Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်ခန်းစာ (၁၈) အပြစ်ဒုစရိုက်၏ လျှို့ဝှက်နက်နဲမှု။

    လူတိုင်း၏စိတ်နှလုံးကိုယေရှုရှင်ထံမှလွှဲရှောင်၍ လူသားအချင်းချင်းထံသို့ အာရုံရောက်ရှိသွားအောင် ဆွဲဆောင်ရန်နှင့် မိမိတို့ကျူးလွန်သော အပြစ်ဒုစရိုက်များအတွက် မိမိတာဝန်ရှိသော အသိတရားများ ပျက်စီးသွားခဲ့ အောင်လုပ်ဆောင်ရန်မှာစာတန်၏ ရာသက်ပန်အကြံအစည်ဖြစ်သည်။ ဤပုံစံအတိုင်း ဘုရားသခင်၏သားတော်ကို သွေးဆောင်ခဲ့ရာ စာတန်အရေးနိမ့်ခဲ့ပါသည်။ သို့သော်ကျဆုံးပြီးသောလူသားများအပေါ် အောင်ပွဲဆင်ခဲ့သည်။ ခရစ် ယာန်အယူဝါဒတစ်ရပ်လုံးမှာလည်း ယိုယွင်းသွားခဲ့သည်။ ပုပ်ရဟန်းမင်းများလက်အောက်ခံရဟန်းများ တို့သည် မိမိ ကိုယ်ကို ရာထူးအဆင့်မြင့်တင်ထားကြပြီးလျှင် လူတို့အနေဖြင့် မိမိတို့ပြုမိသောအပြစ်များမှ လွတ်ငြိမ်းခွင့်ရရှိရေး အတွက်ခရစ်တော်ထံသို့ ကိုယ်တိုင်ချဉ်းကပ်၍ အပြစ်ဖြေလွှတ်ရန် တောင်းခံရမည့်အစား သူတို့ထံ တောင်းခံကြရန် သင်ကြားပေးပါသည်။ သူတို့အပြစ်ကို ထင်ရှားစေမည်၊ ဖုန်းကွယ်ရန် သမ္မာကျမ်းစာကို ဝှက်ထားကြပါသည်။GCB58 42.2

    ဤနေရာတွင်လူတို့သည် လုံးလုံးအလိမ်ခံနေရကြသည်။ ပုပ်ရဟန်းမင်းများနှင့် လက်ထောက်ခံရဟန်းများ က သူတို့သည် ခရစ်တော်၏ ကိုယ်စားလှယ်များဖြစ်ကြသည်ဟု လူတို့အားသင်ပေးထားသည်။ အမှန်အားဖြင့် သူ တို့သည်စာတန်၏ ကိုယ်စားလှယ်များသာဖြစ်ကြပြီး သူတို့အားကိုးကွယ်ခြင်းသည် စာတန်အား ကိုးကွယ်ခြင်းသာပင် ဖြစ်သည်။ လူအများကကျမ်းစာကို တောင်းဆိုကြသောအခါ ထိုရဟန်းမင်းများက ခွင့်မပြုကြချေ။ အကယ်၍ခွင့်ပြု မည်ဆိုပါက ကျမ်းစာကိုကိုယ်တိုင်ဖတ်ခြင်းဖြင့် လူအများက အလင်းတရားရရှိကြပြီး သူတို့၏မကောင်းမှုများဖေါ် ထုတ်မည်ကို စိုးရိမ်ကြ၏။ လှည့်ဖျားသောသူတို့ကို ကိုက်စားပြီး ထိုသူတို့ဖွင့်ဟပြောဆိုသည့် စကားများကိုလည်းကိုယ် တော်၏နှုတ်တော်ထွက်စကားများအဖြစ်ခံယူ၍ လူအများကို သွန်သင်ခဲ့ပါသည်။ ထို့ပြင် လိမ်လည်၍ သင်ပေးကြပါ သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ပိုင်ထိုက်သောလူသားတို့၏စိတ်အာရုံကို သူတို့၏တန်ခိုးအာဏာဖြင့်စိုး မိုးထားပါသည်။ အကယ်၍လူတစ်ဦးတစ်ယောက်သည် မိမိပြုမိသောအပြစ်ကိုမြင်၍ နောင်တရမည်ဆိုပါက ယေရှု ရှင်အားစာတန်နှင့်ယုဒလူတို့က မုန်းတီးကြသည်နည်းတူ ထိုသူတို့သည်လည်းမုန်းတီးခြင်းကိုခံရလျှက် ဘာသာရေး ခေါင်းဆောင်များက သူ့အားအဆုံးစီရင်ရန် နည်းလမ်းရှာဖွေကြပေလိမ့်မည်။ စာတန် အထူးအောင်မြင်ခဲ့သည့် အချိန်အခါကို ကျမမြင်တွေ့ခဲ့ရပါသည်။ ခရစ်ယာန်အမြောက်အမြားတို့သည် မိမိတို့၏ ဘာသာရေးအယူဝါဒသန့်စင် မှုကို စောင့်ရှောက်သောကြောင့် အလွန်ကြောက်မက်ဖွယ်သောနည်းလမ်းများဖြင့် အသေသတ်ခြင်းခံခဲ့ရသည်။GCB58 42.3

    သမ္မာကျမ်းစာကိုရွံရှာမုန်းတီးကြသဖြင့် ဘုရားသခင်၏မြင့်မြတ်သော နှုတ်ကပတ်တော်ကို ဤကမ္ဘာမှပ ပျောက်သွားရေးအတွက်ကြိုးပမ်းကြ၏။မည်သူတစ်ဦးတစ်ယောက်မျှကျမ်းစာဖတ်မဖတ်ရဟုပင်တားမြစ်၍ ဖတ်သော သူအား သေဒဏ်ပေး၏။ ရှာဖွေတွေ့ရှိသမျှကျမ်းစာအုပ်များကိုလည်း မီးရှို့ပစ်ကြ၏။ သို့သော်ဘုရားရှင်သည် မိမိနှုတ် ကပတ်တော်ကို အထူးစောင့်ရှောက် ထိန်းသိမ်းထားတော်မူကြောင်း ကျမမြင်ရပါသည်။ အချိန်အခါအားလျော် စွာကျမ်းစာအုပ်များ အနည်းငယ်စီသာရှိသည့် ခေတ်ကာလများရှိခဲ့သည်။ သို့ရာတွင်ထိုနှုတ်ကပတ်တော်လုံးဝ ပျောက်ဆုံးသွားစေရန် ဘုရားရှင်ခွင့်ပြုတော်မမူ။ ထို့အပြင် နောက်ဆုံးသောကာလတွင် အိမ်တိုင်း ကျမ်းစာအုပ်ပိုင် ဆိုင်ခွင့်ရှိလောက်အောင် ကျမ်းစာအုပ်များစွာ တိုးပွားများပြားလာပေလိမ့်မည်။ ကျမ်းစာအုပ်များ အနည်းငယ်သာရှိခဲ့ ချိန်ကနှိပ်စက်ညှဉ်းပမ်းခံရသော ယေရှုရှင်၏နောက်လိုက်များအတွက် ထိုကျမ်းစာအုပ်များမှာ အထူးပင်အဖိုးတန် ၍နှစ်သိမ့်စရာဖြစ်ခဲ့ပါသည်။ အထူးလျှို့ဝှက်စွာ ဖတ်ခဲ့ရပါသည်။ ယင်းကဲ့သို့ ဖတ်ခွင့်ရသူများကလည်း ဘုရားရှင်ကိုယ် တော်တိုင်ကိုလည်းကောင်း၊ သားတော်ယေရှုရှင်ကိုလည်းကောင်း ကိုယ်တော်၏တမန်တော်များနှင့်လည်းကောင်း ဖူးမြင်တွေ့ဆုံရသည့်အလား မှတ်ယူကြပါသည်။ သို့သော် ယင်းမင်္ဂလာရှိသော အခွင့်အရေးဖို့ မိမိတို့၏အသက် နှင့်လဲရသူများလည်း ရှိခဲ့ပါသည်။ အကယ်၍ ထိုသို့ဖတ်ရှုခြင်းကို တွေ့ရှိဖမ်းမိပါက ခေါင်းဖြတ်သမားလက်သို့ပေးအပ် ခြင်းကိုလည်းကောင်း၊ သစ်တိုင်တွင်ချည်နှောင်၍ မီးရှို့ခြင်းကိုလည်းကောင်း ခံရကြပါသည်။ သို့မဟုတ် အကျဉ်း ထောင်၌ အစာဖြတ်ပြီး အသေသတ်ခြင်းကို ခံရကြပါသည်။GCB58 42.4

    ကယ်တင်ခြင်းစီမံကိန်းကြီးကို နှောင့်နှေးကြန့်ကြာအောင် စာတန်မလုပ်ဆောင်နိုင်ခဲ့ပါ။ ယေရှုရှင်သည် လက်ဝါးကပ်တိုင်ပေါ် အသေသတ်ခြင်းခံရသော်လည်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူခဲ့ပါသည်။ သို့သော်စာတန်က ယင်းသို့ကပ်တိုင်ပေါ်တွင် ကွပ်မျက်ခံရခြင်းနှင့်ထမြောက်တော်မူခြင်းသည် သူ၏အကျိုးအတွက် ဖြစ်စေရမည်ဟုသူ၏တမန်များအား ပြောပြခဲ့ပါသည်။ ယေရှုရှင်အား ယုံကြည်ပါသည်ဟု ဝန်ခ့ကြသောသူများအနေ ဖြင့်ယုဒတို့၏ ထုံးစံဓလေ့များဖြစ်သော ယဇ်ပူဇော်ခြင်းနှင့်တကွ ပူဇော်သက္ကာရှိသမျှသည် ခရစ်တော်အသေခံတော်မူ ရာတွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း ယုံကြည်ကြသည့်အရေးတွင် ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးဆိုင်ရာ ပညတ် တရားသည်လည်း ခရစ်တော်နှင့်အတူ သေဆုံးသွားပြီးဖြစ်ကြောင်းကိုလည်း တစ်ပါးတည်းဆက်တိုက်အယုံသွင်းနိုင် မည်ဆိုပါက စာတန်အတွက် ကျေနပ်ဖွယ်ပင်ဖြစ်ပါသည်။ GCB58 43.1

    ယင်းသို့ဖြင့် စာတန်၏ဉာဏ်ဆင်ထားမှုကို အများက အသင့်လက်ခံကြပုံကို ကျမမြင်ပါသည်။ ဘုရားသ ခင်၏သန့်ရှင်းသောပညတ်တော်ကို ယင်းသို့ခြေဖြင့်နင်းကြသည်ကို ကောင်းကင်ဗိုလ်ခြေများနာကြည်းကြပါသည်။ ဘုရားသခင်တရားတော်၏ အခြေခံသဘောတရားများကို ကောင်းကင်ဗိုလ်ခြေအပေါင်းနှင့် ယေရှုရှင်ကိုယ်တော် တိုင်ကောင်းစွာသိထားတော်မူ၏။ ဘုရားသခင်သည် မိမိပညတ်တော်များကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ရုတ်သိမ်းပယ်ဖျက်ခြင်းကိုလည်း ပြုတော်မူမည်မဟုတ်ကြောင်း ကောင်းစွာသိထားကြပါသည်။ လူသားတို့၏မျှော်လင့် ချက်မဲ့သောအခြေအနေသည် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့အား ဝမ်းနည်းကြေကွဲစေပါသည်။ ထို့ကြောင့် ဘုရား ရှင်၏သန့်ရှင်းသောပညတ်တော်များကို ကျူးလွန်သည့်လူသားများအတွက် ယေရှုရှင်ကိုယ်တော်တိုင် အသေခံရန် ဆုံးဖြတ်တော်မူခဲ့သည်။ အကယ်၍ယင်းပညတ်တရားတော်ကို ပြောင်းလဲခြင်းပြုနိုင်ပါက ယေရှုရှင်အသေခံရန် မလို ဘဲလူသားများအား ကယ်တင်နိုင်ခဲ့ပါမည်။ သို့ဖြစ်၍ ကိုယ်တော်၏ အသေခံတော်မူခြင်းသည် ခမည်းတော်၏ပညတ် တရားတော်ကို ပယ်ဖျက်ခြင်းမပြုသည်သာမက ပို၍ကြီးမြတ်စေတော်မူ၏။ မြင့်မြတ်စေတော်မူ၏။ သန့်ရှင်းသော ပညတ္တိကျမ်းများကို လိုက်နာစောင့်ထိန်းရန် အတည်ပြုတော်မူ၏။ အသင်းတော်သည် သန့်စင်၍ သစ္စာတည်မြဲမည် ဆိုပါက စာတန်လှည့်ဖြား၍ ရမည်မဟုတ်ပါ။ ပညတ်တရားတော်ကိုလည်း ခြေဖြင့်နင်းရန် ဆွဲဆောင်၍ရနိုင်မည်မ ဟုတ်ပါ။ ထိုအတင့်ရဲသော အကြံအစည်ဖြင့် စာတန်သည် ကောင်းကင်တွင်လည်းကောင်း၊ မြေကြီးပေါ်တွင်လည်း ကောင်း၊ ဘုရားရှင်အုပ်စိုးတော်မူခြင်းကို တိုက်ရိုက်ထိုးနှက်လိုက်ခြင်းပင်ဖြစ်သည်။ သူ၏ပုန်ကန်ထကြွမှုအတွက် ကောင်းကင်မှ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။ သူပုန်ကန်ပြီးသည့်နောက်ပိုင်းတွင် သူ့ကိုကယ်လွှတ်ရန် ဘုရားသခင် အနေဖြင့် ပညတ်တော်ကို ပြောင်းလဲပေးရန် သူအလိုရှိခဲ့ပါသည်။ သို့သော်ဘုရားရှင်၏ ပညတ်တရားတော်သည်ပြင် ဆင်ပြောင်းလဲ၍မရကြောင်းကိုကောင်းကင်ဗိုလ်ခြေအပေါင်း၏ရှေ့တွင် စာတန်အားမိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်ကို ကျူးလွန်သူတိုင်းသေရမည်ဖြစ်သောကြောင့် အခြားသူတို့အား ပညတ်တော်တို့ကို ကျူးလွန်စေနိုင် မည်ဆိုပါက သူဖက်တွင်လည်း လူများလာမည်ကို စာတန်သိထားပါသည်။GCB58 43.2

    ရှေ့သို့သာတိုးရန်စာတန် ဆုံးဖြတ်လိုက်ပါတော့သည်။ အချို့သောသူများသည် ဘုရားသခင်၏ ပညတ်တော် များအပေါ် စိတ်အားထက်သန်လှသည်ဖြစ်၍ ဤထောင်ချောက်ဖြင့် ဖမ်း၍ပင်မရနိုင်ကြောင်း၊ ယင်းပညတ်တော် များမှာ ရှင်းလင်းပြတ်သားလှသည်ဖြစ်၍ ယခုတိုင်အောင်တည်မြဲကြောင်းကိုလည်း အများကယုံကြည်ကြလိမ့်မည် ဖြစ်ကြောင်း သို့ဖြစ်၍ သူ့အနေဖြင့် အသက်ရှင်သည့် ဘုရားသခင်ဖေါ်ပြသည့် စတုတ္ထပညတ်ကိုသာအသုံးပြု၍ ဖျက်ဆီးရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ သူ၏တမန်များအား ပြောပြပါသည်။ ထို့ကြောင့် ဥပုသ်နေ့နှင့်ဆိုင်သောစတုတ္ထ ပညတ်ကိုပြောင်းလဲရန် သူ၏ကိုယ်စားလှယ်များအား လမ်းညွှန်လိုက်ပါသည်။ ထိုနည်းအားဖြင့် ပညတ်တော်ဆယ် ပါးမှကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသော ပညတ်ကိုသာကြိုးစား၍ လွှပြောင်းထားလိုက်ပါသည်။ ဘုန်း ကြီးစွာဖြင့် ယေရှုရှင်ထမြောက်တော်မူပုံကို သူတို့၏ရှေ့တွင် စာတန်တင်ဆက်လိုက်ပြီးနောက် ကိုယ်တော်သည်ခုနှစ် ရက်တွင် ပထမနေ့ရက်၌ ထမြောက်တော်မူသည့်အတွက် ဥပုသ်နေ့ကိုလည်း သတ္တမနေ့မှပထမနေ့သို့ကိုယ်တော်က ပင်ပြောင်းရွှေ့ထားလိုက်ကြောင်း ဆက်လက်ပြောပြလိုက်ပါသည်။ မိမိ၏အကြံအောင်မြင်ရေးအတွက် ထမြောက် တော်မူခြင်းအကြောင်းကို စာတန်အသုံးပြုလိုက်ပါသည်။ သူတို့ဖန်တီးလိုက်သော အမှားများအပေါ်ခရစ်တော်၏ မိတ်ဆွေအခေါ်ခ့၇သူများ အထူးနှစ်သက်လက်ခံကြသည့်အတွက် စာတန်နှင့်သူ၏ တမန်များ အထူးကြည်နူးနေကြ ပါသည်။ တစ်ဦးကဘာသာရေး၌ ကြောက်မက်ဖွယ်ဖြစ်ပါတကားဟု ယူဆသည့်အချက်ကိုနောက်တစ်ဦးက လက်ခံ ပါလိမ့်မည်။ ထိုနည်းအားဖြင့် သီးခြားအမှားများကို လက်ခံကြပြီးလျှင် စိတ်အားထက်သန်စွာ ကာကွယ်စောင့်ရှောက် ထားကြပါသည်။ နှုတ်ကပတ်တော်တွင် ဘုရားရှင်၏ အလိုတော်ကိုထိုမျှလောက် ရှင်းလင်းတိကျစွာ လမ်းညွှန်ဖေါ်ပြ ထားပါလျှက်ဘုရားရှင်၏ ပညတ်တော်များဖြစ်သည်ဟု သွန်သင်ထားသည့်အမှားများနှင့် ရိုးရာဓလေ့များဖြင့် ယင်းအ လိုတော်ကို ဖုံးကွယ်ထားလိုက်ကြပါသည်။ ဤအမြင့်ဆုံးသော လိမ်လည်မှုကြီးသည် ယေရှုရှင် ဒုတိယအကြိမ်ကြွလာ တော်မူသည့်တိုင်အောင် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ယင်းကာလတစ်လျှောက်လုံးတွင် ဘုရားသခင်ဘက် ၌သက်သေခံမည်သူမရှိမည်ကို စိုးရိမ်စရာမရှိပါ။ အသင်းတော်အား မှောင်မိုက်ဝိုင်းရံစေလျှက် နှိပ်စက်ညှဉ်းပန်းနေ ကြသော်လည်း ပညတ်တော်အလုံးစုံတို့ကို စောင့်ထိန်းလျှက် ညှင်းပန်းနှိပ်စက်မှုများနှင့် အမှောင်ထုထလျှက်သစ္စာ တည်မြဲသော တပည့်တော်များ အမြဲတစေရှိနေပါသည်။GCB58 44.1

    ဘုန်းတော်ကြီးမြတ်သန့်ရှင်းဘုရင်ကြီးခံရသော အသေသတ်ခြင်းနှင့် ဒုက္ခဆင်းရဲမျိုးစုံကို ကောင်းကင်ဗိုလ် ခြေများတွေ့မြင်ရကြသောအခါ တအံ့တဩဖြစ်နေကြသည်ကို ကျမမြင်ရပါသည်။ သို့ရာတွင် အသက်ပေးပိုင်တော်မူ သောဘုန်းတော်အရှင်ဖြစ်တော်မူထသော ကောင်းကင်တစ်ခုလုံးကိုဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သိုက်မြိုက်ခမ်း နားခြင်းနှင့်လည်းကောင်း၊ ပြည့်ဝစေတောမူထသောအရှင်သည် သေခြင်းတရားကိုအောင်နိုင်လျှက် အကျဉ်းထောင် တည်းဟူသောသင်္ချိုင်းတော်မှ အောင်ပွဲခံလျှက် ထကြွလာတော်မူသည်ကိုကား ကောင်းကင်ဗိုလ်ခြေအပေါင်းအား အံ့ဩခြင်းမရှိကြသည်ကိုလည်း ကျမမြင်ရပါသည်။ သို့ဖြစ်၍ ထိုအဖြစ်အပျက်များနှင့် စပ်လျဉ်းသည့်နေ့တစ်ရက်ကို အောက်မေ့ဖွယ်ရာအတွက် နားရက်အဖြစ် သတ်မှတ်မည်ဆိုပါက ရှင်ပြန်ထမြောက် နေ့ရက်သာဖြစ်သင့်ပါ သည်။သို့သော်ထိုအဖြစ်အပျက်နှစ်ရပ်စလုံးသည် ဘုရားရှင်၏ ပညတ်တော်ကို ပြောင်းလဲရန် (သို့) ရုတ်သိမ်းရန် အတွက်ရည်ရွယ်ထားခြင်းမရှိသည့်အပြင် ဘုရားသခင်၏တရားတော်သည် ဖေါက်ပြန်ပြောင်းလဲခြင်းမရှိကြောင်း ထိုအချက်နှစ်ရပ်ကပင်လျှင် အခိုင်မာဆုံးသော သာဓကဖြစ်နေပါသည်။GCB58 44.2

    ယင်းအဖြစ်အပျက်နှစ်ရပ်လုံးကို အောက်မေ့စရာဖို့ သတ်မှတ်ထားသည့်နေ့ရက်များ ရှိနေပါသည်။ ထိုနေ့တွင် ပွဲတော်မင်္ဂလာကျင်းပသည့်ရက်၌ ချိုးဖဲ့သောမုန့်နှစ်စပျစ်နွယ်ပင်၏ အသီးကိုသုံးဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အသေခံတော်မူခြင်းအကြောင်း ကိုယ်တော်ကြွလာတော်မူသည့်တိုင်အောင် ပြသလျှက်ရှိနေကြပါ သည်။ထိုနည်းအားဖြင့် ကိုယ်တော်ဒုက္ခဆင်းရဲခံရပုံများနှင့် အသေခံရပုံများကို ကျွန်ုပ်တို့စိတ်အာရုံများတွင် အသစ် တစ်ဖန်ပေါ်လာပြန်၏။ ကိုယ်တော်ထမြောက်တော်မူခြင်းကို အမှတ်ရစေရန် ကျင်းပသည့်နေ့မှာ ကျွန်ုပ်တို့ နှစ်ခြင်းခံ သည့်နေ့ဖြစ်၍ ထိုနေ့တွင် ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်အတူ သေလျှက်ရေသင်္ချိုင်းတွင်းမှ ကိုယ်တော်နည်းတူထ မြောက်ခြင်းဖြင့် အသစ်သောအသက်တာကို ခံယူကြပါသည်။GCB58 44.3

    ကိုယ်တော်၏ပညတ်တော်သည် ထာဝရတည်မြဲ၍ ကမ္ဘာသစ်တွင်လည်း ထာဝရကာလပတ်လုံး ဆက်လက် တည်မြဲနေလိမ့်မည်ဟု ကျွန်မမြင်ရပါသည်။ ဖန်ဆင်းတော်မူချိန်တွင် ဤကမ္ဘာမြေကြီးကို အခြေတည်ခဲ့စဉ်က ဘုရား သခင်၏ သားတို့သည် ဖန်ဆင်းရှင်၏ လက်ရာတော်ကို တအံ့တဩ ကြည့်ရှုခဲ့ကြပါသည်။ ကောင်းကင်ဗိုလ်ခြေအ ပေါင်းကလည်း ဝမ်းမြောက်စွာဟစ်အော်ကြွေးကြော်ကြပါသည်။ ထိုအချိန်က ဤဥပုသ်နေ့ကိုပါ အခြေချခဲ့ပါသည်။ ခြောက်ရက်မြောက်သောနေ့ကုန်ဆုံးသောအခါ ဖန်ဆင်းသောအမှုရှိသမျှတို့ လက်စသတ်ပြီးမှ သတ္တမနေ့ရက်၌ငြိမ် ဝပ်စွာနေတော်မူ၍ ထိုသတ္တမနေ့ကို ဘုရားသခင်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်း ပြုပြင်တော်မူသော အရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ လူသားမကျဆု့း မီဧဒင်ဥယျာဉ်၌ ဥပုသ်တော်နေ့ကို ပြဌာန်းထားတော်မူခဲ့၏။ ထို့ကြောင့် အာဒံဧဝနှင့် ကောင်းကင်ဗိုလ်ခြေတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြပါ၏။ ဘုရားရှင်သည် သတ္တမနေ့၌ ငြိမ်ဝပ်စွာနေ၍ ထိုနေ့ကို ကောင်းချီးပေးလျှက်သန့် ရှင်းစေတော်မူ၏။ ဥပုသ်နေ့ကို မည်သည့်အခါတွင်မျှ ဖျက်မည်မဟုတ်ကြောင်း၊ ရွေးနှုတ်ခြင်းခံရသော သန့်ရှင်းသူ များနှင့်တကွ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ဖန်ဆင်းတော်မူသော အရှင်ကို ဂုဏ်ပြုသတိရဖို့ ထာဝရကာလ ပတ်လုံး ဥပုသ်နေ့ကို စောင့်ထိန်းကြလိမ့်မည်ဖြစ်ကြောင်း ကျမရှုမြင်ရပါသည်။GCB58 44.4

    ဆက်လက်လေ့လာရန်။ ထွက် ၂၀:၈-၁၁၊ ယော ၃၈:၇၊ ဒံ ၇။ ၂သက် ၂။GCB58 45.1