Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြန်လည်ရှင်သန်ခြင်းနှင့်အသင်းတော်ဝတ်ပြုခြင်းအစီအစဉ်များကို ကွပ်ကဲခြင်း

    အသင်းသူအသင်းသားများကို ပြန်လည်ရှင်သန်မှုပြုခြင်း - အသင်းသူအသင်း သားများပြောင်းလဲမှုမရှိခြင်းကြောင့်သော်လည်းကောင်း၊ တစ်ချိန်တစ်ခါက ပြောင်းလဲခဲ့သော်လည်း ရွေ့လျော့သွားကြခြင်းကြောင့်သော်လည်းကောင်း ဘုရားသခင်သည် ဝိညာဉ်ပေါင်းများစွာကို အမှန်တရားထဲသို့ပို့ဆောင်ရန် ယခုအချိန်၌ အလုပ်မလုပ်ရခြင်းဖြစ်ပါသည်။ Testimonies, vol. 6, p. 371. (1900) [Ev 110.2]EvBur 121.2

    ဝိညာဉ်တစ်လုံးအားဝိညာဉ်အလုံး (၂ဝ) - ကပ်တိုင်လမ်းကိုပိတ်ဆို့စေ သည့် ခရစ်တော်၌ယုံကြည်သူများတို့မှ ယူဆောင်လာသောအမှိုက်သရိုက် များစွာရှိသည်။ ၎င်းအထဲ၌ တချို့တို့သည် နက်ရှိုင်းသောယုံကြည်ခြင်းရှိကြ ဤစိတ်ပျက်စရာအားလုံးကိုကျော်ဖြတ်ကာ အမှန်တရားရရှိရန် ခက်ခဲမှု ဟူသရွေ့ကို အောင်မြင်စွာကျော်လွှားကြပါသည်။ သို့သော် အမှန်တရား၌ ရှိကြသောယုံကြည်သူတို့သည် မိမိတို့၏စိတ်နှလုံးကိုသန့်ရှင်းဖြူစင်စေပြီး အမှန်တရားလိုက်လျှောက်ခြင်းအားဖြင့် မိမိတို့၏ကိုယ်ကို ခရစ်တော်၏အမှုတော် ၌ အသိတရားနှင့်ကောင်းသောနေထိုင်လှုပ်ရှားမှုတို့သည် အရေးကြီးကြောင်း ခံယူကြပါက ယခင်ဝိညာဉ်တစ်လုံးရရှိသောနေရာ၌ ယခုဝိညာဉ်ပေါင်း (၂ဝ) ရရှိပေလိမ့်မည်။ Testimonies, vol. 4, p. 68. (1876) [Ev 110.3]EvBur 121.3

    ရေးဦးစွာအသင်းသားများကို သင်တန်းပေးပါ - အသင်းဝင်တချို့ရှိထားသည့် နေရာ၌ အမှုထမ်းသောဓမ္မအမှုဆောင်သည် အသစ်သောဝိညာဉ်များတို့ကို ရရှိခြင်းထက် ရှိထားသောယုံကြည်သူများတို့ကို မိမိနှင့်အတူ မယုံကြည်သူ တို့အားပြောင်းလဲစေနိုင်ရန်အတွက် မိမိလက်ခံနိုင်သည့်ကူညီမှုရရှိရန် ဦးစွာ သင်တန်းပေးရပါမည်။ မိမိတို့တစ်ဦးစီအတွက်ဆောင်ရွက်စေခြင်း၊ မိမိတို့ ကိုယ်တိုင် ခိုင်မာသည့်ဗဟုသုတရရှိရန် ကြိုးစားအားထုတ်စေခြင်းနှင့် အခြား သူများအတွက်လုပ်ဆောင်စေခြင်းများကို ပြုလုပ်စေပါ။ ဓမ္မအမှုဆောင်အတွက် မိမိတို့၏ဆုတောင်းခြင်းနှင့်ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ပံ့ပိုးနိုင်သည့်အထိ ပြင်ဆင်မှုပြုနိုင်ကြသောအခါ ဓမ္မအမှုဆောင်၏ကြိုးစားမှုသည် ပို၍အောင်မြင် ခြင်းရှိပါလိမ့်မည်။ Gospel Workers, p. 196. (1915) [Ev 110.4]EvBur 122.1

    ဘုရင်၏လမ်းမကြီးကိုရှင်းလင်းပေးခြင်း - ကျွန်ုပ်တို့၏လူများနေထိုင်ကြ သည့်အသိုက်အဝန်းထဲ၌ ဗဟုသုတရှိသောအမှုထမ်းများအားဖြင့် ဝိညာဉ်များ ကိုအောင်မြင်ရန် အထူးကြိုးစားမှုပြုကြသည့်အခါ၊ ဘုရားရှင်နှင့်ညီအစ်ကို မောင်နှမများ အတူလက်တွဲ၍ဆောင်ရွက်နိုင်ရန် ရှိသမျှသောအပြစ်နှင့်အတား အဆီးများတို့ကိုဖယ်ရှားပြီး ယုံကြည်သူအားလုံးအပေါ် ထိုနေရာဒေသ၌ ဘုရင် ၏လမ်းမကြီးကိုရှင်းလင်းရန် အထူးသောတာဝန်ရှိကြပါသည်။ Review and Herald, Dec. 6, 1906. [Ev 111.1]EvBur 122.2

    မြို့တရားပွဲ ကျင်းပသည့် နေရာရှိအသင်းတော်များကိုအကြံပြုချက် - လွန်ခဲ့သော (၄) နှစ်ခန့်အချိန်၊ နယူးရော့မြို့၌ မစ္စတာဟပ်(စ်)စကဲ(လ်) (Haskell) နှင့် အခြားပုဂ္ဂိုလ်များတို့သည် ကျမ်းစာသင်တန်းနှင့်ညနေဝတ်ပြုခြင်းအစည်းအဝေး များကိုကျင်းပသောအခါ အမှုဆောင်များတို့အတွက် ဘုရားသခင်၏စကား တော်မှာ၊ “စည်းဝေးကျင်းပသည့်နေရာ၏အနီးအနား၌ နေထိုင်ကြသောယုံကြည် သူများတို့သည် လုပ်ငန်း၌ပါဝင်၍ ဝန်ထုပ်ကိုကူညီထမ်းရွက်စေကြပါ။ လုပ်ငန်း အောင်မြင်ရန်ကူညီခြင်းသည် မိမိတို့၏တာဝန်နှင့်အခွင့်အရေးဖြစ်ကြောင်း ခံစားသင့်ကြသည်။ ဘုရားရှင်အတွက်ကြိုးစားပါဝင်လုပ်ဆောင်ခြင်းကို ဘုရားရှင် နှစ်သက်သည်။ အသင်းသားတိုင်း သူ၏အမှုတော်၌အကူအညီဖြစ်စေရန်နှင့် ခရစ်တော်ထံဝိညာဉ်များကို မေတ္တာအားဖြင့်ယူဆောင်ရန် သူအလိုရှိသည်။ [Ev 111.2]EvBur 122.3

    လွန်ခဲ့သောနှစ်၌ လော့(စ)အင်းဂျလစ်(စ) (Los Angeles) မြို့တွင် တဲအစည်းအဝေးများကျင်းပလျက်ရှိစဉ် ဘုရားသခင်သည် လူတို့၏စိတ်နှလုံး ကိုလှုံ့ဆော်တော်မူသောအခါ၊ သတင်းစကားရောက်လာသည်မှာ “ယခု ဆောင်ရွက်လျက်ရှိသောလုပ်ငန်းအတွက် လော့(စ)အင်းဂျလစ်(စ)အသင်းတော် မှ နေ့စဉ်အထူးဆုတောင်းပေးစေပါ။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် အမှုတော်၌ပါဝင်ကြသော အသင်းသူအသင်းသားများအပေါ်သက်ရောက်လိမ့် မည်။ လုပ်ငန်းအောင်မြင်ရန်အတွက် နေ့စဉ်အဖွဲ့ငယ်များဖြင့် စုရုံး၍ဆုတောင်း ပေးပါ။ ဤကဲ့သို့ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ကိုယ်တိုင် ကျေးဇူးတော်ကို ခံစားရကြပြီး ဘုရားသခင်၏အမှုတော်ရှေ့သို့တိုးတက်မည်ဖြစ်ပါသည်။ [Ev 111.3]EvBur 123.1

    ဤနည်းအတိုင်းကျွန်ုပ်တို့ဆောင်ရွက်ခဲ့ကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဝိညာဉ်များအတွက်နှင့် အမှုတော်ကိုဆောင်ရွက်နေကြသောသူများအတွက် ဆုတောင်းပေးကြပါသည်။ ယေရှုသခင်ပြောခဲ့သည်မှာ၊ လူနှစ်ယောက်သုံး ငါရှိပြီး သူတို့ကိုကောင်းချီးပေးမည်ဟုဖြစ်ပါသည်။ စကားများများပြောဆိုခြင်း ယောက်တို့သည် ငါ၏နာမ၌စုရုံး၍ ဆုတောင်းခဲ့လျှင် သူတို့၏အလယ်၌ မပြုဘဲ ပို၍ရိုးသားသောစိတ်ဖြင့် ပို၍ကြိုးစားဆုတောင်းကြပါစို့။ [Ev 112.1]EvBur 123.2

    လော့(စ)အင်းဂျလစ်(စ) (Los Angeles) မြို့၌ကျင်းပသော အမှန် တရားဟောပြောခြင်းအစီအစဉ်ကို သူတစ်ပါးမချီးမွမ်းရန် ကျွန်ုပ်စိုးရိမ်ပါသည်။ လူတိုင်းမာရ်နတ်တန်ခိုးကိုတိုက်လှန်ပြီး ဘုရားရှင်၏အမှုတော်ကိုလာရောက် ကူညီကြပါစို့။ အထူးကြိုးစားမှုပြုလုပ်ခဲ့သည့် လော့(စ)အင်းဂျလစ်(စ) (Los Angeles) တရားပွဲအစီအစဉ်ကဲ့သို့ အသင်းသူအသင်းသားများအားလုံး ဘုရား ရှင်ထံပါးသို့ နီးကပ်စွာနေထိုင်ကြပါစို့။ နှုတ်ကပတ်တော်မှထွန်းလင်းသော အလင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဆန်းစစ်ကြပါစို့။ အကယ်၍ အပြစ်များကိုတွေ့မြင်ရပါက ဝန်ချ၍နောင်တတရားရကြပါစို့။ ကူညီသူတိုင်း ကောင်းသောလုပ်ဆောင်မှုစနစ်ဖြင့် လုပ်ဆောင်ကြပါစို့။ ဘုရားသခင်သည် ဆုတောင်းသံကိုနားညောင်းတော်မူလိမ့်မည်။ ဤတရားပွဲကျင်းပခြင်းသည် အသင်းသူအသင်းသားများတို့အတွက်မဟုတ်ဘဲ လျစ်လျူရှုခြင်းခံနေရသော သူတို့အတွက် စိတ်အားထက်သန်သောသူများတို့မှနေ၍လုပ်ဆောင်နေကြောင်း သူတို့ထင်မြင်သင့်ကြပါသည်။ [Ev 112.2] နိင်ငှားEvBur 123.3

    လော့(စ)အင်းဂျလစ်(စ) (Los Angeles) တရားပွဲ၌ဆောင်ရွက်ခဲ့သကဲ့ သို့ အသင်းသူအသင်းသားများအားလုံး ဘုရင်၏လမ်းမကြီးကိုရှင်းလင်းကြ ပါစို့။ လုပ်ငန်း၌လည်း မိမိတို့၏ကြေးငွေဖြင့် အကူအညီပေးကြပါစို့။ သူတို့ သည် လုံးလုံးစည်းလုံးခြင်းရှိကြောင်း ဖော်ပြစေကြပါစို့။ အစည်းအဝေး၌ အမှုတော်အတွက် မိမိတို့၌ရှိသည့်လက်နက်တန်ဆာပလာဖြင့်ပါဝင်နိုင်ရန် ပြင်ဆင်ထားကြပြီး စိတ်ဝင်စားသူများတို့နှင့်ပြောဆိုကြရန် အဆင်သင့်ရှိကြ ပါစို့။ ပျောက်သောသိုးများအတွက် ဆုတောင်း၍ကြိုးစားလုပ်ဆောင်ကြပါစို့။ Review and Herald, Dec. 20, 1906. [Ev 112.3]EvBur 124.1

    အသစ်ပြောင်းလဲသူများအတွက်ပုံ သက်သေတစ်ခု - အသင်းသားအသစ်များ အတွက် အသင်းသားအဟောင်းတို့သည် ကောင်းသောပုံသက်သေပြကြပါစို့။ အမှန်တရားထဲ၌ကြာမြင့်စွာနေခဲ့ကြသောသူများအဖြစ် အသစ်သောပြောင်းလဲ သူများအတွက် ဘုရားတရားမကြည်ညိုသောအသက်တာအားဖြင့် သူတို့ကို စိတ်ဓာတ်မကျစေရန် ကျွန်ုပ်အနူးအညွတ်တောင်းပန်ပါသည်။ ညည်းညူ မြည်တမ်းခြင်းများကိုမပြုဘဲ စိတ်ပါဝင်စားစွာဖြင့် အမှုတော်လုပ်ငန်း၌ပါဝင် ဆောင်ရွက်ပါ။ သင်တို့၏စိတ်နှလုံးလယ်ပြင်ကို ကြေညက်စွာထွန်ယက်ကာ အမှုတော်လုပ်ငန်းမည်ကဲ့သို့တိုးတက်ရန် ဆောင်ရွက်ကြရမည်ကိုသိရှိရန် ရှာဖွေ ကြပါ။[Ev 112.4]EvBur 124.2

    နိုးကြပါ၊ နိုးကြပါ။ ထိုနောက် မပြောင်းလဲသူများအား သင်သည် ကောင်းကင်မှမူလအစဖြစ်သည့် အမှန်တရားကိုယုံကြည်နေကြောင်း အထောက် အထားကိုဖော်ပြပါ။ သင်နိုးကြားခြင်းမရှိခဲ့သော် သင်လိုက်လျှောက်နေသော အမှန်တရားလမ်းကို ကမ္ဘာသူကမ္ဘာသားများယုံကြည်ကြမည်မဟုတ်ပါ။ Letter 75, 1905. [Ev 113.1]EvBur 125.1

    အသင်းသူအသင်းသားများအကူအညီပေးရမည် - ကျွန်ုပ်တို့အသင်းတော် အသင်းသူအသင်းသားများတစ်ဦးစီ၏ကြိုးစားဆောင်ရွက်ခြင်းကို ဘုရားသခင် အလိုရှိသည်။ ဝိညာဉ်များတို့ကို လျစ်လျူရှုထားကြပါသည်။ မြို့၊ ရွာနှင့် မြို့ကြီးများ ဤအချိန်၌အမှန်တရားကိုမကြားရခြင်းသည် လိမ္မာစွာသာသနာ့ လုပ်ငန်းကိုကြိုးစား၍မဆောင်ရွက်သေးသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ လက်တင်ရဓမ္မဆရာတို့သည် သူတို့တတ်နိုင်သရွေ့လုပ်ဆောင်ကြရမည်။ သို့သော် လုပ်ငန်းအားလုံးကို တစ်ဦးတည်းဆောင်ရွက်နိုင်သည်ဟု မမျှော်လင့် ယေရှုသခင်သည် လူတိုင်းအတွက်အလုပ်ပေးထားသည်။ အကယ်၍ သင့်ပါ။ လုပ်ငန်းပြီးမြောက်စေလိုပါက လည်ပတ်ခြင်းအမှုကိုပြုရမည်။ ဆုတောင်းပေး ရမည်။ သနားကြင်နာမှုကိုဖော်ပြရမည်။ ဘုရားတရားကြည်ညိုခြင်းအားဖြင့် အသင်းတော်တစ်ခုလုံးလုပ်ဆောင်ရမည်။ သူငယ်ချင်းမိတ်ဆွေများတို့နှင့် ရင်းရင်းနှီးနှီးထိုင်၍ မွန်မြတ်သောကျမ်းစာ၏ယုံကြည်ခြင်းကို ပြောဆိုဆွေးနွေး နိုင်ပါသည်။ Review and Herald, Aug. 13, 1889. [Ev 113.2]EvBur 125.2

    အမောင် ဧဝံဂေလိလုပ်ငန်းအတွက်ဓမ္မဆရာများမှ အသင်းတော်များကို စာရင်းသွင်းခြင်း - တစ်ခါတစ်ရံ ဓမ္မဆရာများတို့သည် အလုပ်များလွန်းသည်။ ရှိသမျှအလုပ်ကို မိမိတို့၏လက်ဝယ်ပွေ့ပိုက်ထားသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် သူတို့ကို နွမ်းနယ်စေပါသည်။ သို့သော် ဤအတိုင်းဆက်လုပ်ကြသည်။ ဘုရားသခင် ၏အမှုတော်ကို သူတစ်ဦးတည်းသာဆောင်ရွက်ရမည်ဟုထင်ပုံပေါ်ပြီး အသင်းသားများအမှုတော်၌ အလုပ်လက်မဲ့ဖြစ်နေရပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းသည် ဘုရားရှင်၏အစီအစဉ်လုံးဝမဟုတ်ပါ။ Review and Herald, Nov. 18, 1884.EvBur 125.3

    သာမန်အသင်းသားများအားဖြင့် လုပ်ငန်းအင်အားတိုးလာခြင်း - ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများတို့သည် ဆက်လက်၍သတိမပေးရသောလူစုကြီးများ နှင့် နီးကပ်စွာနေပြီး အဘယ်ကြောင့်သူတို့အားဖြင့် ဘုရားသခင်၏နာမတော် ထင်ရှားစေရန်.ကိုယ်စားလှယ်များမှတစ်ဆင့် ဘုရားသခင်လုပ်ဆောင်နိုင်သော နည်းစနစ်များတို့ကို မတီထွင်ဘဲနေကြရသနည်း။ ဗဟုသုတနှင့်ပြည့်စုံသော ကျွန်ုပ်တို့၏ခေါင်းဆောင်များတို့သည် ဤအရေးကြီးသောကိစ္စများကို နားလည် ကြမည်ဖြစ်ပြီး လုပ်ငန်းအင်အားတိုးမြှင့်ရန် များစွာလုပ်ဆောင်နိုင်ကြပါလိမ့် မည်။ လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားရှိလူများစွာတို့ကို ဟောပြောနိုင်ရန် သူတို့စီမံနိုင်ကြလိမ့်မည်။ ကောင်းမွန်စွာ၊ တည်ငြိမ်စွာ ဆက်ကပ်ကြိုးစားပြီး အခွင့်အရေးရရှိတိုင်း ဝိညာဉ်များတို့ကိုရရှိရန် အသင်းသားများတို့အားပညာ ပေးပါက သူတို့၏လုပ်ဆောင်မှုတို့သည် အောင်မြင်ပါလိမ့်မည်။ Manuscript 53, 1910. [Ev 114.1]EvBur 126.1

    သင်၏ပတ်ဝန်းကျင် ၌လယ်ပြင်များမှည့်လျက်ရှိပြီ - အမှန်တရားသည် ခမ်းနားစွာအောင်မြင်လိမ့်မည်။ အသင်းတော်အား ဘုရားရှင်ပေးထားသည့် မှောင်မိုက်ထဲ၌ရှိနေသောသူတို့အတွက် နှုတ်ကပတ်တော်ကိုဖွင့်ပြဟောပြော ခြင်းအလုပ်ကို စတင်လုပ်ဆောင်ကြပါစို့။ ကျွန်ုပ်၏ညီအစ်ကိုမောင်နှမများတို့ သင်၏ပတ်လည်၌ဝိညာဉ်များစွာရှိသည်။ အကယ်၍သူတို့အတွက်သေချာစွာ အလင်းတရားကိုဝေငှပါက သူတို့ပြောင်းလဲလာကြမည်ဖြစ်သည်။ နှုတ်ကပတ် တော်ကိုနားမလည်သောသူများတို့အား ကြိုးစား၍ဟောပြောရလိမ့်မည်။ အမှန် တရားကိုယုံကြည်သောသူတို့သည် ဘုရားသခင်၏သဏ္ဌာန်တော်ကိုယူတင် ဝတ်ဆောင်ပြီး သူတို့မြင်ရသည့် မှည့်နေသောလယ်ပြင်၌အလုပ်လုပ်ရန်အတွက် နှုတ်ကပတ်တော်၌အသက်ရှင်သောသူဖြစ်ရန် ပြင်ဆင်မှုပြုသူများအားလုံး လုပ်ဆောင်နိုင်ကြပါသည်။ Australasian Union Conference Record, March 11, 1907. [Ev 114.2]EvBur 126.2

    ဝေစာများကို တစ်အိမ်ပြီးတစ်အိမ်သို့ ဝေငှခြင်း - ညီအစ်ကိုမောင်နှမတို့၊ ခရစ်ယာန်လက်နက်စုံကို သင်ဝတ်ဆင်မည်လား။ “သင်၏ခြေသည် ငြိမ်သက် ခြင်းဧဝံဂေလိတရားအတွက် ပြင်ဆင်ပေးသောခြေစွပ်ရှိသည်။” လူတို့ထံ တစ်အိမ်မှတစ်အိမ်သို့ အမှန်တရားကိုသယ်ဆောင်သွားနိုင်ရန် သင်၏ခြေကို ပြင်ဆင်ပေးလိမ့်မည်။ တစ်ခါတစ်ရံ ဤအလုပ်ကိုလုပ်ဆောင်ရန်ခက်ခဲသည် ဟု သင်ယူဆပေလိမ့်မည်။ သို့သော် ဘုရားသခင်သည် သင့်ရှေ့၌သွားပြီး သင်၏လမ်းခရီးကိုလင်းစေလိမ့်မည်။ သင့်အိမ်နီးနားချင်း၏အိမ်များထဲသို့ဝင် ၍ ရောင်းချခြင်း၊ သို့မဟုတ် စာပေများကိုပေးကမ်းခြင်းနှင့် နှိမ့်ချခြင်းဖြင့် သူတို့အားအမှန်တရားကိုသင်ကြားခြင်းအားဖြင့် ကောင်းကင်မှအလင်းသည် သင်နှင့်အတူရှိပြီး ဤအိမ်များတို့၌ကိန်းအောင်းပေလိမ့်မည်။ Review and Herald, May 24, 1906. [Ev 114.3]EvBur 127.1

    အလုပ်လုပ်သောအဖွဲ့များဖွဲ့စည်းခြင်း - ကျွန်ုပ်တို့၏အသင်းတော်ထဲ၌ အမှုတော်အတွက် အဖွဲ့ငယ်များကိုဖွဲ့စည်းကြစို့။ ဘုရားအမှုတော်ထဲ၌ မည်သူ မျှအလုပ်လက်မဲ့မရှိစေရ။ မတူညီကြသောသူတို့သည် လူကိုမျှားသောတံငါသည် များကဲ့သို့ အမှုထမ်းဆောင်ခြင်း၌စည်းလုံးကြပါစို့။ သူတို့အား ဤပျက်စီး နေသောကမ္ဘာကြီးမှ ခရစ်တော်၏သန့်ရှင်းသောကယ်တင်ခြင်းမေတ္တာသို့ ဝိညာဉ်များကိုစုသိမ်းရန် ရှာဖွေစေကြပါစို့။ [Ev 115.1]EvBur 127.2

    ခရစ်ယာန်ကြိုးစားခြင်းအခြေခံအုတ်မြစ်တစ်ခုကဲ့သို့ အဖွဲ့ငယ်များ ဖွဲ့စည်းခြင်းကို ကျွန်ုပ်၏ရှေ့၌မမှားယွင်းနိုင်သောပုဂ္ဂိုလ်တစ်ဦးမှ ဖော်ပြခဲ့ပါ သည်။ အကယ်၍ အသင်းတော်ထဲ၌ အသင်းသားများစွာရှိနေပါက ဤအသင်း သားများတို့ကို အဖွဲ့ငယ်ကလေးများသို့ဖွဲ့စည်းပြီး အသင်းတော်အတွက်အလုပ် များကို လုပ်စေရုံမျှမက မယုံကြည်သောသူများအတွက်ကိုလည်း လုပ်စေရ ပါမည်။ Australasian Union Conference Record, Aug. 15, 1902. [Ev 115.2]EvBur 127.3

    ကောင်းမွန်စွာလေ့ကျင့်ထားသောစစ်သားများအဖွဲ့တစ်ခုကဲ့သို့ - ဓမ္မအမှုဆောင် များတို့သည် စည်းစနစ်ကိုချစ်၍ မိမိတို့၏ကိုယ်ကိုစည်းကမ်းနှင့်ထိန်းသိမ်း သင့်ကြသည်။ သို့မှသာ ဘုရားသခင်၏အသင်းတော်ကို အောင်မြင်စွာစည်းကမ်း နှင့်ထိန်းသိမ်းနိုင်ပြီး သူတို့ကိုစည်းလုံးစွာဖြင့်အလုပ်လုပ်နိုင်ရန်သွန်သင်ကာ ကောင်းမွန်စွာလေ့ကျင့်ထားသောစစ်သားများကဲ့သို့ ဖြစ်ပေလိမ့်မည်။ စစ်မြေပြင် ထဲ၌ အောင်မြင်စွာစစ်ပွဲဆင်နွှဲနိုင်ရန် စည်းကမ်းနှင့်စနစ်လိုအပ်ပါက ၎င်းအတိုင်း သာ၍အရေးကြီးသော မကောင်းဆိုးဝါးနှင့်တိုက်လှန်နေရသည့် ဝိညာဉ်တိုက်ပွဲ ကိုတိုက်နေရသောကျွန်ုပ်တို့၌ အောင်မြင်ခြင်းရှိရန် စည်းကမ်းစနစ်သည် ပို၍ လိုအပ်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ရင်ဆိုင်နေရသည့်တိုက်ပွဲကြီးသည် ကျွန်ုပ် တို့၏ထာဝရကာလအတွက် အဆုံးအဖြတ်ပေးမည့်အရေးကြီးကိစ္စဖြစ်သည်။ [Ev 115.3]EvBur 128.1

    ကောင်းကင်တမန်များစည်းလုံးစွာအလုပ်လုပ်ကြသည်။ သူတို့၏ လှုပ်ရှားမှုအားလုံးတို့၌ စည်းစနစ်ပြည့်စုံလျက်ရှိသည်။ သူတို့၏စည်းလုံးခြင်း နှင့်စနစ်ရှိခြင်းကို ကျွန်ုပ်တို့၏စံနမူနာအဖြစ်အတုယူပါက ကျွန်ုပ်တို့၏ကိုယ်စား ဤကောင်းကင်သားတို့၏အောင်မြင်ခြင်းကို ကျွန်ုပ်တို့ခံစားကြရလိမ့်မည်။ Letter 32, 1892.EvBur 128.2