Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တရားစီရင်ခြင်းအမှုတော်

    ပဋိညာဉ်သစ်အရ နောင်တရသူအပြစ်သားများ၏ အပြစ်များသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်အပေါ်မှတစ်ဆင့် ကောင်းကင် သန့်ရှင်းရာဌာနတော်သို့ ပြောင်းရွှေ့တင်ကျံခဲ့ပါသည်။ ညစ်ညမ်းစေသည့် အပြစ်များအား ဖယ်ရှားသုတ်သင်ခြင်းအားဖြင့် လောကတဲတော်အား ပုံဆောင်ဆေးကြောမှုပြီးစီးစေခဲ့သကဲ့သို့ မှတ်တမ်းတင် ထားသောအပြစ်များကို ဖယ်ရှားပစ်ခြင်းအားဖြင့် ကောင်းကင် သန့်ရှင်းရာဌာနတော်ကို အမှန်တကယ်ဆေးကြောမှု ပြီးစီးစေပါသည်။ သို့ရာတွင် ဤအမှုကိုအပြီးမသတ်မီ မည်သူသည် ခရစ်တော်ကိုယုံကြည် လက်ခံခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ခံစားထိုက်ကြောင်း သိရှိနိုင်ရန် မှတ်တမ်းစာအုပ်များကို ပြန်လည်ဆန်းစစ်ရမည်ဖြစ်သည်။ ထိုကြောင့် သန့်ရှင်းရာဌာနတော်ဆေးကြောခြင်းအမှုတွင် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းအလုပ်သည် ပါဝင်နေပါသည်။ ထိုအလုပ်ကို ခရစ်တော် ကြွမလာမီကလေးတွင် လုပ်ဆောင်ရပါမည်။ အကြောင်းမှာ ကိုယ်တော်ရှင် ကြွလာသောအခါ လူတိုင်းအား ၎င်းတို့၏အကျင့်အလျှောက် ပေးရမည့် အကျိုးအပြစ်များကို အတူယူဆောင်လာတော့မည်ဖြစ်ပါသည်။ ဗျာ ၂၂:၁၂။HFB 450.2

    ထိုကြောင့် ခရစ်တော်သည် နှစ်ပေါင်း ၂၃၀၀ ကုန်ဆုံးသည့် ၁၈၄၄ ခုနှစ်တွင် ဤလောကသို့ကြွလာရမည့်အစား ကြွလာခြင်းကို ပြင်ဆင်မှုတစ်ရပ် အနေဖြင့် အပြစ်ဖြေခြင်းအမှုကို အဆုံးသတ်ဆောင်ရွက်ရန် ကောင်းကင် သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံး အခန်းထဲသို့ဝင်သွားတော်မူကြောင်း အနာဂတ္တိကျမ်းစကား၏ အလင်းတရားများအတိုင်း လိုက်လျှောက်သူများက တွေ့မြင်ခဲ့ကြပါသည်။HFB 451.1

    ခရစ်တော်သည် မိမိအသွေးတော်အားဖြင့် ကောင်းကင် သန့်ရှင်းရာဌာနတော်တွင် တင်ကျံနေသောမိမိလူတို့၏ အပြစ်များကို အမှုတော်အဆုံးတွင် ဖယ်ရှားပစ်တော်မူသောအခါ နောက်ဆုံးပြစ်ဒဏ် စီရင်မှုကိုခံရမည့် စာတန်အပေါ်သို့ ထိုအပြစ်များကိုရွှေ့၍ တင်ကျံ စေတော်မူမည်။ တောထဲသို့လွှတ်မည့်ဆိတ်သည် ဣသရေလလူများထံသို့ ပြန်မလာနိုင်တော့သည့် ဝေးလံသောတောသို့ လွှတ်ခဲ့သည့်နည်းတူ စာတန်သည်လည်း ဘုရားသခင်နှင့်တကွ ကိုယ်တော်၏လူများရှေ့မှ ထာဝရ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။ အပြစ်သားနှင့် အပြစ်များကို နောက်ဆုံး ချေမှုန်းခြင်းတွင် သူသည် လုံးလုံးပျောက်ကွယ်သွားပါလိမ့်မည်။HFB 451.2

    *****