Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၈) သန့်ရှင်းသူတို့အတွက် ဆုမြတ်မင်္ဂလာ

    မြောက်မြားလှစွာသော ကောင်းကင်တမန်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ အမည်နာမတစ်ဦးစီကိုရေး ထိုးထားသည့် ဂုဏ်ထူးဆောင်သရဖူများကို ကိုင်ဆောင်လျှက် မြို့တော်တွင်းမှ ထွက်လာကြသည်ကို ကျမမြင်တွေ့ရ ပါသည်။ ချစ်ခင်မြတ်နိုးဖွယ်သော သခင်ယေရှုသည် ရပ်တော်မူလျှက် သရဖူတစ်ခုစီကို မိမိလက်ယာလက်တော်ဖြင့် သန့်ရှင်းသူတို့အား တစ်ဦးပြီးတစ်ဦး ကိုယ်တော်တိုင်ဆောင်းပေးတော်မူရာ အသီးသီးကမ်းပေးကြပါသည်။ ထိုနည်း တူ ကောင်းကင်တမန်တို့သည် စောင်းတော်များကိုလည်း ယူဆောင်လာကြပြီးလျှင် သခင်ယေရှုကိုယ်တော်တိုင် သန့်ရှင်းသူတစ်ဦးစီအား ချီးမြှင့်ပေးအပ်တော်မူပါသည်။ ထိုသို့ပေးအပ်တော်မူပြီးသောအခါ ကောင်းကင်တမန် ခေါင်းဆောင်များက တေးသီချင်းကိုစတင်၍ တီးခတ်လိုက်ရာ အားလုံးက အသံမြင့်လျှက် ကျေးဇူးတော်ကိုတစ်ပြိုင် နက်ချီးမွမ်းကြပါသည်။ ဝမ်းမြောက်စွာထောမနာပြုကြပါသည်။ စောင်းတော်များကိုလည်း လူတိုင်းက ကျွမ်းကျင်စွာ လိုက်၍တီးခတ်ကြပါသည်။ ကြွယ်ဝစုံလင်သည့်တူရိယာသံ။ သာယာငြိမ့်ညောင်းသည့် သီချင်းဆိုသံများ၊ ပဲ့တင်ခတ် သွားပါသည်။ ထို့နောက် ရွေးနုတ်ခြင်းခံရသူများအား မြို့တော်တံခါးသို့ သခင်ယေရှုကိုယ်တော်တိုင်ခေါ်ဆောင်သွား သည်ကိုကျမမြင်တွေ့ရပါသည်။ ကိုယ်တော်သည် ပြောင်လက်သော ပတ္တာများဖြင့် တပ်ဆင်ထားသည့် မြို့တော်တံခါး ကြီးများကိုကိုင်လျှက် ဆွဲဖွင့်လိုက်ပြီးလျှင် သမ္မာတရားတော်နှင့်အညီ အသက်ရှင်နေထိုင်ခဲ့ကြသော လူမျိုးနွယ်အ ပေါင်းတို့အား ဝင်စေတော်မူ၏။ ထိုမြို့၌ကြည့်ရှုစရာ အပေါင်းတို့ဖြင့် စုံလင်၍ နေရာတိုင်း၌ ကြွယ်ဝသည့်ဘုန်းတော် အပြည့်ရှိနေပါသည်။ ထို့နောက်သခင်ယေရှုသည် ရွေးနုတ်ခြင်းခံရသော သန့်ရှင်းသူများအားဂုဏ်ပြုတော်မူလျှက် သူတို့၏မျက်နှာပေါ်တွင် ဘုန်းတော်ရောင်ခြည်သည် ထွန်းတောက်နေသည်ကို ရှုစားတော်မူ၏။ ထိုအခါ ကိုယ်တော် သည်မိမိလူတို့အား စိုက်၍ရှုစားတော်မူလျှက် ‘‘ငါတို့၏စိတ်ဝိညာဉ်ခံခဲ့ရသောဝေဒနာ၏အကျိုးကို ယခုငါကိုယ်တိုင် မြင်ရ၍အားရဝမ်းမြောက်လှပါ၏။ ဤမျှလောက်ကြွယ်ဝသောဘုန်းစည်းစိမ်ကို ထာဝရကာလပတ်လုံး သင်တို့ခံစား ကြကုန်လော့။ သင်တို့၏ဝမ်းနည်းခြင်းများ ပြီးဆုံးလေပြီး။ နောက်တစ်ဖန်မျက်ရည်မကျရအောင် သေဘေးမရှိ။ စိတ်မ သာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ’’ ဟုသာယာချိုအေးသော အသံဖြင့် ကြည်ညိုဖွယ်ရာမိန့် တော်မူ၏။ ရွေးနုတ်တော်မူခြင်းကိုခံရကြသည့်ပရိသတ်သည်လည်း ကိုယ်တော်အားဦးညွှတ်လျှက် မိမိတို့၏သရဖူများ ကိုချွတ်၍ကိုယ်တော်၏ ခြေတော်ရင်းတွင် ချထားလိုက်ကြသောအခါ ကိုယ်တော်သည် ချစ်ဖွယ်သောလက်တော်ဖြင့် အချက်ပြလိုက်ရာ သူတို့အားလုံးထကြပြီးလျှင် စောင်းများကိုတီးလျှက် သိုးသငယ်တော်၏ သီချင်းများကိုသီဆိုကြ ရာကောင်းကင်တစ်ခွင်လုံးသည် ကြွယ်ဝသည့်တူရိယာသံ၊ သီချင်းသံတို့ဖြင့် ပြည့်လျှံ၍ သွားလေ၏။GCB58 94.3

    ထို့နောက်သခင်ယေရှုသည် မိမိ၏လူတို့အား အသက်ပင်ရှိရာသို့ လမ်းပြခေါ်ဆောင်သွားတော်မူပြီးလျှင် ‘‘ဤအသက်ပင်၏အရွက်များသည် လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။ အားလုံးယူ၍စားကြလော့’’ ဟု လူတို့ကြားရသမျှသော အသာယာဆုံးတူရိယာသံတော်ထက်ပို၍ သာယာသောအသံနှင့် မိန့်တော်မူသည်၊ အလှပဆုံး သောအသီးများ အသက်ပင်ပေါ်တွင် သီးနေပါသည်။ အမြင့်မြတ်ဆုံးသော ပလ္လင်တော်သည် မြို့တော်အတွင်း၌ တည် ရှိ၍ ယင်းပလ္လင်တော်ထဲက ကျောက်သလင်းပမာကြည်လင်သော အသက်စမ်းရေစီးဆင်းရာဖြစ်၏။ တစ်ဖက်တစ် ချက်တွင်အသက်ပင် ရှိပါသည်။ ယင်းမြစ်ကမ်းနှစ်ဖက်လုံးတွင်လည်း စားဖွယ်ကောင်းသော အသီးများသီးနေသည့် လှပသောအခြားအပင်များလည်း ရှိနေပါသည်။ ဤသို့သော ကောင်းကင်ရွှေမြို့တော်ကို သရုပ်ဖေါ်ရန်လူတို့၏ဘာ သာစကားဖြင့် မလုံလောက်ပါ။ ယင်းမြင်ကွင်းများကျမရှေ့ပေါ်လာသောအခါ အံ့ဩ၍ မဆုံးပါ။ ပြော၍မကုန်နိုင်သော ဘုန်းတန်ခိုးနှင့်ပြည့်စုံခမ်းနားသိုက်မြိုက်သော ယင်းမြင်ကွင်းနောက်သို့ မျောပါသွားသဖြင့် ကျမ၏ကလောင်ကိုချ ထားလိုက်ပြီးလျှင် ‘‘ချစ်ခြင်းမေတ္တာတော်ပါတကား။ အံ့ဖွယ်သောမေတ္တာတော်ပါတကား’’ ဟုကျမ ကြွေးကြော်မိပါ သည်။ ကောင်းကင်ဘုံ၏ ဘုန်းတန်ခိုးကြီးပုံကိုလည်းကောင်း၊ အတုမရှိသော ကယ်တင်ရှင်၏ မဟာမေတ္တာတော်နက် ရှိုင်းပုံကိုလည်းကောင်း မည်သို့ပင်တင်စားချီးကျူးထားစေကာမူ မလုံလောက်ပေ။GCB58 95.1

    ဆက်လက်လေ့လာရန်။ ဟေရှာ ၅၃:၁၁။ ဗျာ ၂၀:၄။ ၂၂:၁-၂။GCB58 95.2