Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆွဲဆောင်မှုရှိသောအနာဂတ်ဆိုင်ရာပုရောဖက်ဟောကြားခြင်း

    ပုရောဖက်အနာဂတ်အကြောင်းအရာများသို့ အာရုံပြုရန်ခေါ်ခြင်း - ခရစ်တော်၏ တပည့်တော်များတို့သည် စုပေါင်း၍ အင်တိုက်အားတိုက်ကြိုးစားကြကာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည့် ပုရောဖက်အနာဂတ်ဟောထားသော အကြောင်းအရာများတို့ကို လျင်မြန်စွာပြည့်စုံစေရန် ကမ္ဘာကြီး၏အာရုံကို ဆွဲဆောင်ကြရမည်။ Manuscript 38, 1905. [Ev 193.3]EvBur 233.3

    ပုရောဖက်အနာဂတ်တစ်ခုတည်းသာလျှင် တွေးတောတက်သောသူတို့ ၏မေးခွန်းများ ကိုအဖြေပေးနိုင်သည် - ကြီးမားသောငါဖြစ်သည်အတိုင်း ငါမှသူ၏နှုတ်ကပတ် တော်ထဲရှိ ပုရောဖက်အနာဂတ်စကားသည် အကြောင်းအရာများကိုသံကွင်း ဆက်ထားသကဲ့သို့ ပေါင်းစည်းထားပြီး၊ ထာဝရအနာဂတ်ကာလမှ ထာဝရ အတိတ်ကာလသို့ ခေတ်ကာလအစီအစဉ်တစ်လျှောက်တွင် ကျွန်ုပ်တို့ယနေ့ မည်သည့်နေရာ၌ရှိနေကြကြောင်းနှင့် လာမည့်အချိန်ကာလ၌ ကျွန်ုပ်တို့မည်သည့် အရာကိုမျှော်လင့်နိုင်ကြောင်းကိုလည်း ဖော်ပြလျက်ရှိပါသည်။ ထိုပုရောဖက် အနာဂတ်စကားအားလုံးတို့သည် ယခုအချိန်ကာလအထိပြည့်စုံမည့်အကြောင်း သမိုင်းရေးစာမျက်နှာများထဲ၌ဖော်ပြထားလျက်ရှိပြီး ၎င်းတို့သည် ဟောကိန်း ထုတ်ထားသည့်အစီအစဉ်အတိုင်း .. အားလုံးပြည့်စုံသွားမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ [Ev 193.4]EvBur 234.1

    ယနေ့အချိန်ကာလ၏ နိမိတ်လက္ခဏာများသည် ကျွန်ုပ်တို့အား ကြီးမား သောအရေးကြီးသည့်အဖြစ်အပျက်များ၏တံခါးဝ၌ ရပ်နေပြောပြပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာအတွင်းရှိ အရာအားလုံးတို့သည် စိုးရိမ်ကြောင့်ကြမှုဖြင့်ရှိနေ ကြရပါသည်။ ကျွန်ုပ်တို့၏မျက်မှောက်၌ ကယ်တင်ရှင်၏ပုရောဖက်အနာဂတ် ဟောထားချက်အကြောင်းအရာများတို့သည် သူမကြွလာမီအချိန်၌ တွေ့မြင် နေကြရပါသည်။ “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သောသတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” [Ev 194.1]EvBur 234.2

    ယခုသည် အသက်ရှင်သောအရာအားလုံး စိတ်ဝင်စားခြင်းလွှမ်းမိုး လျက်ရှိသည်။ အုပ်ချုပ်သူများ၊ နိုင်ငံခေါင်းဆောင်များ၊ ရာထူးရာခံတန်ခိုး အာဏာရှိသူများ၊ တွေးတောဆင်ခြေတတ်သောလူတန်းစားအားလုံးတို့သည် ဖြစ်ပျက်လာမည့်ကိစ္စရပ်များတို့အပေါ် အာရုံစိုက်လျက်ရှိကြသည်။ သူတို့သည် ယခုရှိနေသောနိုင်ငံများတို့၏အချင်းချင်းဆက်ဆံမှုများတို့ကို စောင့်ကြည့်နေ ကြသည်။ သူတို့သည် ပြင်းထန်စွာဖြစ်ပေါ်လာမည့် ကမ္ဘာ့သဘာဝစွမ်းအင် တိုင်း၏အခြေအနေကိုလေ့လာနေကြပြီး သူတို့သည် ကြီးမား၍တိကျသော အရာတစ်စုံတစ်ခုဖြစ်ပေါ်လာလိမ့်မည်ကို ရိပ်မိကြသည်။ ကမ္ဘာကြီးသည် ဖြစ်အံ့ဆဲဆဲကြီးမားသောအရေးကြုံရာကာလရောက်ရှိလျက်နေပြီဖြစ်သည်။ [Ev 194.2]EvBur 235.1

    သမ္မာကျမ်းစာ၊ သမ္မာကျမ်းစာသာလျှင် ဤအရာအားလုံး၏မှန်သော ထင်မြင်ယူဆချက်ကိုပေးပါသည်။ ဤနေရာ၌ ကျွန်ုပ်တို့ကမ္ဘာ့သမိုင်း၏ကြီးမား သောနောက်ဆုံးမြင်ကွင်းများထင်ရှားနေပြီး၊ ရှေ့၌ဖြစ်ပျက်မည့်အရာအားလုံး တို့၏အရိပ်အမြွက်တို့သည် ပေါ်လွင်လျက်ရှိပါသည်။ ၎င်းတို့၏နီးကပ်လျက် ရှိသောအသံဗလံများတို့သည်လည်း ကမ္ဘာကြီးကိုတုန်လှုပ်ချောက်ချားစေပြီး၊ လူတို့၏စိတ်နှလုံးများသည် ၎င်းတို့ကြောင့်ထိတ်လန့်လျက်ရှိသည်။ Prophets and Kings, pp. 536, 537. (1916) [Ev 194.3]EvBur 235.2

    မှန်သောတံပိုးခရာသံကိုပေးပါ - ဤနေ့ရက်ကာလနှင့်သက်ဆိုင်သည့် ပုရောဖက်အနာဂတ်ဟောထားချက်များကို နားမလည်သောသူများစွာရှိနေပြီး သူတို့ကိုကျွန်ုပ်တို့အသိပေးကြရမည်။ ဤအလုပ်သည် ကင်းစောင့်များနှင့် သာမန်အသင်းသားများအားလုံးတို့မှ မှန်သောတံပိုးခရာသံကိုပေးရန်တာဝန် ရှိသည်။ စိတ်အားထက်သန်မှုရှိပါ။ “ကျယ်လောင်စွာကြွေးကြော်ပါ၊ တွန့်ဆုတ် ခြင်းမရှိပါနှင့်၊ တံပိုးခရာသံကဲ့သို့ သင်တို့၏အသံကိုမြှင့်တင်ပါ။ ငါ့လူတို့၏ လွန်ကျူးခြင်းနှင့် ယာကုပ်အိမ်သူအိမ်သားများတို့၏အပြစ်များကိုဖော်ပြပါ။” Letter 1, 1875. [Ev 194.4]EvBur 235.3

    ပြတ် သားသောပု ရောဗက် ဟောထားသည့်အမှန်တရား၌ပါဝင် ဟောပြောပါ - နောက်ဆုံးနေ့ရက်များတို့၏ကြောက်မက်ဖွယ်အန္တရာယ်များတို့သည် ကျွန်ုပ်တို့ အပေါ်သို့ကျရောက်လျက်ရှိပြီး၊ ကျွန်ုပ်တို့၏အလုပ်သည် ဤအန္တရာယ်ကြုံတွေ့ နေရသောသူများတို့ကို သတိပေးရမည်။ ပုရောဖက်ဟောထားသော လေးနက် သည့်မြင်ကွင်းများကို တစ်ခုမကျန်ဖော်ပြပါ။ အကယ်၍ ကျွန်ုပ်တို့၏လူတို့ သည် တစ်ဝက်သာနိုးကြားပါက၊ အကယ်၍သူတို့သည် ဗျာဒိတ်ကျမ်း၌ ဖော်ပြသောအဖြစ်အပျက်များ နီးကပ်နေကြောင်းကိုမသိကြပါက၊ ပြုပြင်ပြောင်းလဲ မှုများကို ကျွန်ုပ်တို့၏အသင်းတော်များအထဲ၌ ပြုလုပ်ကြရမည်ဖြစ်ပြီး၊ ပို၍ လူများတို့သည် သတင်းစကားကိုယုံကြည်ကြလိမ့်မည်။ [Ev 195.1]EvBur 236.1

    ကျွန်ုပ်တို့ အချိန်ဖြုန်းရန်မရှိပါ - ဘုရားသခင်သည် ဝိညာဉ်များတို့ကို စောင့်ရှောက်ရန် ကျွန်ုပ်တို့ကိုခေါ်ခြင်းသည် သူတို့အနေဖြင့် မိမိတို့၏စာရင်း ကိုရှင်းရမည့်အတွက်ဖြစ်သည်။ စည်းမျဉ်းဥပဒေအသစ်ဖြင့်ချီတက်ပါ။ ပြတ်သား သောအမှန်တရား၌ပါဝင်ထမ်းဆောင်ပါ။ သန်လျက်နှစ်ဖက်ထက်သကဲ့သို့ ဖြစ်ပါလိမ့်မည်။ သို့သော် ငြင်းခုံသောစိတ်နေသဘောထားကို ဦးစားမပေး ပါနှင့်၊ ဆိတ်ငြိမ်စွာနေပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို စောင့်ကြည့်ရမည့် အချိန်ရှိသည်။ ဒံယေလကျမ်းကိုပြောစေပါ။ ဗျာဒိတ်ကျမ်းကိုပြောစေပါ။ အမှန်တရားအကြောင်းကိုပြောပါ။ သို့သော် မည်သည့်အကြောင်းအရာကို ဟောပြောသည်မဆို “ဒါဝိဒ်၏အမြစ်နှင့်ကလေးနှင့်တောက်ပသောနံနက်ကြယ် ယေရှုကို မျှော်လင့်ခြင်းအားလုံး၏ဗဟိုအချက်အချာအဖြစ်မြှောက်တင်ပါ။ Testimonies to Ministers, p. 118. (1896) [Ev 195.2]EvBur 236.2

    လတ်ဆတ်၍ထိမိသောနည်း - သင်ကြားခြင်းကို ခြောက်သွေ့ ၍စိတ်ဝင်စား ဖွယ်မရှိသောနည်းဖြင့်မပြုလုပ်ပါနှင့်။ ကိစ္စများစွာတို့၌ ဤကဲ့သို့သော ဟန်အမူအရာဖြင့် လူတို့ပြုကြသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ် တော်အမှန်တရားကို လတ်ဆတ်၍ထိမိသော စိတ်ဝင်စားဖွယ်နည်းဖြင့် ဟောပြောပါ။ [Ev 195.3]EvBur 236.3

    ဗျာဒိတ်ကျမ်းကို လူတို့ရှေ့၌ဖွင့်ပြရမည်။ ဤစာအုပ်ကို အများသော သူတို့သည် တံဆိပ်ခတ်ထားသောစာအုပ်ဟု သွန်သင်ကြသည်။ သို့သော် အလင်းနှင့်အမှန်တရားကို ငြင်းပယ်သောသူတို့အတွက်သာ တံဆိပ်ခတ်ထား ခြင်းဖြစ်ပါသည်။ မကြာမီဖြစ်ပျက်မည့်အကြောင်းအရာများအတွက် ပြင်ဆင် ခြင်းအခွင့်အရေးရရှိရန် ၎င်းအထဲ၌ပါရှိသောအမှန်တရားကို ကျွန်ုပ်တို့ ကြွေးကြော်ရမည်။ ကောင်းကင်တမန်သုံးပါးတစ်ပါး၏ သတင်းစကားကို ပျက်စီးမည့်ဤကမ္ဘာကြီး၏ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောမျှော်လင့် ခြင်းအဖြစ် ဟောပြောရမည်။ Letter 87, 1896. [Ev 195.4]EvBur 237.1

    သတင်းစကားသုံးခုစလုံးအရေးကြီးသည် - ကောင်းကင်တမန်သုံးပါးတစ်ပါး သတင်းစကား၏အရေးအကြီးဆုံးဆောင်ပုဒ်သည် ပထမနှင့်ဒုတိယကောင်းကင် တမန်များ၏သတင်းစကားလည်း ပေါင်းစပ်ပါဝင်နေသည်။ လူတိုင်းဤသတင်း စကားပါရှိသည့်အမှန်တရားများကိုနားလည်ကြပြီး မိမိတို့၏အသက်တာတွင် ပေါ်လွင်စေရမည်။ အကြောင်းမှာ ဤအရာသည် ကယ်တင်ခြင်းအတွက် လိုအပ်သောအရာဖြစ်သောကြောင့်ဖြစ်သည်။ ဤကြီးကျယ်သောအမှန်တရား ကိုနားလည်ရန် စိတ်ပါဝင်စားစွာဖြင့် များစွာဆုတောင်းပြီးလေ့လာကြမည်ဆို လျှင် ကျွန်ုပ်တို့၏သင်ယူပြီးနားလည်နိုင်သောတန်ခိုးသည် အကောင်းဆုံး ပြည့်စုံလိမ့်မည်။ Letter 97, 1902. [Ev 196.1]EvBur 237.2

    အနာဂတ်စကားသည်ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းအုတ်မြစ်ဖြစ်သည် - ဓမ္မအမှ တော်ဆောင်များတို့သည် တိကျသောအနာဂတ်ဟောထားချက်စကားကို ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းယုံကြည်ခြင်း၏အခြေခံအုတ်မြစ် ကဲ့သို့ ဟောပြောကြရမည်။ ဒံယေလနှင့်ဗျာဒိတ်ကျမ်းတို့မှ အနာဂတ်စကား များ၊ ၎င်းတို့နှင့်ဆက်နွှယ်သောစကားများ၊ “ဤလောက၏အပြစ်ကိုဆောင် သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” တို့ကို သေချာစွာလေ့လာ သင့်ကြသည်။ [Ev 196.2]EvBur 237.3

    မအခန်းကြီး (၂၄) ကို လူအားလုံးအာရုံစိုက်ကြရန် သတင်းပေး ရမည့်အကြောင်း ကျွန်ုပ်အားတစ်ကြိမ်ပြီးတစ်ကြိမ် ပြောပြလျက်ရှိသည်။ ယနေ့ ကျွန်ုပ်တို့နေထိုင်သောအချိန်သည် ဤခေတ်ကာလဟောကိန်းများပြည့်စုံသည့် အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များနှင့်ဆရာများတို့အနေဖြင့် မိမိတို့သင်ကြားသောသူတို့အား ဤအနာဂတ်စကားများကိုရှင်းပြစေပါ။ သူတို့ ၏အရေးမကြီးသောဟောပြောချက်များကိုဘေးဖယ်ထားပြီး ဝိညာဉ်များ၏ ကံကြမ္မာအတွက်ဆုံးဖြတ်နိုင်ရန် အမှန်တရားများကိုဟောပြောပါ။ Gospel Workers, p. 148. (1915) [Ev 196.3]EvBur 238.1

    ယနေ့ အသက်ရှင်သောသူအားလုံးနှင့်သက်ဆိုင်သောအမှန်တရားများ - ကျွန်ုပ်တို့ သည် ကမ္ဘာသို့ဗျာဒိတ်ကျမ်း၏အရေးကြီး၍လေးနက်သောအမှန်တရားများတို့ ကို ကြွေးကြော်ရမည်။ ဘုရားသခင်အသင်းတော်၏ရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များထဲ၌ ဤအမှန်တရားများရှိနေရမည်။ ဤဆက်သွယ်မှုကို အလေးထားသောသူတို့အပေါ် ကောင်းချီးပေးသောဆုတောင်းချက်ကိုတောင်း လျှောက်ကြေညာပေးသည်။ ဤစာအုပ်လေ့လာခြင်းကိုအားပေးရန် ကောင်းချီး အတွက်ကတိပြုခဲ့သည်။ ကျွန်ုပ်တို့နားလည်ရန်ခက်ခဲပုံပေါ်သောသင်္ကေတများ ကြောင့် ဤစာအုပ်လေ့လာရာ၌ ကျွန်ုပ်တို့ငြီးငွေ့ရန်အကြောင်းမရှိပါ။ [Ev 196.4]EvBur 238.2

    ဤဗျာဒိတ်ကျမ်းကို ပို၍နီးကပ်စွာနှင့်ပို၍လုံ့လစိုက်ကာလေ့လာကြ ပြီး ၎င်းအမှန်တရားထဲ၌ပါရှိသည့်အရာများ၊ ဤနောက်ဆုံးသောနေ့ရက်၌ နေထိုင်ကြသောသူတို့နှင့်ပတ်သက်သည့် အမှန်တရားများတို့ကို ပို၍စိတ်အား ထက်သန်စွာ ဟောပြောခြင်းပြုရမည်။ Manuscript 105, 1902. [Ev 197.1]EvBur 238.3

    တစ်ကမ္ဘာလုံးအတွက်သတင်းစကားတစ်ခု - ယောဟန်ထံသို့ခရစ်တော်ပေး သော ဘုရားသခင်၏ပညတ်တော်နှင့် ယေရှု၏သက်သေခံချက်ကိုစွဲလမ်းခြင်း ရူပါရုံကို တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းနှင့်ဘာသာစကားတိုင်းထံသို့ တိကျစွာ ကြွေးကြော်ရမည်။ ဗာဗုလုန်ဖြင့်ကိုယ်စားပြုခြင်းခံရသောအသင်းတော်များ တို့သည် မိမိတို့၏ဝိညာဉ်ရေးအခြေအနေမှကျဆင်းသူများနှင့် ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ပြီး ယေရှု၏သက်သေခံချက်ကိုစွဲလမ်းသောသူတို့အား ညှဉ်းဆဲခြင်းတန်ခိုးရရှိသူများကိုပုံဆောင်သည်။ ယောဟန်အတွက် ဤညှဉ်းဆဲ ခြင်းတန်ခိုးသည် ချိုများရှိသောသိုးသငယ်ကဲ့သို့ပုံဆောင်ထားသော်လည်း နဂါး ကဲ့သို့စကားပြောသည်။ Testimonies to Ministers, p. 117. (1896) [Ev 197.2]EvBur 238.4

    လူစုကြီး၏တုံ့ ပြန်မှုကိုလက်ခံရရှိခြင်း - ညီအစ်ကိုတစ်ဦး၏စည်းဝေးသို့ လူပေါင်းများစွာတက်ရောက်ပြီး သူ၏စကားများကိုဆွဲဆောင်မှုကောင်းသော စိတ်ဝင်စားခြင်းဖြင့် သူတို့နားထောင်ကြသည်။ စိတ်ဝင်စားခြင်းသည် အစမှ အဆုံးတိုင်အောင်ဖြစ်သည်။ သူသည် မိမိလက်ထဲ၌ကျမ်းစာကိုကိုင်ဆောင်ထားပြီး သူ၏ပြောဆိုခြင်းအားလုံးမှာ ဘုရားသခင်၏နှုတ်ကပတ်ကိုအခြေခံထားကာ ထိုညီအစ်ကိုသည် လူတို့ရှေ့၌ ဒံယေလနှင့်ဗျာဒိတ်ကျမ်းကို ရှာဖွေပြောဆို သည်။ သူ၏ကိုယ်ပိုင်စကားအနည်းငယ်ကိုသာအသုံးပြုသည်။ သူသည် နှုတ်ကပတ်တော်ကိုယ်တိုင်မှ လူတို့အားအမှန်တရားကိုရှင်းပြစေသည်။ အမှန် တရားကိုဟောပြောပြီးနောက် ဤညီအစ်ကိုသည် သူ၏ပရိသတ်ထံမှ မိမိ တို့၏ထင်မြင်ချက်ကိုရယူသည်။ ယခုသူပြောသောစကားမှာ “ကျွန်ုပ်ပြောတဲ့ စကားထဲမှာ အမှန်တရားကိုတွေ့ တဲ့လူရှိရင်လက်ထောင်ပါ” ဟုမေးခြင်းဖြစ် ပါသည်။ ထိုအခါ တုံ့ပြန်သောအားဖြင့် လူအားလုံးလက်ထောင်ကြသည်။ သူ၏ပြုလုပ်သောအရာကို ကျွန်ုပ်အနည်းငယ်သာတင်ပြနိုင်ပါသည်။ Letter 400, 1906.EvBur 239.1

    အနာဂတ်ဟောထားသောအမှန်တရားအပေါ်ခေတ်သစ်အပြင် - ဟောင်းနွမ်းခြင်း ကြောင့် ရှင်းလင်းသောသက်သေခံချက်ဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ် အုပ်ချုပ်ရေးသမားများ၊ သို့မဟုတ် ဖာရိရှဲများယုံကြည်ကြပါသလား” ဟူသောမေးခွန်းဖြင့် လူတို့စုံစမ်းခြင်းပြုကြသည်။ အနာဂတ်စကားများကို လေ့လာရန် အများသောသူတို့သည် စိတ်ဓာတ်ကျကြသည်။ ထိုကြောင့် တံဆိပ်ခတ်ထားသောစာအုပ်များဖြစ်ခြင်းကြောင့် နားမလည်နိုင်ကြပါဟု သူတို့ သွန်သင်ကြပါသည်။ လူအုပ်ကြီးများတို့သည် မိမိတို့၏သင်းအုပ်ဆရာများ အပေါ် လုံးလုံးလျားလျားယုံကြည်မှုရှိကြပြီး၊ ဤသတိပေးချက်ကိုနားထောင် ရန်ငြင်းဆန်ကြသည်။ အခြားသောသူတို့သည် အမှန်တရားကိုယုံကြည်ကြ သည့်တိုင် “တရားဇရပ်မှနှင်ထုတ်ခြင်းခံရမည်ကို” စိုးရိမ်ကြသောကြောင့် ရဲဝံ့စွာဝန်ခံခြင်းမပြုကြပါ။ အသင်းတော်၏စမ်းသပ်ခြင်းနှင့်ဖြူစင်ခြင်းအတွက် ဘုရားသခင်ပေးသောသတင်းစကားသည် ခရစ်တော်ကိုမိမိတို့မည်မျှချစ်ကြ ကြောင်းနှင့် လောကကိုသူတို့မည်မျှချစ်ကြကြောင်း လူအရေအတွက်အားဖြင့် တိကျစွာဖော်ပြလျက်ရှိသည်။ လောက၏ချည်နှောင်မှုသည် ကောင်းကင်၏ ဆွဲဆောင်မှုထက် ပို၍ခွန်အားကြီးသည်။ သူတို့သည် လောကီပညာ၏အသံ ကိုနားထောင်ရန်ရွေးချယ်ကြပြီး စိတ်နှလုံးပြုပြင်ပြောင်းလဲခြင်း အမှန်တရား ၏သတင်းစကားထံမှ ဝေးရာသို့ထွက်ခွာသွားကြပါသည်။ The Great Controversy, p. 380. (1888) [Ev 198.1]EvBur 239.2

    အနာဂတ် ဟောထားသောသမိုင်း၏အကြောင်းအရာအားလုံးနှင့်အကျွမ်းဝင်ခြင်း - သာသနာလုပ်ငန်း၌ မိမိတို့၏ကိုယ်ကိုဆက်ကပ်လိုသောလူငယ်များ၊ သို့မဟုတ် လက်ရှိအမှုတော်ကိုဆောင်ရွက်နေသောလူငယ်များတို့သည် အနာဂတ်ဟော ထားသောသမိုင်း၏အကြောင်းအရာအားလုံးနှင့် အကျွမ်းတဝင်ရှိသင့်ကြသည်။ Gospel Workers, p. 98. (1915) [Ev 198.2]EvBur 240.1

    အနာဂတ်စကားများအပေါ်တိုးတက် သောအလင်း - တိုးပွားလာသောအလင်း သည် အနာဂတ်စကား၏ကြီးမားသောအမှန်တရားအားလုံးအပေါ်ထွန်းလင်း ပြီး တောက်ပသောနေမင်း၏အလင်းရောင်ခြည်သည် တစ်ခုလုံးကိုလင်းစေ သောကြောင့် ၎င်းတို့ကိုလတ်ဆတ်စွာနှင့်တောက်ပစွာ တွေ့မြင်ရပေလိမ့်မည်။ [Ev 198.3]EvBur 240.2

    ကျွန်ုပ်တို့သည် အရေးကြုံရာကာလသို့ရောက်ရှိပြီး နောက်ဆုံးသော ကမ္ဘာ့ရာဇဝင်၏ မြင်ကွင်းထဲ၌နေထိုင်နေရကြောင်း ယုံကြည်ပါသလား၊ ယခု ကျွန်ုပ်တို့သည် နိုးကြားကြပြီး၊ အချိန်ကာလ၏ဆောင်ရွက်ရန်စေခိုင်းသော အလုပ်ကိုလုပ်ကြမည်လား၊ သို့မဟုတ် ကျွန်ုပ်တို့အပေါ်သို့ ကျွန်ုပ်တင်ပြသော အရာများရောက်ရှိပြည့်စုံသွားသည့်အထိ စောင့်နေကြမည်လား။ Manuscript 18, 1888.EvBur 240.3

    အနာဂတ်စကားများရှင်းလင်းစွာဖော်ပြထားပြီးသားဖြစ်သည် - ဘုရားသခင်သည် သူ၏ဆက်ဆံမှုများကို ကျွန်ုပ်တို့နေထိုင်လျက်ရှိသောယခု၊ ယခုအချိန်၌ပင် ကျွန်ုပ်တို့အားလုံးတို့အား နားလည်စေချင်ပါသည်။ ဘုရားသခင်မှရှင်းလင်း ဖော်ပြထားပြီးသားအနာဂတ်စကားနှင့်ပတ်သက်ပြီး ရှည်လျားစွာဆွေးနွေးခြင်း များ၊ အသစ်သောအယူအဆများ ထည့်သွင်းဟောပြောရန်မလိုပါ။ ယခု စိတ်နှလုံးလမ်းကြောင်းမပြောင်းလဲသင့်သော ကြီးမားသည့်အလုပ်သည် ဘုရားသခင်၏ရှေ့မှောက်၌ ကျွန်ုပ်တို့တစ်ဦးစီ၏လုံခြုံမှုဖြစ်သည်။ ကျွန်ုပ်တို့ ၏ခြေသည် ခေတ်အဆက်ဆက်တည်သောကျောက်ဆောင်ပေါ်၌ရှိနေသလား။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ခိုလှုံရာအရပ်၌သာ ကျွန်ုပ်တို့ကိုယ်ကိုဝှက်ထားနေသလား။ သနားညှာတာမှုကင်းမဲ့သောဒေါသဖြင့် မုန်တိုင်းလာနေပြီ၊ ၎င်းကိုရင်ဆိုင်ရန် ပြင်ဆင်လျက်နေကြပြီလား။ ခရစ်တော်သည် ခမည်းတော်နှင့်တစ်ဦးတည်း ရှိနေသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်တစ်ဦးတည်းရှိနေပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမွေခံများနှင့် ခရစ်တော်၌အမွေခံဘက်များ ဖြစ်နေပါသလား။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အစုစပ်ပါဝင်လုပ်ကိုင် နေကြပါသလား။ Manuscript 32a, 1896. [Ev 199.1]EvBur 241.1

    ခရစ်တော်၏သင်ခန်းစာများကို သွန်သင်ပါ - တမန်တော်သည် လေးနက် သောတာဝန်တစ်ခုကို ဧဝံဂေလိဓမ္မအမှုဆောင်အားလုံးတို့အားပေးသည်။ သူသည် ဓမ္မအမှုဆောင်များတို့အား အသက်ရှင်သောသူများနှင့်သေသောသူများကို တရားစီရင်မည့် ဘုရားသခင်နှင့်ယေရှုခရစ်တော်ရှေ့၌ နှုတ်ကပတ်တော်ကို . ဟောပြောရန်စီစဉ်ထားပြီး သူတို့သည် နှုတ်ကပတ်များ၏အနာဂတ်စကားများ နှင့် အငြင်းပွားရန်အစိတ်အပိုင်းများအတွက်ကိုသာ ဘက်လိုက်ပြသခြင်းမရှိ စေဘဲ ကျွန်ုပ်တို့အား ယေရှုခရစ်တော်ကိုယ်တိုင်ပေးထားသော အကြီးဆုံးနှင့် အရေးအကြီးဆုံးသင်ခန်းစာများတို့ကို ဟောပြောပြသရန်ဖြစ်သည်။ Manuscript 13, 1888. [Ev 199.2]EvBur 241.2