Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄) သခင်ခရစ်တော်၏ ပထမအကြိမ် ကြွလာခြင်း။

    သခင်ခရစ်တော်သည် အလွန်နိမ့်ကျသော လူဇာတိကိုခံယူလျှက် စာတန်၏စုံစမ်းနှောက်ယှက်ခြင်းနှင့်ရင် ဆိုင်ရသောအချိန်ကာလသို့ ရှုပါရုံဖြင့် ကျမခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်။GCB58 7.5

    ကိုယ်တော်မွေးဖွားလာသောအခါ ခမ်းနားထည်ဝါမှုမရှိပါ။ နွားတင်းကုပ်ရှိ နွားစာခွက်ထဲတွင်မွေးဖွားသန့် စင်ခဲ့သော်လည်း လူတကာတို့ထက် ဂုဏ်ပြုခြင်းခံခဲ့ရပါသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးရောင်ခြည်တော် ထွန်း တောက်လျှက်သခင်ခရစ်တော်ကြွလာခြင်း သတင်းစကားကို ကောင်းကင်တမန်တို့သည် သိုးထိန်းတို့အားအသိပေး ခဲ့ပါသည်။ ကောင်းကင်သားတို့သည် မိမိတို့၏စောင်းကောက်ကို တီးလျှက်ဘုရားသခင်၏ ဘုန်းတော်ကိုချီးမွမ်းခဲ့ပါ သည်။ ဘုရား၏သားတော်သည် ဤဒုစရိုက်ကမ္ဘာကို ကယ်တင်ဖို့ရန်အတွက် မွေးဖွားတော်မူခဲ့ပါသည်။ မိမိ၏သက် တော်စွန့်ခြင်းဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် လူသားတို့အတွက် ထာဝရအသက်ကိုရစေမည့်အကြောင်းအောင် မြင်စွာကြွေးကြော်ခဲ့ပါသည်။ ခမည်းတော်ဘုရားသည် သားတော်ဘုရားမွေးဖွားခြင်းကို ဂုဏ်ပြုတော်မူခဲ့ပါသည်။ ကောင်းကင်တမန်များတို့သည် ဝတ်ပြုကိုးကွယ်တော်မူခဲ့ပါသည်။GCB58 7.6

    သားတော်ဘုရားဗတ္တိဇံကိုခံယူသောအခါ၌ ကောင်းကင်တမန်တို့သည် အနီးအနား၌ရှိနေ၍ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ချိုးငှက်သဏ္ဌာန်ဆောင်လျှက် ဆင်းသက်တော်မူခဲ့ပါသည်။ စောင့်ကြည့်လျှက်ရှိသောသူအ ပေါင်းတို့သည်အံ့ဩတွေဝေလျှက် ကိုယ်တော်အားငေးမောကြည့်လျှက်ရှိပါသည်။ ကောင်းကင်မှခမည်းတော်ဘုရား ၏အသံကား ‘‘ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း’’ ဟုမိန့်တော်မူခဲ့ပါသည်။GCB58 7.7

    ယောဒန်မြစ်၌ ဗတ္တိဇံပေးရန်လာရောက်တောင်းခံသူသည် ကယ်တင်ရှင်ဖြစ်ကြောင်းကို နှစ်ခြင်းဆရာယော ဟန်မသေချာသော်လည်း ဘုရားသခင်၏သိုးသငယ်ကို သိရှိနိုင်ရန်အတွက် လက္ခဏာသက်သေကို ဖေါ်ပြပေးမည့် အကြောင်း နှစ်ခြင်းဆရာယောဟန်အားဘုရားသခင်ကတိထားတော်မူခဲ့ပါသည်။ ကောင်းကင်မှ ချိုးငှက်သည်သခင် ခရစ်တော်အပေါ်၌ဆင်းဆက်ပြီးကိုယ်တော်၏ ပတ်ပတ်လည်၌ ရောင်ခြည်တော်ထွန်းတောက်သောအခါ ထိုလက္ခ ဏာမှာထင်ရှားလျှက်ရှိပါသည်။ နှစ်ခြင်းဆရာယောဟန်သည် သခင်ခရစ်တော်ဘက်သို့လှည့်ကာလက်ကိုဆန့်လျှက် ကျယ်သောအသံနှင့်ဤလောက၏အပြစ်သားများကိုသယ်ဆောင်သွားသောဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့ဟု မိန့်တော်မူခဲ့ပါသည်။GCB58 7.8

    သခင်ခရစ်တော်သည် ကတိထားရာမေရှိယဖြစ်တော်မူပြီး ဤလောက၏ ကယ်တင်ရှင်ဖြစ်ကြောင်းကိုတ ပည့်တော်တို့အားနှစ်ခြင်းဆရာယောဟန် ဖေါ်ပြခဲ့ပါသည်။ မိမိ၏လုပ်ငန်းဆောင်တာများပြီးဆုံးတော့မည်ဖြစ်သည် နှင့်အညီသခင်ခရစ်တော်ကိုကြည့်လျှက် ဤကြီးမြတ်သောဆရာနောက်သို့လိုက်ရန် မိမိ၏တပည့်တော်တို့အား သွန် သင်ခဲ့ပါသည်။ နှစ်ခြင်းဆရာယောဟန်၏အသက်တာကို ပျော်ရွှင်မှုကင်းမဲ့ပြီး ဝမ်းနည်းကြေကွဲမှုနှင့်အတူမိမိကိုယ် ကိုငြင်းပယ်မှုရှိနေပါသည်။ သခင်ခရစ်တော်ပထမအကြိမ်ကြွလာခြင်းကို ရှေ့ပြေးဖေါ်ပြခဲ့ရသော်လည်းအံ့ဖွယ်နိမိတ် လက္ခဏာများနှင့်ခရစ်တော်၏တန်ခိုးတော်ကို သူလက်တွေ့မြင်ခွင့်မရပါ။ ကိုယ်တော်သည် ဤလောကတွင်ကျမ်း တတ်ဆရာတစ်ပါးအဖြစ် အမှုတော်ကိုစတင်သောအခါတွင်မိမိအသက်ကုန်မည်ကိုနှစ်ခြင်းဆရာယောဟန် သိနေပါ သည်။တောထဲမှလွှဲ၍ သူ၏အသံကိုအပြင်မှမကြားရပါ။ သူအသက်တာသည် အလွန်အထီးကျန်ခဲ့ပါသည်။ မိမိအမှု တော်ပြီးမြောက်နိုင်ရန်အတွက် ဖခင်၏မိသားစုများကို ကျောခိုင်းလျှက်စွန့်ခွာခဲ့ရပါသည်။ ဤတကိုယ်တော်ပရော ဖက်၏တရားတော်ကိုနာယူရန်အတွက် လူအမြောက်အမြားသည် မြို့ရွာများကို စွန့်လျှက်တောထဲ၌စုလျှက်နေကြပါ သည်။ နှစ်ခြင်းဆရာယောဟန်သည်သစ်ပင်၏ခြေရင်း၌ ပုဆိန်ကိုခုတ်ရန်တေ့ထားပါသည်။ သူသည်ကြောက်ရွံ့ခြင်းမ ရှိဘဲအပြစ်ဒုစရိုက်ကို ရဲရင့်စွာဖေါ်ထုတ်ဆုံးမခဲ့သည်။ ဘုရားသခင်၏သိုးသငယ်လာရာလမ်းကို ပြင်ဆင်ခဲ့ပါသည်။GCB58 8.1

    နှစ်ခြင်းဆရာယောဟန်၏ ထက်မြက်စူးရှသောတရားတော်သည်ဟေရုဒ်မင်း၏ စိတ်နှလုံးတော်ကိုထိတွေ့ခဲ့ ပါသည်။ နှစ်ခြင်းဆရာယောဟန်၌တပည့်ခံရန်အတွက် မည်သို့ပြုလုပ်ရမည်အကြောင်း စိတ်အရင်းခံနှင့်မေးမြန်းခဲ့ပါ သည်။ ဟေရုဒ်မင်းသည်မကြာမီတွင် ရှင်လျှက်ကျန်နေသေးသည့်သူ့အစ်ကို၏ မယားကိုသိမ်းပိုက်မည်အကြောင်း၊ နှစ်ခြင်းဆရာယောဟန် သိမြင်ပါသည်။ ထို့ကြောင့်ဤကဲ့သို့ မပြုလုပ်ရန်ဟေရုဒ်မင်းကို သစ္စာတရားနှင့် ဆုံးမခဲ့ပါ သည်။ ဟေရုဒ်မင်းသည် အနစ်နာခံရန် ဆန္ဒမရှိခဲ့ပါ။ သူ့အစ်ကို၏ ဇနီးနှင့်ထိမ်းမြားပြီးသည့်နောက် သူမ၏ဩဇာ ကြောင့် နှစ်ခြင်းဆရာယောဟန်ကိုဖမ်းဆီး၍ထောင်ချခဲ့ပါသည်။ ဟေရုဒ်မင်းသည် နှစ်ခြင်းဆရာယောဟန်ကိုမကြာ ခင်ထောင်ထဲမှပြန်လွတ်ရန် အစီအစဉ်ရှိခဲ့ပါသည်။ ထောင်ထဲ၌ရှိစဉ်သခင်ခရစ်တော်၏ အံ့ဖွယ်အမှုတော်အကြောင်း ကိုတပည့်တော်များမှတစ်ဆင့် သူကြားခဲ့ရပါသည်။ မင်္ဂလာတရားတော်များကို နာခံနိုင်ရန် အခွင့်အရေးမရသော် လည်း တပည့်တော်များကတဆင့်ပြောပြကာ သူ့ကို နှစ်သိမ့်စေခဲ့ပါသည်။ မကြာမီတွင် ဟေရုဒ်မင်း၏ ဇနီးသည် ကြောင့်သူခေါင်းဖြတ်သတ်ခြင်းခံခဲ့ရပါသည်။ သခင်ခရစ်တော်နောက်တော်သို့လိုက်ရန် အံ့ဖွယ်နိမိတ်လက္ခဏာများ ကိုမြင်တွေ့ကာနှစ်သိမ့်ခြင်းတရားတော်များကို ကြားနာရသောအငယ်ဆုံးတပည့်ပင်လျှင် နှစ်ခြင်းဆရာယောဟန် ထက်သာလွန်ကြောင်းကိုကျမတွေ့မြင်ခဲ့ရပါသည်။ ဆိုလိုသည်မှာဤသူတို့သည်သာ၍ ချီးမြှောက်ခြင်းကိုခံရပြီးအ သက်တာ၌ နှစ်ခြင်းဆရာယောဟန်ထက် ပျော်ရွှင်မှုကို ပို၍ခံစားခဲ့ရပါသည်။GCB58 8.2

    နှစ်ခြင်းဆရာယောဟန်သည် ဧလိယ၏တန်ခိုးစိတ်ဓါတ်နှင့်အတူကြွလာ၍ သခင်ယေရှု၏ ပထမအကြိမ် ကြွလာခြင်းကိုကြွေးကြော်ခဲ့ပါသည်။ နောက်ဆုံးသောခေတ်ကာလတွင်အမျက်ဒေါသ၏နေ့ရက်နှင့် ကိုယ်တော်ဒုတိ ယအကြိမ်ကြွလာခြင်းကို ဧလိယ၏ တန်ခိုး၊ စိတ်ဓါတ်နှင့်ကြွေးကြော်သူတို့ကို နှစ်ခြင်းဆရာယောဟန်နှင့် ပုံဆောင် ထားကြောင်း ကျမမြင်တွေ့ခဲ့ရပါသည်။GCB58 8.3

    သခင်ခရစ်တော်သည် ယောဒန်မြစ်တွင်ဗတ္တိဇံခံပြီးသည့်နောက် တောထဲ၌ စာတန်၏စုံစမ်းခြင်းကိုခံယူနိုင် ရန်ဝိညာဉ်တော်သည် သူ့ကိုပို့ဆောင်ခဲ့ပါသည်။ ထိုပြင်းထန်သောစုံစမ်းခြင်းများနှင့်ရင်ဆိုင်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်သည်ကိုယ်တော်ဘုရားကို ပြုပြင်ပေးတော်မူခဲ့ပါသည်။ ရက်ပေါင်းလေးဆယ်ကြာအောင် စာတန်၏စုံ စမ်းခြင်းကိုခံခဲ့ရပြီးထိုရက်များတွင် မည်သည့်အစားအစာကိုမျှမစားခဲ့ရပါ။ ပတ်ဝန်းကျင်သည် လူသားများကြောက် လန့်နိုင်လောကအောင် ဆိုးဝါးလျှက်ရှိနေပါသည်။ လူသူကင်းမဲ့သောနေရာ၌ သားရဲတိရစ္ဆာန်များနှင့်အတူ စာတန် သာရှိပါသည်။ အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသော ဒုက္ခအမျိုးမျိုးကြောင့်သားတော်ဘုရားသည် ဖြူဖပ်ဖြူ ရော်နှင့်အင်အားချိနဲ့လျှက်ရှိသည်ကို ကျမတွေ့မြင်ရပါသည်။ သူလျှောက်လှမ်းရမည့်အသက်တာကိုမှတ်သားထား သည့်အတွက်ကြောင့် မိမိလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများအားလုံးကို တာဝန်ကျေရန် ပြုလုပ်ရမည်ဖြစ် သည်။GCB58 8.4

    စာတန်သည် သခင်ခရစ်တော်ရင်ဆိုင်ရသော ဒုက္ခအမျိုးမျိုးကို အခွင့်ကောင်းယူလျှက် အဖက်ဖက်မှ စုံ စမ်းနှောက်ယှက်လျှက်ရှိပါသည်။ မိမိကိုယ်ကိုနှိမ့်ချလျှက်လူဇာတိကိုခံယူခဲ့သောကြောင့် သခင်ခရစ်တော်အပေါ်အ နိုင်ရမည်ဟုစာတန်မျှော်လင့်ထားခဲ့ပါသည်။ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်တို့ကိုမုန့်ဖြစ် စေပါဟုဆိုလျှက်စုံစမ်းခဲ့ပါသည်။ ဘုရားတန်ခိုးကို အသုံးပြုလျှက်မိမိမေရှိယဖြစ်ကြောင်းကိုသက်သေထူရန် သခင် ခရစ်တော်စုံစမ်းခဲ့ပါသည်။ ကိုယ်တော်ကလည်းလူသည်မုန့်အားဖြင့်သာ အသက်မွေးရမည်မဟုတ်၊ ဘုရားသခင်မိန့် တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူပါသည်။GCB58 9.1

    သခင်ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့်ပတ်သက်၍ စောဒကတက်ရန် စာတန်ကြိုး စားခဲ့ပါသည်။ ကိုယ်တော်၏ချိနဲ့အားနည်းနေသောအခြေအနေကိုဖေါ်ညွှန်းလျှက် မိမိသည်သခင်ခရစ်တော်ထက် ပို၍အားကြီးကြောင်းကိုစာတန်ဝါကြွားခဲ့ပါသည်။ သို့သော်လည်း ဤသူကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေ တည်းဟူသော စကားသည် ဤဒုက္ခများ ကြားထဲမှ လက်လျော့စေရန် သခင်ခရစ်တော်အတွက် လုံလောက်ပါပေ သည်။ သခင်ခရစ်တော်သည်မိမိ၏ခွန်အား၊ တန်ခိုးတော်နှင့်ပတ်သက်၍၎င်း၊ ဤလောက၏ကယ်တင်ရှင်နှင့်ပတ် သက်၍၎င်း၊ စာတန်မာန၏ရှေ့တွင်သက်သေထူရန်အကြောင်းမရှိပါ။ သခင်ခရစ်တော်၏ မြင့်မြတ်သောအာနုဘော် အကြောင်းသက်သေအခိုင်အလုံရှိနှင့်ပြီးသားဖြစ်သည်။ သို့သော်လည်း သခင်ခရစ်တော်၏ ဩဇာကိုမခံယူလိုသော ကြောင့် စာတန်မာနကို ကောင်းကင်မှနှင်ထုတ်ခဲ့ကြောင်း ကျမမြင်တွေ့ခဲ့ရပါသည်။GCB58 9.2

    စာတန်သည်မိမိ၏တန်ခိုးစွမ်းအားကို ဖေါ်ပြနိုင်ရန်အတွက် သခင်ခရစ်တော်ကို ယေရုရှလင်မြို့ရှိဗိမာန် တော်၏အထွဋ်သို့ချီဆောင်သွားပြီး ဆက်လက်စုံစမ်းခဲ့ပါသည်။ ဘုရားသခင်၏သားတော်မှန်လျှင် ဤမြင့်မြတ်သောအ ရပ်မှမိမိကိုယ်ကို ခုန်ချ၍ သက်သေထူရန် ပြောဆိုခဲ့ပါသည်။ စာတန်သည် သမ္မာကျမ်းစာကို ကိုးကားခဲ့ပါသည်။ ကောင်းကင်တမန်တို့အားသင့်အဖို့မှာထားတော်မူသည်ဖြစ်၍ သင့်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှါ သူတို့ သည်သင့်ကိုလက်နှင့် မချီကြလိမ့်မည်ဟုဆိုခဲ့ပါသည်။ သခင်ခရစ်တော်ကလည်းသင်၏ ဘုရားသခင်ထာဝရဘုရား ကိုသင်သည်စုံစမ်းခြင်းမပြုရဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ သခင်ခရစ်တော်သည် ခမည်းတော်ဘုရား၏ ကရုဏာ တော်ကို အလွဲပြုပြီးမိမိအမှုတော်မပြီးဆုံးခင် အသက်စွန့်ရန် စာတန်ကြိုးစားခဲ့ပါသည်။ ကယ်တင်ခြင်းစီမံကိန်းပျက် ပြားရန်သူကြိုးစားခဲ့ပါသည်။ သို့သော်လည်းထိုစီမံကိန်းသည်အလွန်ခိုင်မြဲသောကြောင့် စာတန်ဤကဲ့သိုဖျက်ဆီး၍ မရကြောင်း ကျမမြင်တွေ့ခဲ့ရပါသည်။GCB58 9.3

    သခင်ခရစ်တော်သည် စုံစမ်းခြင်းခံနေရသော ခရစ်ယာန်များနှင့် အခွင့်အရေးငြင်းဆန်လိုသူများကို ကိုယ် စားပြုကြောင်း ကျမတွေ့မြင်ခဲ့ရပါသည်။ ဤသူတို့သည်သည်းခံခြင်းရှိရမည်။ ဘုရားသခင်၏တန်ခိုးတော်နှင့်ဘုန်း တော်ကိုတိုက်ရိုက်ထိပါးခြင်းမရှိပါက ခရစ်ယာန်များတို့သည် ရန်သူတို့ကို အနိုင်ယူရန် ဘုရားသခင်ခွန်အားကို နေရာ တိုင်း၌မတောင်းခံသင့်ပါ။ အကယ်၍ သခင်ခရစ်တော်သည် ဗိမာန်တော်အပေါ်မှခုန်ချခဲ့သော် ခမည်းတော် ဘုရား ၏ဘုန်းတော်ကိုထင်ရှားစေမည် မဟုတ်ကြောင်းကို ကျမတွေ့ခဲ့ရပါသည်။ စာတန်နှင့် ဘုရားသခင်၏ ကောင်းကင် တမန်များမှအပ မည်သူကမျှ ဤအခြင်းအရာကို တွေ့မည်မဟုတ်ပါ။ ဘုရားသခင်၏တန်ခိုးတော်ကိုသူ၏အခါးသီး ဆု့းရန်သူ၏ရှေ့၌ သက်သေထူဖေါ်ပြရန် စုံစမ်းခြင်းသာဖြစ်လိမ့်မည်။ သခင်ခရစ်တော်အနိုင်ယူရန်ကြွလာသူ၏ရှေ့ တွင်မိမိကိုယ်ကိုနှိမ့်ချခြင်းသာ ဖြစ်လိမ့်မည်။ ‘‘တဖန်မာနသည်ယေရှုကိုအလွန်မြင့်လှစွာသော တောင်ပေါ်သို့ဆောင် သွား၍ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်းကို၎င်းပြညွှန်၍ ကိုယ်တော် သည် ငါ့ကိုပြပ်ဝပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်းအချင်းစာတန်၊ ငါ့ နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်’’ ဟု မိန့်တော်မူ၏။GCB58 9.4

    ဤနေရာတွင် စာတန်သည် သခင်ခရစ်တော်အား ဤလောကရှိ တိုင်းနိုင်ငံအသီးသီးကို ဖေါ်ပြခဲ့ပါသည်။ ဆွဲဆောင်မှုအရှိဆုံးပုံစံနှင့်တွေ့မြင်ခဲ့ရပါသည်။ သခင်ခရစ်တော်သည် သူ့ကိုဦညွှတ်လျှင် မိမိ၏ပိုင်ဆိုင်မှုများအား လုံးကို သခင်ခရစ်တော်အားပေးရန် ကမ်းလှမ်းခဲ့ပါသည်။ ဤလောက၌ မိမိပိုင်ဆိုင်သမျှကို ကိုယ်တော်ထံသို့ အပ်နှံမည်ဟုစာတန်ပြောကြားခဲ့ပါသည်။ စာတန်သည် မိမိ၏တန်ခိုးမှာ ကန့်သတ်မှုရှိပြီး ကယ်တင်ခြင်း စီမံကိန်း အောင်မြင်ပါကရုတ်သိမ်းခံရမည်ဖြစ်ကြောင်း သိနေပါသည်။ သခင်ခရစ်တော်သည် လူသားတို့ကိုကယ်တင်ရန်အ တွက်မိမိအသက်တော်စွန့်ခဲ့လျှင် စာတန်၏ တန်ခိုးသည် တခဏတာသာရှိပြီး နောက်ဆုံး ပျက်စီးမည့် အကြောင်း ကိုသူသိနေပါသည်။ ထို့ကြောင့်သားတော်ဘုရား၏လုပ်ငန်းသည် မအောင်မြင်ဘဲပျက်စီးသွားရန်စာတန်သည် ကြို တင်စီစဉ်ကာ ကြိုးစားလျှက်ရှိသည်။ ကယ်တင်ခြင်းစီမံကိန်းသာပျက်စီးပါက စာတန်သည်ဤကမ္ဘာကြီးကိုဆက်လက် ပိုင်ဆိုင်သွားမည်ဖြစ်သည်။ မိမိသာအောင်မြင်ပါကကောင်းကင်နိုင်ငံတော်ရှိ ဘုရားသခင်နှင့်အတူဆန့်ကျင်၍အုပ် စိုးရမည်ဖြစ်ကြောင်း သူ့ကိုယ်သူဝါကြွားလျှက်ရှိသည်။GCB58 9.5

    သခင်ခရစ်တော်သည် မိမိဘုန်းတန်ခိုးတော်ကိုစွန့်လျှက်ကောင်းကင်နိုင်ငံမှထွက်ခွာလာသောအခါ စာတန် ဝမ်းမြောက်လျှက်ရှိသည်။ ဘုရားသခင်သည်မိမိ၏လက်ခုပ်ထဲသို့ရောက်ရှိလာပြီးဟု ထင်ခဲ့ပါသည်။ ဧဒင်ဥယျာဉ်ထဲ ၌သန့်ရှင်းသောဇနီးမောင်နှံနှစ်ဦးကို စုံစမ်းခဲ့စဉ်က အလွန် လွယ်ကူခဲ့ပါသည်။ ထို့ကြောင့်မိမိ၏ပါးနပ်မှုနှင့် တန်ခိုး ဖြင့်သားတော်ဘုရားကိုအောင်မြင်ပြီးမိမိ၏ အသက်နှင့်တိုင်းနိုင်ငံကို ကယ်တင်နိုင်လိမ့်မည်ဟုစာတန်ထင်မှတ်ခဲ့ သည်။ သခင်ခရစ်တော်ကို ခမည်းတော်ဘုရား၏အလိုတော်နှင့်သွေဖီသွားရန် စုံစမ်းနိုင်ခဲ့လျှင် စာတန်အဖို့သူ၏ရည် မှန်းချက်အောင်မြင်ခဲ့ပါသည်။ သခင်ခရစ်တော်သည် စာတန်ကို မိမိ၏ နောက်သို့ဆုတ်စေခဲ့ပြီး ခမည်းတော်ရှေ့ မှောက်၌သာဦးညွှတ်ပါမည်။ စာတန်ပိုင်ဆိုင်သောအရာများကို မိမိအသက်နှင့်လှဲ၍ ရွေးယူရမည့် အချိန်မကြာမီ ရောက်လာပါလိမ့်မည်။ အချိန်အနည်းငယ်ကြာပြီးလျှင် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးသည် သခင်ခရစ်တော်၌ ခစားပါလိမ့်မည်။ စာတန်သည်မိမိဤလောကကိုပိုင်ဆိုင်ကြောင်း ကြွေးကြော်ခဲ့သည်။ သခင်ခရစ်တော်သည် ဒုက္ခဝေ ဒနာများကို ခံစားရရန်မလိုကြောင်း လှည့်ဖြားပြောဆိုခဲ့ပါသည်။ ဤလောကရရှိနိုင်ရန်အတွက် သခင်ခရစ်တော်အ သေခံရန်မလိုပါ။ ဤလောကပိုင်ဆိုင်သမျှနှင့်စိုးစံခွင့်ကို စာတန်ကိုဦးချခြင်းဖြင့် ရရှိနိုင်ပါလိမ့်မည်။ သခင်ခရစ်တော် သည်မားမားမတ်မတ် ရပ်တည်လျှက်ရှိသည်။ ဒုက္ခဆင်းရဲခြင်းနှင့်ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားကို ရွေးချယ်တော်မူခဲ့ပါသည်။ ဤလောကကို မိမိ၏လက်အောက်၌ ထာဝရတရားဝင်ပိုင်ဆိုင်ရန် ခမည်းတော်၏လမ်း စဉ်ကိုလည်း ရွေးချယ်ခဲ့ပါသည်။ စာတန်သည်လည်း သေခြင်းတရားဖြင့် ပျက်စီးခြင်းသို့ရောက်ရန် သခင်ခရစ်တော် ၏လက်ထဲသို့ အပ်နှံခြင်းခံရပြီး သခင်ခရစ်တော်နှင့် ဘုန်းတော်ဝင်စားရသော သန့်ရှင်းသောသူတို့ကို နောက်တဖန် စုံစမ်းခွင့်ရတော့မည်မဟုတ်ပါ။GCB58 10.1

    ဆက်လက်လေ့လာရန်။ တရား ၆:၁၆၊ ၈:၃။ ၄ ဓမ္မ ၁၇:၃၅-၃၆။ ဆာလံ ၉၁:၁၁-၁၂။ ရှင်လုကာ ၂-၄ တို့ကိုဖတ်ပါ။GCB58 10.2