Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၇) သခင်ခရစ်တော်အား သစ္စာဖေါက်ခြင်း။

    သခင်ခရစ်တော်သည်တပည့်တော်များနှင့်အတူ ပသခါညစာစားပွဲ၏ အချိန်အခါကို ကျမပြောင်းလဲတွေ့ မြင်ရပါသည်။ စာတန်သည်ယုဒရှကာရုတ်ကို သွေးဆောင်ခဲ့ပါသည်။ မိမိကိုယ်ကို သခင်ခရစ်တော်၏ တပည့်တော် တစ်ပါးဟုထင်မြင်ခဲ့သော်လည်း သူ၏စိတ်နှလုံးမှာ အမြဲတန်းလောကဆန်လျှက်ရှိပါသည်။ ကိုယ်တော်၏အံ့ဖွယ်နိ မိတ်လက္ခဏာများကို တွေ့ရှိရုံသာမက ကိုယ်တော်နှင့်အတူ အမှုတော်ကိုထမ်းရွက်ခဲ့ပါသည်။ သခင်ခရစ်တော်သည် မေရှိယဖြစ်ကြောင်း သက်သေအထောက်အထားအခိုင်အမာနှင့် အလုံးစုံကိုတွေ့မြင်ခဲ့ရပါသည်။ သို့သော်သူ၏စိတ် နှလုံးသည်တွန့်တိုလျှက်ရှိပြီး တပ်မက်မှုများနှင့်ပြည့်လျှံနေပါသည်။ ငွေကိုအလွန်ချစ်သောသူဖြစ်ပြီး ကိုယ်တော်အား တန်ဖိုးရှိသည့် ဆီမွှေးနံသာနှင့်လူးသောအခါ ဒေါသအမျက်ထွက်၍ သူတို့ညည်းညူခဲ့ပါသည်။ မာရိသည်သူမ၏ သခင်ကိုအလွန်မြတ်နိုးခဲ့ပါသည်။ သူမ၏များပြားသောအပြစ်များကို ခွင့်လွှတ်ခဲ့ရုံသာမက သူမအလွန်ချစ်သောအစ် ကိုကိုလည်းသေခြင်းမှထမြောက်စေခဲ့ပါသည်။ သခင်ခရစ်တော်အတွက်ဆိုလျှင် သူမအတွက် နှမြောစရာမရှိပါ။ တန် ဖိုးကြီးသောဆီမွေးနံ့သာကို ကိုယ်တော်အား ဆက်သလေလသူမ၏ ကျေးဇူးတရားကိုပို၍ ဖေါ်ပြနိုင်လေဖြစ်ပါ သည်။ယုဒသည် မိမိ၏တပ်မက်မှုကိုဖုံးကွယ်ပြီး ဤဆီမွေးနံ့သာကိုရောင်း၍ မရှိဆင်းရဲသားများကို ပေးလှူနိုင်သည် ဟုစောဒကတက်ခဲ့ပါသည်။ သူသည် ဆင်းရဲနွမ်းပါးသောသူများကို ဂရုစိုက်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကျိုးကိုသာဂရု စိုက်ခဲ့ပါသည်။ ဆင်းရဲသားများကို ကူညီရန်အတွက် မိမိအားအပ်နှင်းထားသည့်ရန်ပုံငွေမှ မိမိကိုယ်ကျိုးအတွက်မကြာ ခဏထုတ်သုံးလျှက်ရှိပါသည်။ ယုဒရှကာရုတ်သည် ကိုယ်တော်ကိုဂရုစိုက်ခြင်းမရှိဘဲ ဆင်းရဲသားများကို အကြောင်းပြု ၍မိမိ၏အတ္တသဘော၏ အလိုကိုလိုက်ခဲ့ပါသည်။ ထို့ကြောင့်မာရိ၏ ရက်ရောသောစိတ်သဘောသည် သူ၏အတ္တ စိတ်ကို ဆုံးမရာရောက်စေခဲ့ပါသည်။GCB58 14.3

    စာတန်သည် ယုဒရှကာရုတ်၏စိတ်နှလုံးထဲသို့ ဝင်ရောက်နိုင်ရန်အတွက် လမ်းပွင့်ခဲ့ပါသည်။ ယုဒလူမျိုးတို့ သည် သခင်ခရစ်တော်ကို မုန်းတီးခဲ့ပါသည်။ သို့သော် လူအုပ်ကြီးတို့သည် ကိုယ်တော်၏ တရားတော်နှင့် အံ့ဖွယ် နိမိတ်လက္ခဏာများကို မြင်နိုင်ရန် ကိုယ်တော်ရှိရာသို့ စုရုံးခဲ့ကြပါသည်။ ဤနည်းအားဖြင့် ဖာရိရှဲနှင့် ဘာသာရေး ခေါင်းဆောင်တို့ကို လစ်လျှူရှုလာသည်။ ကိုယ်တော်နောက်သို့လိုက်ကာ တရားတော်များကို ခံယူခဲ့ကြပါသည်။ အကြီး အကဲ အမြောက်အမြားသည် သခင်ခရစ်တော်ကို ယုံကြည်သော်လည်း ဗိမာန်တော်မှနှင်ထုတ်ခံရမည်ကိုကြောက် ရွံ့သောကြောင့် နုတ်ဖြင့်ဝန်ခံခြင်းမပြုဝံ့ပါ။ သခင်ခရစ်တော်ကို အာရုံစိုက်ခြင်းမှ ပြောင်းလဲရန်တစ်ခုခုပြုလုပ်ရမည် အကြောင်း ယဇ်ပရောဟိတ်များနှင့်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပါသည်။ ဤသူတို့အတွက် လုံခြုံမှုမရှိတော့ပါ။ မိမိ တို့၏ရာထူးကို အလွတ်ခံမည်လော၊ သခင်ခရစ်တော်ကို သတ်မည်လောဟု ဆုံးဖြတ်ရမည့်အချိန်ဖြစ်ပါသည်။ သခင်ခ ရစ်တော်ကိုသတ်ဖြတ်ပြီးလျှင်လည်း ကိုယ်တော်၏တန်ခိုးတော်ကို သက်သေခံမည့်အသက်ရှင်သော မှတ်တိုင်များရှိ ပါသေးသည်။ သခင်ခရစ်တော်သည် လာဇရုကိုသေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့ပါသည်။ ထို့ကြောင့် သခင်ခ ရစ်တော်ကို သတ်လျှင် လာဇရုသည် ကိုယ်တော်၏တန်ခိုးတော်နှင့်သက်သေခ့မည့်အကြောင်း သူတို့စိုးရိမ်လျှက်ရှိပါ သည်။ သေခြင်းမှထမြောက်ခဲ့သော လာဇရုကို လူအမြောက်အမြားက လာရောက်ကြည့်ရှုသောကြောင့် သူ့ကိုလည်း တစ်ပါတည်းသတ်၍ တိတ်ဆိတ်သွားရန် ပြုလုပ်မည်ဟု ယုဒခေါင်းဆောင်တို့က ဆုံးဖြတ်ခဲ့ပါသည်။ ယုဒလူတို့ကို ဘာသာရေးထုံးတမ်းစဉ်လာများနှင့် လူ၏သွန်သင်ချက်များနောက်သို့လိုက်ရန် ပြုလုပ်ပြီးဩဇာကိုလွှမ်းမိုးနိုင်မည် ဟုသူတို့ထင်ခဲ့ပါသည်။ သခင်ခရစ်တော်ကို တိတ်တဆိတ်ဖမ်းဆီးရန် သဘောတူခဲ့ပါသည်။ လူအမြောက်အမြားရှေ့ တွင်ဖမ်းဆီးပါက ကြည်ညိုသောလူတို့၏ခဲနှင့်ပေါက်သည့် ရန်ကိုသူတို့ကြောက်ရွံ့ခဲ့ပါသည်။GCB58 14.4

    ယုဒခေါင်းဆောင်တို့၏ ပြင်းပြသောဆန္ဒကို သိသောယုဒရှရာရုတ်သည် ယဇ်ပရောဟိတ်မင်းနှင့် အကြီး အကဲတို့ထ့သွား၍ ကိုယ်တော်အားငွေဒင်္ဂါးအနည်းငယ်နှင့် သစ္စာဖေါက်ရန် ကမ်းလှမ်းခဲ့ပါသည်။ သူ၏ငွေကိုတပ် မက်သောစိတ်ကြောင့် ကိုယ်တော်အားသစ္စာဖောက်၍ အခါးသီးဆုံးရန် သူလက်ထဲအပ်နှံရန်ဆုံးဖြတ်ခဲ့ပါသည်။ စာ တန်သည်ယုဒရှကာရုတ်မှတစ်ဆင့် လုပ်ဆောင်လျှက်ရှိပါသည်။ နောက်ဆုံးညစာစားပွဲ၏မြင်ကွင်း၌ပင်သခင်ခရစ် တော်ကိုသစ္စာဖေါက်ရန်ကြံစည်လျှက်ရှိပါသည်။ ထိုညတွင်မိမိအတွက်ကြောင့် တပည့်တော်အားလုံး အရှက်ကွဲရမည် ဟုသခင်ခရစ်တော်သည် ဝမ်းနည်းစွာမိန့်တော်မူခဲ့ပါသည်။ အခြားသူတို့သည်ကိုယ်တော်အား ကျောခိုင်းသော်လည်း မိမိရပ်တည်မည်ဟုရှင်ပေတရု အခိုင်အမာလျှောက်ထားခဲ့ပါသည်။ ရှိမုန်အား ‘‘ဂျုံဆန်ကိုဆန်ခါနှင့်ချသကဲ့သို့စာတန် သည် သင့်ကိုချမည့်အကြောင်း အခွင့်တောင်းသည်ဖြစ်၍ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည်သင့်အ ဖို့ဆုတောင်းလေပြီး၊ သင်သည်သတိရပြန်သောအခါ သင့်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့’’ ဟု မိန့်တော်မူပါ သည်။ GCB58 15.1

    ထို့နောက်တပည့်တော်များနှင့်အတူ ဥယျာဉ်အလယ်၌ရှိသော သခင်ခရစ်တော်ကို ကျမမြင်တွေ့ခဲ့ရပါ သည်။အလွန်ပြင်းထန်သော ဝမ်းနည်းကြေကွဲမှုနှင့်အတူ မိမိတို့စုံစမ်းခြင်းမှ ကင်းမဲ့ရန်ဆုတောင်းလျှက် စောင့်ကြည့် နေရန် တပည့်တော်တို့ကို မှာကြားခဲ့ပါသည်။ တပည့်တော်၏ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းခံရပြီး ရည်မှန်းချက် များပျက်ပြားမည့်အကြောင်းကို ကိုယ်တော်သိတော်မူပါ၏။ ထို့ကြောင့် ဆက်ကပ်ဆုတောင်းခြင်းနှင့် စောင့်ကြည့်ခြင်း အားဖြင့်သာမိမိတို့လိုအပ်သည့် ခွန်အားကိုရရှိနိုင်မည်ဖြစ်ပါသည်။ ကိုယ်တော်သည် ဝမ်းနည်းကြေကွဲမှုနှင့်အတူ ဆု တောင်းခဲ့ပါသည်။ ‘‘အိုအဖအလိုတော်ရှိလျှင် ဤခွက်ကို ကျွန်ုပ်အားလွှဲတော်မူပါ။ သို့သော်လည်း ကျွန်ုပ်အလိုရှိသည့် အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုတော်အတိုင်းဖြစ်ပါစေ’’ ဟု တောင်းလျှောက်ခဲ့ပါသည်။ ဘုရားသားတော် သည်နာကျင်စွာဖြင့် ဆုတောင်းခဲ့ပါသည်။ သွေးကဲ့သို့သောချွေးစက်တို့သည် မျက်နှာတော်မှမြေပေါ်သိုကျခဲ့ပါ သည်။ကောင်းကင်တမန်တို့သည် ပျံဝဲလျှက်ရှိပြီး ဝေဒနာခံစားလျှက်ရှိနေသော သားတော်ကို ခွန်အားပေးရန်ကောင်း ကင်တမန်တစ်ပါးသာလျှင် စေလွှတ်ခြင်းခံခဲ့ရပါသည်။ ကောင်းကင်၌ရှိသောကောင်းကင်တမန်တို့သည် မိမိတို့၏သ ရဖူနှင့်စောင်းကောက်များကို ဘေးဖယ်လျှက် သခင်ခရစ်တော်ကို တိတ်ဆိတ်စွာဖြင့် ရှုမြင်လျှက်ရှိပါသည်။ ကောင်း ကင်၌ဝမ်းမြောက်ပျော်ရွှင်မှုသည် တိတ်ဆိတ်ခဲ့ပြီး ဘုရားသခင်၏ သားတော်ထံသို့ လာရောက်ခြံရံလိုသော်လည်း ခေါင်းဆောင်ကောင်းကင်တမန်များက တားမြစ်ထားပါသည်။ ကိုယ်တော်၏ဝေဒနာကို တွေ့မြင်သောအခါကယ် တင်ခြင်း စီမံကိန်းပျက်ပြားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ကင်တင်ခြင်းစီမံကိန်းသည် မပျက်ရပါ။GCB58 15.2

    ဆုတောင်းပြီးသည့်နောက် တပည့်တော်များရှိရာသို့ ကိုယ်တော်ကြွလာခဲ့ပါသည်။ တပည့်တော်တို့သည် အိပ်စက်လျှက်ရှိပြီး ဤကဲ့သို့ကြောက်ရွံ့ဖွယ်ကောင်းသောအချိန်နာရီ၌ သူတို့ထံမှ နှစ်သိမ့်ခြင်းနှင့် ဆုတောင်းခြင်းကို မရခဲ့ပါ။ လွန်ခဲ့သော အချိန်အနည်းငယ်က အလွန်တက်ကြွခဲ့သော ရှင်ပေတရုသည် ယခုငိုက်မြည်းလျှက် ရှိနေပါ သည်။ မိမိ၏ခံယူချက်ကိုသတိပေးရင်း ရှင်ပေတရုအား ‘‘တစ်နာရီခန့်မှစောင့်နေခြင်းမှာ မစွမ်းနိုင်သလော’’ ဟုမိန့် တော်မူခဲ့ပါသည်။ ဘုရားသခင်၏သားတော်သည် ဝေဒနာကိုပြင်းထန်စွာခံလျှက် သုံးကြိမ်တိုင်တိုင်ဆုတောင်းခဲ့ပါ သည်။ ယုဒရှကာရုတ်သည် မိမိ၏လူစုနှင့်ရောက်ရှိလာပြီး ခါတိုင်းကဲ့သို့ပင် ကိုယ်တော်ကို နှုတ်ဆက်ခဲ့ပါသည်။ လူ အုပ်ကြီးသည် ကိုယ်တော်ကိုဝိုင်းရံလိုက်သော်လည်း ကိုယ်တော်သည်မိမိ၏ ဘုရားတန်ခိုးတော်ကို ဖေါ်ထုတ်ပြသ တော်မူခဲ့ပါသည်။ သင်တို့မည်သူကိုရှာသနည်း။ ထိုသူသည်ငါပင်ဖြစ်၏။ သူတို့သည်အနောက်သို့ ပစ်လှဲသွားခဲ့ပါ သည်။ ဤကဲ့သို့မေးမြန်းခြင်းမှာ ထိုသူတို့သည် ဘုရားသခင်၏ တန်ခိုးတော်ကိုမြင်လျှက် မိမိတို့၏ လက်ထဲမှကိုယ့် ကိုယ်ကိုပြန်၍ ကယ်တင်နိုင်ခဲ့ကြောင်းကို သက်သေပြရန် ဖေါ်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။GCB58 15.3

    ဓါးများ၊ လှံများကိုင်ဆောင်ထားသောလူအုပ်ကြီးသည် ချက်ခြင်းနောက်သို့ပစ်လှဲသွားသည်ကို တပည့်တော် များတွေ့လိုက်ရသောအခါ မျှော်လင့်ချက်သန်းလာပါသည်။ လူအုပ်ကြီးသည် ပြန်လည်မတ်တပ်ရပ်ကာ ကိုယ်တော် ကိုဝိုင်းရံလိုက်စဉ် ရှင်ပေတရုသည် မိမိ၏ဓါးကိုထုတ်လျှက် လူတစ်ယောက်၏နားရွက်ကို ဖြတ်လိုက်ပါသည်။ ကိုယ်တော်သည် ဓါးကိုပြန်သိမ်းခိုင်းပြီး ‘‘ယခုပင်ငါ့အဖကိုငါတောင်းပန်သည်ကို၎င်း၊ တောင်းလျှင်ကောင်းကင်တမန် တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည်မထင်သလော’’ ဟု မိန့်တော်မူခဲ့ပါသည်။ ဤကဲ့ သို့မိန့်တော်မူသောအခါ ကောင်းကင်တမန်များတို့သည် လှုပ်ရှားလာပါသည်။ မိမိတို့၏သခင်ကို ဝိုင်းရံလျှက် အမျက် ဒေါသထွက်နေသော လူအုပ်ကိုဖယ်ရှားပစ်ရန် သူတို့မျှော်လင့်ခဲ့ပါသည်။ သို့သော်လည်း ‘‘သို့ဖြစ်လျှင် ဤသို့သောအမှု အရာတို့သည် ဖြစ်ရမည်ဟူသောကျမ်းချက်သည် အဘယ်သို့ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏’’။ ကိုယ်တော်၏အသံ တော်ကိုကြားသောအခါ ကောင်းကင်တမန်များ၏ မျက်နှာတော်သည် ပြန်လည်ညှိုးငယ်သွားပါသည်။ လူအုပ်ကြီး၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို သခင်ခရစ်တော်ခွင့်ပြုလိုက်သောအခါ တပည့်တော်တို့သည် စိတ်ဓါတ်ကျလျှက် ခါး သီးသော ဝမ်းနည်းကြေကွဲမှုကို ခံစားခဲ့ရပါသည်။GCB58 16.1

    တပည့်တော်တို့သည်မိမိတို့၏အသက်အန္တရာယ်ကိုစိုးရိမ်သောကြောင့် တစ်ယောက်တစ်ပေါက်ထွက်ပြေး လွတ်မြောက်ကာ သခင်ခရစ်တော်တပါးတည်းသာ ကျန်ခဲ့ပါသည်။ စာတန်သည် အလွန်ဝမ်းမြောက်ခဲ့ပါသည်။ သို့ သော်ဘုရားသခင်၏ ကောင်းကင်တမန်များတို့သည် စိတ်နှလုံးကြေကွဲလျှက်ရှိနေပါသည်။ ကောင်းကင်တမန်များ တို့သည် မိမိတို့၏ခေါင်းဆောင်များနှင့်အတူ အုပ်စုဖွဲ့လျှက် ဤအဖြစ်အပျက်ကိုစောင့်ကြည့်လျှက်ရှိပါသည်။ ကိုယ် တော်အား ပျက်ရယ်ပြုသောစကားကား၊ ညဉ်းပန်းနှိပ်စက်မှုများအားလုံးကို တစ်ခုမကျန် မှတ်တမ်းတင်ခဲ့ပါသည်။ သခင်ခရစ်တော်ခံစားခဲ့ရသော နာကျင်မှုဝေဒနာများကိုလည်း ရေးမှတ်ခဲ့ပါသည်။ ထိုလူအသီးသီးတို့သည် အသက်ရှင်လျှက် ဤအရာများကို တစ်ဖန်တွေ့ရအုံးမည်ဖြစ်ပါသည်။GCB58 16.2

    ဆက်လက်လေ့လာရန်။ မဿဲ ၂၆:၁-၅၄။ မာကု ၁၄:၁-၅၂။ လုကာ ၂၂:၁-၄၆။ ယော ၁၁၊ ၁၂:၁-၁၁။ ၁၈:၁-၁၂။GCB58 16.3