Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၇) သန့်ရှင်းရာ ဌာနတော်။

    မျှော်လင့်တောင့်တနေကြသော အချိန်တွင် ယေရှုကို မဖူးတွေ့ရကြသည့်အတွက် ဘုရားသခင်၏လူတို့ပြင်း ထန်စွာစိတ်ပျက်နေကြပုံကို ကျမအားညွှန်ပြတော်မူပါသည်။ ပရောဖက်အနာဂါတ်ဆိုင်ရာ အချိန်ကာလအပိုင်းအ ခြားမကုန်ဆုံးသေးကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားဟူ၍ သူတို့မတွေ့မသိရကြသဖြင့် သူတို့၏ကယ် တင်ရှင်သည် မည်သည့်အတွက် မကြွလာသေးသည်ကို သူတို့နားမလည်နိုင်ကြပါ။ ထိုအခါကောင်းကင်တမန်က ဘုရားသခင်၏ နှုတ်ကပတ်တော်မှားနေမည်လား၊ ဘုရားသခင်သည် မိမိ၏ ဂတိတော်များကို မဖြည့်ဆည်းဘဲထား တော်မူပါမည်လား။ မဟုတ်ပါ။ ကိုယ်တော်၏ဂတိတော်အားလုံး အချိန်မှီပြည့်စုံပြီးဖြစ်သည်။ ယေရှုထမြောက်မူတော် ပြီးကောင်းကင်သန့်ရှင်းရာဌာနတော်၊ သန့်ရှင်းသောအခန်းတံခါးကိုပိတ်ပြီးလျှင် သန့်ရှင်းရာဌာနတော်ကို ဆေးကြော ရန် အသန့်ရှင်းဆုံးသော အခန်းတံခါးကိုဖွင့်၍ ဝင်တော်မူ၏။ သည်းခံ၍ စောင့်နေသောသူတိုင်း ထိုနက်နဲသော အကြောင်းအရာကို နားလည်သဘောပေါက်ကြလိမ့်မည်။ လူတို့မှားယွင်းကြသော်လည်း ဘုရားသခင်ဖက်မှ ချို့ယွင်း ချက်မရှိပါ။ ဘုရားသခင်ဂတိထားတော်မူသမျှ ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်လေပြီး။ သို့သော်ပရောဖက်အနာ ဂါတ်စကားဆိုင်ရာ အချိန်ကာလအပိုင်းအခြား ပြီးဆုံးချိန်တွင် ဆေးကြောရမည့်သန့်ရှင်းရာဌာနတော်မှာ ဤကမ္ဘာမြေ ကြီးဖြစ်သည်ဟု လူတို့မှားယွင်းယုံကြည်ထားခဲ့ကြ၏။ ၎င်းမှာလူတို့၏ အယူအဆချို့ယွင်းမှုသာဖြစ်၍ ဘုရားသခင်၏ ဂတိတော်မပြည့်စုံခြင်း မဟုတ်ဟု ကောင်းကင်တမန်က ရှင်းပြပါသည်။GCB58 67.2

    အသန့်ရှင်းဆုံးသောအခန်းသို့ စိတ်ပျက်နေသူများ၊ အာရုံစိုက်ကြရန် လမ်းညွှန်ရေးအတွက် ယေရှုသည် ကောင်းကင်တမန်များကို စေလွှတ်တော်မူ၏။ ကိုယ်တော်သည် ထိုအသန့်ရှင်းဆုံးသောအခန်း၌ သန့်ရှင်းရာဌာန တော်ကိုဆေးကြောသုတ်သင်တော်မူပြီးလျှင် ဣသရေလအတွက် အထူးအပြစ်ဖြေလွှတ်ခြင်းအမှုကို ပြုနေတော်မူ ၏။ကိုယ်တော်ကိုတွေ့သောသူတိုင်း ကိုယ်တော်ဆောင်ရွက်တော်မူရမည့်အမှုတော်ကို နားလည်ကြပေလိမ့်မည်ဟု ကောင်းကင်တမန်တို့အား ယေရှုမိန့်မှာတော်မူ၏။ ယေရှုသည် အသန့်ရှင်းဆုံးသော အခန်း၌ ရှိနေတော်မူစဉ် ကိုယ်တော်သည် ယေရှုရှလင်မြို့သစ်နှင့်ထိန်းမြားတော်မူပြီးလျှင် ထိုအသန့်ရှင်းဆုံးသောအခန်း၌ မိမိ၏ အမှုတော်ပြီး ဆုံးသောအခါကိုယ်တော်သည် ဘုရင်ကြီး၏ဘုန်းတန်ခိုးအာနုဘော်တော်ကိုဆောင်လျှင် ဤကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာပြီးလျှင် ကိုယ်တော်ကြွလာတော်မူခြင်းကို စိတ်ရှည်စွာ စောင့်မျှော်နေကြသော မြတ်နိုးသူများအားမိမိ ထံတော်သို့ သိမ်းယူတော်မူလိမ့်မည်ဟု ကျမမြင်တွေ့ရပါသည်။GCB58 68.1

    ပရောဖက်အနာဂါတ်စကားဆိုင်ရာအချိန်ကာလ အပိုင်းအခြားများ ကုန်ဆုံးသည့် (၁၈၄၄) ခုနှစ်က ကောင်း ကင်ဘုံတွင်ဖြစ်ပေါ်သည့်အကြောင်းအရာများကို ကျမအားဖေါ်ပြတော်မူပါသည်။ သန့်ရှင်းသောအခန်း၌ ယေရှု၏ အမှုတော်ပြီးဆုံးသဖြင့် ထိုအခန်းတံခါးတော်ကိုပိတ်တော်မူသောအခါ ကိုယ်တော်ကြွလာတော်မူခြင်းဆိုင်ရာ သတင်း စကားကိုကြားရသော်လည်း လက်မခံသောသူများအပေါ်သို့ မှောင်မိုက်ဖုံးလွှမ်းသဖြင့် ကိုယ်တော်အား သူတို့မဖူးမြင် ရကြတော့ပါ။ ထိုအခါ ယေရှုသည် မြတ်တော်မူသောဝတ်ရုံများကို ဆင်မြန်းတော်မူ၏။ ကိုယ်တော်၏ဝတ်ရုံတော် အောက်စွန်းအနားပတ်လည်တွင် တလည်းသီးတစ်လုံး၊ ရွှေဆွဲလည်းတစ်လုံးစီခြားလျှက် အစဉ်အတိုင်းဆွဲထားပါ သည်။ထူးဆန်းစွာစီမံထားသော ဗျာဒိတ်ရင်ဖုံးကိုပခုံတော်ပေါ်မှ တွဲလောင်းဆွဲထားပါသည်။ ကိုယ်တော်လှုပ်ရှား တော်မူသောအခါ ထိုဗျာဒိတ်ရင်ဖုံးတော်တစ်ခုလုံးတွင် တောက်ပြောင်လျှက် အမည်နာမများတွင် စိန်လုံးများစီထား သကဲ့သို့ ဖြစ်လျှက်နေပါသည်။ ဦးခေါင်းပေါ်တွင် သရဖူနှင့် သဏ္ဌာန်တူသောပေါင်းတော်တစ်ခုကို ဆောင်းထားပါ သည်။ ကိုယ်တော်သည် ဝတ်ရုံအပြည့်အစုံကို ဆင်မြန်းတော်မူပြီးသောအခါ ကောင်းကင်တမန်အပေါင်းခြံရံလျှက်မီး လျှံတောက်သောရထားတော်ကိုစီးပြီးလျှင် ဒုတိယကန့်လန်ကာအတွင်းသို့ ဝင်တော်မူ၏။ ထိုအချိန်တွင်ကောင်းကင် သန့်ရှင်းရာဌာနတော်၌ အခန်းနှစ်ခန်းရှိပုံကို သတိပြုရန် ကျမအားညွှန်ကြားတော်မူ၏။ ကန့်လန်ကာသို့မဟုတ်တံခါး ပွင့်နေသဖြင့် ကျမဝင်ခွင့်ရခဲ့ပါသည်။ ပထမအခန်းတွင်တင့်တယ်၍ ထိန်လင်းနေသော မီးခုံတိုင်နှင့်မီးခွက်ခုနစ်လုံး၊ ရှေ့တော်မုန့်တင်ထားသောစားပွဲ၊ နံ့သာပေါင်းမွှေး၊ ပူဇော်ရာပလ္လင်နှင့်လင်ပန်းကို ကျမတွေ့ရပါသည်။ ထိုအခန်း တွင်း၌အသုံးအဆောင်အားလုံး၊ ရွှေစစ်စစ်ကဲ့သို့ဖြစ်၍ ထိုအခန်းတွင်းသို့ဝင်သောသူကို ရောင်ပြန်ဟပ်စေပါသည်။ အ ခန်းနှစ်ခန်းကို သီးသန့်ထားသည့် ကန့်လန်ကာသည် အလွန်ထည်ဝါ၍ အရောင်စုံပစ္စည်းစုံဖြင့် မွမ်းမံထားပြီးလျှင် အောက်စွန်းတွင်လှပတင့်တကယ်စွာ အနားကွပ်ထားပါသည်။ ထိုကွပ်ထားသောအနားပေါ်တွင် ကောင်းကင်တမန်ပုံ များကိုရွှေဖြင့် ရုပ်လုံးဖေါ်ထားပါသည်။ ကန့်လန်ကာကို မြှင့်တင်လိုက်ရာ ဒုတိယအခန်းတွင်းသို့ ကြည့်ရှုခွင့်ရသဖြင့် သေတ္တာအပေါ်နားပတ်လည်၌ ကွပ်ထားသော ရွှေတန်ဆာပေါ်တွင် သရဖူပုံများကို ရုပ်လုံးဖေါ်ထားပါသည်။ ရွှေစင် စစ်ဖြစ်ပါသည်။ သေတ္တာအတွင်း၌ ပညတ်တော်ဆယ်ပါးကို အက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားရှိပါသည်။ ချစ်ဖွယ်သောခေရုဗိန်နှစ်ပါးသည် သေတ္တာအပေါ် တစ်ဖက်စွန်းစီတွင်ရပ်လျှက် ကရုဏာပလ္လင်တော်ရှေ့တွင်ရပ်နေ တော်မူသောယေရှု၏ ဦးခေါင်းတော်ကိုကျော်လွန်၍ မိမိတို့၏အတောင်များကို တစ်ခုနှင့်တစ်ခုထိအောင်ဖြန့်ထားကြ ပါသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာမူလျှက် သေတ္တာတော်ကိုငုံ့၍ ကြည့်နေကြသည်မှာ ကောင်းကင်ဗိုလ် ခြေတို့သည် ဘုရားသခင်၏ ပညတ်တော်များကို စိတ်ပါဝင်စားစွာဖြင့် ကြည့်နေကြသည်ကို ကိုယ်စားပြုထားပါ သည်။ခေရုဗိန်နှစ်ပါး၏ အလယ်တွင် ရွှေလင်ပန်းတစ်ခုရှိသည်ဖြစ်ရာ သန့်ရှင်းသူများ ယုံကြည်စွာဖြင့် တောင် လျှောက်ကြသည့် ပဌနာသံများသည် ယေရှုရှင်ထံသို့တက်လာသောအခါ ကိုယ်တော်သည် ခမည်းတော်ထံသို့ ဆက် လက်တင်ဆက်တော်မူရာတွင် လင်ပန်းရှိနံ့သာပေါင်းမှ မွှေးကြိုင်သောရနံ့သည် ရောင်စုံမီးခိုးပမာ လှပတင့်တယ် စွာခမည်းတော်ဘုရားသခင်၏ အထံတော်သို့တက်လေ၏။ သေတ္တာတော်ရှိသခင်ယေရှုရှင် ရပ်နေတော်မူသည့်နေ ရာအပေါ်ဖက်တွင် ကျမ၏မျက်စိဖြင့် မကြည့်နိုင်လောက်အောင် ထူးကဲစွာထွန်းတောက်သော ဘုန်းတော်ရောင် ခြည်ရှိနေပါသည်။ ၎င်းမှာဘုရားသခင်၏တည်ရှိရာ ပလ္လင်တော်ဟု မှတ်ယူရပါသည်။ မွှေးကြိုင်သောနံ့သာပေါင်း သည်ခမည်းတော်ထံသို့တက်သောအခါ အလွန်မြတ်တော်မူသည့်ဘုန်းတော်သည် ပလ္လင်တော်မှ သခင်ယေရှုထံ တော်သို့ရောက်လာပြီးလျှင် ကိုယ်တော်၏မေတ္တာတော်မှတစ်ဆင့် မွှေးကြိုင်သောနံ့သာပေါင်းပမာ ဆုတောင်းပဌနာ ပြုသူများထံသို့ တက်ဆင်းလေ၏။ ဘုန်းတော်နှင့် အလင်းရောင်စည် သခင်ယေရှုအပေါ်သို့ ထွန်းတောက်ပြီး လျှင်ကရုဏာပလ္လင်တော်ကို လွှမ်းမိုးလေ၏။ ဘုန်းတော်တန်ခိုးသည်လည်း ဗိမာန်တော်ကိုပြည့်လေ၏။ ထူးကဲစွာ ထွန်းတောက်နေသည့်ဘုန်းတော်ရောင်ခြည်ကိုလည်း ကျမကြာမြင့်စွာ မကြည့်နိုင်တော့ပါ။ ထိုထွန်းတောက်နေပုံကို လူတို့၏ဘာသာစကားဖြင့်လည်း မဖေါ်ပြနိုင်ပါ။ ထို့ကြောင့် ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောထိုမြင် ကွင်းမှအံ့ဩစွာဖြင့် ကျမမျက်နှာလွှလိုက်ရတော့သည်။GCB58 68.2

    အခန်းနှစ်ခန်းပါဝင်သော ဤကမ္ဘာမြေကြီးပေါ်ရှိ သန့်ရှင်းရာဌာနတော်တစ်ဆောင်ကိုလည်း ကျမအား ညွှန်ပြတော်မူပါ၏။ ကောင်းကင်သန့်ရှင်းရာဌာနတော်နှင့် ပုံသဏ္ဌာန်တူညီသည်ဖြစ်ရာ ၎င်း၏အရိပ်ဖြစ်ကြောင်းဆို ပါသည်။ထိုမြေကြီးပေါ်ရှိသန့်ရှင်းရာဌာနတော်၏ပထမအခန်းမှအသုံးအဆောင်ပစ္စည်းများသည် ကောင်းကင်သန့်ရှင်း ရာဌာနတော်၏ ပထမအခန်းမှ အသုံးအဆောင်ပစ္စည်းများနှင့် တူညီပါသည်။ ကန့်လန်ကာကိုမြှင့်တင်လိုက်သောအ ခါအသန့်ရှင်းဆုံးသောအခန်းကို ကျမကြည့်ရှုရပါသည်။ ထိုအခန်းတွင်ရှိသော အသုံးအဆောင်များမှာလည်းကောင်း၊ ကောင်းကင်သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးသောအခန်းများမှ ပစ္စည်းများနှင့် တူညီပါသည်။ မြေကြီးဆိုင်ရာ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပရောဟိတ်သည် အခန်းနှစ်ခန်းလုံးတွင် အမှုဆောင်ရွက်ရပါသည်။ ပထမအခန်းသို့ နေ့စဉ်ဝင်ရောက်ရသော်လည်း အသန့်ရှင်းဆုံးသောအခန်းသို့ တစ်နှစ်တွင်တစ်ကြိမ်သာ ဝင်ရပါသည်။ ထိုသို့ဝင်ရ ခြင်းမှာ ထိုအခန်းတွင်းသို့ ပုံထားသော အပြစ်များကို ဆေးကြောသုတ်သင်ရန်အတွက် ဖြစ်ပါသည်။ သခင်ယေရှုသည် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ အခန်းနှစ်ခန်းလုံးတွင် အမှုဆောင်ရွက်ရသည်ဟု ကျမမြင်ရပါသည်။ အပြစ်ဖြေ ရာပူဇော်သက္ကာတစ်ရပ်အဖြစ် တိရစ္ဆာန်တစ်ကောင်၏အသွေးကိုယူလျှက် ယဇ်ပရောဟိတ်များ မြေကြီးပေါ်ရှိသန့် ရှင်းရာဌာနတော်သို့ဝင်ကြပါသည်။ ခရစ်တော်သည် မိမိကိုယ်ပိုင်အသွေးတော်ကို အပြစ်ဖြေရာပူဇော်သက္ကာအဖြစ် ယူဆောင်လျှက် ကောင်းကင်သန့်ရှင်းရာဌာနတော်သို့ ဝင်တော်မူ၏။ မြေကြီးဆိုင်ရာ ယဇ်ပရြောဟိတ်များသေဆု့း သောအခါရာထူးမှနှုတ်ပယ်ခြင်းခ့ရကြသဖြင့် အချိန်ကာလကြာမြင့်စွာ အမှုတော်ကို မထမ်းဆောင်နိုင်ကြသော် လည်းသခင်ယေရှုမူကား ထာဝရကာလပတ်လုံး ယဇ်ပရောဟိတ်မင်းဖြစ်တော်မူ၏။ မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာန တော်သို့ ယူဆောင်ခဲ့ကြသော ယဇ်နှင့်ယဇ်ပူဇော်သက္ကာများအားဖြင့် ဣသရေလလူတို့သည် ကြွလာတော်မူလတ္တံ့သော ကယ်တင်ရှင်၏ကျေးဇူးတော်ကို ခံစားရကြရန်ဖြစ်ပါသည်။ မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာနတော်၏ အသေးစိတ် ဆောင်ရွက်ပုံများကိုလေ့လာခြင်းဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်သန့်ရှင်းရာဌာနတော်တွင် ခရစ်တော်ဆောင်ရွက် သည့်အမှုတော်ကို နားလည်သဘောပေါက်ရန် ဘုရားသခင်သည် မဟာဉာဏ်တော်ဖြင့် စီမံထားတော်မူ၏။GCB58 69.1

    လက်ဝါးကပ်တိုင်ပေါ်တွင် သခင်ယေရှုသည် အမှုပြီးပြီဟု မိန့်တော်မူပြီးမှ အသက်ကိုစွန့်တော်မူ၏။ ထိုအ ချိန်တွင်ဗိမာန်တော်၏ကန့်လန်ကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ ထိုသို့ဖြစ်ရခြင်း မှာမြေကြီးဆိုင်ရာ သန့်ရှင်းရာဌာနတော်အတွင်း အမှုတော်ဆောင်ရွက်ခြင်းအားလုံးကို ထာဝရရပ်စဲလိုက်ပြီးဖြစ် ကြောင်းဘုရားသခင်သည် ဤယဇ်ပူဇော်ခြင်းများကို လက်ခံမည်မဟုတ်ချေ။ ထိုအချိန်က ယိုစီးခဲ့သော သွေးတော် ဖြင့်ယေရှုကိုယ်တိုင်မိမိကိုယ်ကို ပူဇော်ခဲ့ပြီးဖြစ်ပါသည်။ ယဇ်ပရောဟိတ်မင်းသည် တစ်နှစ်လျှင်တစ်ကြိမ် မြေကြီးပေါ် ရှိ သန့်ရှင်းရာဌာနတော်ကို ဆေးကြောရန် အသန့်ရှင်းဆုံးသောအခန်းတွင်းသို့ ဝင်ရောက် ရသည်နည်းတူ သခင်ယေရှုသည် ဒံယေလ(၈) တွင်ဖေါ်ပြထားသည့် ရက်ပေါင်း (၂၃၀၀) ကုန်ဆုံးသည့် (၁၈၄၄) ခုနှစ်တွင်ကောင်းကင် သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးသောအခန်းတွင်းသို့ ဝင်ရောက်တော်မူလျှက် ကိုယ်တော်၏ ကြားဖြန်ဖြေရေး အမှုတွင်ခံစားခွင့်ရှိနိုင်သူအပေါင်းအား အပြီးသတ်အပြစ်ဖြေလွှတ်ခြင်းဖြင့် ကောင်းကင် သန့်ရှင်းရာဌာနတော်ကို ဆေးကြောရန် ဖြစ်ပါသည်။GCB58 69.2

    ဆက်လက်လေ့လာရန်။ ထွက် ၂၅-၂၈။ ဝတ် ၁၆။ ၃ဓမ္မ ၂:၁၁။ ဒံ ၈:၁၄။ မဿဲ ၂၇:၅-၅၁။ ဟေဗြဲ ၉။ ဗျာ ၂၁။GCB58 69.3