Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အချိန်နှင့်ဆီလျော်စွာသတိပြုစရာများ

    ကောင်းသောတေး၏အရည်အသွေးများ - သီချင်းသီဆိုခြင်းကို တိုးတက်မှု များစွာပြုလုပ်နိုင်သည်။ တချို့သောသူများတို့သည် ပို၍ကျယ်လောင်သော အသံဖြင့်သီဆိုနိုင်မှသာ ကောင်းသောသီဆိုခြင်းဟုထင်ကြသည်။ သို့သော် ကျယ်လောင်သောအသံသည် သီချင်းကောင်းမဟုတ်ပါ။ ကောင်းသောသီချင်း သည် ငှက်များမြည်တွန်သံကဲ့သို့ဖြစ်ပြီး လူတို့၏စိတ်ကို သာယာကြည်နူး စေပါသည်။ [Ev 510.4]EvBur 667.2

    ကျွန်ုပ်တို့၏အသင်းတော်တချို့ တို့၌ တစ်ပင်တိုင်သီဆိုသောသီချင်း များတို့ကိုကြားရသောအခါ ဘုရားကျောင်းဝတ်ပြုခြင်းအစီအစဉ်အတွက် မသင့်လျော်သည်ကို ကျွန်ုပ်တွေ့ရပါသည်။ ရှည်လျားသောအသံကိုပြုပြီး အော်ပရာနှင့်ဆိုင်သောထူးဆန်းသည့်အသံဖြင့်သီဆိုခြင်းသည် ကောင်ကင်တမန် များတို့အတွက် နှစ်သက်ဖွယ်မဟုတ်ပါ။ ကောင်းကင်တမန်များတို့သည် ပင်ကိုယ်အသံဖြင့် ကျေးဇူးတော်ချီးမွမ်းသောသီချင်းများကို သူတို့ကြားလိုပါ သည်။ စကားလုံးများတို့ကို ရှင်းလင်းစွာသာယာသောအသံဖြင့်သီဆိုသော သီချင်းများတို့နှင့်အတူ သူတို့ပါဝင်သီဆိုလိုကြပါသည်။ စိတ်နှလုံးသားမှ ဝိညာဉ်နှင့်နားလည်မှုဖြင့်သီဆိုသော ထပ်ဆိုရန်အပိုဒ်ကို သူတို့ပါဝင်သီဆို သွားကြသည်။ Manuscript 91, 1903.EvBur 667.3

    သီချင်းသီဆိုခြင်း၌မျှတသောအချိန်ပေးခြင်း - တက်ရောက်သူများပို၍ တိုက်ရိုက်အကျိုးရရှိခံစားနိုင်ရန် စခန်းအစည်းအဝေးများကိုကျင်းပရာတွင် ကျွန်ုပ်တို့၏နေထိုင်လှုပ်ရှားမှုများကို တိုးတက်အောင်ပြုလုပ်နိုင်သည်။ စုရုံး သောသူများအားလုံးဝတ်ပြုနိုင်ကြရန် ကြီးမားသောတဲထဲ၌ကျင်းပသည့် တချို့ သောလူမှုရေးအစည်းအဝေးများရှိပါသည်။ သို့သော် ကြီးမားလွန်းသောကြောင့် လူအနည်းငယ်သာ အစီအစဉ်၌ပါဝင်တာဝန်ယူနိုင်ကြပြီး လူများတို့သည် ကျယ်ကျယ်စကားမပြောနိုင်ကြသောကြောင့် လူအနည်းငယ်သာဟောပြော သောစကားကို ကြားရကြပါသည်။ တချို့ နမူနာများ၌ သီချင်းဆိုခြင်းအားဖြင့် အချိန်ကိုများစွာအသုံးပြုကြသည်။ ဆုမတောင်းမီကြာရှည်စွာသီချင်းဆိုကြပြီး ဆုတောင်းပြီးနောက် ကြာရှည်စွာသီချင်းဆိုကြပြန်ပါသည်။ များစွာသော သီချင်းသီဆိုခြင်းသည် စည်းဝေးတစ်လျှောက်လုံး၌ရှိနေပါသည်။ ထိုသို့သော အားဖြင့် တန်ဖိုးရှိသောအချိန်များကို အကျိုးမဲ့အသုံးပြုခြင်းကြောင့် တန်ဖိုး ရှိသည့်အချိန်ကို ကောင်းမွန်စွာစီမံကွပ်ကဲအသုံးပြုရန် နားမလည်သည့်အတွက် ကောင်းကျိုးတစ်ဝက်ကိုပင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ Review and Herr ald, Nov. 27, 1883. [Ev 511.1]EvBur 668.1

    အခမ်းအနားနှင့်ခင်းကျင်းပြသခြင်း - အသွင်အပြင်နှင့်အခမ်းအနားသည် ဘုရားသခင်၏နိုင်ငံတော်ကို ဆောက်တည်၍မရပါ။ အခမ်းအနားအလွန် များပြားခြင်းနှင့် ငွေကြေးဖြုန်းတီးခြင်းများသည် အရေးကြီးသောဘုရားသခင် ခရစ်တော်တောင်းဆိုသောအရာသည် အသွင်အပြင်နှင့်အခမ်းအနားမဟုတ်ပါ။ ၏နိုင်ငံတော်စည်းမျဉ်းဥပဒေများ ပျောက်ဆုံးရသကဲ့သို့ဖြစ်လာသည်။ သို့သော် သူ၏စပျစ်ခြံထဲမှ သန့်ရှင်းခြင်းနှင့်တစ်ကိုယ်ကောင်းမဆန်ခြင်း၊ ကောင်းမြတ် သောအပြုအမူများ၊ ကရုဏာနှင့်အမှန်တရားအသီးကိုရရှိရန် သူတောင့်တ လိုလားလျက်ရှိပါသည်။ [Ev 511.2]EvBur 668.2

    ခမ်းနားထည်ဝါသောအဝတ်အစား၊ ကောင်းသောသီဆိုခြင်းနှင့်ဘုရား ကျောင်းထဲ၌တူရိယာသံသည် ကောင်းကင်တမန်ခွာယာသီချင်းကို ဖော်ဆောင် ၍မရပါ။ ဤအရာများတို့သည် ဘုရားသခင်၏ရှေ့မှောက်၌ အသီးကင်းမဲ့ ပြီး အရွက်များဝေဆာလျက်ရှိသည့် သဖန်းပင်၏အကိုင်းအခက်များကဲ့သို့ ဖြစ်ပါသည်။ ခရစ်တော်သည် အသီးကိုသာကြည့်သည်။ ကောင်းမြတ်ခြင်း၊ ကြင်နာခြင်းနှင့် မေတ္တာ၏စည်းမျဉ်းဥပဒေများကိုသာကြည့်သည်။ ဤအရာ များတို့သည် ကောင်းကင်၏စည်းမျဉ်းဥပဒေများဖြစ်ပြီး ထိုအရာများတို့သည် လူသားများတို့၏အသက်တာ၌ ပေါ်လွင်ထင်ရှားသောအခါ အသက်တာတွင် မျှော်လင့်ခြင်းနှင့်ဘုန်းတော်ဖြစ်သည့် ခရစ်တော်တည်ရှိနေခြင်းကို ကျွန်ုပ်တို့ သိမြင်နိုင်မည်ဖြစ်သည်။ အသင်းတော်တစ်ခုသည် တိုင်းပြည်ထဲ၌အဆင်းရဲ ဆုံးဖြစ်ပြီး တေးသီချင်းမရှိ၊ ပြင်ပပေါ်လွင်ထင်ရှားခြင်းမရှိသော်လည်း အကယ်၍ ဤစည်းမျဉ်းဥပဒေများတို့ကိုရရှိပိုင်ဆိုင်နေပါက အသင်းသူအသင်းသားများ တို့သည် မိမိတို့၏စိတ်ထဲ၌ ခရစ်တော်၏ဝမ်းမြောက်ခြင်းကို သီဆိုနိုင်ကြ မည်ဖြစ်ပြီး ဤအရာသည် ဘုရားရှင်ထံတော်သို့ မွှေးကြိုင်သောပူဇော်သကာ ကဲ့သို့ သူတို့ပေးစွမ်းနိုင်ပေလိမ့်မည်။ Manuscript 123, 1899. [Ev 511.3]EvBur 668.3

    ဘုရားရှင်လက်ခံနိုင်သောတေး - ဝတ်ပြုခြင်း၌ လိုသည်ထက်ပိုနေသော အရာများတို့ပြုလုပ်ခြင်းမှ အထူးရှောင်ရှားရပါမည်။ ဘုရားရှင်လက်ခံနိုင်သော တေးသီချင်းသည် သီဆိုသူ၏နှလုံးသားဖြူစင်ခြင်းရှိပြီး ပျော့ပျောင်းသန့်ရှင်း စွာဖြင့် အထောက်အကူတူရိယာများနှင့်သီဆိုသည့်အခါ၌သာဖြစ်သည်။ သို့သော် ထံတော်ပါးသို့ မည်ကဲ့သို့သာယာသောသီချင်းသီဆိုရမည်ကိုမသိရှိကြပါ။ တေးသီချင်းနှစ်သက်သူများစွာတို့သည် မိမိတို့၏စိတ်နှလုံးသားထဲ၌ ဘုရားသခင် သူတို့၏စိတ်နှလုံးသည် “သူတို့နှစ်သက်ရာနောက်သို့ သူတို့ကိုဆောင်ယူသွား ပါသည်။” Letter 198, 1899. [Ev 512.1]EvBur 669.1

    တေးသီချင်းကို အလွဲသုံးစားခြင်းတစ်ခု - ယုံကြည်သူခရစ်ယာန်များ မိမိ တို့ရောက်ရှိရမည့်အခွင့်အရေးဖြစ်သည့် မြင့်သောအဆင့်သို့ရောက်ရှိသွားသော အခါ၊ သူတို့၏ဝတ်ပြုခြင်းအားလုံးတို့၌ ခရစ်တော်၏ရိုးသားခြင်းကို ထိန်းသိမ်း ထားလိမ့်မည်။ အခမ်းအနားများ၊ အခင်းအကျင်းများနှင့်တေးသီချင်း အရည်အသွေးများတို့သည် သူတို့အတွက် အသင်းတော်၏ခွန်အားမဟုတ်ပါ။ သို့သော် ဤအရာများသည် ရှေးယုဒလူမျိုးများတို့၏ဝတ်ပြုခြင်း၌ သူတို့ ဆောင်ရွက်ခဲ့သကဲ့သို့ သူ့နေရာနှင့်သူကျွန်ုပ်တို့အသုံးပြုရန် ဘုရားရှင်အလိုရှိ ပါသည်။ [Ev 512.2]EvBur 669.2

    ကျွန်ုပ်အားဘုရားသခင်ဖော်ပြခဲ့သည်မှာ စိတ်နှလုံးဖြူစင်၍သန့်ရှင်း ပြီး သင်းဝင်သူများအနေဖြင့် မြင့်မြတ်သောဘဝကိုခံယူကြသောအခါ၊ အသင်း တော်မှတန်ခိုးရရှိပြီး အမှန်တရားကိုယုံကြည်သောသူတို့သည် မိမိတို့၏ စိတ်နှလုံးသားထဲ၌ သာယာသောအသံကိုသီဆိုနိုင်ကြလိမ့်မည်။ အမျိုးသား အမျိုးသမီးများတို့သည် မိမိတို့၏တေးသီချင်းတူရိယာများအပေါ် မှီခိုခြင်း မပြုကြဘဲ သူတို့အားပျော်ရွှင်မှုအပြည့်အဝကိုပေးမည့် ဘုရားသခင်၏တန်ခိုး နှင့်ကျေးဇူးတော်အပေါ် မှီခိုကြလိမ့်မည်။ အသင်းတော်အထဲသို့ရောက်ရှိလာ သော ညစ်ညူးသည့်အရာများတို့ကို ရှင်းလင်းဖယ်ရှားရမည့်အလုပ်တာဝန် ရှိနေပါသည်။ [Ev 512.3]EvBur 670.1

    ဤသတင်းစကားသည် အသင်းတော်တစ်ခုတည်းအတွက်သာမကဘဲ အခြားအသင်းတော်တိုင်းလိုက်လျှောက်ရမည့် ပုံသက်သေဖြစ်သည်။ Manur script 157, 1899. [Ev 512.4]EvBur 670.2