Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှစ်ယောက်တစ်တွဲ၏အကျိုးကျေးဇူးများ

    ယေရှုသည်ညီအစ်ကိုချင်းညီအစ်ကိုကိုစေလွှတ်သည် - တပည့်တော် (၁၂) ယောက်ကိုယေရှုခေါ်ယူသောအခါ မြို့များ၊ ရွာများသို့ နှစ်ယောက်တစ်တွဲသွား ကြရန်စေလွှတ်ခဲ့သည်။ မည်သူကိုမျှတစ်ဦးတည်းမစေလွှတ်ခဲ့ပါ။ ညီအစ်ကို အချင်းချင်း၊ မိတ်ဆွေအချင်းချင်းတွဲပြီးစေလွှတ်ခဲ့သည်။ တစ်ဦးကိုတစ်ဦး အားပေးရန်၊ မစရန်၊ အကြံပေးကြ၍ အတူတကွဆုတောင်းကြရန် အားနည်း သောသူအား အားရှိသောသူမှဖြည့်ဆည်းပေးရန်ဖြစ်သည်။ ဤနည်းအတိုင်း နောက်ပိုင်းတွက်လူအယောက် (၇ဝ) ကိုစေလွှတ်ခဲ့ပါသည်။ ဤအစီအစဉ်၌ ကယ်တင်ရှင်၏ရည်ရွယ်ချက်သည် ဧဝံဂေလိအမှုဆောင်များ ပူးပေါင်းလုပ်ဆောင် ရမည့်လမ်းစဉ်ဖြစ်သည်။ ဤအတိုင်းလိုက်လျှောက်ပါက ယနေ့ကျွန်ုပ်တို့၏ ဧဝံဂေလိလုပ်ငန်းသည် များစွာပို၍အောင်မြင်မည်ဖြစ်သည်။ The Desire of Ages, p. 350, (1898) [Ev 72.2]EvBur 74.2

    ယနေ့ လုပ်ငန်းအတွက်ဘုရားရှင်၏စီမံကိန်း - တပည့်တော်များအမှုဆောင် ရွက်ရန် ယေရှုစေလွှတ်သောအခါ. . . ယခုအချိန်၌ သူများဆောင်ရွက် သည်ကိုမနှစ်သက်သောကြောင့် တစ်ဦးတည်းသာဆောင်ရွက်လိုသောသူများ ကဲသို့မဟုတ်ပါ။ လူတို့သည် အတူတကွဆောင်ရွက်ရကြမည်ကို ကျွန်ုပ်တို့ ၏ကယ်တင်ရှင်သည် နားလည်သည်။ သူချစ်သောစိတ်ဓာတ်ပျော့ပျောင်းသည့် တပည့်တော်ယောဟန်၏စိတ်သဘောထားနှင့်တူညီသူကိုမတွဲစေဘဲ စိတ်အား ထက်သန်၍ အလုပ်ကိုချက်ချင်းမဆိုင်းမတွပြုလုပ်လိုသော ပေတရုနှင့်တွဲပေး သည်။ ဤပုဂ္ဂိုလ်နှစ်ဦးသည် ပင်ကိုယ်စာရိတ္တအားဖြင့်မတူညီကြပါ။ ပေတရု သည်သွက်လက်၍ စိတ်အားထက်သန်သည်။ ရဲရင့်၍ညှိနှိုင်းရန်မလွယ်ပါ။ ဤစိတ်ဓာတ်ကြောင့် မကြာခဏခံစားမှုကြုံတွေ့ ရသည်။ ယောဟန်မှာမူ အမြဲ တည်ငြိမ်ပျော့ပျောင်းသည်။ ကိုယ်ချင်းစာတတ်သည်။ အားပေးတတ်သည်။ ထိုကြောင့် တစ်ဦး၏ချို့ယွင်းချက်ကို တစ်ဦးကူညီမှုပြုနိုင်ပါသည်။EvBur 74.3

    စည်းမျဉ်းအဖြစ် သူ၏အမှုဆောင်များကို တစ်ဦးတည်းသာလျှင် လုပ်ဆောင်စေရန် ဘုရားသခင်၏နည်းလမ်းတစ်ခါမျှမဟုတ်ခဲ့ပါ။ ဥပမာ၊ ညီအစ်ကိုနှစ်ယောက်ရှိသည်။ သူတို့၏စိတ်ဓာတ်မတူကြပါ။ ဆန္ဒလည်းမတူ ကြပါ။ တစ်ဦးသည် များစွာသောအရာတို့ကိုလုပ်လိုသော ဘေးအန္တရာယ်၌ ရှိသူဖြစ်သည်။ တစ်ဦးမှာမူ သူတစ်ပါးမထမ်းနိုင်သောဝန်ကို ကူညီထမ်းရွက် ပေးတတ်သောသူဖြစ်သည်။ အကယ်၍ အတူတကွလုပ်ဆောင်ကြပါက တစ်ဦး ကိုတစ်ဦးပြုပြင်ပေးနိုင်သောဩဇာရှိလိမ့်မည်။ တစ်ဖက်စွန်းစာရိတ္တများလည်း သူတို့၏လုပ်ငန်း၌ ပေါ်လွင်မည်မဟုတ်ပါ။ မတော်တစ်နေ့တည်း၌အတူအမြဲ လုပ်ကိုင်ရန်မလိုပါ။ (၁၀) မိုင်မှ မိုင် (၃ဝ) အကွာ နီးကပ်ရာနေရာ၌ လုပ်ကိုင်ကြခြင်းဖြင့် တစ်ဦး၌ဘေးအန္တရာယ်ကြုံတွေ့ရပါက တစ်ဦးထံအကူအညီ တောင်းယူနိုင်ပါသည်။ မကြာခဏဆုတောင်းရန်၊ တိုင်ပင်ဆွေးနွေးကြရန် တွေ့ဆုံသင့်ကြပါသည်။ [Ev 73.1]EvBur 75.1

    အမြဲပင်တစ်ဦးတည်းဆက်လက်ဆောင်ရွက်သောအခါ၊ သူ၏ လုပ်ဆောင်သောနည်းလမ်းသည် ပြည့်စုံပြီးဝေဖန်မှုတစ်စုံတစ်ရာမျှမရှိဟုသူထင် နိုင်ပြီး သူ၏လုပ်ငန်းကို မည်သူမျှကူညီရန်မလိုအပ်ပါဟု ခံစားရပါလိမ့်မည်။ သို့သော် ဘုရားသခင်၏စီမံကိန်းသည် အဖော်နှင့်လက်တွဲအလုပ်လုပ်ရန်ဖြစ် သည်။ သို့မှသာ မိမိတို့ဆောင်ရွက်သောလုပ်ငန်းသည် တစ်ဦးတည်း၏ အာဘော်အားဖြင့်မဟုတ်၊ ချို့ယွင်းချက်ရှိပါက သိရှိရသူများအတွက် နားလည် ပေးနိုင်မည်ဖြစ်သည်။ [Ev 73.2]EvBur 75.2

    အကယ်၍ နှုတ်ကပတ်တော်ဟောပြောသူတစ်ဦး၏အနား၌ မိမိ၏ ဆောင်ရွက်မှုများကိုဝေငှရန် မည်သူမျှမရှိပါက အများအားဖြင့် အကြံပေး၊ သတိပေးမည့်သူမရှိသောကြောင့် မိမိကိုယ်ကိုလုပ်ကိုင်လိုရာ၊ ပြောဆိုလိုရာ များကို မိမိဆန္ဒအတိုင်း ပြောဆိုလုပ်ကိုင်နိုင်သည်ဟု ယူဆမည်ဖြစ်သည့် အတွက် အန္တရာယ်ကြုံတွေ့နိုင်ပါသည်။ ထိုနောက် တစ်ခါတစ်ရံ အရေးကြီး သောအရာများကိုဆောင်ရွက်ရာ၌ မှန်ကန်စွာဆောင်ရွက်နိုင်ခြင်းမရှိ၊ ဘေးဒုက္ခ သို့ရောက်ရှိနိုင်ပါသည်။ သို့သော် နှစ်ဦးအတူဆောင်ရွက်ကြပါက တစ်ဦးနှင့် တစ်ဦးကူညီမှုပေးနိုင်ကြပါသည်။ Historical Sketches, pp. 126, 127. (1886) [Ev 73.3]EvBur 76.1

    စုပေါင်းလုပ်ကိုင်ခြင်း၏အကျိုးကျေးဇူးများ - နှစ်ဦးအတူလက်တွဲ၍လုပ်ဆောင် ရန်လိုအပ်သည်။ အကြောင်းမှာ တစ်ဦးကိုတစ်ဦးအားပေးမှုပြုနိုင်သည်။ အကြံပြု ကြပြီး ဆုတောင်းခြင်းနှင့်ကျမ်းစာလေ့လာခြင်းကိုပြုနိုင်ကြသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အမှန်တရား၏အလင်းကို ပို၍ရရှိကြပါမည်။ မတူညီ သည့်မှန်သောအမြင်ကို ဖလှယ်နိုင်ပါသည်။ မှားယွင်းမှုရှိပါက ထောက်ပြ ကြကာပြုပြင်နိုင်ပါသည်။ တစ်ဦးတည်းစေလွှတ်ခြင်းခံရပါက ဝေဖန်မည့်သူ၊ အမှားကိုထောက်ပြ၍ပြုပြင်ပေးမည့်သူ ရှိမည်မဟုတ်ပါ။ သို့သော် နှစ်ဦး လက်တွဲ၍အတူလုပ်ဆောင်ကြပါက ပညာတိုးပွားလာမည်။ ပို၍အရည်အချင်း ပြည့်ဝသည့်အမှုဆောင်ဖြစ်လာမည်။ ဝိညာဉ်ရရှိသောအောင်မြင်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။ Review and Herald, July 4, 1893.EvBur 76.2

    အဘယ်ကြောင့်ယနေ့၎င်းအတိုင်းပဆောင်ရွက်ရသနည်း - အဘယ်ကြောင့် ဆရာကြီးယေရှုထံမှ စနစ်အတိုင်းမဆောင်ရွက်ကြသနည်း။ အဘယ်ကြောင့် သူ၏အမှုတော်၌နှစ်ယောက်တစ်တွဲမဆောင်ရွက်ကြပါသနည်း။ “နယ်အတွက် အမှုဆောင်မလုံလောက်သောကြောင့်နှင့် နယ်မြေများတိုးချဲ့ရန်အမှုဆောင်လိုအပ် သောကြောင့် စေလွှတ်၍မရကြောင်း” သင်ပြောပေလိမ့်မည်။ ယခုအချိန်၌ လမ်းဖွင့်နေသည့်နေရာသို့ အမှုဆောင်များကိုပို့ပြီး မွန်မြတ်သည့်အမှန်တရား ကိုသွန်သင်စေပါ။ နှစ်ယောက်တစ်တွဲစေလွှတ်ခြင်း၏တန်ဖိုးရှိခြင်းကို ကျွန်ုပ် တို့တွေ့ မြင်သင့်ကြပါသည်။ Review and Herald, April 19, 1892. [Ev 74.2]EvBur 76.3