Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အလျော့ပေး၊ လိုက်လျောမှုများ

    ပရိုတက်စတင့်များသည် ရောမအသင်းတော်ကို ၎င်း၏ဖေါက်သည် များအလား အားပေးခဲ့ကြသည်။ ရောမအသင်းတော်ကိုယ်တိုင် အံ့အားသင့် လောက်အောင် ပရိုတက်စတင့်များက အလျော့ပေးလိုက်လျောမှုများ ပြုလုပ်ခဲ့ ကြသည်။ လူတို့သည် ရောမအသင်းတော်၏ ဇာတိရုပ်မှန်ကို မမြင်နိုင် လောက်အောင် မိမိတို့၏မျက်စိများကို ပိတ်ထားကြပါသည်။ ထိုကြောင့် ထိုသူများသည် လူထု၏လွတ်လပ်မှုနှင့် ဘာသာရေးလွတ်လပ်မှုတို့ကို ထိပါးနိုင်သည့် ထိုအန္တရာယ်ကောင်၏တိုးတက်မှုများကို ဝိုင်းဝန်းဟန့်တားဖို့ လိုအပ်ပါသည်။HFB 615.1

    ရောမအယူဝါဒများသည် လှည့်ဖြားမှုများအပေါ်တွင် အခြေခံထား သော်ငြားလည်း ကြမ်းတမ်း၍ ကိုးရိုးကားယားရှိလှသည်တော့ မဟုတ်ချေ။ ရောမအသင်းတော်၏ ဘာသာရေအခမ်းအနားများမှာ အထင်ကြီးသဘောကျ စရာကောင်းလှပါသ်ည။ ထူးကဲသောဟန်ပန်များ၊ ရိုသေဖွယ်သောဝတ်ပြုပွဲ များသည် လူအများ၏စိတ်နှလုံးကို တိမ်းညွှတ်စေပြီး ဩတ္တပ္ပစိတ်၏ ဖွင့်ဆိုသံ များနှင့် ကြောင်းကျိုးဆင်ခြင်သံများကို တိတ်သွားစေပါသည်။ အမြင်အာရုံ ကိုလည်း ဆွဲဆောင်နိုင်စွမ်းရှိပါသည်။ ခံ့ညားထည်ဝါသော ဘုရားရှိခိုး ကျောင်းများ၊ ဟန်ပန်ကောင်းလှသည့် လူတန်းကြီးများ၊ ရွှေယဇ်ခုံများ၊ ကျောက်သံပတ္တမြားဌာပနာများ၊ လက်ရွေးစဉ်ပန်းချီကားများ၊ လက်ရာမြောက် သော ဗိသုကာပညာရပ်များတို့သည် အလှအပကိုမြတ်နိုးသူများအား ဆွဲဆောင် နေပါသည်။ တေးဂီတဘက်တွင်လည်း ထိပ်တန်းဖြစ်ပါသည်။ အဆိုသည်များ၏ သာယာသောသံစဉ်များဖြင့် လိုက်ဖက်ညီသည့် အော်ဂင် တေးသွားများသည် ဘုရားရှိခိုးကျောင်းများတွင် ပျံ့လွင့်နေပြီး ကြားရသူ များအား ပျပ်ဝပ်ကိုးကွယ်လိုစိတ်များကို ဖြစ်ပေါ်လာစေပါသည်။ HFB 616.1

    ဤအပြင်ပန်းအဆောင်အယောင်များသည် အပြစ်တွင် အနာကျနေသည့်ဝိညာဉ်များ၏တောင်းတချက်များကို ပြက်ရယ်ပြုနေပါသည်။ ခရစ်တော်၏ ဘာသာအယူဝါဒမှာမူ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုး မလိုအပ်ပါချေ။ ကပ်တိုင်မှထွက်ပေါ်နေသည့် အလင်းတော်သည် မည်သည့် အပြင်ပန်းစီခြယ်မွမ်းမံမှုများကမှ နဂိုမူလတန်ခိုးကိုတိုးပွားအောင် လုပ်မရသည့် အခြေအထိ စင်ကြယ်၍မြတ်နိုးစရာ အထူးကောင်းလှပါသည်။HFB 616.2

    လူသားများအား အသက်တာအတွက် အရေးပါသည့်အရာများကို မေ့လျော့သွားစေရန်နျင့် ဤမျက်မှောက်ဘဝတစ်ခုတည်းအတွက်သာ အသက်ရှင် နေထိုင်ကြရန် စာတန်လမ်းပြရာတွင် အနုပညာဆိုင်ရာ မြင့်မားသောစိတ်ကူးစိတ်သန်းများနှင့် ပါးစပ်အရသာအတွက် အနုစိတ်မွမ်းမံ ချက်ပြုတ်ခြင်းများကို မကြာခဏအသုံးပြုတတ်ပါသည်။HFB 617.1

    ရောမအသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းများတွင် ထင်ရှားပေါ်လွင် နေသည့် ခမ်းနားထည်ဝါမှုများ၌ ညှို့ဓာတ်ရှိပြီး ဖမ်းစားနိုင်သည့် တန်ခိုးနှင့် ပြည့်စုံနေရာ လူအများသည် ထိုအရာများအားဖြင့် လှည့်ဖြားခြင်းခံကြရ ပါသည်။ ထိုသူတို့သည် ရောမအသင်းတော်ကို ကောင်းကင်နိုင်ငံသွားရာ ဂိတ်တံခါးတစ်ခုကဲ့သို့ အမြင်ရှိလာကြပါသည်။ သမ္မာတရားအုတ်မြစ်ပေါ်မှာ ခိုင်မာစွာအခြေချထားသူများနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသစ်မွေးဖွားခြင်းခံပြီးသူများသာလျှင် ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကိ ကြံ့ကြံ့ခံ နိုင်ကြမည်ဖြစ်ပါသည်။ တန်ခိုးမပါသည့် ဘုရားတတ်၌မွေ့လျော်ခြင်းမျိုးသည် ထိုလူထုကြီး လိုလားနေသည့်အရာဖြစ်နေပါသည်။HFB 617.2

    ထိုအသင်းတော်၌ အပြစ်လွှတ်ပိုင်ခွင့်ရှိသည်ဟူသော ဖွင့်ဆိုချက်သည် ရောမအသင်းသားများအား အပြစ်ကျူးလွန်ရန် လွတ်လပ်ခွင့်ပေးလိုက်သလို အသိဝင်စေပါသည်။ အပြစ်ဝန်ချခြင်းအစီအစဉ်သည်လည်း ဒုစရိုက်မှုများကို ကျူးလွန်ရန် လိုင်စင်ထုတ်ပေးထားသလို ဖြစ်နေပါသည်။ အပြစ်တွင် ကျဆုံးနေသောလူတစ်ဦးရှေ့တွင် ဒူးထောက်ကာ နှလုံးထဲမှာရှိသည့် လျှို့ဝှက် ချက်အားလုံးကို ဖွင့်ဟဝန်ခံနေသောသူသည် မိမိ၏အသက်ဝိညာဉ်ကို ယုတ်ညံ့နိမ့်ကျစေလျက် ရှိသည်။ မှားယွင်းမှုများနှင့်ပြည့်စုံကာ သေမျိုးဖြစ်သောဂိုဏ်းအုပ်တစ်ဦး၏ ရှေ့တွင် မိမိအသက်တာ၌ ကျူးလွန်ခဲ့သောအပြစ်များကို ဝန်ချတောင်းပန် ခြင်းသည် ၎င်း၏စာရိတ္တစံကိုနိမ့်ကျစေပြီး အကျိုးဆက်အားဖြင့် မိမိကိုယ်ကို ညစ်ညူးစေလျက်ရှိသည်။ အပြစ်တွင် ကျဆုံးနေသည့် လူသားတစ်ဦးကဲ့သို့ ထာဝရဘုရားအပေါ် သူသုံးသပ်လာသည်အထိ ယုတ်လျော့နိမ့်ကျလာပါသည်။ အဘယ်ကြောင့်ဆိုသော် သူအပြစ်ဝန်ချတောင်းပန်နေသည့် ဂိုဏ်းအုပ်သည ဘုရား၏ကိုယ်စား၊ ဘုရားနေရာတွင်ရပ်ထနေသောကြောင့်ဖြစ်သည်။ လူသား အချင်းချင်းအကြားပြုလုပ်သည့် နိမ့်ကျသောဤအပြစ်ဝန်ချတောင်းပန် ခြင်းသည် ဤကမ္ဘာကြီးအား ညစ်ညူးစေလျက်ရှိသော ဒုစရိုက်မှုများ မြစ်ဖျားခံရာ လျှို့ဝှက်စမ်းချောင်းဖြစ်ပါသည်။ သို့စေကာမူ ကိုယ်အလိုကိုလိုက်လိုသူများအတွက် ထာဝရဘုရားရှေ့မှောက်တွင် အပြစ် ဝန်ချတောင်းပန်ရသည်ထက် သေမျိုးဖြစ်သောလူသားအချင်းချင်းရှေ့တွင် အပြစ် ဝန်ချတောင်းပန်ရသည်ကို ပို၍နှစ်သက်စရာဖြစ်သည်။ အပြစ်ကို ငြင်းပယ်ရခြင်းအမှုထက် အာပတ်ဖြေခြင်းအမှုကိုလုပ်ဆောင်ရန် လူသားများ ပို၍သဘောကျကြသည်။ အသွေးအသား၏တပ်မက်မှုများကို ကပ်တိုင် တင်သည်ထက် အဝတ်ကြမ်းကြီးကိုဝတ်ကာ အရှက်ကွဲခံရသည်မှာ ၎င်းတို့အတွက် ပို၍လွယ်ကူနေပါသည်။HFB 617.3