းတစ်ခုကို သူလျှောက်လှမ်းနေလေပြီ။ GCBur 85.1