Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၉) သခင်ခရစ်တော်၏ အသေခံတော်မူခြင်း။

    ဘုရားသခင်၏ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တင်၍ သတ်ရန်လူအုပ်ကြီးထံ အပ်နှံလိုက်ပါသည်။ ကိုယ်တော်ကိုသူတို့ ခေါ်ဆောင်သွားခဲ့ကြပါသည်။ နာကျင်မှုများ၊ ဒုက္ခဝေဒနာများ၊ ကြာပွတ်နှင့်ရိုက်နှက်ခြင်းတို့ ကြောင့် ကိုယ်တော်သည် အားအင်ချိနဲ့လျှက် ရှိနေသော်လည်း မိမိအားသံနှင့်ရိုက်ရန် အသုံးပြုမည့်လေ့းလံသည့် လက်ဝါးကပ်တိုင်ကို သူတို့ထမ်းခိုင်းကြပါသည်။ ဤဝန်ထုပ်ကြောင့်ကိုယ်တော်သတိမေ့သွားခဲ့ပါသည်။ ဤလက်ဝါး ကပ်တိုင်ကိုသုံးကြိမ်သုံးခါ ထမ်းခိုင်းပြီး သုံးကြိမ်စလုံး၌ ကိုယ်တော်သတိမေ့ခဲ့ပါသည်။ ဖွင့်ဟဝန်ခံခြင်းမရှိသော်လည်း ကိုယ်တော်ကို တိတ်တဆိတ်ယုံကြည်နေသော နောက်လိုက်တစ်ဦးကိုခေါ်၍ ထိုလက်ဝါးကပ်တိုင်ကို သယ်ဆောင်ရန် အဓမ္မခိုင်းခဲ့ပါသည်။ ထိုတပည့်တော်သည် ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကို သတ်မှတ်ထားသောနေရာသို့ သယ် ဆောင်သွားခဲ့ပါသည်။ ထိုသတ်မှတ်ထားသောနေရာတွင် ကောင်းကင်တမန်များတို့သည် အုပ်စုဖွဲ့လျှက် စောင့်ကြပ် နေကြပါသည်။ ကရာနီကုန်းပေါ်သို့သွားရာ၌ ကိုယ်တော်၏ တပည့်တော်တစ်စုတို့သည် ခါးသီးစွာ ငိုကြွေးလျှက်လိုက် လာခဲ့ကြပါသည်။ ဟောရှဏ္ဏ၊ ဟောရှဏ္ဏဟု ကြွေးကြော်လျှက်လမ်းပေါ်၌ မိမိ၏ဝတ်လုံကိုခင်းလျှက် သံလွင်ပင်၏အ ကိုင်းအခက်များကို ဝှေ့ယမ်းပြီး ယေရုရှလင်မြို့ထဲသို့ အောင်မြင်စွာစီးနင်းဝင်ရောက်ခဲ့သော သခင်ခရစ်တော်ကိုသူ တို့သတိရလျှက်ရှိပါသည်။ ကိုယ်တော်သည် မိမိနိုင်ငံတော်ကို တည်ထောင်လျှက် ဣသရေလ၏ အရှင်ဘုရင်အဖြစ် စိုးစံလိမ့်မည်ဟု သူတို့မျှော်လင့်ခဲ့ပါသည်။ သို့သော်မြင်ကွင်းက ပြောင်းလဲသွားခဲ့ပါသည်။ သူတို့၏မျှော်လင့်ချက်များ တို့သည် ပျောက်ကွယ်ခဲ့ရပါသည်။ ယခု သခင်ခရစ်တော်၏ နောက်သို့လိုက်ရာ၌ ဝမ်းမြောက်ပျော်ရွှင်မှု၏အစား စိတ် နှလုံးလေးလံလျှက် စိုးရိမ်မှုများနှင့် ပြည့်နှက်ကာ နှေးကွေးသောခြေလှမ်းများနှင့်အတူ အရှက်တကွဲနှင့် အသေခံရ မည့်သူ၏နောက်သို့ လိုက်နေရပါသည်။GCB58 20.2

    သခင်ခရစ်တော်၏ မယ်တော်လည်း ပါဝင်နေပါသည်။ မေတ္တာနှင့်ပြည့်ဝသော မိခင်တစ်ဦးဖြစ်သည့်အား လျော်စွာသူမ၏ စိတ်နှလုံးစူးရှကြေကွဲလျှက် ရှိပါသည်။ သို့သော်စိတ်နှလုံး ကျေကွဲနေသော်လည်း တပည့်တော်များ နည်းတူမျှော်လင့်ချက်ရောင်ခြည်ကလေး ရှိနေပါသည်။ သူမ၏သားတော်သည် အံ့ဖွယ်နိမိတ်လက္ခဏာတစ်ခုကိုပြု လုပ်ပြီး မိမိအားသတ်ဖြတ်မည့်သူများ၏လက်ထဲမှ မိမိကိုယ်ကို လွတ်မြောက်စေမည်ဟု သူမမျှော်လင့်ခဲ့ပါသည်။ မိမိကိုယ်ကို လက်ဝါးကပ်တိုင်၌ အသေခံမည်ဟု သူမစဉ်းစား၍မရပါ။ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပြီးသည့် နောက်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်သို့ တင်လိုက်ပါသည်။ တူနှင့်သံများကိုလည်း ယူဆောင်လာခဲ့ကြပါသည်။ တပည့်တော်များ၏စိတ်နှလုံးထဲတွင် စိတ်ပျက်အားငယ်လျှက် မေ့မြောမတတ်ရှိနေပါသည်။ သခင်ခရစ်တော်ကို လက် ဝါးကပ်တိုင်ပေါ်၌တင်၍ သံနှင့်ရိုက်နှက်မည့်ဆဲဆဲ တပည့်တော်များသည် ကိုယ်တော်၏ မယ်တော်ကိုထိုမြင်ကွင်းမှ ခေါ်ဆောင်သွားခဲ့ပါသည်။ သူမ၏စိတ်ထဲတွင် မဖေါ်ပြနိုင်လောက်အောင် ခံစားလျှက်ရှိနေပါသည်။ ကိုယ်တော်၏နူး ညံ့သောလက်တော်နှင့် အရိုးများ၊ ကျေမွစေမည့်ရိုက်ချက်များကို ဤမိခင်ကြီးအားမကြားစေလိုခဲ့ပါ။ သခင်ခရစ်တော် သည်ညည်းတွားခြင်းမြည်တမ်းခြင်းမပြုခဲ့သော်လည်းနာကျင်မှုဝေဒနာကြောင့်ညည်းညူခဲ့ပါသည်။ မျက်နှာတော်သည် သွေးဆုတ်လျှက်ရှိပြီး နဖူးတော်မှ ချွေးလုံးများ ကျခဲ့ရပါသည်။ စာတန်သည် ကိုယ်တော်ခံစားရသော ဝေဒနာ ကြောင့်ပျော်ရွှင်၍နေသော်လည်း မိမိ၏နိုင်ငံတော်ဆုံးရှုံးပြီး သေဆုံးရမည်ကို စိုးရိမ်လျှက်ရှိပါသည်။GCB58 20.3

    သခင်ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ သံနှင့်ရိုက်ချိတ်ဆွဲပြီးသောအခါ ထိုလက်ဝါးကပ်တိုင်ကိုမြေကျွင်း ထဲသို့အရှိန်နှင့်ဆောင့်ချလိုက်ပါသည်။ ကိုယ်တော်သည် ဝေဒနာပြင်းစွာခံစားလိုက်ရပြီးအသားများ ရိသားပါသည်။ ကိုယ်တော်၏အသေခံခြင်းကို ရှက်ဖွယ်ရာအကောင်းဆုံးဖြစ်အောင် သူတို့စီမံခဲ့ပါသည်။ တဖက်တစ်ချက်တွင် သူခိုး နှစ်ယောက်ကိုလည်းလက်ဝါးကပ်တိုင်ပေါ်၌ အသေသတ်ခဲ့ပါသည်။ ထိုသူခိုးနှစ်ယောက်သည် သေရမည်ကို စိုးရိမ် သောကြောင့် အင်အားရှိသရွေ့ရုန်းကန်ခဲ့ကြပါသည်။ နောက်ဆုံးတွင်ထိုသူတို့၏ လက်နှစ်ဖက်ကို ကားတိုင်၏နောက် ၌လိမ်၍ရိုက်ထားခဲ့ရပါသည်။ သို့သော် သခင်ခရစ်တော်သည် ရုန်းကန်ခြင်းမရှိသောကြောင့် မိမိ၏လက်များကိုကား တိုင်၌လိမ်၌ ရိုက်ထားရန်မလိုအပ်ခဲ့ပါ။ သူခိုးနှစ်ဦးသည် အာဏာသားနှစ်ဦးကို ဆဲဆိုကျိန်ဆဲနေစဉ်တွင် ဝေဒနာ ပြင်းစွာခံနေရသော ကိုယ်တော်သည် သူ၏ ရန်သူများအတွက် ဆုတောင်းပေးခဲ့ပါသည်။ အိုအဖသူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။ ကိုယ်တော်သည် ကိုယ်ကာယနာကျင်မှုဝေဒနာကိုသာ ခံရသည်မဟုတ်ဘဲ ဤလောကတစ်ခုလုံး၏အပြစ်များ၏ဝန်ကိုလည်း သယ်ဆောင်ခဲ့ရပါသည်။GCB58 20.4

    လက်ဝါးကပ်တိုင်၌ချိတ်ဆွဲခံရစဉ် ဖြတ်သွားသောလူအချို့တို့သည် ကိုယ်တော်ကိုပြက်ရယ်ပြုခဲ့ကြပါသည်။ မိမိတို့၏ခေါင်းကို ဝှေ့ရမ်းပြီး ဘုရင်ကိုရိုသေပေးသည့်ဟန်နှင့် ဗိမာန်တော်ကို သုံးရက်အတွင်း ဖျက်ဆီးမည့်သူ၊ မိမိကိုယ်ကိုလွတ်မြောက်ရန် ကယ်တင်ပါလား၊ ဘုရားသခင်၏သားတော်မှန်လျှင် ဤလက်ဝါးကပ်တိုင်မှ ဆင်းခဲ့ပါဟု ပြောဆိုခဲ့ပါသည်။ ဘုရားသခင်၏သားတော်မှန်လျှင် ဆိုသောစကားလုံးများကို စာတန်မာနလည်းတောထဲ၌ ကိုယ် တော်ကိုစုံစမ်းစဉ် အသုံးပြုခဲ့ပါသည်။ ယဇ်ပရောဟိတ်မင်းနှင့် ခေါင်းဆောင်တို့သည် ပြက်ရယ်ပြုကာ ဤသူသည် သူတစ်ပါးကိုကယ်တင်သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါ။ ဣသရေလတို့၏ရှင်ဘုရင်ဖြစ်လျှင် ဤလက်ဝါးကပ် တိုင်ပေါ်မှာဆင်းခဲ့။ ငါတို့ယုံကြည်မည်ဟု ပြောဆိုခဲ့ပါသည်။ ဘုရားသခင်၏သားတော်မှန်လျှင် မိမိကိုယ်ကို ကယ်တင် ပါလားဟု ပြက်ရယ်ပြုသောခေါင်းဆောင်များ၏အသံကို ကြားသောအခါ ကိုယ်တော်၏အနီးအပါး၌ရှိသောကောင်း ကင်တမန်များတို့သည် အမျက်ဒေါသထွက်ခဲ့ကြပါသည်။ ကိုယ်တော်ကိုလာရောက်ကယ်တင်လိုသော်လည်း အခွင့် မရကြပါ။ ဤလောက၌ ကိုယ်တော်၏အမှုတော်သည် မကြာမီပြီးဆုံးတော့မည်ဖြစ်ပါသည်။ နာကျင်မှုဝေဒနာများနှင့် အတူ လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရစဉ် ကိုယ်တော်သည် မိမိ၏မယ်တော်ကို သတိမမေ့ခဲ့ပါ။ မယ်တော် သည်ဤမြင်ကွင်းကို ကျောခိုင်း၍မသွားနိုင်ပါ။ သခင်ခရစ်တော် ပေးခဲ့သော နောက်ဆုံးသင်ခန်းစာမှာ လူသားချင်းစာ နာသောမေတ္တာကရုဏာတော်နှင့် သက်ဆိုင်နေပါသည်။ စိတ်နှလုံးကြေကွဲလျှက်ရှိသော မိခင်ကိုကြည့်လျှက်အ ချစ်ဆုံးတပည့်တော်ယောဟန်ထံသို့ လှည့်ကြည့်ပြီးသည့်နောက် မယ်တော်အား အချင်းမိန်းမ သင့်၏သားကိုကြည့်ပါ ဟူ၍၎င်း၊ တပည့်တော်အားလည်း သူ၏အမိကိုကြည့်ပါဟူ၍၎င်း၊ မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုယောဟန်သည် မယ်တော်ကို မိမိအိမ်၌ ပြုစုခဲ့ပါသည်။GCB58 21.1

    ကိုယ်တော်သည် ဝေဒနာခံရစဉ် ရေဆာတော်မူခဲ့ပါသည်။ သို့သော်ထိုသူတို့သည် ထပ်မံညှဉ်းဆဲလိုသော ကြောင့်ပုံးရည်ကိုတိုက်ခဲ့ပါသည်။ ကောင်းကင်တမန်များသည် မိမိတု့၏အရှင်သခင် ညှဉ်းပန်းနှိပ်စက်ခြင်းကို စောင့် ကြည့်ခဲ့ကြပါသည်။ နောက်ဆုံးမခံနိုင်သည့်အဆုံးတွင် မိမိတို့၏မျက်နှာကို ဖုံးကွယ်ထားခဲ့ကြပါသည်။ ဤဆိုးဝါးသော မြင်ကွင်းကိုနေမင်းလည်း မကြည့်ဝံ့တော့ပါ။ အမှုပြီးပြီဟု ကျယ်လောင်စွာကြွေးကြော်လိုက်သောအခါ ကိုယ်တော်ရန် သူတို့၏စိတ်နှလုံးသည် တုန်လှုပ်ချောက်ခြားခဲ့ပါသည်။ ဗိမာန်ကြီး၏ လိုက်ကာကြီးသည် အထက်မှအောက်သို့နှစ် ခြမ်းကွဲခဲ့ပါသည်။ မြေငလျင်တုန်လှုပ်၍ ကျောက်တုန်းများကွဲအက်ခဲ့ပါသည်။ အလွန်ကြီးမားသော အမှောင်ထုကြီးကျ ရောက်ခဲ့ပါသည်။ သခင်ခရစ်တော် အသက်တော်စွန့်သောအခါ တပည့်တော်တို့၏ နောက်ဆုံးမျှော်လင့်ခြင်းများ လည်းပျက်သုန်းခဲ့ရပါသည်။ တပည့်တော်အများစုသည် ကိုယ်တော်၏ဒုက္ခဝေဒနာနှင့် အသေခံတော်မူခြင်းကို မြင် တွေ့ခဲ့ရပြီး သူတို့၏ဝမ်းနည်းကြေကွဲမှုခွက်ဖလားသည် ပြည့်လျှ့လျှက် သွားခဲ့ပါသည်။GCB58 21.2

    စာတန်မာရ်နတ်သည် ယခင်ကဲ့သို့မပျော်နိုင်တော့ပါ။ ကယ်တင်ခြင်းစီမံကိန်းကို ဖျက်ဆီးနိုင်မည်ဟု ထင် ခဲ့သော်လည်း အလွန်နက်နဲသောကြောင့် သူမအောင်မြင်ခဲ့ပါ။ သခင်ခရစ်တော်၏ အသေခံတော်မူခြင်းကြောင့် သူ လည်းဖျက်ဆီးခြင်းခံရပြီး မိမိ၏နိုင်ငံတော်ကို သခင်ခရစ်တော်လက်ထဲသို့ အပ်နှံရမည့်အကြောင်းကို စာတန်သိနေပါ သည်။ စာတန်သည် မိမိ၏နတ်ဆိုးများနှင့် စည်းဝေးခဲ့ပါသည်။ ဘုရားသခင်၏သားတော်ကို သူအနိုင်မရခဲ့ပါ။ ယခုသူတို့၏ကြိုးစားအားထုတ်မှုများကို ယခင်ထက် ပိုမိုလုပ်ဆောင်ရမည်။ သခင်ခရစ်တော်၏ နောက်လိုက်များကို အရှိန်အဟုန်ပြင်းစွာနှင့် ပါးနပ်စွာတိုက်ခိုက်ရမည်။ ခရစ်တော်အားဖြင့် ရရှိသောကယ်တင်ခြင်းနှင့် လွဲမှားစေရန် အ တတ်နိုင်ဆုံး လုပ်ဆောင်ရမည်။ ဤနည်းအားဖြင့် စာတန်သည် ဘုရားသခင်၏နိုင်ငံတော်ကို တိုက်ခိုက်နိုင်မည်ဖြစ် သည်။ သခင်ခရစ်တော်ထံသို့ မရောက်ရှိနိုင်ရန်အတွက် လူသားများကို တားဆီးရာတွင် စာတန်သည် မိမိအကျိုးကို ထောက်ရှုခဲ့ပါသည်။ သခင်ခရစ်တော်၏ အသွေးတော်အားဖြင့် အောင်မြင်မှုရကာ ကယ်တင်ခြင်းခံရသူတို့၏ အပြစ် များကို အပြစ်၏မူလအစဖြစ်သောစာတန်အပေါ်၌ ကျရောက်စေခဲ့ပါသည်။ ထိုသူတို့၏ အပြစ်ကိုစာတန်ကျခံရမည် ဖြစ်ပါသည်။ သို့သော်လည်း ကိုယ်တော်၏ကယ်တင်ခြင်းကို ငြင်းပယ်သောသူတို့သည် မိမိတို့၏အပြစ်အတွက် ကိုယ် တိုင်အသေခံရမည်ဖြစ်သည်။GCB58 21.3

    သခင်ခရစ်တော်၏ အသက်တော်သည် ထယ်ဝါခမ်းနားမှုနှင့် အဆောင်အယောင် ကင်းမဲ့ပါသည်။ ကိုယ် တော်၏နှိမ့်ချ၍ ကိုယ်ကျိုးမဲ့သော အသက်တာသည် ထယ်ဝါခမ်းနားမှုနှင့် လောက၏ချီးမြှောက်ခြင်းကို တောင်းတ သော ယဇ်ပရောဟိတ်မင်းများနှင့် ဘာသာရေးအကြီးအကဲတို့၏ အသက်တာနှင့် ကွာခြားလှပါသည်။ ထို့ကြောင့် ကိုယ်တော်၏ သန့်ရှင်းသောအသက်တာသည် ထိုသူတို့၏အားနည်းချက်များကို အစဉ်မပြတ် ထောက်ပြလျှက်ရှိ နေပါသည်။ ကိုယ်တော်၏နှိမ့်ချခြင်းနှင့် သန့်ရှင်းခြင်းကို သူတို့မုန်းတီးခဲ့ပါသည်။ သို့သော်လည်း ကိုယ်တော်ကို ဤ လောက၌ ငြင်းပယ်သောသူတို့သည် ခမည်းတော်၏အံ့မခမ်းသောဂုဏ်တော်နှင့် ကောင်းကင်၏ ထယ်ဝါမှုဖြင့်ကြွ ဆင်းလာမည့်ကိုယ်တော်ကို ဖူးမြော်ရပါလိမ့်မည်။ တရားစီရင်ရာခန်းမ၌ ကိုယ်တော်အား ရန်သူများတို့သည် ဝိုင်းရံ လျှက် ကိုယ်တော်၏အသွေးကို ဆာငတ်လျှက်ရှိနေပါသည်။ စိတ်နှလုံးမာကျောခက်ထန်သော သူတို့သည် ထိုသူ၏အ သွေးတော်သည် ငါတို့၏သားသမီးများအပေါ်၌ ကျပါစေဟု ကြွေးကြော်ခဲ့ပါသည်။ သို့သော်လည်း ချီးမြှောက်ခြင်းခံ ရသောအရှင်အနေဖြင့် ကြွဆင်းလာတော်မူမည့် ကိုယ်တော်ကို တစ်နေ့ဖူးမြော်ရပါမည်။ ကောင်းကင်တမန်မင်း အ ပေါင်းတို့သည် အောင်မြင်ခြင်းတေးသံများကို ကြွေးကြော်လျှက် တန်ခိုးအာဏာထယ်ဝါမှုနှင့်အတူ အသေသတ်ခြင်းခံ ရပြီး ယခုအခါ၌ အောင်မြင်သောအရှင်အနေနှင့် ကြွဆင်းလာသော ကိုယ်တော်ကို ခြံရံပင့်ဆောင်လာပါလိမ့်မည်။ ဆင်းရဲမွဲတေစုပ်ချာလျှက်ရှိသောလူသည် ဘုန်းတော်အရှင်၏ မျက်နှာတော်ကို တံတွေးနှင့်ထွေးခဲ့ပါသည်။ လူအုပ်ကြီး သည်ပြက်ရယ်ရှုံ့ချလျှက် အောင်မြင်စွာကြွေးကြော်ခဲ့ပါသည်။ ကောင်းကင်တစ်ခုလုံး အံ့ဩသွားလောက်အောင် ကိုယ်တော်၏မျက်နှာတော်ကို ရက်စက်စွာ ထိုးနိုင်ခဲ့ပါသည်။ သို့သော်လည်း မိုးတက်နေမင်းကဲ့သို့ တောက်ပနေသော ထိုမျက်နှာတော်ကို တစ်နေ့သောအခါ ဖူးမြော်ရပြီး ထွက်ပြေးတိမ်းရှောင်ရန် သူတို့ကြိုးစားပါလိမ့်မည်။ အောင်မြင်စွာ ကြွေးကြော်ရမည့်အစား ကိုယ်တော်ကြောင့် ငိုကြွေးရပါလိမ့်မည်။ သံမှိုများ၏ ဒဏ်ချက်များဖြင့် ကျန်ရစ်ခဲ့သောလက် တော်ကို ကိုယ်တော်ဆန့်တန်းပါလိမ့်မည်။ ထိုဒဏ်ချက်များတို့သည် ထိုသူတို့၏ ရက်စက်မှုကို သက်သေပြုနေပါလိမ့် မည်။ ထိုဒဏ်ချက်များတို့သည် အံ့ဖွယ်လူသားတို့၏ ကယ်တင်ခြင်းနှင့် ထိုကယ်တင်ခြင်း၏ ကြီးစွာသောအဖိုးအခကို ဖေါ်ပြနေပါတော့သည်။ အရှင်သခင်၏နံရိုးတော်ကို လှံတံနှင့်ထိုးသောသူသည် လှံတံ၏အမာရွတ်ကို တွေ့မြင်လျှက် မိမိ၏အပြစ်ကြောင့် ကျယ်လောင်စွာ ငိုကြေးပါသည်။ ယုဒလူတို့၏အရှင်ဟု လက်ဝါးကပ်တိုင်၏ထိပ်၌ ချိတ်ဆွဲထား သောစာတန်းကြောင့် ကိုယ်တော်ကို သတ်ဖြတ်ခဲ့သောသူတို့သည် အမျက်ဒေါသကြီးစွာထွက်ခဲ့ပါသည်။ သို့သော် လည်းထိုအချိန်တွင် ကိုယ်တော်၏ဘုန်းတော်နှင့်တန်ခိုးတော်ကို သူတို့ဖူးမြော်ရပါတော့မည်။ ဘုရင်တကာတို့၏ဘု ရင်၊ အရှင်တကာတို့၏အရှင်ဟူသောဘွဲ့နာမကိုလည်း ဝတ်ရုံတော်နှင့် ပေါင်ပေါ်တွင် ရေးထားကြောင်း ထင်ရှားစွာ တွေ့မြင်ရပါလိမ့်မည်။ ဣသရေလတို့၏အရှင်သည် လက်ဝါးကပ်တိုင်ပေါ်မှဆင်းခဲ့ပါ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့လက်ခံ မည်ဟုလက်ဝါးကပ်တိုင်ပေါ်မှရှိစဉ်အခါက သူတို့ပြက်ရယ်ပြုခဲ့သော်လည်း ထိုအခါတွင် ကိုယ်တော်တန်ခိုးတော်နှင့် ဘုန်းတော်ကိုတွေ့မြင်ရပါလိမ့်မည်။ ဣသရေလလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်ကြောင်း သက်သေအထောက်အထားများ ကိုတောင်းခံတော့မည်မဟုတ်ဘဲ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကြောင့်အံ့ဩနေပါလိမ့်မည်။ ဘုရားသခင်၏နာမ တော်နှင့် ကြွလာသောသူသည် မင်္ဂလာရှိကြောင်း သူတို့ဝန်ခံရပါတော့မည်။GCB58 22.1

    ကိုယ်တော်သက်တော်စွန့်သောအခါ၌ မြေငလျင်လှုပ်၍ ကျောက်တုံးများကွဲအက်ကာမြေတပြင်လုံး၌ အ မှောင်ထုကျ၍ အမှုပြီးပြီဟုကိုယ်တော်၏ ကျယ်လောင်စွာဟစ်ကြွေးခြင်းသည်မိမိ၏ ရန်သူများနှင့် ကိုယ်တော်ကို သတ်ဖြတ်ခဲ့သူများကို တုန်လှုပ်စေတော်မူခဲ့ပါသည်။ တပည့်တော်တို့သည် ဤထူးခြားသော လက္ခဏာတစ်ခုချင်းအံ့ ဩခဲ့ကြသော်လည်း သူတို့၏မျှော်လင့်ခြင်းသည် ပျက်သုဉ်းသွားခဲ့ပါသည်။ မိမိတို့ကို ယုဒလူမျိုးတို့ လိုက်လံဖမ်းဆီး မည်ကိုစိုးရိမ်ခဲ့ကြပါသည်။ ဘုရားသခင်၏သားတော်အပေါ်၌ ထားရှိသော ထိုကဲ့သိုမုန်းတီးမှုသည်ထိုမျှနှင့် အဆုံးမ သတ်နိုင်ဟု ထင်ခဲ့ပါသည်။ တပည့်တော်တို့သည် ဝမ်းနည်းကြေကွဲခြင်းလျှက် ငိုကြွေးခြင်း၊ စိတ်ပျက်ခြင်းများနှင့် အချိန်များစွာကုန်ခဲ့ပါသည်။ ဤလောကတွင်ရှင်ဘုရင်တစ်ပါးအနေနှင့် အုပ်စိုးမည်ဟု မျှော်လင့်ခဲ့ပါသည်။ သခင်ခ ရစ်တော်နှင့်အတူ ထိုသူတို့၏မျှော်လင့်ချက်တို့သည် ကုန်ဆုံးခဲ့ပါသည်။ ထိုကဲ့သို့စိတ်ပျက်ဝမ်းနည်းစေစဉ်ပင်ကိုယ် တော်သူတို့ကို လှည့်ဖြားခဲ့ပြီလားဟု သံသယရှိခဲ့ပါသည်။ မိခင်ကြီးသည် အရှက်ကွဲခဲ့ရပြီး ကိုယ်တော်မေရှယဖြစ် ကြောင်းကိုပင် သံသယရှိလာပါသည်။GCB58 22.2

    တပည့်တော်တို့သည် မိမိတို့၏ မျှော်လင့်ချက်များပျက်ပြားခဲ့ရသော်လည်း ကိုယ်တော်အပေါ်၌ မေတ္တာမ ပျက်ခဲ့ပါ။ အလောင်းတော်ကိုတယုတယဂုဏ်ပြုချင်သော်လည်း မည်သို့ပြုရမည်ကိုမသိရှိခဲ့ပါ။ အာရိမသဲယောသပ် သည်အများ၏လေးစားမှုကိုခံခဲ့ရသော အမတ်တစ်ဦးဖြစ်ကာ ဩဇာအရှိန်အဝါ ရှိရုံမက သခင်ခရစ်တော်အပေါ်၌ သစ္စာရှိသောတပည့်တော်တစ်ပါးလည်း ဖြစ်ပါသည်။ ထိုသူသည် ပိလတ်မင်းထံကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်ကာ ကိုယ်တော်၏ အလောင်းတော်ကို တောင်းခံခဲ့ပါသည်။ လူသိရှင်ကြားမသွားရောက်ရဲသော အကြောင်းရင်းမှာ တပည့်တော်တို့သည် ယုဒလူတို့၏မုန်းတီးမှုကိုနားလည်ခဲ့ပြီး ကိုယ်တော်၏အလောင်းတော်ကို တင့်တယ်စွာ မြှုပ်နှံ ခြင်းကိုကန့်ကွက်မည် စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ ပိလတ်မင်းသည်သူတို့၏ တောင်းဆိုမှုကိုလိုက်လျောခဲ့သော ကြောင့်ကိုယ်တော်၏အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချခဲ့ပါသည်။ ထိုအခါတပည့်တော်တို့၏ ဝမ်းနည်း ကြေကွဲမှုသည် အသစ်တစ်ဖန်ထိန်းမရဖြစ်ခဲ့ရပါသည်။ ကိုယ်တော်ကိုပိတ်ဖြူနှင့်ရစ်ပတ်ကာ ယောသပ်၏ အုပ်ဂူအ သစ်စက်စက်၌ သူကိုယ်တိုင် မြုပ်နှံခဲ့ပါသည်။ ကိုယ်တော်အသက်ရှင်စဉ်အခါက နောက်တော်သို့ လိုက်ခဲ့သော အမျိုး သမီးများတို့သည် ကိုယ်တော်သက်တော်စွန့်ခဲ့သည့်နောက်တွင်လည်း အလောင်းတော်ကို ဂူသွင်း၍ဂူဝကိုပိတ်ပြီး သည့်အထိ စောင့်ဆိုင်းခဲ့ကြပါသည်။ ရန်သူတို့သည် ကိုယ်တော်၏အလောင်းတော်ကို ခိုးမည်ဟု သူတို့စိုးရိမ်ခဲ့ကြ ပါသည်။ သို့သော်လည်း ထိုကဲ့သို့စိုးရိမ်စရာမလိုကြောင်းကို ကျမတွေ့ခဲ့ပါသည်။ ကောင်းကင်တမန်တပ်များတို့သည် ကိုယ်တော်မြုပ်နှံရာသင်္ချိုင်းကို သတိကြီးစွာနှင့် စောင့်ရှောက်ခဲ့ကြပါသည်။ သူတို့၏အရှင်သခင်သည် ဤသေခြင်းမှ လွှတ်မြောက်မည့်အချိန်၌ သူတို့၏အခန်းကဏ္ဍကို လုပ်ဆောင်ရန် အမိန့်ကို စောင့်ဆိုင်းရင်းနှင့် ကောင်းကင်တ မန်တို့သည် အုပ်ဂူကို စောင့်ရှောက်လျှက်ရှိပါသည်။GCB58 23.1

    ကိုယ်တော်ကို သတ်ဖြတ်ခဲ့သောသူတို့သည် ကိုယ်တော်တစ်ဖန်အသက်ရှင်လာပြီး သူတို့လက်ထဲမှ လွှတ် မြောက်သွားမည်ကိုစိုးရိမ်ခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော်၏ အုပ်ဂူကို သုံးရက်တိုင်တိုင်စောင့်ကြပ်ထားရန် ပိလတ် မင်းထံတောင်းပန်ခဲ့ပါသည်။ ပိလတ်မင်းသည်လည်း အုတ်ဂူကိုစောင့်ရန် အစောင့်များကိုချပေးပြီး ဂူဝကိုလည်းရောမ တံဆိပ်နှိပ်ကာပိတ်ခဲ့ပါသည်။ ဤနည်းအားဖြင့်တပည့်တော်တို့သည် အလောင်းတော်ကိုခိုးပြီး ကိုယ်တော်အသက်ရှင် လာပြီဟု ဝါဒဖြန့်နိုင်မည်မဟုတ်ပါ။GCB58 23.2

    ဆက်လက်လေ့လာရန်။ မဿဲ ၂၁:၁-၁၁၊ ၂၇:၃၂-၆၆။ မာကု ၁၅:၂၁-၄၇။ လုကာ ၂၃:၂၆-၅၆။ ယောဟန် ၁၉:၁၇-၄၂။ ဗျာ ၁၉:၁၁-၁၆။GCB58 23.3