Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၁) စာတန်၏ ကျဆုံးခြင်း။

    စာတန်သည်တစ်ချိန်တစ်ခါကကောင်းကင်၌ ချီးမြှောက်ခြင်းကိုခံရသည့်ကောင်းကင်တမန်တစ်ပါးဖြစ်ကာ သခင်ခရစ်တော်ပြီးလျှင်ဒုတိယအကြီးဆုံးဖြစ်ကြောင်းကို ဘုရားသခင်သည်ကျမကိုပြသတော်မူခဲ့ပါသည်။ အလွန်နူး ညံ့သိမ်မွေ့ပြီး အခြားကောင်းကင်တမန်များကဲ့သို့ပင် ပျော်ရွှင်ဖွယ်အသွင်ကိုဆောင်ခဲ့ပါသည်။ နဖူးသည်ကျယ်ဝန်း ၍မြင့်မောက်ကာ ဉာဏ်ပညာမှာလည်းကြွယ်ဝလျှက်ရှိပါသည်။ သို့သော်လူကိုဖန်ဆင်းရန် ခမည်းတော်ဘုရားသည် သားတော်ဘုရားနှင့်တိုင်ပင်သောအခါ စာတန်သည် သခင်ခရစ်တော်ကိုမနာလိုဖြစ်ခဲ့ပါသည်။ လူကိုဖန်ဆင်းရန်သူ့ ကိုလည်းတိုင်ပင်စေလိုခဲ့ပါသည်။ သူ၏စိတ်နှလုံးတွင်မနာလို၊ တပ်မက်ခြင်းနှင့် မုန်းတီးမှုများဖြင့်ပြည့်လျှံလျှက်ရှိနေ ပါသည်။ ကောင်းကင်၌ဘုရားသခင်နှင့်အတူအမြင့်ဆုံး၌ရှိလိုပြီး ကိုးကွယ်ခြင်းကိုခံယူလိုခဲ့ပါသည်။ ထိုအချိန်ထိတိုင် ကောင်းကင်တွင် ငြိမ်သက်ခြင်းရှိကာ ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ စည်းလုံးညီညွတ်လျှက်ပင်ရှိနေကြပါသည်။GCB58 3.1

    ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်းသည် အကြီးဆုံးအပြစ်ဖြစ်ပါသည်။ ကောင်းကင်တစ်ခုလုံးသည် ရုန်း ရင်းဆန်ခတ်လျှက်ရှိနေပါသည်။ ကောင်းကင်တမန်များသည် မိမိ၏ခေါင်းဆောင်များနှင့်အတူ အုပ်စုများဖွဲ့လျှက်ရှိ ပါသည်။ စာတန်သည်ဘုရားသခင်၏အုပ်စိုးမှုကို ပုန်ကန်ရန်နှင့်မိမိကိုယ်ကို ချီးမြှောက်ရန်ကြိုးစားနေပြီး သခင်ခရစ် တော်၏အုပ်စိုးမှုကိုငြင်းဆန်လျှက်ရှိနေပါသည်။ ကောင်းကင်တမန်များသည် သွေးကွဲလျှက်ရှိကာ အချို့သည်စာတန် ၏ဖြားယောင်းမှုကိုခံနေရပြီး အချို့မှာသခင်ခရစ်တော်ကိုချီးမြှောက်ကာ ဘုရားသခင်၏အစီအစဉ်ကိုထောက်ခံခဲ့ကြ ပါသည်။ ကောင်းကင်တမန်များသည် အချင်းချင်းအငြင်းပွားလျှက်စာတန်နှင့် နောက်လိုက်တို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုကို ပြုပြင်ရန်ကြိုးစားနေကြပါသည်။ သခင်ခရစ်တော်ကို အဘယ့်ကြောင့် အာဏာကုန် လွှဲအပ်တော်မူ ကြောင်းဘုရားသခင်အတုမရှိဉာဏ်တော်ကိုဆင်ခြင်စင်စစ်ရန် အားယူလျှက်ရှိနေကြပါသည်။ သားတော်ဘုရား၏ အာဏာကိုဖီဆန်ခဲ့ပါသည်။ ထို့ကြောင့်ကောင်းကင်တမန်များကိုညီလာခံခေါ်ပြီး စာတန်ကိုစီရင်ခဲ့ပါသည်။ နောက် ဆု့းတွင်စာတန်နှင့်သူ၏ ကောင်းကင်တမန်များကို ကောင်းကင်မှ နှင်ထုတ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ကောင်းကင်၌ စစ်ဖြစ်ကာကောင်းကင်တမန်များနှင့် စာတန်တို့စစ်တိုက်ကြပါသည်။ စာတန်သည်သားတော်ဘုရားနှင့် သစ္စာတော်ခံ များကိုဖျက်စီးရန်ကြိုးစားသော်လည်း သစ္စာရှိသောကောင်းကင်တမန်များတို့သည် စာတန်နှင့်သူ၏နောက်လိုက်များ ကို ကောင်းကင်မှ နှင်ထုတ်ခဲ့ကြပါသည်။GCB58 3.2

    စာတန်နှင့်သူ၏ကောင်းကင်တမန်များသည်ကောင်းကင်မှ နှင်ထုတ်ခံရပြီးသည့်နောက်တွင် မိမိတို့၏ သန့်ရှင်းစင်ကြယ်ခြင်းနှင့်ကောင်းကင်၏ ဘုန်းရောင်ခြည်များကို ထာဝရစွန့်လွှတ်ခဲ့ရပြီးကြောင်းကိုသိရှိလာသည့်အ ခါနောင်တရပြီးကောင်းကင်သို့ ပြန်နေခွင့်ရရန် တောင်းပန်ဝန်ချခဲ့ပါသည်။ မိမိနှင့်သင့်တော်မည့်မည်သည့်ရာထူးကို မဆိုလက်ခံမည်ဟု တောင်းလျှောက်ခဲ့ပါသည်။ သို့သော်လည်း မရတော့ပါ။ ကောင်းကင်နိုင်ငံ၏ငြိမ်သက်မှုကိုဖျက် ဆီးမခံတော့ပါ။ အပြစ်ဒုစရိုက်သည် စာတန်မှစတင်ခဲ့ပြီး ပုန်ကန်ခြင်း၏မျိုးစေ့သည် သူ၌ရှိနေသောကြောင့်ကောင်း ကင်တွင်စာတန်ကို ပြန်လည်လက်ခံပါက ကောင်းကင်နိုင်ငံတော်သည် ပျက်စီးပါလိမ့်မည်။ စာတန်နှင့်သူ၏နောက် လိုက်များတို့သည် နောင်တရ၍မျက်ရည်ကျလျှက် ဝန်ချတောင်းပန်သော်လည်းသူတို့၏ အပြစ်ဒုစရိုက်မနာလိုမုန်း တီးမှုတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်၌ အလွန်ဆိုးဝါးသောကြောင့် မိမိတို့၏အပြစ်ကြောင့် တရားစီရင်ခြင်း ကိုခံရရုံသာရှိပါတော့သည်။GCB58 3.3

    စာတန်သည် ဘုရားသခင်၏ရှေ့တော်မှောက်၌ မျက်နှာမရနိုင်ကြောင်းကိုသိရှိလာသောအခါ မိမိ၏မနာ လိုမုန်းတီးစိတ်သည်အတိုင်းမသိပြင်းထန်လာပါတော့သည်။ သူ၏နောက်လိုက်များနှင့်တိုင်ပင်ကာ ဘုရားသခင်၏ နိုင်ငံတော်ကိုပုန်ကန်ပျက်စီးရန် အစီအစဉ်များရေးဆွဲခဲ့ပါသည်။ အာဒံနှင့်ဧဝကိုအလွန်လှပသောဥယျာဉ်၌ နေရာချ ပြီးသောအခါသူတို့ကိုဖျက်ဆီးရန် စာတန်စီစဉ်ခဲ့ပါသည်။ အာဒံနှင့်ဧဝတို့သည်ဘုရားသခင်၏ စကားတော်ကိုနား ထောင်နေသရွေ့ကာလပတ်လုံးသူတို့၏ ပျော်ရွှင်မှုကိုထိပါးနိုင်မည်မဟုတ်။ ဘုရားသခင်၏စကားကို ငြင်းဆန်လျှက် ကိုယ်တော်၏ရှေ့တော်မှောက်၌မျက်နှာပျက်သောအခါမှသာလျှင် စာတန်သည်သူတို့အပေါ်၌ လွှမ်းမိုးနိုင်မည်ဖြစ် သည်။ ဘုရားသခင်၏မျက်နှာတော်၏အငြိုးကိုခံယူပြီး စာတန်နှင့်သူ၏နောက်လိုက်များ၏ဩဇာအောက်သို့ရောက် ရှိနိုင်ရန် ဘုရားသခင်၏ စကားကိုငြင်းဆန်မည့် အစီအစဉ်များရေးဆွဲရမည်။ စာတန်သည်သတ္တဝါတစ်ခုနှင့်အယောင် ဆောင်ကာလူ့အကျိုးကိုဆောင်သယောင်နှင့် သွေးဆောင်ရန်ဆုံးဖြတ်ခဲ့ပါသည်။ ဘုရားသခင်၏သစ္စာတရားကိုဆန့် ကျင်ပြီး ဘုရားသခင်၏မိန့်တော်မူချက်များဟုတ်မှန်ပါမည်လားဟုသံသယစိတ်ကို ဖန်တီးမည့်သူတို့၏သိလိုစိတ်ကို နိုးဆော်မည်။ ဘုရားသခင်၏မဟာဉာဏ်တော်ကိုစာတန်မာနကဲ့သို့ စူးစမ်းလိုစိတ်ရှိလာရန်နှင့် ကောင်းမကောင်းသိ ကျွမ်းရာအပင်၏အသီးကို မစားရန်တားမြစ်ချက်ကို ဝေဖန်ပိုင်းခြားရန်လှုံ့ဆော်ပါလိမ့်မည်။GCB58 3.4

    ဆက်လက်လေ့လာရန်။ ဟေရှာ ၁၄:၁၂-၂၀။ ယေဇကျေ ၂၈:၁-၁၉။ ဗျာ ၁၂:၇-၈ တို့ကိုဖတ်ပါ။GCB58 4.1

    Larger font
    Smaller font
    Copy
    Print
    Contents