Loading...
Larger font
Smaller font
Copy
Print
Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကယ်တင်ရှင်ကိုလိုသောမနုဿလူသား

    လူသည်အစအဦး၌မြင့်မြတ်သောအစွမ်းသတ္တိများ၊သမမျှတသောစိတ်သဘောများနှင့် ပြည့်စုံလျက်ရှိခဲ့သည်။ သူ၏ ကိုယ်ခန္ဓာတခုလုံးသည်စုံလင်လျက်ရှိ၍ ဘုရားသခင်နှင့်တူညီ လျက်ရှိ၏။ သူ၏အကြံအစည်များသည်ဖြူစင်လျက်ရည်ရွယ်ချက်များသည်သန့်ရှင်း၏။ သို့ရာတွင်နားမထောင်ခြင်းအမှုအားဖြင့် သူ၏အစွမ်းသတ္တိများသည် ပြောင်းလဲသွား၍မေတ္တာ အစားကိုယ်ကျိုးရှာတတ်သောသဘောများနှင့်ပြည့်ဝလာ၏။ လွန်ကြူးခြင်းအပြစ်ကြောင့်သူ၏ အခြေအနေသည်အလွန်ပင်အားနည်းနေသဖြင့်သူသည်အပြစ်၏တန်ခိုးကိုမိမိ၏စွမ်းအားသတ္တ ဖြင့်ခုခံတားဆီးခြင်းငှာမတတ်နိုင်ချေ။ သူသည်စာတန်အားဖြင့် ချည်နှောင်ဘမ်းဆီးထားခြင်းခံ နေရ၍ဘုရားသခင်သည် အထူသဖြင့်ဝင်ရောက်ကူညီတော်မမူလျှင်၊ သူသည်ထိုသို့ဘမ်းဆီး ထားခြင်းကိုအစဉ်ထာဝရခံနေရလိမ့်မည။ သွေးဆောင်သောသူ၏အကြံကား၊ လူကိုဖန်ဆင်းတော်မူရာ၌ဘုရားသခင်စီမံထားတော်မူသောအကြံတော်ကိုပြောင်းလဲလျက်၊ မြေကြီပေါ်တွင်ဒုက္ခဝေဒနာ၊ ပျက်စီးယိုယွင်းခြောက်သွေ့နေသောအဖြစ်တို့နှင့်ပြည့်ဝစေရန်ဖြစ် သည်။ ၎င်းပြင်ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူခြင်းကြောင့်ဤဆိုးသွင်းသောအမှု အပေါင်းတို့သည်ဖြစ်လာရကြသည်ဟုသူကအပြစ်တင်လိမ့်မည်။SC 17.1

    လူသည်အပြစ်နှင့်ကင်းစင်နေစဉ်အခါက၊ “ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍာတို့သည်ဝှက် ထားလျက်ရှိ” (ကောလောသဲ၊ ၂း၃) သောအရှင်သခင်နှင့်ပျော်ရွှင်စွာပေါင်းသင်းဆက်ဆံရ သောအခွင့်ကိုရရှိခဲ့။ သို့ရာတွင်အပြစ်ပြုပြီးနောက်သူသည်သန့်ရှင်းခြင်းအမှု၌ပျော်မွေ့ခြင်းမ ရှိသဖြင့်၊ ဘုရားသခင်၏မျက်မှောက်တော်မှပုံးကွယ်ရန်ကြိုးစား၏။ အသစ်ပြုပြင်ခြင်းမခံရသေးသော စိတ်နှလုံးရှိသူတို့သည် ထိုကဲ့သို့သောအခြေအနေမျိုး၌ရှိနေကြသေး၏။ ဘုရားသခင်၏သ ဘောတော်နှင့် မညီညွတ်သောကြောင့်၊ ဘုရားသခင်နှင့်ပေါင်းသင်းရမည်ကိုသူသည်ရှက် ကြောက်နေလိမ့်မည်။သူသည်ကောင်းကင်သို့ဝင်ဘို့ရန်အခွင့်ရသော်လည်းသူသည်ထိုအရက်၌ ပျော်မွေ့လိမ့်မည်မဟုတ်၊ အနန္တမေတ္တာရှင်၏စိတ်နှလုံးနှင့်တူညီသောစိတ်နှလုံးမျိုးရှိကြသဖြင့်၊ ထိုအရပ်၌ရှိသောသူတို့၏ကိုယ်ကျိုးမရှာသောမေတ္တာစိတ်သဘောသည်သူ၏စိတ်သဘော နှင့်ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်။ သူ၏အကြံအစည်သူ၏စိတ်ဝင်စားသောအရာ၊သူ၏ ရည်ရွယ်ချက်တို့သည် ထိုအရပ်၌ရှိ အပြစ်ကင်းသောသူများ၏စိတ်သဘော၊ ရည်ရွယ်ချက်တို့ နှင့်ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သူ့အဘို့ကောင်းကင်၏သာယာသောအသံသည်ပျက်စီးစေ သောအသံနှင့်တူလိမ့်မည်။ သူ့အဘို့ကောင်းကင်သည်နှိပ်စက်ညှင်းဆဲသောနေရာနှင့်တူနေ လိမ့်မည်။ ကောင်းကင်၏အလင်းနှင့်ပျော်မွေ့ခြင်း၏ဗဟိုရ်ဖြစ်တော်မူသောအရှင်ထံမှသူသည် ပုံးကွယ်နေလို၏။ ကောင်းကင်မှဆိုးသောသူတို့ကိုဖယ်ရှားထားခြင်းအမှုမှာဘုရားသခင်သည် မိမိသဘောအတိုင်းစီမံတော်မူသောအမိန့်တော်မဟုတ်။ သူတို့ကိုယ်တိုင်ကပင်ကောင်းကင် နှင့်ဆက်သွယ်ခြင်းငှာမထိုက်တန်သဖြင့်၊ ကောင်းကင်မှထွက်ခွာသွားရခြင်းအမှုဖြစ်ပေသည်။ ဘုရားသခင်၏ဘုန်းတော်သည်သူတို့အလို့လောင်သောမီးဖြစ်လိမ့်မည်။ မိမိတို့ကိုရွေးနှုတ်ရန် သေခြင်းကိုခံတော်မူသေူအရှင်၏ မျက်နှာတော်မှကွယ်ထားစေနိုင်မည်အကြောင်း သူတို့သည် ပျက်စီးခြင်းကိုအလိုရှိလိမ့်မည်။SC 17.2

    ကျွန်ုပ်တို့သည်နစ်မွန်းနေသောအပြစ်ဒုစရိုက်၏တွင်းထဲမှ မိမိတို့ကိုယ်တိုင်လွတ် မြောက်ရန်မတတ်စွမ်းနိုင်ကြ။ ကျွန်ုပ်တို့၏စိတ်နှလုံးများသည်ဆိုးသွမ်းနေကြလျက်၊၎င်းတို့ကို မပြောင်းလဲနိုင်ကြ။ “မသန့်ရှင်းသောအရာထဲက သန့်ရှင်သောအရာကိုအဘယ်သူထုတ်ဘော် နိုင်သနည်း။”(ယောဘ၊ ၁၄း ၄)“ဇာတိပကတိစိတ်သဘောသည်ဘုရား သခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ဘုရားသခင်၏တရားတော်အလိုသို့မလိုက်တတ်။ ထိုမျှမကမ လိုက်နိုင်။”(ရောမ၊ ၈း၇။) ပညာသင်ကြားရေး၊ အကြင့်စာရိတ္တဲပြုပြင်ရေး၊ စိတ်အလိုဆန္ဒကိုလေ့ ကျင့်ရေး၊လူတို့၏ကြံစည်ကြိုးစားသမျှအမှုမှစသော အရာအပေါင်းတို့သည် မိမိတို့နေရာနှင့် သင့်တော်ကြသော်လည်း၊ ဤနေရာ၌၎င်းတို့သည်တန်ခိုးမရှိကြ။ ၎င်းတို့သည်အပြင်အပနှင့် ဆိုင်သောအကျင့်ဓလေ့တို့ကိုပြုပြင်နိုင်သော်လည်း၊ စိတ်သဘောကိုမပြောင်းလဲနိုင်ခြေ။ ၎င်းတို့ သည်အသက်တာ၏ အခြေအမြစ်ဖြစ်သောစိတ်သဘောကိုမသန့်ရှင်းစေနိုင်။လူသည်အပြစ်မှ သန့်ရှင်းသောအဖြစ်သို့ မပြောင်းလဲမှီအတွင်း၌ပြုပြင်နိုင်သောတန်ခိုးသည်တည်ရှိလျက်၊ အထက်မှအသစ်သောအသက်ကိုရရှိရမည်။ ထိုတန်ခိုးကား၊ သခင်ခရစ်တော်ဖြစ်၏။ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သာလျှင်ဝိညာဉ်၏သေနေသောသတ္တိများကိုထကြွနိုး ကြားစေလျက် ဘုရားသခင်ထံတော်သို့၎င်း၊ သန့်ရှင်းခြင်းအဖြစ်သို့၎င်း ဆွဲဆောင်တော်မူလိမ့် မည်။SC 19.1

    ကယ်တင်ရှင်က၊ “လူသည်အထက်မှမွေးခြင်းကိုမခံလျှ၊”အသစ်သောဆန္ဒများ၊ ရည်ရွယ်ချက်များနှင့်အကြံအစည်များကိုမရရှိလျှင်၊ “ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ” ဟုမိန့်တော်မူ၏။ (ယောဟန်၊ ၃း၃။)လူတွင်ဇာတိအားဖြင့်ပါရှိလာသောကောင်းမြတ်သော သဘောကိုတိုးတက်ကောင်းမွန်အောင်ပြုပြင်ဘို့လိုသည်ဟူသောစိတ်ကူးဥာဏ်သည် သေခြင်း ကိုဖြစ်စေသောလှည့်ဖြားခြင်းအမှုသာဖြစ်သည်။ “ဇာတိပကတိလူသည်ဘုရာသခင်၏ဝိညာဉ် တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏။ ထိုအရာတို့သည်ဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ဇာတိပကတိလူသည် နားမလည်နိုင်။” (၁ကော၊၂း၁၄။) “ဒုတိယမွေးခြင်းကိုခံရမည်ဟုငါဟောပြောသည်ကိုအံ့သြခြင်းမရှိကြနှင့်။”(ယောဟန်၊၃း၇။) သခင်ခရစ်တော်အကြောင်းနှင့်စပ်ဆိုင်၍“ထိုနှုတ် ကပတ်တော်၌အသက်ရှိ၏။ ထိုအသက်သည်လည်း၊ လူတို့၏အလင်းဖြစ်၏”(ယောဟန်၊၁း၎။) “ကောင်းကင်အောက်လူတိုတွင်ငါတို့ကိုကယ်တင်နိုင်သောတခုတည်းသော နာမ”သာလျှင်ဖြစ် ၏ (တမန်တော်၊ ၄း၁၂။)ဟုရေးထား၏။SC 20.1

    ဘုရားသခင်၏သနားခြင်းကရုဏာတော်၊ ကျေးဇူးပြုတတ်သောသဘောတော်၊ ဘခင် ကဲ့သို့ကြင်နာထောက်ထားသောသဘော၊ ဘုရားသခင်၏ဂုဏ်တော်တို့ကိုသိမြင်ရုံနှင့်မလုံ လောက်သေးပါ။ ဘုရားသခင်၏တရားတော်၌ထင်ရှားသောဥာဏ်ပညာနှင့်ဖြောင့်မတ်ခြင်း ဖြစ်ကိုပိုင်းခြားသိနားလည်၍၎င်းတရားတော်သည်မေတ္တာနှင့်ဆိုင်သောထာဝရအခြခံဥပဒေ အပေါ်၌အခြေတည်လျက်ရှိကြောင်းသိမြင်ရုံနှင့်မလုံးလောက်သေးပါ။ “ပညတ်တရားဖြောင့် သည်ဟုငါဝန်ခံ၏” (ရောမ၊ ၇း၁၆။)ဟုတမန်တော်ရှင်ပေါလုကကြွေးကြော်သောအခါ၊သူသည် ဤအမှုအရာအားလုံးကိုသိမြင်၏။ “တရားတော်သည်သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏” သို့ရာတွင်သူသည်ပြင်းစွာစိတ်ဒုက္ခ ရောက်၍စိတ်ပျက်သောအခါ၌၊ “ငါမူကားဇာတိပကတိရှိ၏၊အပြစ်တရားလက်၌ကျေးကျွန်ဖြစ် ၏” ဟုဆက်လက်ပြောဆို၏။ (ရောမ၊၇း၁၂။၁၄။)သူသည်သန့်ရှင်းခြင်းဖြောင့်မတ်ခြင်းကို အလွန်အလိုရှိ၏။ သို့ရာတွင်မိမိကိုယ်တိုင်၌ကား၎င်းတို့ကိုရရှိနိုင်ရန်အစွမ်းသတ္တိမရှိသဖြင့်၊ “ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှငါ့ကိုဘယ်သူကယ်လွှတ် နိုင်မည်နည်း”ဟုကြွေးကြော်၏။ (ရောမ၊၇း၂၄။) အရပ်ရပ်တိုင်း၌ကာလအဆက်ဆက်မိမိ တို့၏စိတ်နှလုံးထဲ၌ လေးလံသောဝန်ကိုထမ်းနေရသောသူတို့သည်ထိုကဲ့သို့ကြွေးကြော်ခဲ့ ကြလေပြီ။ ထိုသူအပေါင်းတို့အဘို့ “ဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့”ဟူသောအဖြေတခုသာရှိပေသည်။ (ယောဟန်၊ ၁း၂၉။)SC 21.1

    ဘုရားသခင်၏ဝိညာဉ်တော်သည် ဤသမ္မာတရားကိုပုံဆောင်၍ပြရန်၊ ၎င်းပြင်အပြစ် ဒဏ်၏ဝန်ထုတ်မလွတ်မြောက်ရန် ကြာမြင့်စွာတောင့်တနေသောဝိညာဉ်များအားရှင်းလင်း စွာဘော်ပြပန်ဥပမာများစွာရှိပေသည်။ ယာကုပ်သည်ဧသောကိုလိမ်လည်လည့်ဖြားခြင်းဖြင့် အပြစ်ပြုပြီးနောက်၊ မိမိဘခင်အိမ်မှထွက်ပြေးသောအခါ သူသည်ထိုအပြစ်၏ဝန်ထုတ်နှင့်လေ လံလျက်ရှိသည်ကို တွေ့မြင်ရလေ၏။ သသည်မိမိအထင်အတိုင်းတယောက်တည်းရပ်ဝေး၌ စွန့်ပစ်ခြင်းခံရ၍ မိမိ၏အသက်တာတွင်ခင်တွယ်ခဲ့သောအရာအားလုံးနှင့်ခွဲခွာနေရစဉ်အခါ ၊အခြားသောအရာများထက်သူ၏စိတ်ဝိညာဉ်ကိုညှင်းဆဲနှိပ်စက်နေသောထင်မြင်ချက်တစ်ခု ကား၊ သူ၏အပြစ်သည် သူ့အားဘုရားသခင်ထံတော်မှဝေးကွာစေလျက်ကောင်းကင်ဘုံရှင် သည်သူ့ကိုစွန့်ပစ်တော်မူပြီဟုစိုးရိမ်ပူပန်နေခြင်းပင်ဖြစ်သည်။သူသည်စိတ်ပျက်ခြင်းနှင့် မြေကြီးပေါ်တွင်လှဲလျောင်းလိုက်လေ၏။ သူ၏ပတ်လည်တွင်ပျင်းစရာကောင်းသောတောင် များ၊ သူ၏အထက်တွင်ကြယ်များနှင့်တောက်ပနေသောကောင်းကင်ရှိ၏။ သူသည်အိပ်ပျော် နေစဉ်၊ ထူးခြားသောအလင်းရောင်ခြည်သည် အိပ်မက်ထဲ၌ပေါ်လ၏။ ထိုနောက်ကြည့်ရှုနေစဉ် သူအိပ်နေသောကွင်းပြင်မှ ကောင်းကင်၏တံခါးဝများတိုင်အောင် အလွန်ကြီးမားသောလှေ ကားကြီးတခုသည်ထင်ပေါ်လာလေ၏၊ ၎င်းပြင် ထိုလှေကားပေါ်တွင်ဘုရားသခင်၏ကောင်း ကင်တမန်တို့သည် ဆင်းလျက်တက်လျက်ရှိကြ၏။ ထိုအခါအထက်အရပ်ဘုန်းတော်နှင့်ပြည့် ဝရာနေရာမှ စိတ်သက်သာမြော်လင့်ဘွယ်ရာသတင်းစကားကို ဘုရားသခင်ကိုယ်တော်တိုင် မိန့်မွက်တော်မူသံကိုကြားရလေ၏။ ထိုနည်းအားဖြင့်ယာကုပ်၏ဝိညာဉ်ကအလိုရှိနေ၍တောင့် တနေသောကယ်တင်ရှင်ကိုသူ့အားထင်ရှားဘော်ပြတော်မူလေပြီ။ အပြစ်ရှိနေသောယာကုပ် သည်ဘုရားသခင်နှင့်တဖန်ပြန်၍ ပေါင်းဘက်ဆက်ဆံရသောနည်းလမ်းတခု ဘော်ပြထား သည်ကိုဝမ်းမြောက်ခြင်းနှင့်၎င်း၊ ကျေးဇူးတင်သောသဘောနှင့်၎င်း တွေ့မြင်ရလေ၏။ သူ၏အိပ်မက်တါင် ထိုနက်နဲသောလှေကားသည် ဘုရားသခင်နှင့်လူတို့၏စပ်ကြားတွင်တခု တည်းသောအဆက်အသွယ်ဖြစ်တော်မူသောသခင်ယေရှုကိုပုံဆောင်ထား၏။SC 22.1

    သခင်ခရစ်တော်သည်နာသနေလနှင့်စကားပြောနေတော်မူစဉ်၊ “ကောင်းကင်ဖွင့် လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူသားအပေါ်၌ဆင်းလျက်၊ တက်လျက်ရှိနေသည်ကို၎င်း၊သင်တို့သည်မြင်ရကြလတံ့” (ယောဟန်၊၁း၅၁။) ဟုကိုယ်တော် ကမိန့်တော်မူသောအခါ၊ ဤပုံပမာကိုပင်ကိုယ်တော်ကညွန်ပြတော်မူ၏။ ဖေါက်ပြန်ခြင်းအမှု တွင် လူသည်ဘုရားသခင်ထံမှမိမိကိုယ်ကိုခွဲခွာသွားစေ၏။ မြေကြီးသည်ကောင်းကင်နှင့်အ ဆက်ပြတ်လျက်ရှိ၏။ ၎င်းတို့ဆက်ကြားတွင်တည်ရှိနေသောခြောက်ကြီးကိုဖြတ်ကျော်သွား ခြင်းငှါ မတတ်နိုင်ချေ။ သို့ရာတွင်သခင်ခရစ်တော်အားဖြင့်မြေကြီးသည်ကောင်းကင်နှင့် တဖန်ဆက်သွယ်လာပြန်၏။ အမှုတော်ဆောင်ရွက်နေကြသောကောင်းကင်တမန်တို့သည် လူတို့နှင့် ဆက်သွယ်ပေါင်းသင်းနိုင်မည်အကြောင်းသခင်ခရစ်တော်သည်အပြစ်ဒုစရိုက်က ပြုလုပ်ခဲသောချောက်ကြီးကိုမိမိ၏ကုသိုလ်ကောင်းမှုအားဖြင့်ဖြတ်ကျော်ရန်တံတားထိုးပေး တော်မူပြီ။ သခင်ခရစ်တော်သည်ကျဆုံးပျက်စီးနေသောလူကိုသူ၏အားနည်း၊ ခိုကိုးရာမဲ့နေ သောအဖြစ်၌ပင်၊ အနန္တတန်ခိုးကိုချပေးတော်မူသောအရှင်နှင့်ဆက်သွယ်ပေးတော်မူပြီ။SC 23.1

    သို့သော်လူများတို့သည်ကျဆုံးပျက်စီးနေသော လူမျိုးအတွကချပေးတော်မူသော မြော်လင့်ခြင်းနှင့်မစကူညီခြင်းကိုအစပြုတော်မူသောအရှင်ကိုဂရုမစိုက်အမူမထားဘဲနေ ကြလျှင်၊ တိုးတက်ကြီးပွားရေးနှင့်စပ်ဆိုင်သောလူတို့၏ ကြံစည်တွေးဆချက်များသည် အချည်းနှီးဖြစ်ကြ၏။ လူသတ္တဝါတို့၏အခြေအနေကိုကောင်းမွန်လာအောင်မြှင့်တင်ရေး အတွက် ကြံစည်ကြိုးစားမှု အပေါင်းတို့သည်လည်းအချည်းနှီးဖြစ်ကြ၏။ “ကောင်းမြတ်စုံ လင်သောဆုကျေးဇူးရှိသမျှတို့သည်ဘုရားသခင်ထံတော်မှသက်ရောက်၏။”(ယာကုပ်၊၁း၁၇) ဘုရားသခင်ထံတော်မှလွဲ၍၊ ကောင်းမြတ်သောအကျင့်စာရိတ္တအမှန်မရှိနိုင်ချေ။ ၎င်းပြင်ဘုရား သခင်ထံတော်သို့ရောက်ရန် တခုတည်းသောလမ်းကား သခင်ခရစ်တော်ပင်ဖြစ်သတည်း။ ကိုယ်တော်က၊ “ငါသည်လမ်းခရီဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရဟုမိန့်တော်မူ၏။” (ယောဟန်၊၁၄း၆။)SC 23.2

    ဘုရားသခင်၏စိတ်နှလုံးသည်လောကရှိမိမိသားသမီများတို့ကိုသေခြင်းထက်ပြင်းထန် သောမေတ္တာတော်နှင့်တောင့်တလျက်ရှိတော်မူ၏။ မိမိ၏သားတော်ကို စွန့်တော်မူရာ၌၊ ဘုရား သခင်သည်တခုတည်းသောဆုကျေးဇူးတော်တွင် ကျွန်ုပ်တို့အားကောင်းကင်၌ရှိသမျှကိုသွန်း လောင်းချပေးတော်မူပြီ။ ကယ်တင်ရှင်၏ အသက်တာ၊အသေခံတော်မူခြင်းအမှုနှင့်ကြားဖြန်ဖြေ ခြင်းအမှု၊ ကောင်ကင်တမန်တို့ဆောင်ရွက်နောကြသောအမှု၊ ဝိညာဉ်တော်၏တောင်းပန်နေ ခြင်းအမှု၊ ကောင်းကင်သတ္တဝါများတို့၏ မနေမနား စိတ်ပါဝင်စားခြင်းအမှုမှစသော အမှုအရာ အပေါင်းတို့သည်လူတို့အားရွေးနှုတ်ခြင်းအမှုတွင်ပါဝင်သက်ဆိုင်ကြ၏။SC 24.1

    ကျွန်ုပ်တို့အတွက်ပြုတော်မူခဲ့သည့်အလွန်အံ့သြဘွယ်ကောင်းသောပူဇော်စွန့်စားခြင်းအမှုကြီ ကို ကျွန်ုပ်တို့ဆင်ခြင်ကြည့်ကြစို့၊ ပျေက်ဆုံးနေသောသူတို့ကို ပြန်၍သိမ်းပိုက်လျက် ခမည်းတော်၏အိမ်တော်သို့ပြန်၍ယူဆောင်လာရန်ကောင်းကင်သည်အစွမ်းကုန်ကြီးစားဆောင် ရွက်နေသောအမှုကို ကျွန်ုပ်တို့သဘောကျ နှစ်သက်လာကြဘို့ ကြိုးစားကြပါ။ သာ၍ ပြင်းထန် သော စိတ်အလိုဆန္ဒများနှင့်သာ၍ခွန်အားကြီးသောကိုယ်စားတော်များသည် ဘယ်အခါမျှ ဤမျှလောက်မကြံစည်မပြုလုပ်နိုင်ခဲ့ကြချေ။ ဖြောင့်မတ်စွာပြုသောအမှုအတွက် ထူးမြတ်သော ဆုလပ်များ၊ ကောင်းကင်၌စည်းစိမ်ခံစားရခြင်းအမှု၊ ကောင်းကင်တမန်များနှင့် ပေါင်းသင်း ဆက်ဆံရခြင်းအမှု ဘုရားသခင်နှင့်၎င်း၊ သားတော်နှင့်၎င်းမိဿဟရဖွဲ့ရခြင်းအမှု၊ထာဝရကာလ အဆက်ဆက်ကျွန်ုပ်တို့၏စွမ်းအားသတ္တိရှိသမျှတို့ကိုမြှင့်တင်တိုးပွားစေခြင်းအမှုမှစသောဤဆု ကျေးဇူးများသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ရွေးနှုတ်ရှင်အား၊ စိတ်ပါကိုယ်ရောက်ချစ်ခင်နှစ် သက်စွာနှင့်ကိုးကွယ်ဝတ်ပြုလျက် အမှုတော်ကိုဆောင်ရွက်စေရန်ကျွန်ုပ်တို့၏စိတ်ကို အားကြီး စွာတိုက်တွန်းနှိုးဆော်လျက်နေကြသည်မဟုတ်ပါလော။SC 24.2

    ၎င်းပြင်တနည်းအားဖြင့်၊ အပြစ်ဒုစရိုက်တဘက်၌ ဘုရားသခင်စီရင်ချက်ချတော်မူမည့် အကြောင်းအရာများ၊ မလွှဲမရှောင်သာနိုင်အောင်အကျိုးအပြစ်ဆပ်ပေးတော်မူခြင်းအမှု၊ ကျွန်ုပ် တို့၏အကျင့်စာရိတ္တများကိုယုတ်ညံ့ပျက်စီးစေခြင်းအမှုနှင့်ဖျက်ဆီးပယ်ရှင်းတော်မူခြင်းအမှုများ တို့ကား စာတန်၏လက်အောက်၌မနေကြစေရန် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ကျွန်ုပ်တို့အားသတိပေးလျက်ဘော်ပြထားသောအချက်များဖြစ်ပေသည်။SC 25.1

    ဘုရားသခင်၏ကရုဏာတော်ကိုကျွန်ုပ်သည်ဂရုမစိုက်အမှုမထားဘဲနေကြမည်လော။ ဘုရားသခင်သည်ထိုမျှထက်မက သာ၍ပြုတော်မူနိုင်ဦးမည်လော။ ဘုရားသခင်သည်ထိုမျှ ထက်မကသာ၍ပြုတော်မူနိုင်ဦးမည်လော။ ကျွန်ုပ်တို့အားအလွန် အံ့သြဘွယ်ကောင်းသော မေတ္တာနှင့်ချစ်တော်မူသောဘုရားသခင်နှင့်ကျွန်ုပ်တို့သည်မှန်ကန်စွာဆက်သွယ်လျက်ရှိနေ သောအခြေအနေ၌အမြဲတည်ရှိရန်ကြိုးစားကြစို့။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ပုံသဏ္ဍာန် တော်သို့ ပြောင်းလဲလာကြလျက် အမှုဆောင်ရွက်နေကြသော ကောင်းကင်တမန်များနှင့် ပေါင်းသင်းဆက်ဆံခွင့်ခမည်းတော်နှင့်၎င်း၊ သားတော်နှင့်၎င်း ညီညွတ်လျက်မိဿဟာယ ဖွဲ့ခြင်းအခွင့်ကိုပြန်၍ရရှိနိုင်မည်အကြောင်းကျွန်ုပ်တို့အတွက်စံမံချပေးထားသောနည်းလမ်းများ ကိုကျွန်ုပ်တို့ကိုယ်တိုင် သိရှိအသုံးချနိုင်ကြရန် ကြိုးစားကြစို့။SC 25.2

    Larger font
    Smaller font
    Copy
    Print
    Contents