Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၅) သခင်ခရစ်တော်၏ အမှုတော်

    သခင်ခရစ်တော်ကို စုံစမ်းပြီးသည့်နောက် စာတန်နောက်ဆုတ်သွားခဲ့ပါသည်။ ကောင်းကင်တမန်တို့သည် တောထဲ၌ သခင်ခရစ်တော်အတွက် အစားအစာများကိုပြင်ဆင်လျှက် အားပေးခဲ့ကြပါသည်။ ခမည်းတော်ဘုရား၏ ကောင်းကြီးမင်္ဂလာများတို့သည်လည်း ကိုယ်တော်အပေါ်၌ ကျရောက်ခဲ့ပါသည်။ အလွန်ပြင်းထန်စွာစုံစမ်းခဲ့သော် လည်းစာတန်မအောင်မြင်ခဲ့ပါ။ သို့သော် သခင်ခရစ်တော်အမှုတော်ဆောင်ရွက်သောအခါ မိမိ၏ပါးနပ်မှုဖြင့် လှည့် ဖြားရန်သူမျှော်လင့်ခဲ့ပါသည်။ ကိုယ်တော်ကိုငြင်းပယ်သောသူတို့သည် အမုန်းပွားလျှက်ကိုယ်တော်ကို ဖျက်ဆီးရန် လှုံ့ဆော်မည်ဟု သူမျှော်လင့်ခဲ့ပါသည်။ စာတန်သည် မိမိကောင်းကင်တမန်များနှင့်အတူ အထူးစည်းဝေးလျှက်ရှိ သည်။သခင်ခရစ်တော်ကို အနိုင်မရခဲ့သည့်အတွက်ကြောင့် စိတ်ဓါတ်ကျ၍ အမျက်ထွက်လျှက်ရှိနေပါသည်။ မိမိတို့ ၏လိမ်လည်လှည့်ဖြားမှုကိုပိုမိုတိုး၍ မိမိ၏လူမျိုးများသည် ဤလောက၏ကယ်တင်ရှင်ကိုလက်မခံရန် အစွမ်းကုန် ကြိုးစားရမည်ဟုဆုံးဖြတ်ခဲ့ပါသည်။ ဤနည်းအားဖြင့် အမှုတော်၌ သခင်ခရစ်တော်စိတ်ဓါတ်ကျကာ စွမ်းဆောင်နိုင် မည်ဟု ယူဆခဲ့ပါသည်။ ယုဒလူမျိုးများတို့သည် မိမိတို့၏ဘာသာရေးပွဲများ၌ ယဇ်ပူဇော်ခြင်းကို မည်မျှကြိုးစားလုပ် ဆောင်စေကာမူ အနာဂတ္တိစကားများကို မလေ့လာမိရန်သွေးဆောင်ခံရပြီး ဤလောက၌ရှိသော ဘုရင်ကိုသာမျှော် လျှက်အနာဂတ္တိစကားများကို တလွဲနားလည်ခြင်းဖြင့် မေရှိယကိုသူတို့တွေ့ရှိကြမည်မဟုတ်ဘဲ ဆက်လက်မျှော်လင့် နေပါလိမ့်မည်။GCB58 10.3

    ဤလောကတွင် သခင်ခရစ်တော်၏ အမှုတော်တလျှောက်လုံး၌ လူသားတို့သည် ကိုယ်တော်ကိုယုံကြည်မှု ကင်းမဲ့ကာ အမုန်းတရားပွားများပြီး ပြက်ရယ်ပြုရန်အတွက်စာတန်နှင့် သူ၏နတ်ဆိုးတို့သည် မအားမလပ်ကြိုးစား လုပ်ဆောင်နေကြောင်းကို ကျမမြင်တွေ့ခဲ့ရပါသည်။ လူသားတို့၏အပြစ်ကို ဆုံးမရန်ထက်မြက်သည့်တရားတော် များကို သခင်ခရစ်တော်မကြာခဏဟောကြားရာ၌ ထိုသူသည်ကြာခဏ အမျက်ထွက်ခဲ့ကြပါသည်။ စာတန်သည် ဤသူတို့ကိုအသုံးပြုကာ ကိုယ်တော်ကိုလုပ်ကြံစေခဲ့ပါသည်။ တစ်ကြိမ်တစ်ခါ၌ ကျောက်ခဲများကိုကောက်၍ကိုယ် တော်ကိုခဲနှင့်ပေါက်သတ်ရန် ကြိုးစားခဲ့သော်လည်း ကောင်းကင်တမန်များတို့သည် ကိုယ်တော်ကိုခြံရံလျှက် အမျက် ထွက်နေသည့်လူအုပ်စုကြားမှ ကယ်တင်တော်မူခဲ့ပါသည်။ တဖန်အမှန်တရားကိုပြောကြားသည့်အတွက် လူအုပ်ကြီး သည်ကိုယ်တော်ကို ကျောက်ကပ်းပါးထိပ်သို့ ခေါ်ဆောင်သွားပြီးချောက်ထဲသို့ ပစ်ချရန် ကြံစည်ခဲ့ပါသည်။ အချင်း ချင်းအငြင်းအခုံဖြစ်နေစဉ်တွင်ကောင်းကင်တမန်များတို့သည် ကိုယ်တော်ကိုလူအုပ်ကြားထဲမှ ကယ်တင်ခဲ့ပါသည်။ ကိုယ်တော်သည် လူအုပ်ကြားထဲမှ ဖြတ်ကာ အခြားနေရာသို့ ကြွသွားတော်မူခဲ့ပါသည်။GCB58 11.1

    မဟာကယ်တင်ခြင်းစီမံကိန်းပျက်စီးသွားရန် စာတန်မျှော်လင့်လျှက်ရှိနေပါသည်။ သူ၏စိတ်နှလုံးသည်မာ ကျောခက်ထန်ပြီး သခင်ခရစ်တော်အပေါ်၌ ခါးသီးမှုများနှင့် တုံ့ပြန်ရန် စာတန်အစွမ်းကုန် ကြိုးစားလျှက်ရှိနေပါ သည်။ လူအနည်းငယ်သာကိုယ်တော်ကို ဘုရားသခင်၏ သားတော်အနေနှင့်လက်ခံရန် သူမျှော်လင့်ခဲ့ပါသည်။ လက် ခံမည့်သူနည်းပါးသောကြောင့် ကိုယ်တော်သည် သက်တော်စွန့်ရန် ဝန်လေးမည်ဟု စာတန်ယူဆခဲ့ပါသည်။ သို့သော် ကိုယ်တော်ကိုဘုရားသခင်၏ သားတော်အဖြစ်လက်ခံ၍ မိမိတို့၏ဝိညာဉ်ကယ်တင်ခြင်းအတွက် ယုံကြည်မည့်သူနှစ် ဦးရှိခဲ့လျှင် ကိုယ်တော်သည် မိမိ၏အကြံအစည်ထမြောက်စေမည်ကို ကျမမြင်တွေ့ခဲ့ရပါသည်။GCB58 11.2

    ဒုက္ခရောက်နေသောသူများအပေါ်တွင် စာတန်၏ချယ်လှယ်မှုကိုချိုးဖေါက်လျှက် သခင်ခရစ်တော်သည်မိမိ အမှုတော်ကိုစတင်ခဲ့ပါသည်။ နတ်ဆိုးများ၏လက်အောက်၌ ဒုက္ခရောက်နေသောသူများကို ကုသခဲ့ပါသည်။ ဖျားနာ သောသူများကိုကျန်းမာခြင်းနှင့်လည်းကောင်း၊မသန်မစွမ်းများကို ပျော်ရွှင်စွာထခုန်လျှက် ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှားစေခြင်းအားဖြင့်လည်းကောင်း၊ ပြုတော်မူခဲ့ပါသည်။ မျက်စေ့မမြင်သောသူတို့ကို အမြင်အာရုံပြန်လည်ရ စေခဲ့သည်။ စာတန်၏ကျော့ကွင်း၌ နှစ်ပေါင်းများစွာကြာအောင် အချုပ်အနှောင်ခံရသူများကို ပြန်လည်ကျန်းမာစေခဲ့ တော်မူပါသည်။ အားအင်ချိနဲ့ကာ စိတ်ဓါတ်ကျနေသောသူတို့ကို စကားတော်အားဖြင့် နှစ်သိမ့်ခဲ့ပါသည်။ သေလွန် သောသူတို့ကို ပြန်လည်ထမြောက်စေခဲ့ပါသည်။ ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ဘုန်းတော်ထင်ရှားစေတော် မူခဲ့ပါသည်။ ကိုယ်တော်ကို ယုံကြည်သောသူများအတွက် ကြီးမားသောတန်ခိုးတော်ဖြင့် ကူညီခဲ့ပါသည်။ စာတန်၏ လက်ထဲ၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး ရှုံးနိမ့်နေသောသူတို့ကို ကိုယ်တော်သည်လုယူ၍ မိမိ၏တန်ခိုးတော်အားဖြင့် ကိုယ်ခန္ဓာကျန်းမာခြင်းနှင့်အတူစိတ်၏ ပျော်ရွှင်မှုကိုလည်းပေးတော်မူခဲ့ပါသည်။ သခင်ခရစ်တော်၏ သက်တော်စဉ် တွင်သူတစ်ပါးအား ကူညီမစခြင်းနှင့်အတူ သနားခြင်းကရုဏာနှင့် မေတ္တာပြည့်ဝလျှက်ရှိပါသည်။ အထံတော်သို့ ရောက်ရှိလာသူတို့၏ ညည်းတွားသံကို နားထောင်တော်မူပြီး သက်သာမှုကို ပေးတော်မူခဲ့ပါသည်။ သို့သော် အမှုတော် ပြီးမြောက်သည့်အခါ လူအမြောက်အမြား၏ အသက်တာသည် ကိုယ်တော်၏ တန်ခိုးတော်ကို သက်သေခံလျှက်ရှိ သည်။ သို့သော်လည်း လူအမြောက်အမြားတို့သည်ကိုယ်တော်ထံမှ ကောင်းကြီးမင်္ဂလာများကို ခံစားရပြီးသည့်နောက် အလွန်နှိမ့်ချလျှက်ရှိသည့် မြတ်သောဆရာကိုယုံကြည်ရန် သိမ်ငယ်လျှက်ရှိပါသည်။ မိမိတို့၏ခေါင်းဆောင်များက ကိုယ်တော်ကို မယုံကြည်သောကြောင့်သူတို့လည်း ကိုယ်တော်နှင့်အတူ ဒုက္ခခံရန်မလိုလားခဲ့ပါ။ ကိုယ်တော်သည် နာကျင်မှု၊ ဝမ်းနည်းမှုများနှင့် ပြည့်နေပါသည်။ သို့သော်လည်း မိမိအလိုကိုငြင်းပယ်သောကိုယ်တော်၏အသက်တာ ကိုအနည်းငယ်ကသာ ခံယူလျှက်ရှိပြီးလောက၏ ချီးမြှောက်မှုများကိုလိုလားနေခဲ့ကြပါသည်။ လူအမြောက်အများ သည်ဘုရားသခင်၏သားတော်နောက်လိုက်ကာ နှုတ်ကပတ်တရားတော်တို့၌ ပျော်မွေ့လျှက်ရှိပါသည်။ တရားတော် သည်အဓိပ္ပါယ်လေးနက်ကာ အငယ်ဆုံးသောသူပင် နားလည်နိုင်လောက်အောင် ရှင်းနေပါသည်။GCB58 11.3

    စာတန်နှင့်သူ၏ ကောင်းကင်တမန်များတို့သည် အလုပ်ရှုပ်လျှက်ရှိပါသည်။ ယုဒလူတို့၏ အမြင်အာရုံတို့နား လည်နိုင်မည့်အစွမ်းကို အမှောင်တိကျ၍ ပိတ်ပင်သွားရန် ကြိုးစားလျှက်ရှိသည်။ ယုဒခေါင်းဆောင်တို့သည် ကိုယ်တော်၏အသက်တော်ကို လုပ်ကြံရန် စာတန်သွေးဆောင်ခဲ့ပါသည်။ ဗိမာန်တော်၌ အရာရှိတို့ကိုစေလွတ်၍ သခင် ခရစ်တော်ကို ဖမ်းဆီးချုပ်နှောင်ရန် စေခိုင်းသော်လည်း ကိုယ်တော်အနီးသို့ရောက်ရှိလာသောအခါ ထိုသူတို့သည် အံ့ ဩခဲ့ရပါသည်။ လူသားများအပေါ် ကိုယ်တော်၏ သနားခြင်းကရုဏာကို ထိုသူတို့လက်တွေ့မြင်တွေ့ခဲ့ရပါသည်။ အားအင်ချိနဲ့ ဒုက္ခရောက်နေသောသူတို့ကို ပြောဆိုသောကိုယ်တော်၏ ကရုဏာသက်သေစကားတော်တို့ကို ထိုသူတို့ ကြားခဲ့ရပါသည်။ တန်ခိုးအာဏာနှင့်အတူ စာတန်မာရ်နတ်၏ အချုပ်အနှောင်ထဲသို့ရောက်နေသော သူတို့လွှတ် မြောက်ရန် စာတန်ကိုနှင်ထုတ်သောဩဇာအသံကိုလည်း ကြားခဲ့ရပါသည်။ ကိုယ်တော်၏နှုတ်တော်မှ သွန်သင်ဆုံး မကာတရားတော်တို့ကိုလည်း သူတို့ကြားခဲ့ရပါသည်။ ထိုသူတို့သည်ကိုယ်တော်ကို မဖမ်းဝံ့တော့ပါ။ ကိုယ်တော်မပါ ဘဲယဇ်ပရောဟိတ်မင်းများထံသို့ ရောက်ရှိလာကာ ခေါင်းဆောင်များက မေးမြန်းသောအခါ ထိုသူတို့သည်ကိုယ်တော် ၏အံ့ဖွယ်နိမိတ်လက္ခဏာများ နှုတ်ကပတ်တရားတော်နှင့် ချစ်ခြင်းမေတ္တာအကြောင်းကို သက်သေခံကာတစ်စုံတစ် ယောက်မျှဤကဲ့သို့မပြောဆိုခဲ့ကြောင်းကို ပြန်ပြောလိုက်ပါသည်။ ယဇ်ပရောဟိတ်များက သူတို့လှည့်စားခြင်းခံ၇ ပြီးလားဟု စေလွှတ်သောသူတို့ကို စွပ်စွဲခဲ့ပါသည်။ ခရစ်တော်ကို မဖမ်းဆီးလာခဲ့သည့်အတွက် အချို့ကအရှက်ရခဲ့ပါ သည်။ ယဇ်ပရောဟိတ်မင်းများသည် ပျက်ရယ်ပြုလျှက်ခေါင်းဆောင်များ၏ အသိုင်းအဝိုင်းမှ ကိုယ်တော်ကိုလက်ခံ မည့်သူတစ်စုံတစ်ယောက် ရှိသလောဟု မေးမြန်းခဲ့ပါသည်။ ခေါင်းဆောင်နှင့် လူကြီးအမြောက်အမြားတို့သည် ကိုယ် တော်ကိုလက်ခံကြောင်း ကျမတွေ့ခဲ့ရပါသည်။ သို့သော်လည်း ဝန်ခံခြင်းမပြုရန်စာတန်သည် သူတို့ကို တားဆီးလျှက် ရှိပါသည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထက် လူ၏အပြစ်တင်ခြင်းကို စိုးရိမ်ခဲ့ပါသည်။GCB58 11.4

    ယခုတိုင်အောင်စာတန်၏ပါးနပ်မှုနှင့် မုန်းတီးရွံရှာခြင်းသည် ကယ်တင်ခြင်းစီမံကိန်းကို မပယ်ဖျက်နိုင်ခဲ့ပါ။ သခင်ခရစ်တော်၏ ရည်မှန်းချက်ပြည့်စုံရမည့်အချိန် နီးကပ်လာပါသည်။ စာတန်သည် သူ၏နတ်ဆိုးများနှင့်တိုင်ပင် ကာ ခရစ်တော်၏အမျိုးသားတို့သည် ကိုယ်တော်၏အသွေးတော်ကိုတောင်းဆိုလျှက် ရက်စက်စွာ သတ်ဖြတ်ပြီး ရှုံ့ချရန်ဆုံးဖြတ်ခဲ့ပါသည်။ ဤအပြုအမူတို့ကို သခင်ခရစ်တော်သည် ရွံရှာလျှက်မိမိ၏နှိမ့်ချခြင်းကိုပယ်ဖျက်ရန် ကြိုးစားလိမ့်မည်ဟု စာတန်မျှော်လင့်ခဲ့ပါသည်။GCB58 12.1

    စာတန်သည် မိမိ၏အစီအစဉ်များကို ပြုလုပ်နေစဉ် သခင်ခရစ်တော်သည် မိမိခံစားရမည့် ညှဉ်းပန်းနှိပ်စက် ခြင်းအကြောင်းကို တပည့်တော်တို့အား အသေအချာရှင်းပြလျှက်ရှိပါသည်။ မိမိအသေသတ်ခံရမည်ဖြစ်သော်လည်း တတိယနေ့ရက်၌ ပြန်လည်ရှင်ပြန်ထမြောက်မည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ သို့သော်လည်း သူတို့နားမလည် နိုင်ပါ။ ဦးနှောက်များတွေဝေလျှက်ရှိပြီး နားမလည်ခဲ့ကြပါ။GCB58 12.2

    ဆက်လက်လေ့လာရန်။ လုကာ ၄:၂၉။ ယောဟန် ၇:၄၅-၄၈၊ ၈:၅၉။GCB58 12.3