Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၃) ဗာဗုလုန်မြို့ကြီး၏ ဒုစရိုက်များ

    အသင်းတော်များပြိုလဲကြောင်းကို ဒုတိယကောင်းကင်တမန်ကြွေးကြော်သည့် အချိန်မှအစပြု၍ ထိုအသင်း တော်များပို၍ ယိုယွင်းဖေါက်ပြန်လာကြပုံကို ကျမမြင်ရပါသည်။ ခရစ်တော်နောက်တော်သို့ လိုက်သောသူများဖြစ် သည်ဟု အမည်ခံထားကြသော်လည်း လောကီသားများနှင့် ခွဲခြား၍မရပါ။ ဓမ္မဆရာများသည် သမ္မာကျမ်းစာမှ ကောက်နုတ်ချက်များဖြင့် တရားဟောကြသော်လည်း လူတို့အကြိုက်လိုက်၍ နားထောင်ကောင်းအောင်သာဟော ပြောကြပါသည်။ ဇာတိပကတိစိတ်သဘောသည် ထိုတရားမျိုးကိုသာ နှစ်ခြိုက်ပါသည်။ ခရစ်တော်၏ ကယ်တင်ခြင်း တရား၊ သမ္မာတရားတော်၏ တန်ခိုးနှင့် ဝိညာဉ်ပကတိဆိုင်ရာ တရားမျိုးကိုကား ဇာတိပကတိစိတ်သဘောတို့က မနှစ် ခြိုက်ကြပါ။ လူကြိုက်များသော သာသနာတွင် စာတန်၏အမျက်ဒေါသကို လှုံဆော်ပေးမည့်အရာမရှိ။ ဒုစရိုက်သားကို တုန်လှုပ်စေမည့် အာနိသင်လည်းမရှိပေ။ မကြာမီရောက်လာမည့် တရားစီရင်ခြင်းဆိုင်ရာ အမှန်တရားကြောက်မက် ဖွယ်ရာများနှင့်ပတ်သက်၍ စိတ်နှလုံးထိခိုက်စရာ အတွင်းစိတ်နိုးကြားစရာဟူ၍ လုံးဝမရှိ။ ဘုရားတရား၌ အစစ်အမှန် မွေ့လျော်ခြင်းမရှိသည့်ပုံစံအားဖြင့် ဘုရားဝတ်ပြုကိုးကွယ်ခြင်းမျိုးကို ဆိုးသွမ်းသောသူများ ယေဘုယျအားဖြင့် နှစ် သက်မြတ်နိုးကြသည်သာမက ကူညီမစမှုများ ပေးကြပါသည်။ ကောင်းကင်တမန်က လူတို့အနေဖြင့် လောကီမှောင် မိုက်အစိုးရပြုသောမင်းတို့ကို အောင်နိုင်၍ ထိုအောင်မြင်မှုကိုတည်မြဲစေရန်အတွက် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်စုံမှအပ အခြားမည်သည့်လက်နက်မျှမရှိ။ အသင်းတော်အားလုံးကို တစ်ပေါင်းတစ်စည်းတည်း စာတန်အ ပိုင်စီးထားလေပြီး။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တရားတော်ဆိုင်ရာ ထိရောက်သည့်သမ္မာတရားတော်၌ မွေ့ လျော်မည့်အစား လူတို့၏ ဆိုရိုးစကားများ၊ လောကီစည်းစိမ်နှင့် ကျင့်ဝတ်များပေါ်တွင်သာ အချိန်ကုန်ခံနေကြ၏။ လောကီစိတ်ဓါတ်နှင့်လောကကို မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဖက်ဖြစ်၏။ သခင်ယေရှု၌ တည်ရှိနေ သကဲ့သို့ သမ္မာတရားတော်၌ တည်ရှိနေသည့် ရိုးသားမှုနှင့်တန်ခိုးစွမ်းအင်သည် လောကီစိတ်သဘောနှင့် ထိပ်တိုက် တွေ့သောအခါ နှိပ်စက်ညှဉ်းပမ်းလိုသောစိတ်ဓါတ်သည် ချက်ခြင်းနိုးထလာလိမ့်မည်။ ခရစ်ယာန်ဖြစ်ပါသည်ဟုဝန်ခံ ကြသူအမြောက်အမြားသည် ဘုရားသခင်ကို မသိကျွမ်းကြ။ ဇာတိပကတိစိတ်သဘောသည် မပြောင်းလဲကြသည့်အ တွက် လောကီဉာဏ်မျက်စိသည်လည်း ဘုရားသခင်နှင့် ရန်ဖက်ဖြစ်ဆဲပင် ရှိသေး၏။ အခြားသောနာမ တစ်စုံတစ်ရာ ကိုခံယူထားကြသော်လည်း သူတို့သည် စာတန်၏ သစ္စာခံနောက်လိုက်များပင် ဖြစ်ကြ၏ဟု ပြောပါသည်။GCB58 84.1

    သခင်ယေရှုသည် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ သန့်ရှင်းသောအခန်းမှထွက်၍ အသန့်ရှင်းဆု့းအ ခန်းသို့ဝင်ရောက်သည့်အချိန်မှအစပြု၍ အသင်းတော်များကို စက်ဆုပ်ရွံရှာဖွယ်ရာ မသန့်ရှင်းသောလူမျိုးစုံတို့ဖြင့် ဖြည့်ဆည်းနေကြသည်ကို ကျမမြင်တွေ့ရပါသည်။ အသင်းတော်များသည် ဆိုးသွမ်းမှု၊ မတရားမှုများနှင့် ပြည့်ဝနေ သော်လည်း အသင်းသားများကမူ ကိုယ့်ကိုယ်ကို ခရစ်ယာန်အမည်ခံနေကြပုံကို ကျမမြင်တွေ့ရပါသည်။ သူတို့ ၏ယုံကြည်ချက်များ၊ ပဌနာများနှင့် တိုက်တွန်းနိုးဆော်ချက်များကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ‘‘သူတို့၏ အစည်းအဝေးများတွင် ပူဇော်သည့်နံ့သာပေါင်းတည်းဟူသော ပဌနာသံကို ထာဝရဘုရား လက်ခံတော်မူလိမ့်မည်မ ဟုတ်။ အတွင်းစိတ်၏ သွန်သင်မှုများကို နားမထောင်ဘဲ ကိုယ်ကျိုးငဲ့ကွက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကောက် ကျစ်စဉ်းလဲခြင်းများကိုထိုသူတို့ကျင့်သုံးနေကြ၏။ ထိုအကျင့်စရိုက်ဆိုးများကို ဘာသာရေးခြုံထည်နှင့် ဖုံးအုပ်ထားကြ ၏’’ ဟု ပြောပြပါသည်။ အယောင်ဆောင်သော အသင်းတော်များ၏ မာန်မာနထောင်လွှားကြပုံကို ကျမအားညွှန်ပြပါ သည်။ သူတို့၏အကြံအစည်များကို ဘုရားသခင်အလိုတော်မတူနိုင်၊ သူတို့၏လောကီဉာဏ်မျက်စိများသည် သူတို့၏ အရေးကိစ္စများအပေါ်တွင်သာ စူးစိုက်နေကြပါသည်။ သေဒဏ်သင့်နေသည့်သူတို့၏ မစုံလင်သော ခန္ဓာကိုယ်ကို သာမွမ်းမံခြယ်လှယ်နေကြပြီးလျှင် ကိုယ့်ကိုယ်ကိုကြည့်၍ ကျေနပ်နှစ်သက်နေကြပါသည်။ သခင်ယေရှုနှင့်ကောင်း ကင်တမန်များသည် သူတို့ကိုကြည့်၍ အမျက်ထွက်နေကြပါသည်။ ‘‘သူတို့၏ဒုစရိုက်များနှင့် မာန်မာနထောင်လွှား မှုများ၊ ကောင်းကင်တိုင်အောင်ရောက်နေလေပြီ။ သူတို့ရထိုက်သည့်အခကိုလည်း ပြင်ဆင်ထားပြီးလေပြီး။ တရားမျှ တမှုနှင့် တရားစီရင်ခြင်းငိုက်မျဉ်းအိပ်ပျော်နေခဲ့သည်မှာ ကြာပြီးဖြစ်သော်လည်း မကြာမီနိုးထလေတော့မည်။ ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျှောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏’’ ဟု ကောင်းကင် တမန်ကပြောပါသည်။ တတိယကောင်းကင်တမန်၏ ကြောက်မက်ဖွယ်ရာကြုံးဝါးသ့များ အကောင်အထည်ဖေါ်ရ မည်။ မတရားသောသူအားလုံး ထာဝရဘုရား၏ အမျက်တော်ဖလားကို သောက်ရကြပေလိမ့်မည်။ မရေတွက်နိုင် လောက်အောင်များပြားသည့် စာတန်၏မိစ္ဆာဗိုလ်ခြေများ တစ်ပြည်လုံးတွင် အနှံ့အပြားရှိနေကြသည့်အလျှောက်အ သင်းတော်များတွင် ပြည့်လျှံလျှက်ရှိနေပါသည်။ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အကြီးဆုံးသော ရာဇဝတ်မှု နှင့်ဒုစရိုက်များကို ဘာသာရေးခြုံထည်များဖြင့် ဖုံးအုပ်ထားကြသည့်စာတန်၏ ကိုယ်စားလှယ်များအနေဖြင့် ကြည်နူး နေကြပါသည်။GCB58 84.2

    ဘုရားသခင်၏ လက်ရာတော်ဖြစ်သည့်လူသည် လူသားအချင်းချင်းဖိနှိပ်မှုကြောင့်အနိမ့်ဆုံးအဆင့်တွင် စဉ်း စားဆင်ခြင်တတ်သည့်ဉာဏ်မရှိသော သတ္တဝါများ၏ အခြေသို့ပင် ဆိုက်နေရာက်နေသည့်အတွက် ကောင်းကင်ဗိုလ် ခြေအပေါင်းက မခံမရပ်နိုင်ဖြစ်နေကြပါသည်။ လူသားအပေါ် အမင်္ဂလာကျရောက်နေသည်ကို ရှုစားတော်မူလျှင် က ရုဏာပွားတော်မူသော ကယ်တင်ရှင်၏ နောက်တော်သို့ လိုက်လျှောက်ကြပါသည်ဟု ဝန်ခံသောသူများပင်လျှင်ထိုမျှ လောက်ကြီးလေးပြင်းထန်သောအပြစ်မျိုးတည်းဟူသော ငွေဝယ်ကျွန် အရောင်းအဝယ်လုပ်ငန်းတွင် စိတ်ရောကိုယ် ပါဝင်ရောက်ဆင်နွဲ၍ လူတို့၏အသက်ဝိညာဉ်များကို ဖျက်ဆီးနေကြပါသည်။ လူသားတို့၏ စိတ်ဒုက္ခဝေဒနာများကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်လျှက် အရောင်းအဝယ်ပြုလုပ်နေကြပါသည်။ ဘုရားသခင်၏ ကောင်းကင် တမန်များက ထိုအမှုအရာအားလုံးကို မှတ်သား၍မှတ်တမ်းစာအုပ်တွင် အက္ခရာတင်ထားကြပါသည်။ ဘုရားတရား ကြည်ညိုသည့်ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ မိခင်၊ဖခင်၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမတို့၏ မျက်ရည်များကိုကောင်း ကင်ဘုံလမ်းတွင် သိုလှောင်ထားပါသည်။ ဘုရားသခင်သည် မိမိ၏အမျက်တော်ကို အချိန်ကြာမြင့်စွာ ဆက်လက်ချုပ် တည်းထားတော့မည်မဟုတ်ပါ။ ဤလူမျိုးအပေါ် ဘုရားသခင် အမျက်ထွက်တော်မူ၏။ အထူးသဖြင့် ထိုသို့ရောင်းဝယ် ဖေါက်ကားမှုကို အခွင့်အာဏာအပ်သည်သာမက မိမိတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြသည့် ဘာသာရေး အဖွဲ့အ စည်းများအပေါ်ပို၍ အမျက်ထားတော်မူ၏။ ယင်းသို့ဆင်းရဲဒုက္ခခံစားရမှုကို နူးညံ့သိမ်မွေ့နှိမ့်ချတော်မူသော သခင် ယေရှု၏ နောက်တော်သို့လိုက်လျှောက်ပါသည်ဟု ဝန်ခံသူအများစုက ဂရုမစိုက်လစ်လှူရှုနေကြ၏။ ကိုယ်ချင်းစာတ ရားကင်းမဲ့စွာကြည့်နေကြ၏။ သူတို့တွင် အများစုသည် ဤကဲ့သို့ မဖေါ်ပြနိုင်လောက်အောင် ကျေနပ်မှုရယူလျှက်ပါဝင် နေကြပါသည်။ သို့ပါလျှက်သူတို့အနေဖြင့်ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဝန်ခံကြသေး၏။ ဟန်မပျက်ဘဲ မထီမဲ့မြင်ပြု နေခြင်းဖြစ်၏။ ထိုကိစ္စအတွက် စာတန်ကြည်နူးလှသဖြင့် သခင်ယေရှုနှင့် ကိုယ်တော်၏ ကောင်းကင်တမန်များအား ဝေဖန်ပြစ်တင်သည့်အနေဖြင့် မဆီလျှော်။ ‘‘ခရစ်တော်၏တပည့်တော်များဆိုလိုသည်မှာ ဤကဲ့သို့သောသူများပါတ ကား’’ ဟုဆိုးသွမ်းလှစွာ အောင်ပွဲခံလိုက်ကြပါသည်။GCB58 85.1

    ဤခရစ်ယာန်အမည်ခံများသည် ခရစ်တော်အတွက် ဒုက္ခခံလျှက် စုတေ့သွားသော မာတုရများ၏ အတ္ထုပ္ပတ္တိ များကိုဖတ်၍မျက်ရည်ကျကြပါသည်။ လူသားအချင်းချင်းထိုမျှလောက် ရက်စက်ကြမ်းကြုတ်မှုပြနိုင်ကြသည့်တိုင် အောင်ထိုသူတို့၏ စိတ်နှလုံးခိုင်မာပုံကို သူတို့အံ့ဩကြ၏။ ထိုသို့သဘောရ၍ ထိုသို့ပင် ပြောကြသောထိုသူတို့ပင် လျှင်လူသားအချင်းချင်းကို ငွေဝယ်ကျွန်အဖြစ် လက်ကိုင်ထားနေကြပါသည်။ ထိုမျှနှင့်မပြီးသေးပါ။ သဘာဝအ နှောင်အဖွဲ့များကိုခွဲခွာ၍ထားကြပြီးလျှင် လူသားအချင်းချင်းကို ရက်စက်စွာနှိပ်ကွပ်နေကြပါသည်။ ရှေးခေတ်သာ သနာပလူများနှင့် တစ်ပါးအမျိုးသားတို့က ခရစ်တော်၏တပည့်တော်နောက်လိုက်များကို မဖေါ်ပြနိုင်သော အမျက် ဒေါသဖြင့် ရက်စက်စွာ ညှဉ်းပန်းခဲ့ကြသည့်နည်းတူ သူတို့ကလည်း လူသားအချင်းချင်းကို စီရင်နေကြပါသည်။ ကောင်းကင်တမန်က ‘‘ဘုရားသခင်တရားစီရင်တော်မူသည့်နေ့သို့ ရောက်လာသောအခါ ရှေးက သာသနာပလူများ နှင့်တစ်ပါးအမျိုးသားတို့သည် ဤသူတို့ထက်ပို၍ အနေသာကြလိမ့်မည်’’ ဟုပြောပါသည်။ နှိပ်စက်ဖိစီးခြင်းခံရသူများ ၏ အော်ဟစ်သံသည် ကောင်းကင်သို့ရောက်လေပြီး။ ဖန်ဆင်းတော်မူသော အရှင်နှင့် တစ်ပုံသဏ္ဌာန်တည်း ဖန်ဆင်း ထားသောလူသားသည် မိမိတို့လူသားအချင်းချင်းအား မဖေါ်ပြနိုင်လောက်အောင် ပြင်းထန်သည့်စိတ်ဒုက္ခကိုယ် ဆင်းရဲခံစားရလေအောင် ပြုလုပ်ကြသည့်အတွက် ကောင်းကင်တမန်များကကြည့်၍ အံ့အားသင့်နေကြပါသည်။ ကောင်းကင်တမန်က ပြောပြပြန်သည်မှာ ဖိစီးနှိပ်စက်သောသူတို့၏ အမည်များကို နှိပ်စက်ညှဉ်းဆဲခြင်းကြောင့် ဒုက္ခဆင်းရဲခံရသူများ၏ အသွေးနှင့်ရေး၍ ကြက်ခြေခတ်ပြီးလျှင် မျက်ရည်ပူများနှင့် လွှမ်းမိုးထားပါသည်။ အလင်းတ ရားနှင့်ဆိုင်သောဤပြည်သည် ဘုရားသခင်၏ အမျက်တော်ဖလားမှ အနည်များကို သောက်၍မပြီးမီတိုင်အောင် ဗာဗု လုန်မြို့ကြီး၏ အကျိုးအပြစ်ကိုနှစ်ဆပေး၍ မပြီးမီတိုင်အောင် ဘုရားသခင်၏ အမျက်တော်ပြေလိမ့်မည်မဟုတ်ပေ။ သူသည်အကျိုးအပြစ်ကို ဆပ်ပေးသည့်နည်းတူ သူ၌ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြ လော့။ သူလောင်းသော ဖလား၌ သူအဖို့ နှစ်ဆတိုး၍ လောင်းကြလော့ဟု မိန့်တော်မူ၏။GCB58 85.2

    သူ၏ငွေဝယ်ကျွန်အားအသိပညာမပေးသော ကျွန်ပိုင်ရှင်သည် အကျွန်ုပ်အသက်ဝိညာဉ်အတွက် ဖြေရှင်းရ လိမ့်မည့်အပြင် ယင်းငွေဝယ်ကျွန်၏ ဒုစရိုက်အပြစ်များအတွက် သူကိုဆပ်ခိုင်းလိမ့်မည်။ အသိပညာမပေးဘဲ ထား၍ ချုပ်ချယ်ခြင်း၊ ရှုတ်ချခြင်းခံရသော ငွေဝယ်ကျွန်၊ ဘုရားသခင်၏ အကြောင်းနှင့်ကျမ်းစာအကြောင်းကို လုံးဝမသိသော ငွေဝယ်ကျွန်၊ သူ့သခင်၏ရိုက်နှက်မှုဒဏ်ကိုသာကြောက်၍ အခြားမည်သည့်အရာကိုမျှ မကြောက်သော ငွေဝယ်ကျွန်၊ ဆင်ခြင်စဉ်းစားတတ်သည့်ဉာဏ် မရှိသော သတ္တဝါတို့ထက် နိမ့်ကျသည့်အဆင့်တွင် တည်နေသောထို ငွေဝယ်ကျွန် အား ဘုရားသခင်သည် ကောင်းကင်ဘုံသို့ မခေါ်ဆောင်နိုင်ပါ။ သို့သော် သနားကြင်နာတော်မူသော ဘုရားသခင် သည်ထိုသူ့အတွက် အကောင်းဆုံး ဆောင်ရွက်တော်မူ၏။ ထိုကျွန်သည် မည်သည့်အခါကမျှ မတည်မရှိခဲ့ဟုသဘော ထားလျှက် သူ၏သခင်ကိုသာ ဘေးဒဏ်ခုနစ်ပါးကို ခံစားပြီးလျှင် ဒုတိယမြောက်ခြင်းအချိန်တွင် ထမြောက်ပြီး ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော သေခြင်းဖြင့် ဒုတိယသေခြင်းကို ခံရစေလိမ့်မည်။ ထိုအခါ ဘုရားသခင်၏တ ရားမျှတမှု ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။GCB58 86.1

    ဆက်လက်လေ့လာရန်။ အာမုတ် ၅:၂၀။ ရောမ ၁၂:၁၉။ ဗျာ ၁၄:၉-၁၀။ ၁၈-၆။GCB58 86.2