Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၉)—အမှုဆောင်နှင့်မိမိ၏အရည်အသွေးများ

    သာသနာပြုလုပ်ငန်း၏စိတ်ဓာတ်

    ဝိညာဉ်များအတွက်ပင်ပန်းကြီးစွာလုပ်ဆောင်ရသောအလုပ် - သိုးထိန်းသည် ပျောက်သောသိုးကိုရှာရသကဲ့သို့ သူသည် တစ်ခါတစ်ရံစိတ်ဝင်စားခြင်းတစ်ခု ကဲ့သို့မဟုတ်ဘဲ ဝိညာဉ်များအတွက်စိတ်ပါစွာဖြင့် ပင်ပန်းကြီးစွာလုပ်ဆောင် ရပါမည်။ ဤကိစ္စ၌ ကျွန်ုပ်တို့သည် သူနှင့်သူ၏ကျေးဇူးတော်တန်ခိုးကိုသိနိုင် ရန် “လာမည့်ခေတ်ကာလများ၌ ယေရှုခရစ်တော်အားဖြင့် သူ၏ကြင်နာခြင်း ၌ အလွန်ကြွယ်ဝသောသူ၏ကျေးဇူးတော်ကို ကျွန်ုပ်တို့အားပြသရန်” အလွန် စိတ်အားထက်သန်စွာနှလုံးကိုဆန်းစစ်ခြင်း၊ အလွန်စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ဘုရားကိုရှာခြင်းပြုကြရပါမည်။ Letter 8, 1895. [Ev 628.1]EvBur 831.1

    ကယ်တင်ခြင်းမရသူများအတွက်ကရုဏာတရား - သို့သော် ဘုရားသခင်၏ စိတ်ထဲ၌ ထာဝရကာလမှစီမံချက်တစ်ခုကဲ့သို့ ကောင်းကင်စကြဝဠာအားဖြင့် အပြစ်သားများတို့၏ကယ်တင်ခြင်းအလင်း၏အမြင်ကို ကျွန်ုပ်တို့၏လူ အနည်းငယ်သာမြင်ကြပါသည်။ ဤအရေးကြီးပြီးနောက်ဆုံးသောလုပ်ငန်း၌ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့်အတူ နီးကပ်စွာလုပ်ဆောင်သောသူများ မည်မျှ နည်းနေပါသနည်း။ ဆုံးရှုံးခြင်းသို့ရောက်သောဝိညာဉ်များအတွက် သနားခြင်း မေတ္တာ၏ဆယ်ဖို့တစ်ဖို့သည် အလွန်မှပင်ရှားပါးနေပါသည်။ သတိပေးရမည့် သူများစွာရှိနေသော်လည်း ဘုရားရှင်နှင့်အတူကြင်နာသနားပြီး မည်သည့်အရာ ကိုမျှပဓာနမထားဘဲ ဝိညာဉ်များကိုသာ ခရစ်တော်ထံသို့ပို့ဆောင်ခြင်းကို တွေ့မြင်လိုသည့်လူများ မည်မျှနည်းနေပါသနည်း။ Gospel Workers, p. 116. (1915) [Ev 628.2]EvBur 831.2

    ဆက်ကပ်ခြင်း၊ ချစ်ခြင်းနှင့်ကိုယ်ကျိုးစွန့်ခြင်း - ဘုရားသခင်၏အမှုဆောင် တစ်ဦးသည် သဘာဝတရား၊ ပြုစုပျိုးထောင်ခြင်းနှင့် ဘုရားသခင်၏ကျေးဇူး တော်မှသူ့အားပေးထားသော သူ၏အမြင့်ဆုံးသောဉာဏ်စွမ်းနှင့်စိတ်ခွန်အား များတို့ဖြင့် ဘုရားရှင်အတွက်အသုံးပြုသင့်သည်။ သို့သော် သူ၏အောင်မြင် ခြင်းသည် သူရရှိသည့်ဘုရားသခင်မှပေးထားသောစွမ်းအားအားဖြင့် လုပ်ငန်း ကိုလုပ်ဆောင်ခြင်းအပေါ်မူတည်ခြင်းမရှိဘဲ သူ၏ဆက်ကပ်ခြင်းနှင့်ကိုယ်ကျိုး စွန့်ခြင်းအတိုင်းအတာအချိုးတို့အပေါ်၌ မူတည်ပါသည်။ ဘုရားသခင်၏ကျေးဇူး တော်သည် ကယ်တင်ခြင်းတန်ခိုး၏ကြီးမားသောတန်ဆာပလာဖြစ်ပြီး ၎င်းကျေးဇူး တော်မပါရှိပါက လူသားများတို့၏ကြိုးစားခြင်းအားလုံးတို့သည် အကျိုးရှိမည် မဟုတ်ပါ။ Counsels to Teachers, pp. 537, 538. (1913) [Ev 628.3]EvBur 832.1

    မေတ္တာနှင့်ကရုဏာတရား - ဝိညာဉ်များကယ်တင်ရာ၌ မိမိတို့ကိုယ်ကို မေ့ပျောက်ကြရန် ဘုရားသခင်သည် လူတို့ကိုအလိုရှိသည်။ အကယ်၍ မေတ္တာ နှင့်ကရုဏာတရား၏ခရီးမှတ်တိုင်များမပါသည့် အသက်တာခရီးလျှောက်လှမ်း ကြပါက ကျွန်ုပ်တို့၏အသက်တာသည် ဆုံးရှုံးခြင်းထက်ပို၍ဆိုးလိမ့်မည်။ ကြမ်းတမ်းသော၊ မာကျောသော၊ မေတ္တာကင်းမဲ့သည့်လူတို့နှင့်အတူ ဘုရားသခင် အလုပ်လုပ်မည်မဟုတ်ပါ။ ထိုသို့သောလူတစ်ယောက်သည် သူ၏အမှုဆောင် များတို့၌ရှိစေလိုသည့် ခရစ်တော်အလိုရှိသော လောကသို့ဖော်ပြရမည့် အသက်တာပုံစံမဟုတ်ပါ။ ဘုရားသခင်၏အမှုဆောင်များတို့သည် မည်သည့် လုပ်ငန်းမျိုး၌မဆို ပါဝင်လုပ်ကိုင်ကြရာ၌ သူတို့၏ကြိုးစားလုပ်ဆောင်မှုတွင် ကောင်းမြတ်ခြင်း၊ ရက်ရောစွာပေးကမ်းခြင်းနှင့် ခရစ်တော်၏မေတ္တာကိုဖော်ပြ ရမည်။ [Ev 629.1]EvBur 832.2

    ဘုရားသခင်သည် ခရစ်တော်ထံမှလာသောအလင်း၊ ငြိမ်သက်ခြင်း နှင့်ဝမ်းမြောက်ခြင်းဖြင့် ဤကမ္ဘာကြီးကိုအလင်းပေးမည့် အလင်းသယ်ဆောင် သောသူတို့ကိုခေါ်တော်မူသည်။ ဘုရားသခင်သည် နှိမ့်ချသောသူများ၊ မိမိ တို့၏အားနည်းခြင်းကိုသိသောသူများ၊ ဘုရားသခင်သည် သူတို့ကိုသာအားကိုး သည်ဟုမထင်သောသူများကိုသာ အသုံးပြုမည်ဖြစ်ပါသည်။ ထိုသို့သောသူ များတို့သည် သူတို့ထံမှဘုရားသခင်တောင်းဆိုသော လုပ်ဆောင်ရန်ဘုရားရှင် အလိုရှိသော ကျိုးကြောင်းဆီလျော်သည့်အပြောအဆိုနှင့်အပြုအမူမျိုးကို သတိရ သောသူများဖြစ်ကြပါသည်။ သူတို့သည် ခရစ်တော်စိတ်နှလုံးထဲ၌ကိန်းအောင်း ပြီး တစ်ကိုယ်လုံးသို့ဖြူစင်ခြင်းကိုဝေငှကြောင်း ဖော်ပြပေးလိမ့်မည်။ Letter 197, 1902. [Ev 629.2]EvBur 832.3

    ကလေးများ၏ရိုးသားခြင်း - ကျွန်ုပ်တို့၌ရှိသောစွမ်းအားရှိသမျှတို့နှင့် ယခု အချိန်အတွက် အမှန်တရားကိုနားမလည်သောသူတို့အား ရှင်းလင်းစွာနားလည် ရန် ရှာဖွေ၍လုပ်ကိုင်ဆောင်ရွက်ကြပါစို့။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာ သည် ဘုရားသခင်၏အလုပ်ကို လုံ့လဝီရိယရှိစွာဖြင့် လုပ်ဆောင်သောသူ တစ်ဦးစီအပေါ်သို့ သက်ရောက်ပါလိမ့်မည်။ [Ev 629.3]EvBur 833.1

    ကလေးငယ်များတို့၏ရိုးသားခြင်းကို ကျွန်ုပ်တို့ပျိုးထောင်ကြပါစို့။ တန်ဖိုးရှိသောဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏သင်တန်းပေး သူဖြစ်ပါသည်။ ဘုရားသခင်နှင့်အတူ နှိမ့်ချစွာလျှောက်လှမ်းသူအားလုံးတို့ကို လူတို့၏စိတ်ထဲသို့ မှန်သောထင်မြင်ချက်များကိုပြုလုပ်ပေးရန် သန့်ရှင်းသော ကောင်းကင်တမန်များ၏ကိုယ်စားလှယ်အားဖြင့် ဘုရားသခင်သည် သူ၏ သန့်ရှင်းသောဝိညာဉ်တော်နှင့် သူတို့အားကူညီမစရန်ပေးလိမ့်မည်။ Manuscript 77, 1909.EvBur 833.2

    ချီးမွမ်းခြင်းမပါရှိခြင်း — “ကောင်းစွာလုပ်ဆောင်သည်” ဟုလောက၌ မည်သူမျှမချီးမွမ်းသော်လည်း ကျွန်ုပ်တို့၏အလုပ်ကို ဖြူစင်စွာနှင့်သစ္စာရှိစွာ လုပ်ဆောင်ကြရပါမည်။ ကျွန်ုပ်တို့၏အသက်တာသည် ဘုရားသခင်ပုံစံချထား ခဲ့သော၊ ကောင်းသောစကားများ၌သစ္စာရှိခြင်း၊ ကြင်နာ၍စဉ်းစားတတ်သော အပြုအမူများ၊ သိမ်မွေ့ခြင်း၊ ဖြူစင်ခြင်းနှင့်မေတ္တာ၏ဖော်ပြခြင်းများအတိုင်း ဖြစ်ရမည်။ သို့မှသာ ကျွန်ုပ်တို့သည် ကမ္ဘာကြီးသို့ခရစ်တော်ကို ကိုယ်စားပြု နိုင်ပါလိမ့်မည်။ [Ev 630.1]EvBur 833.3

    ပထမဦးဆုံးဝိညာဉ်ကယ်တင်ခြင်း၏ကြီးမားသောအလုပ်၌ ပင်ပန်းစွာ လုပ်ကိုင်ဆောင်ရွက်သောသူတို့သည် ဘုရားသခင်ဂုဏ်ပြုသောသူများဖြစ်ပေ လိမ့်မည်။ Letter 120. 1898. [Ev 630.2]EvBur 834.1

    မြှောက်ပင့်ပြောဆိုခြင်း၏အန္တရာယ် - ခရစ်တော်အပေါ်၌သာ မျက်နှာမူ ၍ထားပါ။ တချို့ရေပန်းစားသောဓမ္မဆရာအပေါ် သင်၏အာရုံကိုစူးစိုက်ခြင်း မပြုပါနှင့်။ သူ၏ပုံသက်သေနှင့် သူ၏အမူအရာကိုအတုမယူပါနှင့်။ အတိုချုပ် အားဖြင့် သူ့ကဲ့သို့ဖြစ်ရန်မလိုလားပါနှင့်။ သင့်အပေါ်မည်သူမျှ သူ၏ပုံစံကို မထားစေပါနှင့်။ [Ev 630.3]EvBur 834.2

    မည်သူ့ကိုမျှချီးမွမ်းခြင်းမပြုပါနှင့်။ မည်သူ့ကိုမျှမြှောက်ပင့်ပြောဆိုခြင်း မပြုပါနှင့်။ မည်သူ့ကိုမျှ သင့်ကိုချီးမွမ်းရန်၊ မြှောက်ပင့်ပြောဆိုရန်ခွင့်မပြု ပါနှင့်။ မာရ်နတ်သည် မိမိ၏အလုပ်ကိုပြည့်စုံစွာလုပ်လိမ့်မည်။ တန်ဆာပလာ ၏မြင်ကွင်းကိုဖျောက်ပစ်ပြီး ခရစ်တော်၏အကြောင်းအရာကိုစဉ်းစားပါ။ ဘုရားသခင်ကိုချီးမွမ်းပါ။ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေပါ။ ဘုရားသခင်ထံတော်သို့ သာယာသောအသံဖြင့် သင်၏စိတ်နှလုံးထဲ၌ချီးမွမ်း ပါ။ အမှန်တရားကိုပြောပါ။ ခရစ်ယာန်တို့၏မျှော်လင့်ခြင်း၊ ခရစ်ယာန်တို့၏ ကောင်းကင်အကြောင်းကိုပြောပါ။ Manuscript 8a, 1888. [Ev 630.4]EvBur 834.3

    ခံစားချက်များလွယ်ကူစွာမထိခိုက်စေရန် - ကျွန်ုပ်တို့၏ခံစားချက်များတို့ကို လွယ်ကူစွာထိခိုက်စေရန် ခွင့်မပြုသင့်ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခံစား ချက်များ၊ သို့မဟုတ် ဂုဏ်သတင်းများတို့ကို ကာကွယ်ရန်မဟုတ်ဘဲ ဝိညာဉ် များတို့ကိုကယ်ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်များကယ်တင်ခြင်း ရရှိရန် စိတ်ဝင်စားလာသကဲ့သို့ မကြာခဏကျွန်ုပ်တို့၏အသိုက်အဝန်း၌ တစ်ယောက်နှင့်တစ်ယောက်ပေါ်ပေါက်လာသည့် သေးငယ်သောမတူညီမှုများ တို့ကို ဂရုမစိုက်ကြတော့ပါ။ သူတစ်ပါးကျွန်ုပ်တို့ကိုမည်ကဲ့သို့ထင်ပါစေ၊ ခရစ်တော်နှင့်ကျွန်ုပ်တို့တစ်လုံးတစ်ဝဖြစ်နေခြင်း၊ ဝိညာဉ်တော်၏မိတ်သဟာယ ဖွဲ့ခြင်းများတို့ကို အနှောင့်အယှက်ဖြစ်ရန်အကြောင်းမရှိပါ။ Ministry of Healing, p. 485. (1905) [Ev 630.5]EvBur 834.4

    ဝမ်းမြောက်ပျော်ရွှင်မြူးထူးသောစိတ် - ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် တောက်ပ၍ရှင်းလင်းနေသည်ဟု ကျွန်ုပ်တို့၌အာမခံချက်ရရှိသောအခါ ယေရှု ခရစ်တော်၏နောက်လိုက်သောသူတိုင်းတို့၌ ဝမ်းမြောက်ပျော်ရွှင်မြူးထူးသော စိတ်ကို ပြသနိုင်လိမ့်မည်။ နူးညံ့ပျော့ပျောင်းသော ဘုရားသခင်မေတ္တာတော် ၏သြဇာသည် လက်တွေ့ အသက်တာ၌ လူတို့၏စိတ်ထဲသို့ ထိခိုက်ခံစားခြင်း များပြုလုပ်ပေးပြီး အသက်မှအသက်သို့တိုင် ပို့ဆောင်ပေးပါလိမ့်မည်။ သို့သော် အကယ်၍ ကြမ်းတမ်းသောပုတ်ခတ်ပြောဆိုခြင်းစိတ်ကိုဖော်ပြပါက ဝိညာဉ် များစွာတို့ကို အမှန်တရားထံမှဝေးကွာစေပြီး ရန်သူ၏တပ်သားများအဖြစ်သို့ ရောက်သွားပါလိမ့်မည်။ လေးနက်သောအတွေး၊ သွေးဆောင်ခြင်းခံရသော သူတို့နှင့် သည်းခံစွာဆက်ဆံရန် မိမိတို့၏ကိုယ်နှင့်တိုက်ပွဲဝင်ရန်လိုအပ်ပါသည်။ Letter 1a, 1894. [Ev 630.6]EvBur 835.1

    သိမ်မွေ့၍နှိမ့်ချသောသဘော - ကျွန်ုပ်တို့၏အလုပ်တန်ဖိုးသည် ကမ္ဘာ သို့ကျယ်လောင်သောအသံပြုခြင်း၊ စိတ်အားထက်သန်စွာ၊ လိုလားစွာနှင့် ကျွနု်ပ် တို့၏ကိုယ်တိုင်ခွန်အားအားဖြင့် ထထကြွကြွဆောင်ရွက်ခြင်းများမပါရှိပါ။ ကျွန်ုပ်တို့၏လုပ်ငန်းတန်ဖိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ဝေငှပေးခြင်း အတိုင်းအတာအပေါ်တည်ရှိပါသည်။ ကျွန်ုပ်တို့၏အလုပ်တန်ဖိုးသည် ဘုရားသခင်၌ကိုးစားခြင်းအားဖြင့်ရရှိပြီး စိတ်၏ပို၍သန့်ရှင်းသောအရည်အချင်း များကိုပေးရခြင်းသည် သည်းခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်များကို ပိုင်ဆိုင် ရရှိရန်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ခွန်အားတိုးပွားလာရန်၊ သူ၏ခွန်အား၌ ကျွန်ုပ်တို့ကိုသန်မာစေရန်၊ ဘုရားမေတ္တာ၏မီးလျှံသည် ကျွန်ုပ်တို့၏စိတ်ထဲ၌ ထွန်းလင်းရန် ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ဆက်လက်ဆုတောင်းသင့်ကြပါ သည်။ ဘုရားသခင်၏အမှုတော်သည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိသူ များတို့အားဖြင့် အကောင်းဆုံးတိုးတက်ကျယ်ပြန့်မည်ဖြစ်ပါသည်။ Manu- script 38, 1895. [Ev 631.1]EvBur 835.2

    ဘုရားသခင်၏အလုပ်၊ ကျွန်ုပ်တို့၏အလုပ်မဟုတ် - ယခုအရေးကြီးသော ကျွန်ုပ်တို့နားလည်ရမည့်အရာမှာ ဤအလုပ်သည် ကျွန်ုပ်တို့၏အလုပ်မဟုတ် ဘဲ ဘုရားသခင်၏အလုပ်ဖြစ်ပြီး ဤအလုပ်ကိုပြီးစီးစေရန် ကျွန်ုပ်တို့သည် သူ၏လက်ထဲ၌ တန်ဆာပလာများသာဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ရှာဖွေပါက ဘုရားသခင်သည် ကျွန်ုပ်တို့ အတွက်လုပ်ဆောင်ပေးလိမ့်မည်။ Review and Herald, May 10, 1887. [Ev 631.2]EvBur 836.1

    ခြေလှမ်းတိုင်း၌ဆက်ကပ်ခြင်း - ကျွန်ုပ်တို့သည် ဤကမ္ဘာ့သမိုင်း၏ နောက်ဆုံးချိန်သို့ရောက်လုနီးပြီဖြစ်သောကြောင့် ဘုရားသခင်၏ခြားနားသော အမှုတော်ဌာနများတို့၌ ယခင်ဆောင်ရွက်ခဲ့ကြသည်ထက် ပါဝင်ဆောင်ရွက် ကြသောသူတို့သည် ပို၍မိမိတို့၏ကိုယ်ကိုဆက်ကပ်ကာ ရှေ့သို့ဆောင်ရွက် ကြရပါမည်။ ဤနောက်ဆုံးသောအချိန်အတွက် ဆောင်ရွက်ရမည့်အလုပ်သည် သာသနာ့လုပ်ငန်းဖြစ်ပါသည်။ လက်ရှိအမှန်တရားသည် ၎င်း၏ဗျည်းအက္ခရာ အစမှအဆုံးတိုင်အဓိပ္ပါယ်မှာ သာသနာ့လုပ်ငန်းကြိုးစားခြင်းဖြစ်ပါသည်။ လုပ်ဆောင်ရမည့်အလုပ်ကို ရှေ့သို့ဆောင်ရွက်ရန် ခြေလှမ်းတိုင်း၌ဆက်ကပ် ခြင်းရှိရမည်။ အမှုဆောင်များတို့သည် စုံစမ်းခြင်းကိုကျော်လွှားကာ မီးထဲ၌ ရွှေကိုစစ်သကဲ့သို့ သန့်ရှင်းဖြူစင်ခြင်းရှိရမည်။ Review and Herald, Nov. 18, 1902. [Ev 631.3]EvBur 836.2

    အယူဝါဒများကိုသွန်သင်၍၎င်းအတိုင်းအသက်ရှင်ခြင်း - ဘုရားသခင်၏အစေခံ များတို့သည် မိမိတို့ပေါင်းသင်းသောသူများတို့အပေါ် သူတို့ကြိုးစားအားထုတ် သွန်သင်သောအယူဝါဒများ၊ ပြသသောပုံသက်သေနှင့်ဩဇာများနှင့်ပတ်သက်၍ အကြီးဆုံးသောဂရုပြုခြင်းကို အသုံးပြုရပါမည်။ တမန်တော်ကြီးသည် အမှန် တရားကိုသက်သေခံရန်နှင့် သူ့လုပ်ငန်း၏ရိုးသားဖြူစင်မှုကိုဖော်ပြရန် အသင်းတော်နှင့်ဘုရားရှင်ထံတော်သို့ တောင်းဆိုပါသည်။ “ယုံကြည်ခြင်းသို့ ရောက်သောသူတို့တွင် ငါတို့သည် အဘယ်သို့သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ် ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။” Review and Herald, Dec. 11, 1900. [Ev 632.1]EvBur 836.3

    စီးပွားရေးထောင်ချောက်များကိုရှောင်ရှားပါ - ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့ သည် အမှုဆောင်များဖြစ်ကြရမည်။ သူ၏အမှုတော်၌ပါဝင်ကြသောသူတို့သည် မိမိတို့၏ခရစ်တော်နှင့်တူသော စာရိတ္တအရောင်မမှေးမှိန်စေရန် စီးပွားရေး လုပ်ငန်းထောင်ချောက်အားလုံးတို့မှ ကင်းဝေးကြရမည်။ ကယ်တင်ရှင်ခေါ်ယူ ခဲ့သောတံငါသည်များတို့သည် မိမိတို့၏ပိုက်ကွန်ကိုချက်ချင်းချန်ထားခဲ့ပါသည်။ သာသနာလုပ်ငန်းအတွက် မိမိတို့၏ကိုယ်ကိုပေးအပ်သောသူတို့သည် မိမိတို့ ၏အသက်တာ၌ ပုံပန်းမကျခြင်းမရှိစေရန်၊ ဘုရားသခင်ပေးထားသောလုပ်ငန်း ကိုလုပ်ဆောင်ရာတွင် မိမိတို့၏ဝိညာဉ်ရေးတိုးတက်မှုကို ထိခိုက်နစ်နာခြင်းမရှိ စေရန် စီးပွားရေးလုပ်ငန်းထဲ၌ မိမိတို့၏ကိုယ်ကိုဒုက္ခမရောက်စေရပါ။ Letter 53, 1905. [Ev 632.2]EvBur 837.1

    မရိုးသားခြင်းသည် ပျက်စီးဆုံးရှံးစေသောအရာဖြစ်သည် - အမှုဆောင်၏ အသက်တာ၌ အကွက်ကျကျလိမ်ညာခြင်း၊ မရိုးသားခြင်းမရှိစေရပါ။ သူတစ်ပါး အတွက်အန္တရာယ်ဖြစ်စေသည့် ရိုးသားခြင်း၌မှားယွင်းခြင်းပြုမိသည့်အခါ၌ပင် အမှန်တရားထဲ၌မရိုးသားခြင်းသည် ပျက်စီးဆုံးရှုံးစေသောအရာဖြစ်သည်။ Medical Missionary, January, 1891. [Ev 632.3]EvBur 837.2

    ကြမ်းတမ်းသောစိတ်သဘောသည်ခရစ်တော်ကိုငြင်းပယ်သည် - လူတို့သည် အယူဝါဒများအပေါ် ကောင်းမွန်စွာပြောဆိုနိုင်ခြင်းနှင့် အယူအဆများ၌ခိုင်မာ သောယုံကြည်ခြင်းကို ဖော်ပြနိုင်ပေလိမ့်မည်။ သို့သော် ထိုသူတို့၌ ခရစ်တော် နှင့်တူသော နူးညံ့သိမ်မွေ့ခြင်းနှင့်မေတ္တာကိုပိုင်ဆိုင်ကြပါသလား။ အကယ်၍ သူတို့သည် ကြမ်းတမ်း၍အပြစ်ရှာသောစိတ်သဘောထားရှိကြပါက သူတို့သည် ခရစ်တော်ကိုငြင်းပယ်ခြင်းဖြစ်ပါသည်။ အကယ်၍သူတို့သည် ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းမရှိပါက သူတို့သည် ခရစ်တော်နှင့်မတူပါ။ သူတို့သည် မိမိတို့၏ကိုယ်ကိုလိမ်ညာခြင်းဖြစ်ပါသည်။ ခရစ်တော်၏မေတ္တာ၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့နှင့်ဆန့်ကျင်သော သဘောသည် မည်ကဲ့သို့သောယုံကြည်ခြင်းမျိုးရှိစေကာမူ ခရစ်တော်ကိုငြင်းပယ် ခြင်းဖြစ်ပါသည်။ Review and Herald, Feb, 9, 1892. [Ev 632.4]EvBur 837.3

    ယုံကြည်ခြင်းနှင့်အားပေးခြင်းကိုပြောပါ - ကျွန်ုပ်တို့၏စကားများကိုဆင်ခြင် ပါ။ ယုံကြည်ခြင်းအကြောင်းကို ကျွန်ုပ်တို့ပြောကြပါစို့။ ထိုနောက် ကျွန်ုပ် တို့၌ယုံကြည်ခြင်းရှိကြပါလိမ့်မည်။ ဘုရားသခင်၏အလုပ်၌ မည်သည့်အခါမျှ စိတ်ပျက်စရာအတွေးကို နေရာမပေးပါနှင့်။ သံသယဖြစ်စေသည့်စကားကို မည်သည့်အခါမျှမမြွက်ဆိုပါနှင့်။ ၎င်းသည် စိတ်ပျက်ခြင်းနှင့်မယုံကြည်ခြင်း ၏ရိတ်သိမ်းခြင်းတစ်ခုကိုဖြစ်ပေါ်စေရန် ပြောဆိုသူနှင့်ကြားနာရသူများ နှစ်ဖက် စလုံးတို့၏စိတ်ထဲ၌ မျိုးစေ့ကြဲသကဲ့သို့ဖြစ်ပါသည်။ Letter 77, 1895. [Ev 633.1]EvBur 838.1

    အမှုဆောင်ဖက်များ၏ဝေဖန်ခြင်းသည်စိတ်ဓာတ်ကျဖွယ်ဖြစ် - ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်အမှုဆောင်များ ခွန်အားရရှိစေမည့်စကားများတို့ကိုပြော ရန် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ စိတ်ဓာတ်ကျဖွယ်ရာစကားများတို့ကို ပြောရန် ကျွန်ုပ်တို့၏အခွင့်အရေးမဟုတ်ပါ။ ကျွန်ုပ်တို့၏ကိုယ်ကို အခြား အမှုဆောင်များတို့နှင့်နှိုင်းယှဉ်ခြင်း၊ သူတို့၏အားနည်းခြင်းများကိုပြောဆိုခြင်း နှင့် သူတို့၏လုပ်ဆောင်မှုနည်းစနစ်များတို့ကို ကန့်ကွက်ချက်များပြုလုပ်ခြင်း သည် ကျွန်ုပ်တို့အတွက်မှန်ကန်ခြင်းမရှိပါ။ အကယ်၍ လေးလံသောတာဝန် ထမ်းဆောင်ရပြီး၊ ခက်ခဲမှုများစွာကိုရင်ဆိုင်ရသောသူ၌ တစ်ခါတစ်ရံအမှားများ ပြုတတ်ခြင်းသည် အံ့သြဖွယ်ရာမရှိပါ။ [Ev 633.2]EvBur 838.2

    ကျွန်ုပ်တို့၏ညီအစ်ကိုများအားဖြင့်ဆောင်ရွက်ခဲ့ကြသော ကောင်းသည့် အရာများကို ကောင်းမွန်စွာသိရှိပြီး ၎င်းတို့ကိုပြောဆိုကြပါစို့။ Letter 204, 1907. [Ev 633.3]EvBur 838.3

    မနာလို ခြင်းနှင့် အထင်လွဲမှားခြင်းသည်မညီ ညွတ် ခြင်းကို ဖြစ်ပေါ်စေသည် - မနာလိုခြင်း၊ အထင်လွဲမှားခြင်းနှင့်မကောင်းကြောင်းပြောဆိုခြင်းများတို့ထက် အမှုတော်လုပ်ငန်းများနှင့် ၎င်းတို့၏ဌာနခွဲများတို့အား လွန်စွာနှောင့်နှေးစေပြီး ချို့တဲ့စေသည့်အရာများမရှိပါ။ ဤအရာများတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်ကြသော အမှုဆောင်များတို့၏စပ်ကြား၌ မညီညွတ်ခြင်းကိုဖော်ပြ ပါသည်။ တစ်ကိုယ်ကောင်းစိတ်သည် ဆိုးသွမ်းမှုအားလုံးတို့၏အရင်းအမြစ် ဖြစ်သည်။ Letter 113a, 1897. [Ev 633.4]EvBur 839.1

    တွဲဖက်အမှုဆောင်များအတွက်ပြုပြင်၍မရသောနစ်နာမှူ - ဘုရားသခင်၏ အမှုဆောင်များတို့နှင့် မည်သူမျှပြင်းထန်သော၊ အာဏာရှင်ဆန်သောဆက်ဆံ ခြင်းများကို မပြုစေကြပါနှင့်။ ပြစ်တင်ဝေဖန်တတ်သောသူများတို့သည် မိမိ တို့ထိုသို့ပြုခြင်းမှာ အခြားသူများတို့ကိုအပြစ်စီရင်ခြင်းကဲ့သို့ ကြီးမားသော မှားယွင်းခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်းသတိရစေပါ။ မိမိတို့ပြင်းထန်စွာ ပြောဆိုခဲ့သောစကားများအတွက်နှင့် ဖော်ပြခဲ့သောထိန်းချုပ်၍မရသည့်စိတ်ဓာတ် အတွက် ဘုရားသခင်၏ရှေ့မှောက်၌ ယူကျုံးမရသောစိတ်ဖြင့်ဦးညွှတ်ကာ သူ၏အပြစ်ခွင့်လွှတ်ခြင်းအတွက် တောင်းဆိုခြင်းပြုလုပ်စေပါ။ ဘုရားသခင် သည် သင်ပြောသောစကားတိုင်းကို သူကြားရပြီး၊ သူတစ်ပါးကိုသင်စီရင်သည့် အတိုင်း သင်စီရင်ခြင်းခံရမည်ကိုသတိရပါ။ [Ev 633.5]EvBur 839.2

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌ရှိနေသောအခက်အခဲများဖြစ်သည့် အနာ တရရရှိသူများတို့အား မိမိတို့၏အနာမှပြန်လည်၍ပျောက်ကင်းသင့်လျက်နှင့် ကျွန်ုပ်တို့သည် ထိုသူတို့ကိုကြိုးစား၍ပြန်လည်ကောင်းလာစေရန်အတွက်သော် လည်းကောင်း၊ မကောင်းသောအင်္ဂါအစိတ်အပိုင်းများတို့ကို ဖြတ်တောက်ခြင်း အားဖြင့်သော်လည်းကောင်း သူတို့၏အသုံးဝင်သောအရာများတို့၏ပျက်စီးနေ ခြင်း၌ သူတို့အားဒုက္ခိတဘဝ၌ထားခဲ့ကာ ကုသမှုမပြုကြဘဲနေကြမည်လား။ Manuscript 143, 1902. [Ev 634.1]EvBur 839.3

    အခြားသူများကို ဝေဖန် ခြင်းသည် ကျွန်ုပ်တို့ ၏လုပ်ငန်းကို အားနည်းစေသည် ဘုရားသခင်အမှုဆောင်များတို့၏စီမံကိန်းနှင့်နည်းစနစ်များတို့သည် လောကီ မူဝါဒနှင့်ခြားနားစေရန် သေချာစွာဆန်ခါချရပါမည်။ မိမိတို့၏အလုပ်ကို ခရစ်တော်နှင့်တူသည့် ရိုးသားခြင်းအားဖြင့် ရှေ့သို့ဆောင်ရွက်သွားကြရပါမည်။ ဝေဖန်ရေးသမားတစ်ဦးအဖြစ်ရပ်တည်ခြင်းသည် မိမိကိုယ်တိုင်၏လုပ်ငန်းကို လွန်စွာအားနည်းစေကြောင်းသတိရပါ။ အခြားလုပ်ဖော်ကိုင်ဖက်ခြင်းတို့၏ အပြစ်ကိုရှာရန် လူတို့အားဘုရားသခင်တာဝန်မပေးထားပါ။ Review and Herald, Sept. 2, 1902. [Ev 634.2]EvBur 840.1

    မာရ်နတ်၏အထူးစုံစမ်းခြင်း - အကယ်၍ကျွန်ုပ်တို့သည် မိမိတို့၏ကိုယ်ကို ဘုရားသခင်အတွက်အသုံးခံလိုကြပါက သူတစ်ပါးကိုဝေဖန်ခြင်း၊ သူတစ်ပါး ၏အားနည်းချက်များတို့ကို ထင်ရှားစေခြင်းမပြုရပါ။ ဤအရာသည် လုပ်ငန်း နှောင့်နှေးစေရန် မာရ်နတ်မှနေ၍ကြိုးစားပြီးဆောင်ရွက်နေသည့် အထူးသော သူ၏စုံစမ်းခြင်းဖြစ်သည်။ Manuscript 152, 1898. [Ev 634.3]EvBur 840.2

    လာလာ မိမိကိုယ်ကို ပြည့်စုံသည်ဟု ထင်မှတ်ခြင်းသည် လုပ်ငန်းကို ပျက် စီးစေသည် - ကျွန်ုပ်တို့သည် အခြားသူများကြိုးစားလုပ်ဆောင်သည့်အလုပ်ကို ရှာဖွေဖျက်ဆီး သောသူများမဟုတ်ဘဲ လုပ်ငန်းကိုအားပေးတည်ဆောက်သောပုဂ္ဂိုလ်များတို့ကို အလိုရှိသည်။ ကျွန်ုပ်တို့သည် ကောင်းသောစိတ်နှလုံးသားရှိပြီး သူတို့အားဖြင့် ဘုရားသခင်အလုပ်လုပ်နိုင်သောပုဂ္ဂိုလ်များတို့ကို လိုအပ်နေပါသည်။ [Ev 634.4]EvBur 840.3

    မိမိကိုယ်ကိုလုံးလုံးလျားလျားယုံကြည်စိတ်ချသော ယုံကြည်ခြင်း၌ ကြာမြင့်စွာရှိခဲ့သည့်ပုဂ္ဂိုလ်များတို့၏ပံ့ပိုးကူညီခြင်းကို ပြုရမည့်အမှုဆောင်များ တို့ကို ကျွန်ုပ်တို့အလိုမရှိပါ။ ထိုသို့သောပုဂ္ဂိုလ်များတို့အား ကျွန်ုပ်တို့ပြော ရမည်မှာ “သင်ရှိသောနေရာ၌သာနေပါ” ဟုဖြစ်ပါသည်။ ဤအမှုဆောင် အမျိုးအစားနှင့် ကျွန်ုပ်တို့လုံလောက်စွာဆက်ဆံခဲ့ပြီးဖြစ်သည်။ အတ္တစိတ်နှင့် မိမိကိုယ်ကိုအထင်ကြီးခြင်းမရှိသောအမှုဆောင်များတို့ကို ကျွန်ုပ်တို့အလိုရှိသည်။ Manuscript 173, 1898.EvBur 840.4

    သတင်းစကား၏ရှုပ်ထွေးသောတိုးတက်ခြင်း - ဘုရားသခင်နှင့်လူတို့၏ရန်သူ အရည်အသွေးများကို အများအားဖြင့်သူတို့၏စိတ်ဓာတ်နှင့် တစ်ဦးအပေါ်တစ်ဦး ဖော်ပြသည့်စိတ်နေသဘောထားအပေါ်၌ တွေ့ရှိရပါသည်။ သူတို့သည် ဘုရားသခင်၏သဘောထားကိုရရှိသူများမဟုတ်သောကြောင့် တစ်ဦးနှင့်တစ်ဦး နစ်နာစေရန် ပြုလုပ်ကြပါသည်။ ၎င်းနောက် သူတို့ကိုယ်တိုင်၏စာရိတ္တပြည့်စုံ ခြင်းနှင့်ဆန့်ကျင်သောအရာများကို ပြုလုပ်ကြသည်။ မိမိတို့၏ကိုယ်ကိုဒုက္ခပေး ပြီး လုပ်ငန်းကိုခက်ခဲခြင်းနှင့်ပင်ပန်းခြင်းဖြစ်စေရခြင်းမှာ သူတို့၏စိတ်ဓာတ်နှင့် ချို့ယွင်းနေသည့်စာရိတ္တကိုမှီခိုပြီး မွေးမြူရမည့်တန်ဖိုးရှိသည့်ကောင်းသော ပါရမီများဟု ဂရုပြုကာယူဆသောကြောင့်ဖြစ်သည်။ [Ev 635.1]EvBur 841.1

    လူတို့သည် အမှန်တရားတိုးတက်ခြင်း၏အလုပ်ကို ဘုရားသခင်ပါဝင် ကူညီဆောင်ရွက်ရမည်ဖြစ်သော်လည်း မိမိတို့အားနည်းသောကိုယ်တိုင်လက်တွင်း သို့ တာဝန်ယူဆောင်ရွက်ကြသောကြောင့် ထင်သည်ထက်ဆယ်ဆပို၍အလုပ် ကိုခက်ခဲစေပါသည်။ သူတို့သည် မိမိတို့မှအမြဲတစ်ခုခုကိုတီထွင်ကာ လူတို့ကို လုပ်ဆောင်စေပြီး လူတို့မှလည်းလုပ်ဆောင်သင့်သည်ဟု သူတို့ထင်မြင်ကြပါ သည်။ ဤလုပ်ငန်းအတွက်လုပ်ဆောင်ရာ၌ သူတို့အသုံးပြုသောအချိန်အားဖြင့် အလုပ်ကိုပို၍ရှုပ်ထွေးစေပါသည်။ အကြောင်းမှာ အကြီးဆုံးသောအမှုဆောင် ကြီးမှ မိမိအမှုတော်၏အမွေအနှစ်ကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရခြင်းမရှိသော ကြောင့်ဖြစ်သည်။ လူတို့သည် အခြားလူတို့၏မပြည့်မစုံဘဲချို့တဲ့နေသော စာရိတ္တကို မိမိတို့၏မပြည့်မစုံသောခွန်အားအားဖြင့် တာဝန်ယူလုပ်ဆောင်ရာ တွင် ပို၍ဆိုးသောအောင်မြင်မှုတစ်ခုကိုသာလျှင် လုပ်ဆောင်သွားနိုင်မည်ဖြစ် သည်။ သူတို့သည် ဘုရားသခင်အား မိမိ၏ကိုယ်တိုင်အလုပ်ကိုလုပ်စေရန် ပို၍ကောင်းမည်ဖြစ်သည်။ အကြောင်းမှာ၊ စာရိတ္တပြုပြင်ရာ၌ ထိုသူတို့မစွမ်းဆောင် နိုင်ကြောင်း ဘုရားသခင်တွေ့ မြင်ရသောကြောင့်ဖြစ်သည်။ General Confer- ence Bulletin, Feb. 25, 1895. [Ev 635.2]EvBur 841.2

    လုပ်ငန်း၌ခုတ်ထစ်၊ ပြုပြင်၊ အရောင်တင်ခြင်း - အကျင့်စာရိတ္တ၊ အပြုအမူ၊ စရိုက်နှင့်လုပ်ဆောင်မှုများတို့၌ ချို့ယွင်းနေသောသူတို့သည် အကြံပေးခြင်းနှင့် ဆုံးမသွန်သင်ခြင်းများတို့ကိုလက်ခံကာ သတိပြုကြရမည်။ ဤကမ္ဘာကြီးသည် ဘုရားသခင်၏အလုပ်ရုံဖြစ်ပြီး ကောင်းကင်ဗိမာန်တော်၌အသုံးပြုနိုင်မည့် ကျောက်တုံးတိုင်းကို ဘုရားသခင်၏အဆောက်အဦထဲ၌ အံဝင်ခွင်ကျမှန်သော နေရာ၌ထားရှိနိုင်မည့် တန်ဖိုးရှိသည့်ကျောက်တုံးတစ်တုံးဖြစ်လာသည့်အထိ ခုတ်ထစ်၊ ပြုပြင်၊ အရောင်တင်ရပါမည်။ သို့သော် အကယ်၍သင်တန်းပေး ခြင်း၊ ပြုပြင်ခြင်းကို ကျွန်ုပ်တို့လက်မခံပါက ခုတ်ထစ်၊ ပြုပြင်၊ အရောင်တင် ခြင်းခံရသည့်ကျောက်တုံးတစ်တုံးကဲ့သို့ဖြစ်မလာဘဲ ဘေးဖယ်ထားခြင်းခံရပြီး နောက်ဆုံး၌အသုံးမဝင်သောကျောက်တုံးတစ်တုံးဖြစ်သွားပါလိမ့်မည်။ Youth’s Instructor, Aug. 31, 1893.EvBur 842.1