Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အနာဂတ္တိစကားတိကျစွာပြည့်စုံခြင်း

    ဤအနာဂတ္တိစကားသည် ၁၇၉၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြင်သစ် ရာဇဝင်တွင် စာတင်ခဲ့ရသည့် ပြင်သစ်တော်လှန်ရေးအားဖြင့် ပြည့်စုံခဲ့ပါသည်။ ကမ္ဘာ့ရာဇဝင်တွင် သီးခြားရပ်တည်ခဲ့သော ပြင်သစ်ပြည်သည် ဥပဒေပြုလွှတ်တော်တွင် ဘုရားမရှိကြောင်း ကြေညာခဲ့ရာ အမျိုးသမီး အမျိုးသားမကျန် မြို့နေလူထုအားလုံးအပါအဝင် လူထုကြီးတစ်ရပ်လုံးက ထိုကြေညာချက်ကို ကြိုဆိုလက်ခံသောအားဖြင့် ပျော်ရွှင်စွာသီချင်းများဆိုလျက် ကခုန်ခဲ့ကြပါသည်။HFB 281.3

    ပြင်သစ်နိုင်ငံသည် သောဒုံကို သူမတူအောင်ထင်ရှားစေသည့် စာရိတ္တမျိုးကိုလည်း ဖေါ်ပြခဲ့ပါသည်။ သမိုင်းပညာရှင်များကမူ ပြင်သစ်ပြည်၏ ဘုရားမဲ့ဝါဒနှင့် အပျော်ကျူးမှုများကို ပူးတွဲတင်ပြခဲ့ကြပါသည်။ ‘‘ဘာသာရေး ထိခိုက်စေသည့် ထိုဥပဒေနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့်ဥပဒေတစ်ခုမှာ လူ့အသိုက်အဝန်းကို များစွာကျစ်လျစ်ခိုင်မာစေသည့် လူသားများ တည်ထောင်နိုင်သော သန့်ရှင်းသောအိမ်ထောင်ပြုခြင်းကိုကွာရှင်းလိုက ကွာရှင်းနိုင်ပြီး ပေါင်းသင်းလိုက ပေါင်းသင်းနိုင်သည့် လူအချင်းချင်း သဘောတူစာချုပ်တစ်ခုအသွင်သို့ လျော့ချလိုက်သော ပြဌာန်းချက်ပင် ဖြစ်သည်။ ဟာသဉာဏ်ကြောင့် နာမည်ကျော်ကြားသည့် ရုပ်ရှင်မင်းသမီး ဆိုပီအာနောက်က သာတူညီမျှ အခွင့်အရေးရှိသော လက်ထပ်မင်္ဂလာပြုခြင်းကို ‘‘လင်ခိုးမယားခိုးဘာသာရေးအခမ်းအနား’’ ဟု ကင်ပွန်းတပ်ခဲ့သည်။HFB 282.1