Go to full page →

ဟပ်စ်ကို စိတ်စွဲလမ်းသွားစေသည့်ဓါတ်ပုံနှစ်ပုံ GCBur 85

အင်္ဂလန်မှပညာတတ်ဧည့်သည် (၂) ဦးသည် ပရပ်က်တွင် ဖြန့် ဝေရန် အလင်းတရားများကို ထိုအချိန်လောက်တွင် ရယူသယ်ဆောင် လာပါသည်။ GCBur 85.2

မကြာမီမှာပင် ထိုသူနှစ်ယောက်အား ဟောကြားခွင့်မပေး တော့သော်လည်း ရည်မှန်းချက်ကို အဆုံးမသတ်လိုသဖြင့် အခြား နည်းများဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။ တရား……………………. ဟောဆရာလည်းဟုတ်၊ ပန်းချီဆရာလည်းဟုတ်သောထိုသူများသည် ရုပ်ပုံနှစ်ခုကိုဆွဲ၍ လူထုရှေ့တွင်ပြခဲ့ကြပါသည်။ GCBur 85.3

တစ်ပုံမှာ “မြည်းပေါ်တွင် ထိုင်ကာ ယေရုရှလင်မြို့ထဲသို့ဝင် လာသော နူးညံ့သိမ်မွေ့သည် ခရစ်တော်၏ပုံ ဖြစ်သည်။ ထိုပုံတွင် စုတ်ပြဲနေသော ဝတ်ရုံများကိုဝတ်လျက် ဖိနပ်မပါဘဲ ထိုမြည်းနောက်မှ လိုက်လာသည့် တမန်တော်များ၏ပုံလည်း ပါဝင်သည်။ နောက်တစ် ပုံမှာမူ အဖိုးတန်သောဝတ်ရုံကို ဝတ်လျက် ဘုံသုံးဆင့်ပါသည့် ဦးရစ်သ ရဖူကိုဆောင်းလျက် တံပိုးခရာမှုတ်သူများ၊ လှပဆန်းကြယ်သော ဝတ်ရုံ များကို ဝတ်ထားသည့်ဘာသာရေးခေါင်းဆောင်များခြံရံလျက် လှပစွာ တန်ဆာဆင်ထားသော မြင်းကြီးကိုစီးလာသည့် ရဟန်းမင်းကြီး၏ ပုံဖြစ်ပါသည်။ GCBur 86.1

လူထုကြီးသည် ထိုပုံများကိုလာရောက်ကြည့်ရှုကြပါသည်။ ပုံတွင် ဖေါ်ပြလိုသည့်သင်ခန်းစာကို မရိပ်မိသူမရှိသလောက်ဖြစ်ရာ ပရပ်က်တစ်မြို့လုံးတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပါသည်။ ထိုကြောင့် ထိုဧည့်သည်နှစ်ဦးမှာ ထိုနေရာမှမဖြစ်မနေထွက်ခွါသွားခဲ့ကြရသော် လည်း ၎င်းတို့ပြထားသည့်ရုပ်ပုံလွှာကြောင့် ဟပ်စ်၏စိတ်နှလုံးသည် လှုပ်ရှားထိခိုက်ခဲ့ရာ ဝစ်ကလစ်၏စာများကို အလေးထားကာ သူလေ့ လာခဲ့ပါသည်။ GCBur 86.2

သူ့အနေဖြင့် ဝစ်ကလစ်ထောက်ခံထားသည့် ဘာသာရေး ပြုပြင် ပြောင်းလဲမှုအားလုံးကိုလက်ခံရန် အဆင်သင့်မဖြစ်သေးသော် ငြားလည်း ရဟန်းမင်းအုပ်စု၏ဇာတိရုပ်မှန်ကိုတွေ့မြင်လာကာ ၎င်းတို့ ၏ မောက်မာမှုများ၊ ရည်မှန်းချက်ကြီးလွန်းမှုများနှင့် စာရိတ္တဖောက် ပြန်မှုများကိုမထောက်ခံခဲ့ပါချေ။ GCBur 86.3