Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၉) ဆိတ်သုန်းသောကမ္ဘာ။

    ကောင်းကင်ရွှေမြို့တော်၏လှပတင့်တယ်ပုံကို ရှုမြင်ရပြီးနောက် ကမ္ဘာမြေကြီးပေါ်သို့ ပြန်လည်ကြည့်ရှုရာ မတရားသောသူတို့၏အသက်မဲ့ကိုယ်ခန္ဓာများမြေပေါ်တွင် အတုံးအရုံးလဲနေကြပါသည်။ ကမ္ဘာသူကမ္ဘာသားများ သည်ဘုရားသခင်၏ အမျက်တော်ဖလားတည်းဟူသောဘေးဒဏ်နခုနစ်ပါးကို ခံစားရသောအခါ အလွန်နာကျင်ခြင်း ဝေဒနာကြောင့် အံသွားခဲကြိတ်ချှက် ဘုရားသခင်အား ကျိန်ဆဲကြလေ၏။ သိုးထိန်းအတုများသည် ဘုရားသခင်အ မျက်ရှတော်မူ၏။ ပစ်မှတ်များဖြစ်ခဲ့ရ၏။ သူတို့ရပ်နေကြစဉ်သူတို့၏မျက်လုံးအိမ်ဟောက်ပက်လျှက်ရှိကာ ပါးစပ်၌ လျှာများကိုမတွေ့ရပါ။ သန့်ရှင်းသူများသည် ဘုရားသခင်၏အသံတော်အားဖြင့် လွတ်မြောက်ခြင်းသို့ရောက်ကြပြီး နောက်မတရားသောလူထုကြီးသည် သူတို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အမျက်ဒေါသထွက်ကြ၏။ ကမ္ဘာ မြေကြီးသည်သွေးဖြင့်လွမ်းနေပုံရှိ၍ သေသောသူတို့၏ အလောင်းများသည်လည်း မြေကြီးတစ်စွန်းမှတစ်စွန်းတိုင် အောင် ပြည့်လေ၏။GCB58 95.3

    ကမ္ဘာမြေကြီးတစ်ခုလုံးတွင် လူနေအိမ်ခြေမရှိ၊ တိတ်ဆိတ်သောတောကြီးကန္တာရကဲ့သို့ ဖြစ်လေ၏။ မြို့ကြီး မြို့ငယ်ရွာကြီးရွာငယ်တို့သည် မြေငလျင်ဒဏ်ကြောင့်ပြိုလဲပျက်စီး၍ အစုလိုက်အပုံလိုက် ဖြစ်နေကြလေ၏။ တောင် ကြီးများနေရာရွှေ့လျှက် သူတို့နေရာတွင် လိုဏ်ခေါင်းများဖြစ်လျှက် ကျန်ရစ်နေကြ၏။ ပင်လယ်ထဲမှ လွင့်စဉ်ထွက်လာ သောကျောက်ဆောင်များ၊ မြေကြီးမှကွဲထွက်လာသောကျောက်တုံးများသည် မြေကြီးတစ်ပြင်လုံး၌ ကစဉ့်ကလျားဖြစ် နေကြလေ၏။ သစ်ပင်ကြီးများအမြစ်မှကျွတ်၍ ပြန့်ကျဲနေလေ၏။ ဤသည်ကားစာတန်နှင့်သူ၏မတရားသောတမန် များအနှစ်တစ်ထောင်ကာလပတ်လုံး နေထိုင်ရမည့်အိမ်ဂေဟာဖြစ်လေ၏။ ဤသို့ထိုးချုပ်ထားခြင်းခံရသော စာတန် နှင့်သူ၏ကောင်းကင်တမန်များသည် ပျက်စီးယိုယွင်းနေသောကမ္ဘာမြေပြင်၌ အထက်အောက်စုန်ဆန်လှည့်လည် လျှက်ဘုရားသခင်၏ ပညတ်တော်ချိုးဖေါက်သည့်ရလဒ်ကို သူကိုယ်တိုင်ရှုစားလျှက်နေရလေ၏။ သူ၏လုပ်ရပ်အ တွက်အကျိုးသက်ရောက်မှုတည်းဟူသော ကျိန်ခြင်းအမင်္ဂလာကို အနှစ်တစ်ထောင်ပတ်လုံး အားရပါးရခံစား၍ နေရ ပေလိမ့်မည်။ အခြားသောကမ္ဘာများသို့ လှည့်လည်သွားလာခွင့်မရှိ။ ဤအနှစ်တစ်ထောင် အချိန်ကာလအတွင်း စာ တန်ပြင်းထန်စွာခံစားရလေ၏။ သူကိုယ်တိုင်ကျဆုံးခဲ့ချိန်မှအစပြု၍ သူ၏လုပ်ရပ်ပေါင်းစုံကို ပြန်ပြောင်းအောက်မေ့ သတိရလျှက် ကြောက်မက်ဖွယ်ကောင်းလှသော အနာဂါတ်ကိုမှော်မှန်း၍လည်းကောင်း၊ မိမိမတရားပြုခဲ့သမျှအ တွက်ခံစားရမည့်ပြစ်ဒဏ်ကိုမျှော်မှန်း၍လည်းကောင်း၊ သူအစပျိုးခဲ့သည့် အတိုင်းဆက်တိုက်ကျူးလွန်ခဲ့သမျှသော ဒုစရိုက်ရှိသမျှအတွက် သူ့အပေါ်ကျရောက်တော့မည့် ပြစ်ဒဏ်များကို မျှော်မှန်း၍လည်းကောင်း၊ ကြောက်လန့် တုန်လှုပ်လေ၏။GCB58 95.4

    ထို့နောက်ထောင်သောင်းမကသော တူရိယာများ၏ အသံနှင့်တူသော ရွေးနှုတ်ခြင်းများ၏ အောင်ပွဲခံသံများ ကိုကျမကြားရပါသည်။ သူတို့သည်မည်သည့်အခါမျှ စာတန်၏နှောင့်ယှက်ခြင်း၊ ဖြားယောင်း သွေးဆောင်ခြင်းများ ကိုခံရကြတော့မည်မဟုတ်ပါ။ အခြားသော ကမ္ဘာသူကမ္ဘာသားမှလည်း စာတန်၏ နှောက်ယှက်ခြင်းနှင့် ဖြားယောင်း သွေးဆောင်ခြင်းမှ လွှတ်မြောက်ပြီးဖြစ်လေပြီ။GCB58 96.1

    ထို့နောက်ပလ္လင်များပေါ်တွင် သခင်ယေရှုနှင့် ရွေါးနှုတ်ခြင်းခံရကြသူများနေထိုင်ကြသည်ကိုလည်းကောင်း၊ သန့်ရှင်းသူများသည် ရှင်ဘုရင်များ ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းများအဖြစ် စိုးစံနေကြသည်ကိုလည်းကောင်း ကျမမြင်တွေ့ရပါသည်။ ခရစ်တော်သည် မိမိ၏လူများနှင့်အတူပေါင်း၍ သေလွန်ပြီးသည့် မတရားသောသူများ အားတရားစီရင်တော်မူ၏။ ထိုသို့စီရင်ကြရာတွင် သူတို့ပြုခဲ့သမျှကို ဥပဒေပညတ်တည်းဟူသော နှုတ်ကပတ်တော် နှင့်နှိုင်းယှဉ်လျှက် အမှုတစ်ခုစီကို သူတို့၏ကိုယ်ကျင့်တရားနှင့် လျှော်ညီစွာစီရင်ချက်ချမှတ်တော်မူ၏။ ထို့နောက်ထို မတရားသောသူများအား သူတို့ကျူးလွန်ခဲ့သည့် အပြစ်များနှင့် ထိုစီရင်ချက်ကို သူတို့၏အမည်များနှင့်ယှက်၍ မရဏာ စာစောင်တွင်မှတ်တမ်းတင်ထားကြပါသည်။ စာတန်နှင့်တကွ သူ၏တမန်များကိုလည်း သခင်ယေရှုနှင့် သန့်ရှင်းသူ များကတရားစီရင်ကြပါသည်။ စာတန်ကျရောက်ခံစားရမည့် ပြစ်ဒဏ်မှာ သူ၏လိမ်လည်မှုကြောင့် ဒုစရိုက်ပြုခဲ့သူများ ထက်အဆပေါင်းများစွာပိုပါသည်။ မည်သူမျှပို၍ခံစားရမည်ဆိုသည်ကိုမူကား ထိုသူများခံစားရကြမည့်ပြစ်ဒဏ်များနှင့် နှိုင်းယှဉ်၍ပင်မဖြစ်နိုင်ပါ။ သူ၏လိမ်လည်မှုကြောင့် ဒုစရိုက်ပြုသူများပျက်စီးခြင်းသို့ရောက်ကြပြီးနောက် စာတန် သည်ဆက်လက်အသက်ရှင်လျှက် ကြာမြင့်စွာခံစားနေရပေလိမ့်ဦးမည်။GCB58 96.2

    သေလွန်သည့်မတရားသောသူများအား တရားစီရင်၍ ပြီးဆုံးသည့်အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင်သ ခင်ယေရှုသည် မြို့တော်မှထွက်ခွာတော်မူသောအခါ သန့်ရှင်းသူများနှင့် ကောင်းကင်တမန်တပ်တော်ကြီးကနောက် မှစီတန်းလျှက် လိုက်ပါသွားကြပါသည်။ သခင်ယေရှုသည် ကြီးမားလှသောတောင်ကြီးတစ်တောင်ပေါ်သို့ ဆင်းသက် တော်မူရာကိုယ်တော်၏ ခြေတော်နှင့်ထိသည်နှင့်တပြိုင်နက် ထိုတောင်ကြီး ထက်ခြမ်းခွဲ၍ လွင်ပြင်ကြီးဖြစ်လေ၏။ ထို အချိန်တွင်ကျမတို့မော့၍ကြည့်ရာ အုတ်မြစ်တစ်ဆယ့်နှစ်ခု၊ တံခါးတစ်ပေါက်တွင် ကောင်းကင်တမန်တစ်ပါးစီရပ် လျှက် လှပတင့်တယ်သည့်မြို့တော်ကြီးကို ကျမတို့မြင်တွေ့ရပါသည်။ ထိုအခါ ကျမတို့သည်လည်း ‘‘မြို့တော်ကြီး၊ ကြီးမြတ်တော်မူသည်၊မြို့တော်ကြီး၊ကောင်းကင်ဘုံဘုရားသခင်ထံတော်မှ ဆင်းသက်လာနေပြီး’’ ဟု ကြွေးကြော်ကြပါ သည်။ ထိုမြို့တော်ကြီးသည် ခမ်းနားသိုက်မြိုက်စွာ ဘုန်းတော်ရောင်ထွန်းတောက်လျှက် ဆင်းသက်လာပြီးလျှင် သခင် ယေရှုပြုပြင်ထားတော်မူသည့် ထူးမြတ်သော လွင်ပြင်ပေါ်တွင် တည်နေလေ၏။GCB58 96.3

    ဆက်လက်လေ့လာရန်။ ဇာခရိ ၁၄:၄-၁၂။ ဗျာ ၂၀:၂-၆။ ၂၀:၁၂။ ၂၁:၁၀-၂၇။GCB58 96.4