Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၆) တစ်မျိုးတစ်ဖုံ သရုပ်ဖေါ်ထားပြန်ခြင်း။

    ကမ္ဘာမြေကြီးပေါ်တွင် အမှုတော်တိုးတက်နေပုံနှင့်စပ်လျဉ်း၍ ကောင်းကင်ဗိုလ်ခြေအပေါင်းက စိတ်ဝင်စား ကြကြောင်းကျမအား ဖေါ်ပြတော်မူပါသည်။ ဒုတိယအကြိမ်ကိုယ်တော်ကြွလာတော်မူခြင်းအတွက် ကမ္ဘာသူကမ္ဘာ သားများ အသင့်ပြင်ထားကြစေရန် နိုးဆော်တိုက်တွန်းဖို့ တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးအား ယေရှု သည်ဤလောကသို့လွှဲအပ်၍ စေလွှတ်တော်မူ၏။ ကောင်းကင်ဘုံတွင် ယေရှု၏ရှေ့တော်မှ ထိုကောင်းကင်တမန် ထွက်ခွာလာသောအခါ ထူးကဲစွာ ထွန်းတော်နေသည့် ဘုန်းတော်ရောင်ခြည်သည် သူ၏ရှေ့မှ တစ်ပါးတည်းထွက် လာပါသည်။ သူ၏အမှုတော်မှာ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ လူသားတို့လွှတ်မြောက်ရေး အတွက်သူ၏ ဘုန်းတန်ခိုးဖြင့် ဤကမ္ဘာမြေကြီးကို အလင်းရောင်ပေးထားရန် ဖြစ်သည်ဟု ကျမအားပြောပြပါသည်။ လူထုအမြောက်အမြားက ထိုအလင်းတော်ကို လက်ခံကြပါသည်။ အချို့သောသူများ အထူးပင်အလေးအနက်ထား ဖေါ်ပြထားသလို ကျန်လူများမှာ ဝမ်းမြောက်လျှက်ရှိနေကြပါသည်။ ထိုအလင်းရောင်ကို ရရှိသူတိုင်းကောင်းကင်သို့ မျှော်ကြည့်လျှက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြပါသည်။ ထိုအလင်းတော်ကို လူတိုင်းအပေါ်သို့သက်ရောက် စေသဖြင့် အချို့သောသူတို့သည် အလင်းတော်၏ဩဇာသက်ရောက်မှုကြောင့်သာ အလင်းတော်အောက်သို့ရောက်ရှိ လာကြသော်လည်းစိတ်ပါ၍ လက်ခံခြင်းမဟုတ်ပါ။ အများသောသူတို့သည် ပြင်းစွာအမျက်ထွက်ကြ၏။ ဓမ္မဆရာများ နှင့်လူထုသည် ဆိုးသွမ်းမှုနှင့်ပူးပေါင်း၍ တန်ခိုးကြီးသောကောင်းကင်တမန်ပေးပို့သည့် အလင်းတော်ကိုမလျော့ သောလုံးလနှင့်ခုခံတွန်းလှန်ကြပါသည်။ သို့သော်လက်ခံသူအပေါင်းတို့သည် လောကီရေးရာများကို စွန့်လွှတ်၍ အ ချင်းချင်းရင်းနှီးစွာ ပူးပေါင်းနေထိုင်ကြ၏။GCB58 64.2

    အလင်းတော်အတွင်းရှိနေသောလူများကို တတ်နိုင်သမျှ မိမိတို့ဘက်သို့ပါအောင် ဆွဲဆောင်ရန်စာတန်နှင့် သူ၏တမန်များ အလုပ်ရှုပ်နေကြပါသည်။ ထိုအလင်းတော်ကိုမခံယူသောလူအုပ်စုသည် မှောင်မိုက်အတွင်းပင် ကျန်ရစ်ခဲ့ပါသည်။ ကိုယ်တော်၏နာမကို ခံယူထားသောလူများအား ကောင်းကင်မှပေးသည့် အလင်းတရားကို တင် ဆက်နေစဉ် သူတို့လေ့ကျင့်ပျိုးထောင်ထားကြသည့် အကျင့်စာရိတ္တများကို ဘုရားသခင်၏ ကောင်းကင်တမန်ကစိတ် ပါစွာ စောင့်ကြပ်ကွပ်ကဲ၍ မှတ်တမ်းတင်နေသည်ကို ကျမမြင်တွေ့ရပါသည်။ ယေရှုအား ချစ်မြတ်နိုးပါသည်ဟုအဆို ပြုသောသူများသည်ကောင်းကင်မှပေးပို့သော သတင်းစကားများကိုကျောခိုင်း၍ သရော်ခြင်း၊ ပြောင်လှောင်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ပြုလုပ်ကြသူများကို ရေးမှတ်ရန်စာလိပ်ကို ကိုင်ထားသည့်ကောင်းကင်တမန်တစ် ပါးသည် ထိုရှက်ဖွယ်သောမှတ်တမ်းများကို အက္ခရာတင်နေပါသည်။ ကိုယ်တော်၏အမည်ကို ခံယူထားသူများ အနေ ဖြင့်ယေရှုအား ဤမျှလောက်အမှုမထား၊ မခန့်မညားပြုနေကြသည်ကို ကောင်းကင်ဗိုလ်ခြေအပေါင်းက မခံမရပ်နိုင် ဖြစ်ကြပါသည်။GCB58 64.3

    သူတို့မျှော်မှန်းတောင့်တနေသောအချိန်တွင် သူတို့၏အရှင်သခင် မပေါ်ထွန်းသည့်အတွက် စိတ်ပျက်နေ ကြသည့် ယုံကြည်သူများကို ကျမမြင်တွေ့ရပါသည်။ အနာဂါတ်ကိုလျှို့ဝှက်ထားပြီးလျှင် သူ၏လူများအနေဖြင့် ဆုံးဖြတ်ချက်ချရမည့်အချိန်ကာလတစ်ခုကို ဆောင်ယူခဲ့ခြင်းမှာ ဘုရားသခင်၏ ကြံရွယ်ချက်ဖြစ်ပါသည်။ အချိန်နာရီ ကိုအတိအကျဖေါ်ပြ၍ ခရစ်တော် ကြွလာတော်မူမည့် အချိန်ကို ဟောပြောခြင်းမပြုပါက ဘုရားသခင်ကြံစည်ထား တော်မူသည့်အတိုင်း အမှုတော်ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ ၎င်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့်ကြီးကျယ်သော အရေးအခင်းများလည်း မဖြစ်ပေါ်နိုင်သေးပါဟု လူအများက ထင်မှတ်ယူဆနေကြရန် စာတန်ဆွဲဆောင်နေပါသည်။ ယနေ့ပင် အသင့်ပြင်ဆင်ထားကြဖို့ အရေးကြီးကြောင်းကို လူတို့သိနားလည်ထားကြရန် အထူးလိုအပ်ပါသည်။ သတ်မှတ်ချိန်ကျော်လွန်သွားသောအခါ ကောင်းကင်တမန်ပေးပို့သော အလင်းတော်ကို ပြည့်စုံကုံလုံစွာ လက်ခံမ ထားသောသူများသည် သတင်းစကားကို မထီမဲ့မြင်ပြုသောသူများနှင့်သွား၍ ပူးပေါင်းကြပြီးလျှင် စိတ်ပျက်နေသော သူများဖက်သို့လှည့်၍ ပြောင်လှောင်ကြပါသည်။ ခရစ်တော်၏ နောက်တော်သို့လိုက်လျှောက်ပါသည်ဟု အဆိုပြု သောသူများ၏ အခြေအနေမှန်များကို ကောင်းကင်တမန်များက မှတ်တမ်းတင်ထားကြပါသည်။ အတိအကျမှတ်သား ထားသည့်အချိန်ကျော်လွန်သွားသည့်အတွက် သူတို့သည်လည်း မှတ်ကျောက်တင်ပြီး ဖြစ်ကြလေ၏။ အများသောသူ တို့အားလည်း ချိန်ခွင်တွင်ချိန်ပြီးဖြစ်၍ လျော့နေကြောင်းသိရလေ၏။ ခရစ်ယာန်ဖြစ်ပါသည်ဟု သူတို့အသံ ကျယ်စွာ ဟစ်အော်ကြ၏။ သို့သော် ခရစ်တော်နောက်သို့ အတိအကျ လိုက်လျှောက်ရန် အသေးစိတ်တွင် ပျက်ကွက်ကြ၏။ ယေ ရှု၏ နောက်တော်သို့ လိုက်လျှောက်ပါသည်ဟု အကြံပြုသောသူများ၏ အခြေအနေနှင့် ပတ်သက်၍ စာတန် ကြည်နူး နေပါသည်။ သူ၏ထောင်ချောက်အတွင်း မိနေကြလေပြီး။ ဖြောင့်သောလမ်းကိုရှောင်၍ အခြားသောလမ်းမှ ကောင်း ကင်နိုင်ငံတော်သို့ ကြိုးစား၍တက်ရန် အများသောသူတို့အား စာတန်ခေါင်းဆောင်နေပါသည်။ ဇိအုန်မြို့တွင်သန့် ရှင်းဖြူစင်သောသူများ၊ မတရားသောသူများနှင့် လောကီရေးရာများကို နှစ်သက်သည့် သူတော်ကောင်းယောင် ဆောင်သောသူများ ရောနှောလျှက်ရှိနေကြပုံကို ကောင်းကင်တမန်များတို့ တွေ့မြင်ကြပါသည်။ ယေရှုအရှင်၏တ ပည့်နောက်လိုက်အမှန်များကို သူတို့စောင့်ကြပ်ကွပ်ကဲနေကြပါသည်။ သို့သော်ယိုယွင်းသောသူများ၏ အပြုအမူ များက သန့်ရှင်းသောသူများကို ကူးစက်နေပါသည်။GCB58 64.4

    ယေရှုအရှင်အားဖူးတွေ့ရန် အထူးလိုလားတောင့်တနေသော သူများကို သူတို့၏ ညီအစ်ကိုများဟု အဆိုပြု သောသူများ ကိုယ်တော်ကြွလာတော်မူမည့်အကြောင်း မဟောပြောရန် ပိတ်ပင်တားဆီးထားကြပါသည်။ ထိုမြင်ကွင်း ကိုကောင်းကင်တမန်တို့ တွေ့မြင်ကြသောအခါ ကိုယ်တော်အားရိုသေမြတ်နိုးစွာ စောင့်မျှော်နေသည့်ကျန်ကြွင်း သူများကို သနားကြပါသည်။ ဤကမ္ဘာမြေကြီးပေါ်သို့ တန်ခိုးကြီးသော အခြားကောင်းကင်တမန်တစ်ပါးကို ထပ်၍ စေလွှတ်တော်မူပါသည်။ သူ၏လက်ထဲတွင် ယေရှုပေးအပ်လိုက်သော အရေးအသားတစ်ခု ရှိသည်ဖြစ်၍ ဗာဗုလုန်မြို့ ကြီးပြိုလဲပြီး၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီးဟု ကြွေးကြော်လျှက် ဤကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်ခဲ့ပါသည်။ ထိုအခါ စိတ်ပျက်နေသောသူများ ကောင်းကင်သို့ နောက်တစ်ဖန်မျှော်ကြည့်လျှက် ယုံကြည်မျှော်လင့်ခြင်းအပြည့်အဝဖြင့် စောင့်မျှော်နေကြပါသည်။ သို့သော် အများသောသူတို့သည် အိပ်ပျော်နေဘိသကဲ့သို့ အသိအလိမ္မာကင်းသည့် အခြေ အနေတွင်ပင် ရှိနေကြသေးသည်။ သို့သော်သူတို့သည် ပြင်းစွာဝမ်းနည်းကြေကွဲလျှက်ပင် ရှိနေသေးကြောင်းကျမမြင်ရ ပါသည်။ စိတ်ပျက်နေသောသူများအနေဖြင့် သူတို့သည် ဆိုင်းငံ့နေရသော အချိန်သို့ ရောက်နေကြောင်း၊ ဆိုင်းငံ့ရ သော်လည်းမျှော်လင့်ရမည့်ဖြစ်ကြောင်း သည်းခံ၍ စောင့်မျှော်နေလျှင် နောက်မကျဘဲ ဧကန်အမှန်ရောက်လာမည် ဖြစ်ကြောင်း ကျမ်းစာကိုလေ့လာရင်း သူတို့သိတွေ့လာကြပါသည်။ (၁၈၄၃) ခုနှစ်ကကိုယ်တော်ကြွလာမည်ဟု သူတို့ တွက်ချက်ရရှိသော အထောက်အထားများဖြင့်ပင် (၁၈၄၄) ခုနှစ် ရောက်သောအခါ သူတို့အား ကိုယ်တော်ကို စောင့် မျှော်နေကြရန် ညွှန်ကြားလေ၏။ သို့သော် (၁၈၄၃) ခုနှစ်က သူတို့၏ယုံကြည်ခြင်းစွမ်းအားထက်သန်ခဲ့သလောက် အများသောသူတို့သည် ယခုမထက်သန်သောကြောင်း ကျမမြင်တွေ့ရပါသည်။ စိတ်ပျက်ခဲ့ရသည့်အတွက် သူတို့၏ ယုံကြည်ခြင်းများ ထိုင်းမှိုင်းသွားကြပါသည်။ ဘုရားသခင်၏ လူတို့ ဒုတိယကောင်းကင်တမန်၏ သတင်းစကားကို ပူးပေါင်းကြွေးကြော်ကြရာ၌ အကျိုးသက်ရောက်ပုံကို ကောင်းကင်ဗိုလ်ခြေများက စိတ်ပါစွာ မှတ်သားထားကြပါ သည်။ ခရစ်ယာန်အမည်ကိုခံယူထားသူအများစုက စိတ်ပျက်နေသော သူများအား ကဲ့ရဲ့ပြစ်တင်၍ မထီလေးစားပြုကြ သည်ကိုသူတို့တွေ့မြင်ကြပါသည်။ ထိုပြောင်လှောင်သူတို့၏ နှုတ်ခမ်းမှ ‘‘မင်းတို့ကောင်းကင်မတက်ရသေးဟုပြော လာစဉ် သူတို့ကို ကောင်းကင်တမန်တစ်ပါးက မှတ်တမ်းတင်ထားပါသည်။GCB58 65.1

    ဧလိယကောင်းကင်သို့ချီဆောင်ခြင်းခ့ရချိန်တွင် သူ၏ဝတ်ရုံသည် ဧလိရှဲအပေါသို့ ကျရောက်လေ၏။ ထို့နောက်ဘုရားသခင်၏လူကို မထီလေးစားပြုရန် မိဘတို့မှ အတုယူထားသော လူငယ်တစ်စုသည် ဧလိရှဲနောက်သို့ လိုက်၍ ‘‘ဟေ့ထိပ်ပြောင်၊ အထက်ကိုကြွပ်တော့.. အထက်ကိုကြွပါတော့’’ ဟု ပြောင်လှောင်ကြလေ၏။ ထိုသို့ဘုရား သခင်၏ကျွန်ကို မထီမဲ့မြင်ပြုကြရာ၌ ဘုရားသခင်ကို မထီမဲ့မြင်ပြုရာရောက်သဖြင့် သူတို့သည် ထိုနေရာတွင်ပင် ချက်ခြင်းပြစ်ဒဏ်ခံရကြလေ၏။ ထိုနည်းတူပင် သန့်ရှင်းသူများ ကောင်းကင်သို့တက်ကြမည့်ပုံစံကို စိတ်ကူး၍ပြောင် လှောင်သောသူများအပေါ်သို့ ဘုရားသခင်၏ အမျက်တော်သည် ကျရောက်ပေလိမ့်မည်။ ဖန်ဆင်းသောအရှင်ကိုမထီ လေးစားပြုခြင်းသည် သေးနုပ်သောကိစ္စမဟုတ်ကြောင်း သူတို့တွေ့သိရကြပေလိမ့်မည်ဖြစ်ကြောင်း ကျမအား ပြသ ပါသည်။GCB58 65.2

    ယုံကြည်ခြင်းခွန်အားလျော့နည်းသွားသော ကိုယ်တော်၏လူများကို ပြန်၍ဖြည့်တင်းပေးရန် ဒုတိယကောင်း ကင်တမန်၏ သတင်းစကားနှင့် မကြာမီကောင်းကင်တွင် စတင်ဆောင်ရွက်တော့မည့်အရေးကြီးသော အမှုတော်တစ် ရပ်အကြောင်းကို နားလည်သဘောပေါက်ကြစေရန်အတွက် ပြင်ဆင်ပေးရန်ယေရှုသည် အခြားသော ကောင်းကင် တမန်များအား အခွင့်အာဏာပေး၍ အလျင်အမြန်စေလွှတ်တော်မူ၏။ ထိုကောင်းကင်တမန်များသည် ယေရှုထံများ စွာသောတန်ခိုးအာဏာနှင့် အလင်းတရားကိုခံယူလျှက် ဒုတိယကောင်းကင်တမန်အား အထောက်အပံ့ပေးရေးအ တွက်မိမိတို့အား လွှဲအပ်ထားသည့်တာဝန်ကိုထမ်းဆောင်ရန် ကမ္ဘာမြေကြီးပေါ်သို့ ဆောလျှင်စွာပျံသန်းသွားကြသည် ကိုကျမအားမြင်ရပါသည်။ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီးခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကောင်းကင်တမန်များက ကြွေးကြော်ကြသောအခါ ဘုရားသခင်၏ လူများအပေါ်တွင် ကြီးစွာသော အလင်းရောင် ထွန်းတောက်လေ၏။ ထိုအခါ စိတ်ပျက်နေသောသူများသည်လည်း ဒုတိယကောင်းကင်တမန်၏ အသံနှင့်လိုက် လျောညီစွာကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီး၊ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်ကြပုံ ကိုကျမမြင်တွေ့ရပါသည်။ ကောင်းကင်တမန်ထဲမှ ထွက်ပေါ်လာသော အလင်းရောင်သည် မှောင်မိုက်ရာဒေသ အပေါင်းကိုခွင်း၍ အလင်းရောင်ပေးလေ၏။ ထိုအလင်းတရားပျံ့နှံ့မသွားစေရန် ကြံရွယ်ထားတော်မူသည့်အတိုင်း အကျိုးသက်ရောက်မှု မရှိစေရန် စာတန်နှင့် သူ၏တမန်များက ကြိုးစား၍ ဟန့်တားနေကြပါသည်။ ဘုရားသခင်သည် လူတို့အားဟန့်တားနေကြပါသည်။ ဘုရားသခင်သည် လူတို့အားလိမ်လည်ထားကြောင်း၊ သို့ဖြစ်၍ ထိုမျှလောက်တို့ ရရှိထားသော အလင်းတရားများနှင့်တကွ တန်ခိုးအာဏာများကို အသုံးပြုလျှက် ခရစ်တော်ကြွလာမည့်အကြောင်း၊ မည်မျှပင်ကြိုးစား၍ဟောပြောဆောင်ရွက်နေကြစေကာမူ ဤလောကြီးတစ်ရပ်လုံးက ယုံကြည်ကြလိမ့်မည်မ ဟုတ်ကြောင်း ဘုရားသခင်၏ ကောင်းကင်တမန်များအား စာတန်နှင့်သူ၏တမန်များက အတိုက်အခ့ပြုလျှက်ပြောဆို နေကြပါသည်။ လူထုအနေဖြင့်ထိုအလင်းတရားတော်ကို အာရုံမစိုက်နိုင်စေရန် စာတန်ကမည်မျှပင် အတားအဆီး အကာအကွယ်များ ပြုလုပ်နေစေကာမူ ဘုရားသခင်၏ ကောင်းကင်တမန်များမှာမူ သူတို့၏တာဝန်ကို ဆက်လက် ဆောင်ရွက်နေပါသည်။ အလင်းတရားကိုလက်ခံထားသောသူများ အလွန်ဝမ်းသာအားရ ဖြစ်နေပုံပေါ်ပါသည်။ သူတို့ သည်ကောင်းကင်သို့သာ အမြဲတစ်စေမျှော်ကြည့်လျှက် ယေရှုကြွလာဖို့ကိုသာ တမ်းတနေကြပါသည်။ အချို့သောသူ များစိတ်ပင်ပမ်းခြင်း၊ ခံစားမှုပြင်းထန်သောကြောင့် မျက်ရည်ကျလျှက် ဆုတောင်းပဌာနာပြုနေကြပါသည်။ ကောင်း ကင်သို့ မကြည့်ရဲသောကြောင့် ကိုယ့်ကိုယ်ကိုသာ စိုက်၍ ကြည့်နေကြပါသည်။GCB58 66.1

    ကောင်းကင်မှတောက်ပနေသော အလွန်အဖိုးထိုက်တန်သည့် အလင်းရောင်သည် သူတို့အပေါ်ကျရောက်နေ သောမှောင်မိုက်ကိုခွင်းလိုက်ရာ စိတ်ပျက်အားလျော့သဖြင့် ကိုယ့်ကိုယ်ကိုစိုက်၍ကြည့်နေကြရာမှ ကောင်းကင်သို့ မော့၍ကြည့်လျှက် သန့်ရှင်းသောဝမ်းမြောက်ခြင်းဖြင့် ကျေးဇူးတော်ကိုချီးမွမ်းကြောင်း ပေါ်လွင်နေပါသည်။ တည်မြဲ သစ္စာဖြင့်စောင့်မျှော်နေသောသူများအား ယေရှုနှင့်ကောင်းကင်ဗိုလ်ခြေများက ကျေနပ်နှစ်သက်စွာ ကြည့်နေကြပါ သည်။GCB58 66.2

    ပထမကောင်းကင်တမန်၏ သတင်းစကားနှင့်ဆိုင်သော အလင်းတရားကို အတိုက်အခံပြု ငြင်းပယ်သောသူ များသည်ဒုတိယကောင်းကင်တမန်၏ သတင်းစကားဆိုင်ရာ အလင်းတရားကို မရရှိနိုင်သောကြောင့် မင်္ဂလာဆောင် လုလင်လာပြီဟု ကြွေးကြော်သည့်သတင်းစကားနှင့် ဆက်စပ်လျှက်ရှိသော ဘုန်းတော်နှင့်တန်ခိုးတော်များကို ခံစား ခွင့်မရှိကြတော့ပါ။ သူတို့သည်ယေရှုကို လက်မခံငြား ငြင်းပယ်သောကြောင့် ကိုယ်တော်သည် သူတို့အား မျက်မှောင် ကုပ်၍ကြည့်နေတော်မူ၏။ ဤသတင်းစကားကို လက်ခံကြသူများမှာ သူ၏ဘုန်းတန်ခိုးတော်ဖြင့် လွှမ်းခြုံရစ်ပတ်ခြင်း ခံရကြပါသည်။ ဘုရားသခင်မကြိုက်နှစ်သက်အောင် ပြုမိမည်ကို အလွန်စိုးရိမ်ကြပါသောကြောင့် ကိုယ်တော်၏ အလိုတော်ကိုသိနားလည်ရန် အမြဲတစ်စေဆုတောင်းပဌနာပြုလျှက် သတိဝိရိယနှင့်စောင့်နေကြပါသည်။ ထိုအလင်း တရားကို ဘုရားသခင်၏ လူများမတွေ့သိရလေအောင် စာတန်နှင့်သူ၏ တမန်များက နည်းလမ်းရှာဖွေနေကြသော် လည်းကိုယ်တော်ကိုစောင့်မျှော်နေသူများအနေဖြင့် ထိုအလင်းတရားကို မြတ်နိုးလျှက် မြေကြီးဆိုင်ရာကိုမကြည့်ဘဲ ယေရှုကိုသာမျှော်မှန်း၍ အာရုံစိုက်နေကြပါက စာတန်အနေဖြင့် ထိုတန်ခိုးကြီးသော အလင်းတရားကိုသူတို့ထံမှလု နိုင်မည့်တန်ခိုးမရှိဟု ကျမမြင်တွေ့ရပါသည်။ ကောင်းကင်မှ ပေးပို့သောသတင်းစကားကြောင့် စာတန်နှင့်သူ၏ တမန်များ အမျက်ဒေါသထွက်ကြသဖြင့် ယေရှုကိုချစ်မြတ်နိုးပါသည်ဟု အဆိုပြုသော်လည်း ကိုယ်တော်ကြွလာတော် မူမည်ကိုမလိုလားသော သူများအနေဖြင့် သစ္စာတည်မြဲ၍ ယုံကြည်ကိုးစားသောသူများအား ပြောင်လှောင်ပြက်ရယ်ပြု ရန်စာတန်ခေါင်းဆောင်နေပါသည်။ သို့သော် ဘုရားသခင်၏ သားသမီးများအား သူတို့ညီအစ်ကိုအမည်ခံသူများက စော်ကားမခန့်မညား မတရားပြုသမျှတို့ကို ကောင်းကင်တမန်တစ်ပါးက မှတ်တမ်းတင်ထားပါသည်။ အများတို့သည် ယေရှုကြွလာတော်မူခြင်းကို မနှစ်သက်သော ညီအစ်ကိုများကိုယ်တော်ဒုတိယအကြိမ်ကြွလာတော်မူမည့်အကြောင်း ကိုမဆွေးနွေးလိုသောသူများနှင့် ခွဲခွါ၍ ‘‘ကြည့်ပါ’’ မင်္ဂလာဆောင်လုလင်သည် လာပြီ’’ ဟုအသံမြှင့်၍ ကြွေးကြော် လျှက်ထွက်သွားကြလေ၏။ ကိုယ်တော်ကြွလာတော်မူမည့်အကြောင်းကို ငြင်းပယ်၍ မလေးစားပြုသူများအား ယေရှု မျက်နှာလွှဲတော်မူလျှက် မိမိ၏လူတို့ မညစ်ညူးစေရလေအောင် မသန့်ရှင်းသူများအထဲမှ ထုတ်ဆောင်ခဲ့ရန်ကောင်း ကင်တမန်တို့အား ညွှန်ကြားတော်မူ၏။ သတင်းစကားတော်အတိုင်း လိုက်နာသောသူများ သီးခြားခွဲထွက်၍ တစ်စီး တစ်လုံးတည်း နေထိုင်ကြရာသူတို့အပေါ်တွင် သန့်ရှင်းတောက်ပသော အလင်းရောင်ထွန်းတောက်နေပါသည်။ သူ တို့သည် လောကကိုလည်းကောင်း၊ ယခုဘဝအကျိုးခံစားမှုကိုလည်းကောင်း လောကီဥစ္စာဘဏ္ဍာများကိုလည်း ကောင်း၊ စွန့်လွှတ်ပြီးလျှင် သူတို့ရိုသေမြတ်နိုးသော ရွေးနှုတ်ရှင်ကို ဖူးတွေ့ရန် ကောင်းကင်သို့ စိတ်ရောကိုယ်ပါ စိုက် ကြည့်နေကြပါသည်။ သူတို့၏မျက်နှာများပေါ်တွင် သန့်ရှင်းသောအလင်းတရားရောင်ပြန်ဟပ်နေသဖြင့် သူတို့၏ စိတ်နှလုံးများအတွင်း ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတည်မြဲနေကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ သူတို့သည် စစ်ဆေးစမ်းသပ်ခြင်းတည်းဟူသော ဒုက္ခဆင်းရဲခြင်းများနှင့် ရင်ဆိုင်ရန် အချိန်နီးကပ်လာပြီးဖြစ်သောကြောင့် အား ပေးထောက်ပံ့ရန်ယေရှုခရစ်သည် ကောင်းကင်တမန်များအား စေလွှတ်ထားတော်မူ၏။ ထိုစောင့်မျှော်နေသော သူများအနေဖြင့် လိုအပ်သည့်အတိုင်း စစ်ဆေးစပ်းသပ်ခြင်းမခံရသေးသည်ကို ကျမမြင်ရပါသည်။ သူတို့သည်လည်း အမှားနှင့်ကင်းစင်ကြမည်မဟုတ်ပါ။ မြေကြီးသားတို့အား သတိပေးနိုးဆော်ခြင်းပြုရာ၌ ဘုရားသခင်၏ကျေးဇူးတော် ကြီးပုံနှင့် ကောင်းမြတ်တော်မူပုံကိုလည်းကောင်း၊ မိမိတို့၏စိတ်နှလုံးများကို ဂရုစိုက်စစ်ဆေးကြရန် အကြိမ်ကြိမ်အ ဖန်ဖန်သတိပေးတော်မူပုံကိုလည်းကောင်း၊ တစ်ပါးအမျိုးသားတို့၏ဘဝနှင့် ဘုရားမဲ့တရားမဲ့နေခဲ့ကြသည့်အချိန်များ ကသက်ဝင်ယုံကြည်လာသည့်အယူဝါဒများ၊ ပပျောက်ရေးအတွက် ကျမ်းစာကို လေ့လာဆည်းပူးကြရန်နိုးဆော် တော်မူပုံကိုလည်းကောင်း၊ ကျမမြင်တွေ့ရပါသည်။ ဘုရားသခင်သည် မိမိ၏လူများအားပို၍ ကြီးမြတ်တော်မူသော တန်ခိုးတော်ဖြင့် ပို့ဆောင်ပေးရန်လည်းကောင်း၊ သူတို့အနေဖြင့် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းနိုင် သည့်နေရာတွင်ရှိနေစေရန်အတွက်လည်းကောင်း ထိုသတင်းစကားများကို ပေးပို့ခြင်းအားဖြင့် မိမိ၏လူများအား ခွဲ ထုတ်တော်မူ၏။GCB58 66.3

    ဆက်လက်လေ့လာရန်။ ၃ဓမ္မ ၂:၁၁-၂၅။ ဒံယေ ၈:၁၄။ ဟဗက္ကုပ် ၂:၁-၄။ မဿဲ ၂၅:၆။ ဗျာ ၁၄:၈။ ၁၈:၁-၅။GCB58 67.1