အခန်း (၂၁) အသင်းတော်နှင့်လောကပူးပေါင်းခြင်း။
-
- အခန်း (၁) စာတန်၏ ကျဆုံးခြင်း။
- အခန်း (၂) လူတို့၏ ကျဆုံးခြင်း။
- အခန်း (၃) ကယ်တင်ခြင်း စီမံကိန်း။
- အခန်း (၄) သခင်ခရစ်တော်၏ ပထမအကြိမ် ကြွလာခြင်း။
- အခန်း (၅) သခင်ခရစ်တော်၏ အမှုတော်
- အခန်း (၆) ဘုန်းတော် ထွန်းတောက်ခြင်း။
- အခန်း (၇) သခင်ခရစ်တော်အား သစ္စာဖေါက်ခြင်း။
- အခန်း (၈) သခင်ခရစ်တော်အား စစ်ဆေးခြင်း။
- အခန်း (၉) သခင်ခရစ်တော်၏ အသေခံတော်မူခြင်း။
- အခန်း (၁၀) သခင်ခရစ်တော် ရှင်ပြန် ထမြောက်တော်မူခြင်း။
- အခန်း (၁၁) သခင်ခရစ်တော် (ကောင်းကင်သို့) တက်ကြွခြင်း။
- အခန်း (၁၂) သခင်ခရစ်တော်၏ တပည့်တော်များ။
- အခန်း (၁၃) သတေဖန် သေဆုံးခြင်း။
- အခန်း (၁၄) ရှောလု၏ စိတ်နှလုံးပြောင်းလဲခြင်း။
- အခန်း (၁၅) ယုဒလူမျိုးတို့သည် ပေါလုကို သတ်ရန် ဆုံးဖြတ်ခဲ့သည်။
- အခန်း (၁၆) ယေရုရှလင်မြို့သို့ ရှင်ပေါလု လည်ပတ်ခြင်း။
- သင်ခန်းစာ (၁၇) ကြီးမားသော ဖေါက်ပြန်မှု။
- သင်ခန်းစာ (၁၈) အပြစ်ဒုစရိုက်၏ လျှို့ဝှက်နက်နဲမှု။
- အခန်း (၁၉) သေခြင်းသည် ထာဝရ ငရဲခံခြင်းမဟုတ်။
- အခန်း (၂၀) ဘာသာရေးပြုပြင်ပြောင်းလဲခြင်း။
- အခန်း (၂၁) အသင်းတော်နှင့်လောကပူးပေါင်းခြင်း။
- အခန်း (၂၂) ဝီလျံမေးလား
- အခန်း (၂၃) ပထမကောင်းကင်တမန်၏သတင်းစကား
- အခန်း (၂၄) ဒုတိယကောင်းကင်တမန်၏သတင်းစကား။
- အခန်း (၂၅) မြော်လင့်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို သရုပ်ဖေါ်ထားခြင်း။
- အခန်း (၂၆) တစ်မျိုးတစ်ဖုံ သရုပ်ဖေါ်ထားပြန်ခြင်း။
- အခန်း (၂၇) သန့်ရှင်းရာ ဌာနတော်။
- အခန်း (၂၈) တတိယကောင်းကင်တမန်၏ သတင်းစကား။
- အခန်း (၂၉) ခိုင်မာတောင့်တင်းသော စင်မြင့်။
- အခန်း (၃၀) နတ်မိစ္ဆာအယူဝါဒ
- အခန်း (၃၁) ဝိသမ လောဘ
- အခန်း (၃၂) ဆန်ခါချခြင်း။
- အခန်း (၃၃) ဗာဗုလုန်မြို့ကြီး၏ ဒုစရိုက်များ
- အခန်း (၃၄) ကျယ်လောင်သောဟစ်အော်သံ
- အခန်း (၃၅) တတိယသတင်းစကားကို လက်စသပ်ခြင်း။
- အခန်း (၃၆) ယာကုပ်၏ ဆင်းရဲဒုက္ခကပ်ကာလ
- အခန်း (၃၇) သန့်ရှင်းသူများ လွှတ်မြောက်ခြင်း။
- အခန်း (၃၈) သန့်ရှင်းသူတို့အတွက် ဆုမြတ်မင်္ဂလာ
- အခန်း (၃၉) ဆိတ်သုန်းသောကမ္ဘာ။
- အခန်း (၄၀) ဒုတိယအကြိမ် ထမြောက်ခြင်း။
- အခန်း (၄၁) ဒုတိယသေခြင်း
Search Results
- Results
- Related
- Featured
- Weighted Relevancy
- Content Sequence
- Relevancy
- Earliest First
- Latest First
- Exact Match First, Root Words Second
- Exact word match
- Root word match
- EGW Collections
- All collections
- Lifetime Works (1845-1917)
- Compilations (1918-present)
- Adventist Pioneer Library
- My Bible
- Dictionary
- Reference
- Short
- Long
- Paragraph
No results.
EGW Extras
Directory
အခန်း (၂၁) အသင်းတော်နှင့်လောကပူးပေါင်းခြင်း။
ဤအချိန်နောက်ပိုင်းတွင် စာတန်နှင့်သူ၏တမန်တို့ မည်သည့်အချက်များတွင် အမြတ်ထွက်ကြောင်း တိုင် ပင်စည်းဝေးခဲ့ကြပါသည်။ ကြောက်တတ်သောသူအချို့ အသေသတ်ခံရမည်ကိုစိုးရိမ်သောကြောင့် သမ္မာတရား တော်ကိုမခံယူဝံ့သဖြင့် သူတို့ဘက်သို့ ပါသွားကြသည်မှာ မှန်ပါသည်။ သို့သော် အကြောက်တတ်ဆုံးသော သူများ ပင်လျှင် သမ္မာတရားတော်ကို လက်ခံပြီးပါက ထိုကြောက်စိတ်ချက်ခြင်းပျောက်သွားသူ အများအပြားရှိပါသည် ထိုသူ တို့သည် သူတို့၏ညီအစ်ကိုများ ကွက်မျက်ခံရကြသည်ကို မျက်မြင်ကိုယ်တွေ့မြင်ကြသောအခါ သူတို့၏ကြံ့ခိုင်ပုံ၊ ရဲ ရင့်တည်ကြည်ပုံ၊ ခံနိုင်ရည်ရှိပုံကိုကြည့်၍ ဘုရားသခင်နှင့် ကောင်းကင်တမန်များ၏ အကူအညီကြောင့်ဤမျှ လောက်ဆင်းရဲဒုက္ခတွင် ခံနိုင်ရည်ရှိကြောင်း အတတ်သိရကြသဖြင့် သူတို့သည်လည်း ကြောက်စိတ်ပျောက်၍ရဲစွမ်း သတ္တိရှိလာကြပါသည်။ သူတို့၏အသက်များကို တောင်းဆိုလာကြသောအခါတွင်လည်း သူတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ စိတ်ရှည်စွာဖြင့် စွဲမြဲစွာ ထိန်းသိမ်းထားကြပုံကို တွေ့မြင်ရကြသောသူတို့အားတင်း၍ အဆစ်များပြုတ် ထွက်သည့်အထိ ဆွဲသတ်မည့်စင်နှင့် မီးတောက်မီးလျှံများကို ခွန်အားအနည်းဆုံးသောသူများပင် မကြောက်မရွံ့ရင် ဆိုင်ဝံ့ကြသည်မှာ သူတို့၏သစ္စာခိုင်မြဲမှုနှင့် မျှော်လင့်ချက်များက စွမ်းအားပေးနေခြင်းပင် ဖြစ်ပါသည်။ ခရစ်တော် သည်လူသတ်သမားတို့၏ ရှေ့တွင် မြင့်မြတ်သော သဘောတော်ဖြင့် သည်းခံတော်မူသည်ကို အတုယူ၍ သူတို့ကို ကိုယ်တိုင်သည်းခံကြသည့်အတွက် ဘုရားသခင်၏ဘုန်းတော်သည် သူတို့အပေါ် သက်ရောက်ခြင်းအားဖြင့် အခြားအ များသောသူတို့အား အမှန်တရားကို ထင်ရှားစွာဖေါ်ညွှန်းနိုင်ကြပါသည်။ ထို့ကြောင့်စာတန်အနေဖြင့် ပို၍လိမ္မာသိမ် မွေ့သောပုံစံဖြင့်ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ ကျမ်းစာ၏ အခြေခံသဘောတရားများကို ယိုယွင်းအောင်သူ ဆောင်ရွက်ခဲ့ပြီးဖြစ်နေပါသည်။ သန်းပေါင်းများစွာသောသူတို့ကို ဖျက်ဆီးနေသည့်ထုံးစံဓလေ့များစွာလည်း အမြစ်စွဲ နေပြီးဖြစ်သည်။ ထို့ကြောင့်သူ၏မုန်းတီးမှုကို ချုပ်တည်းထားပြီး အသင်းတော်အား ပြင်းထန်စွာ မနှိပ်စက်နိုင်ရန် ဆုံးဖြတ်ပြီးလျှင် အသင်းတော်အနေဖြင့် တစ်ကြိမ်တစ်ခါက သန့်ရှင်းသူများအားပေးအပ်ခဲ့သည့် ယုံကြည်ခြင်း၌သာ ကျေနပ်နေရန်မဟုတ်ဘဲ သူတို့၏ထုံးစံဓလေ့များကိုပါ အားကိုးအားထားပြုကြရန် ဆွဲဆောင်ဖို့ သူတို့၏ဘက်တော် သားများအား စာတန်ဦးဆောင်နေပါသည်။ အခွင့်အရေးထူးရရှိသည်ဟု အကြောင်းပြ၍ လောကီဂုဏ်အသရေ များကိုလည်းကောင်း၊ လောကီသားတို့၏ မြတ်နိုးခြင်းကိုလည်းကောင်း၊ အသင်းတော်အနေဖြင့် လက်ခံစေရန် စာ တန်သည်အသင်းတော်ကို စိုးမိုးနိုင်သည်နှင့်အမျှ အသင်းတော်အနေဖြင့် ဘုရားသခင်၏ နှစ်သက်တော်မူခြင်းကို စ တင်စွန့်လွှတ်ခဲ့ရပါသည်။ လောကီမိတ်ဆွေများကိုလည်းကောင်း၊ အပျော်အပါးကိုသာ နှစ်သက်သူများကိုလည်း ကောင်းပိတ်ပင်ထားသည့် ဖြောင့်မှန်သောသမ္မာတရားများကို ကြွေးကြော်ရန်လွှဲရှောင်သောကြောင့် အသင်းတော် ၏တန်ခိုးအာဏာသည် တစ်စတစ်စ ယုတ်လျော့သွားပါတော့သည်။GCB58 51.2
အသင်းတော်နှိပ်စက်ညှဉ်းဆဲခံရစဉ်က အသင်းသားများသည် ထူးဆန်းသောလူမျိုး၊ သီးသန့်ထားသောလူ မျိုးဖြစ်ခဲ့ကြသော်လည်း ယခုအခါထို့သို့မဟုတ်ကြတော့ပါ။ ရွှေသည်အဘယ့်ကြောင့် အရောင်မှေးမှိန်သွားပါသနည်း အကောင်းဆုံးသောရွေစင်သည် အဘယ့်ကြောင့်ပြောင်းလဲသွားရပါသနည်း။ အသင်းတော်သည် မိမိ၏ထူးခြားသန့် ရှင်းသောအကျင့်စာရိတ္တကို ထိန်းသိမ်းခဲ့ပါက တမန်တော်တို့အပေါ်သို့ သွန်းလောင်းတော်မူခဲ့သည့် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးသည် ယနေ့တိုင်အောင် အသင်းတော်အပေါ်၌ တည်နေတော်မူမည်ဖြစ်ကြောင်း ကျမမြင်ရ ပါသည်။ နာမကျန်းသောသူများအား အနာပျောက်စေလျှက် နတ်ဆိုးတို့ကို ဆုံးမ၍ နှင်ထုတ်ကြလိမ့်မည်။ အသင်း တော်သည်လည်း ဘုန်းတန်ခိုးနှင့်ပြည့်စုံသည်ဖြစ်၍ ရန်သူတို့ကြောက်ရွံ့တုန်လှုပ်ကြပေလိမ့်မည်။GCB58 51.3
ခရစ်တော်၏အမည်နာမကို ခံယူထားကြသော်လည်း ဘုရားသခင်အသိအမှတ်မပြုသောလူအစုအဝေး ကြီးတစ်ရပ်ကို ကျမမြင်တွေ့ရပါသည်။ ထိုသူအများအား ဘုရားသခင် နှစ်သက်တော်မမူပါ။ လူတို့သည် ကိုယ့်ကိုယ် ကိုခရစ်ယာန်ဖြစ်သည်ဟု ထင်မှတ်ကြစေရန် ဘာသာရေးသမားအသွင်ဖြင့် ဆောင်ရန် စာတန်အထူးလိုလားနေပါ သည်။ ယေရှုကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် ကွပ်မျက်ခံတော်မူခြင်းကိုလည်းကောင်း၊ ထမြောက်တော်မူ ခြင်းကိုလည်းကောင်း၊ လူတို့ယုံကြည်ကြစေရန် စာတန်ကများစွာလိုလားနေပါသည်။ စာတန်ကိုယ်တိုင်နှင့် သူ၏တ မန်များသည် ဤအရာများကို တုန်လှုပ်သည်တိုင်အောင် အပြည့်အဝယုံကြည်ကြပါသည်။ သို့သော်ထိုယုံကြည်ခြင်း သည်ကောင်းသော အကျင့်ကျင့်ရန်နိုးဆော်ခြင်း၊ အားပေးခြင်းမရှိပါက၎င်း၊ ခရစ်ယာန်အမည်ခံသူများသည် ခရစ် တော်နည်းတူ ကိုယ်တိုင်ငြင်းပယ်သည့်အသက်တာကို အတုမယူပါက၎င်း၊ စာတန်အတွက် အနှောင့်အယှက် မဖြစ် ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ခရစ်ယာန်အမည်ခံများဖြစ်၍ စိတ်နှလုံးပြောင်းလဲခြင်းမရှိ၊ လောကီဆန်ဆဲ ပင်ဖြစ်သောကြောင့် သူ၏လုပ်ငန်းအတွက် ခရစ်ယာန်အမည်ခံခြင်းက မခံခြင်းထက်ပို၍ ကောင်းစွာ အသုံးချနိုင်ပေ ၏။ သူတို့၏ချို့ယွင်းချက်များကို ခရစ်ယာန်အမည်ဖြင့် ဖုံးအုပ်ထားပြီးလျှင် လောဘ၊ ဒေါသစိတ်များလည်း မနှိပ်ကွပ် ဘဲ နဂိုဇာတိပကတိစိတ်သဘောထားနှင့်ပင် သွားလာလှုပ်ရှားနေကြပါသည်။GCB58 52.1
သူတို့၏ချို့ယွင်းချက်များကိုအကြောင်းပြုလျှက် မယုံကြည်သောသူများအနေဖြင့် ခရစ်တော်ကို ပြစ်တင် ဝေဖန်စရာ အကြောင်းဖြစ်ပေါ်လာပါသည်။ ထိုမျှမက ဘာသာရေးအသက်တာတွင် သန့်ရှင်းပီပြင်၍ ညစ်ညူးခြင်း မရှိသောသူများပင်လျှင် ရှုတ်ချခြင်းကိုခံရကြပါသည်။GCB58 52.2
လောကီဆန်သောခရစ်ယာန်အမည်ခံများ အလိုကိုလိုက်၍ ပြေပြစ်စွာဟောပြောကြပါသည်။ ဤကားစာ တန်၏လိုလားချက်ပေတည်း။ ဘုရားသခင်၏အမှုတော်ဆောင်များသည် ယေရှုအကြောင်းကိုလည်းကောင်း၊ ကျမ်း စာဆိုင်ရာမှန်ကန်သော သမ္မာတရားများကိုလည်းကောင်း၊ သူတို့ဟောပြောကြမည်ဆိုပါက အဆိုပါ လောကီဆန် သောခရစ်ယာန်များအသင်းတော်တွင် ဆက်လက်တည်မြဲနေနိုင်ကြတော့မည်မဟုတ်ပါ။ အသင်းတော်တွင် စာတန် နှင့်သူ၏တမန်များမရှိသင့်သကဲ့သို့ ထိုသူတို့သည်လည်း မရှိသင့်မရှိထိုက်ပါ။ သို့သော် ထိုသူတို့တွင် လူအများစုမှာ ဥစ္စာဓနကြွယ်ဝသူများဖြစ်ကြ၍ သူတို့ကို လက်မလွှတ်နိုင်ပါ။ စာတန်က ထိုအတိုင်းပင် ဖြစ်စေလို၏။ ယေရှုရှင်၏ဘာ သာအယူဝါဒကို လောကီအမြင်အားဖြင့် လူကြိုက်များအောင် ဂုဏ်သရေရှိပုံပေါ်လွင်အောင် ဖေါ်ဆောင်ထားကြ၏။ ဘာသာအယူဝါဒကို ခံယူထားလျှင် လောကီရေးရာများ၌ပို၍ ဂုဏ်သရေရှိသည်ဟု လူအများကိုဝါဒဖြန့်ထားကြ၏။ ထိုသို့ဟောပြောသွန်သင်ခြင်းများမှာ ခရစ်တော်၏ ဩဝါဒများနှင့် များစွာပင်ကွာခြားလှပါသည်။ ကိုယ်တော်၏ ဒေသနာနှင့် လောကီဝါဒလက်တွဲမရပါ။ ကိုယ်တော်၏နောက်တော်သို့ လိုက်သောသူအနေဖြင့် လောကီရေးရာများ ကိုစွန့်လွှတ်ရမည်။ ဤပြေပြစ်စွာဟောပြောနေထိုင်ခြင်းများကို စာတန်နှင့်သူ၏တမန်များက အစပြုခဲ့ပါသည်။ သူတို့ ကစီမံကိန်းချမှတ်ခဲ့င ဓမ္မဆရာအမည်ခံသူများက ဝါဒဖြန့်ခဲ့ကြသည်။ လူအများနှစ်သက်သည့် ဒဏ္ဍာရီပုံပြင်များကို သွန်သင်၍ အလွယ်တကူလက်ခံကြ၏။ သူတော်ကောင်းယောင်ဆောင်သောသူများနှင့် ဒုစရိုက်ကို ပွင့်လင်းစွာ ကျူးလွန်နေသူများသည် အသင်းတော်နှင့်ပူးပေါင်းကြ၏။ သန့်စင်ပီပြင်သည့် နဂိုမူရင်းအတိုင်း သမ္မာတရားတော်ကို ဟောပြောကြမည်ဆိုပါက ဤလူတန်းစားကို အမြန်ဆုံးဟန့်တားထားနိုင်လိမ့်မည်။ သို့သော် ခရစ်ယာန်အမည်ခံများ နှင့် လောကဆန်သူများ စပ်ကြားတွင် မည်သည့်ကွာခြားချက်မျှမရှိပါ။ သို့သော်ခရစ်တော်၏ အမည်ကိုသာခံယူ ထားသူများမှအသင်းသားများ၏ မျက်နှာဖုံးအတုများကို ဆွဲခွါလိုက်မည်ဆိုပါက သူတို့၏ မတရားသောအမှုများ၊ စက် ဆုပ်ဖွယ်သောအမှုများ၊ ဖေါက်ပြန်ပျက်စီးမှုများ၊ ရုပ်လုံးပေါ်၍ ဘုရားသခင်၏ သားသမီးများတို့တွင် ခွန်အားအနည်း ဆုံးသောသူကပင် ထိုခရစ်ယာန်အမည်ခံများအား သူတို့၏အမည်မှန်ကို ဖေါ်ထုတ်လျှက် မာရ်နတ်၏သားသမီးပီပီသူ တို့၏ဖခင်စာတန်၏လုပ်ငန်းကိုဆောင်ရွက်နေကြသည်ဟုအတိအလင်းပြောနိုင်ကြလိမ့်မည်ဟု ကျမမြင်တွေ့ရပါသည်။ ထိုမြင်ကွင်းကို ယေရှုနှင့်ကောင်းကင်ဗိုလ်ခြေတို့ မနှစ်သက်ပါ။ သို့သော် အရေးပါအရာရောက်၍ သန့်ရှင်းသော အသင်းတော်အတွက် ဘုရားသခင်၏ သတင်းစကားတစ်ရပ်ရှိနေပါသည်။ လက်ခံမည်ဆိုပါက အသင်းတော်ကြီးလုံး ဝပြောင်းလဲသွားလိမ့်မည်။ အသက်ရှင်သော သက်သေခံများပြန်လည် ရှင်သန်လာကြပြီးလျှင် သူတော်ကောင်း ယောင်ဆောင်သူများနှင့် မတရားသောသူများကို ရှင်းထုတ်လိမ့်မည်။ ထိုအခါ အသင်းတော်သည် ဘုရားသခင်ထံ မှမျက်နှာသာပေးခြင်းကို ပြန်လည်ရရှိလိမ့်မည်။GCB58 52.3
ဆက်လက်လေ့လာရန်။ ဟေရှာ ၃၀:၈-၂၁။ မြည်တမ်း ၄:၁။ ယော ၈:၄၄။ ယာကုပ် ၂:၁၉။ ဗျာ ၃။GCB58 53.1