Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပုံနှိပ်ထားသောတရားဟောချက်များနှင့်စာပေများ

    စာပေများကိုထိရောက်စွာအသုံးပြုခြင်း - အမှန်တရားကို ယခုကျွန်ုပ်တို့ ဆောင်ရွက်နေသည်ထက် ပို၍ကျယ်ပြန့်စွာဖြန့်ချိကြရမည်။ လူတို့ရှေ့၌ ရှင်းလင်းပြတ်သားစွာ တစ်ခုပြီးတစ်ခုအဓိပ္ပါယ်ဖော်ပြရမည်။ တိုတိုတုတ်တုတ် ဖြင့်ဟောပြောရမည်ဖြစ်သော်လည်း အထောက်အထားပြည့်စုံစွာဖြင့်ဟောပြော စည်းဝေးတိုင်း၌စီမံကိန်းများကိုချကာ အမှန်တရားကိုလူတို့ရှေ့၌ထင်ရှား စေရန် ဝေစာများ၊ လက်ကမ်းစာစောင်များဖြင့် ဝေငှပေးရပါမည်။ ယခုအချိန် ၌ဝေငှပေးကမ်းလိုက်ရန်လိုအပ်သည်ကို တွေ့ ရပါသည်။ သို့သော် ၎င်းတို့ သည် ကောင်းသောတန်ခိုးတစ်ခုဖြစ်ပြီး တစ်ခုမျှပျောက်ဆုံးသွားခြင်းမရှိပါ။ [Ev 159.1]EvBur 185.2

    အကယ်၍ဖတ်ရှုရန်အတွက်ဝေငှပြီး ကြားနာရသူများကို ကျမ်းစာ အယူဝါဒများဖြင့်ပညာပေးပါက စားပွဲပေါ်မှဟောပြောလိုက်သောသတင်းစကား အတွက် ပို၍ထိရောက်မှုကိုဖြစ်စေလိမ့်မည်။ လူအများတို့အား ဖတ်ရှုလိုသော ဆန္ဒကို ဘုရားသခင်ပြုပြင်ပေးလိမ့်မည်။ သို့သော် အများသောသူတို့သည် လည်း လက်ရှိအမှန်တရားကိုတွေ့မြင်ရန်နှင့်ကြားနာရန် ငြင်းဆန်လိမ့်မည်။ သို့သော် ဤကိစ္စများကိုမျှော်လင့်ခြင်းမရှိတော့ပါဟု ကျွန်ုပ်တို့မထင်သင့်ပါ။ အကြောင်းမှာ ခရစ်တော်သည် လူများစွာတို့ကို သူ့ထံသို့ဆွဲယူမည်ဖြစ်သည်။ သင်၏လက်ထဲ၌ သင့်လျော်သောဖတ်ရှုစရာအပြည့်ဖြင့်သော်လည်းကောင်း၊ သင်၏နှလုံးသားသည် ဘုရားရှင်၏မေတ္တာတော်အပြည့်အဝဖြင့်သော်လည်း ကောင်း ထွက်ခွာသွားသင့်ပါသည်။ Letter 1, 1875. [Ev 159.2]EvBur 186.1

    ဆန့် ကျင်မှုကို ထိရောက်စွာဦးအောင်ပြုလုပ်ခြင်းများ - ဟောပြောသောအခါ လူတို့သည် စိတ်ဝင်စားစွာနားထောင်ကြမည်ဖြစ်သည်။ သို့သော် သူတို့အတွက် ထူးဆန်း၍အသစ်ဖြစ်မည်ဖြစ်သောကြောင့် စာတန်မာရ်နတ်သည် သူတို့၏ စိတ်ထဲ၌မမှန်ကြောင်း အကြံပေးလိမ့်မည်။ သူသည် စကားပြောသူ၏စကား ကို ညစ်ညမ်းစေခြင်းနှင့်မှားယွင်းစေခြင်းကိုပြုပေလိမ့်မည်။ ကျွန်ုပ်တို့မည်ကဲ့သို့ ပြုလုပ်ကြမည်နည်း။ [Ev 159.3]EvBur 186.2

    ကျွန်ုပ်တို့ဟောပြောသော ကျွန်ုပ်တို့၏ယုံကြည်ချက်အကြောင်းရင်း များကို စာစောင်ငယ်ကလေးများဖြင့်ပုံနှိပ်ပြီး တတ်အားသရွေ့ ကျယ်ပြန့်စွာ ဖြန့်ချိရမည်။ မှတ်ချက်- ပုံနှိပ်ခြင်း၊ သို့မဟုတ် မိတ္တူကူးသောတရားဟော ချက်နှင့်ပတ်သက်၍ အမှုဆောင်တိုင်း ကမ္ဘာ့ဌာနချုပ်ကော်မတီ၏ဒီဇင်ဘာလ ၁၅ ရက်၊ ၁၉၄၁ ခုနှစ်၌ချမှတ်ထားသော ကျွန်ုပ်တို့၏ပုံနှိပ်ခြင်းကိုကာကွယ် သောစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်လျှောက်ကြရမည်။EvBur 186.3

    “ထုတ်ဝေခြင်းမပြုမီ၊ မိတ္တူကူးခြင်း၊ သို့မဟုတ် ပုံနှိပ်သောတရား ဟောချက်များကို နယ်ဌာနချုပ်ခေါင်းဆောင်များမှ အသင်းတော်စာပေကိုကာကွယ် သောအားဖြင့် ခွင့်ပြုချက်ကိုရယူရပါမည်။] သို့မှသာ မှားယွင်းမှုများနှင့် အမှား ပြောဆိုခြင်းများတို့ကို မာရ်နတ်၏အမြဲတစေကြိုးစား၍တားဆီးခြင်းမှကာကွယ် နိုင်ပြီး မှန်ကန်သောစာပေများကို ဓမ္မဆရာဟောကြားသည့်အတိုင်း လူတို့ သည် ဖတ်ရှုခွင့်ရရှိကြပါလိမ့်မည်။ Review and Herald, Oct. 14, 1902. [Ev 160.1]EvBur 187.1

    အတိုချုပ်ပုံနှိပ်ထားသောတရားဟောချက်များ — ဟောပြောချက်များ၏အတို ချုပ်အကြောင်းအရာတစ်ခုကို ပုံနှိပ်၍ကျယ်ပြန့်စွာဖြန့်ချိပါ။ Manuscript42, 1905. [Ev 160.2]EvBur 187.2

    လက်ကမ်းကြော်ငြာစာများ - အကယ်၍စည်းဝေးအတွင်း ပုံနှိပ်စက် တစ်လုံးရှိနေပါက စာစောင်ငယ်လေးများပုံနှိပ်ခြင်း၊ ဝေငှရန်သတိပေးချက်နှင့် စာရွက်များတို့သည် သြဇာသက်ရောက်မည်ဖြစ်သည်။ Testimonies, vol. 6, p. 36. (1900) [Ev 160.3]EvBur 187.3

    တချို့သောသူများကိုစာပေအားဖြင့်သာဆက်သွယ်နိုင်ခြင်း - လက်ကမ်းစာစောင် များနှင့်ဝေငှသောဝေစာများပါရှိသည့် တရားဟောဆရာ၏ဟောပြောခြင်းသည် ဝေငှရန်စာပေမပါရှိသည့်နှုတ်ကပတ်တော်ဟောပြောခြင်းတစ်ခုတည်းထက် ပို၍ များစွာအောင်မြင်မှုရှိနိုင်သည်။ လူတို့၏စိတ်ကိုထိတွေ့ နိုင်သောအခြားနည်းလမ်း မရှိပါ။ ဤနေရာ၌ စစ်မှန်သောသာသနာ့လုပ်ငန်းကို အကျိုးအရှိဆုံးခံစား နိုင်သည့်လုပ်ဆောင်မှုနှင့်နည်းလမ်းကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ Life Sketches, P. 217. (1915) [Ev 160.4]EvBur 187.4

    ပုံနှိပ်စက်၏တန်ခိုး - ပုံနှိပ်ခြင်းသည် လူတို့၏စိတ်ကိုလှုပ်ရှားစေနိုင် သည့် တန်ခိုးနှင့်ပြည့်ဝသောနည်းလမ်းတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်ရှိလူများ တို့သည် ပုံနှိပ်စက်ကိုစွဲကိုင်ထားကာ အန္တရာယ်နှင့်ပြည့်ဝသောစာပေများကို အကောင်းဆုံးအခွင့်အရေးယူကာ လူတို့ရှေ့၌ထားကြပါသည်။ အကယ်၍ လူတို့သည် လောကနှင့်မာရ်နတ်စိတ်သဘောထား၏တန်ခိုးသြဇာအောက်၌ စိတ်အားထက်သန်စွာ မကောင်းသောစာအုပ်များ၊ ဝေစာများနှင့်လက်ကမ်း စာရွက်စာတမ်းများတို့ကို ဤမျှလောက်ဖြန့်ချိခြင်းပြုပါက သင့်အနေဖြင့် ပို၍ စိတ်အားထက်သန်စွာ လူတို့အတွက် မိမိတို့၏စာရိတ္တကိုကာကွယ်၍ စိတ်ဓာတ် ကိုမြှင့်တင်ပေးစေသော ဖတ်ရှုစရာစာအုပ်စာပေများတို့ကို ထုတ်ဝေဖြန့်ဖြူး သင့်ပါသည်။ [Ev 160.5]EvBur 187.5

    ဘုရားသခင်သည် မိမိလူတို့၏အကျိုးများအတွက်ကို ပုံနှိပ်တိုက်၌ သူ၏မိန့်မှာထားချက်ကို ချထားပါသည်။ ၎င်းသည် အခြားကိုယ်စားလှယ် များနှင့်ပေါင်းစည်းခြင်းအားဖြင့် အမှန်တရား၏အသိပညာကိုဖြန့်ဝေရာတွင် အောင်မြင်ခြင်းရှိပါလိမ့်မည်။ ဝေစာများ၊ လက်ကမ်းစာစောင်များနှင့်စာအုပ် များတို့ကို သူ၏အမိန့်ချမှတ်သည့်အပေါ် ကမ္ဘာပေါ်ရှိမြို့ ရွာများအားလုံးသို့ ဖြန့်ချိသင့်ပါသည်။ Life Sketches, pp. 216, 217. (1915) [Ev 161.1]EvBur 188.1

    အမှန်တရားကိုအတောင်များတပ်ပေးခြင်း - အမှန်တရားသည် အတောင် များရှိသကဲ့သို့ လျင်မြန်စွာ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ ဘာသာစကားတိုင်း ဆီသို့ရောက်ရှိနိုင်ရန် ပုံနှိပ်ခြင်းကိုအကောင်းဆုံးအသုံးပြုနိုင်သည့်ပုဂ္ဂိုလ်များကို အထူးလိုအပ်လျက်ရှိပါသည်။ Gospel Workers, p. 25. (1915) [Ev 161.2EvBur 188.2

    ပုံနှိပ်သောစာရွက် - ဓမ္မဆရာသည် သတင်းစကားကိုဟောပြောနိုင် သည့်တိုင်၊ အကြောင်းအရာအားလုံးကို လူတို့သည်မှတ်သားထား၍မရပါ။ ထိုကြောင့် ပုံနှိပ်သောစာရွက်စာတမ်းများကို လိုအပ်ပါသည်။ ၎င်းတို့သည် ယခုအချိန်အတွက်သာ အရေးကြီးသောအမှန်တရားသို့ နှိုးကြားခြင်းပေးရန် မဟုတ်ပါ။ အမှန်တရား၌နက်ရှိုင်းစွာယုံကြည်ခြင်းအမြစ်စွဲရန်နှင့် မှားယွင်း သောအယူအဆကိုတွန်းလှန်နိုင်ရန်လည်းဖြစ်ပါသည်။ စာရွက်များနှင့်စာအုပ် များတို့သည် သတင်းစကားများကို ယခုအချိန်အတွက်နှင့် ဆက်လက်ပြီး လူတိုင်းရှေ့၌အမြဲထိန်းသိမ်းထားရန် ဘုရားသခင်၏နည်းလမ်းများဖြစ်သည်။ အမှန်တရားထဲ၌ ဝိညာဉ်များကိုအလင်းပေးခြင်းနှင့်ခိုင်ခံ့ခြင်းရှိစေရန် ပုံနှိပ် ထုတ်ဝေသောအရာများတို့သည် နှုတ်ကပတ်ဟောပြောခြင်းဆိုင်ရာ သာသနာ့ လုပ်ငန်းတစ်ခုတည်းလုပ်ဆောင်ခြင်းထက် သာ၍ကြီးမားသောလုပ်ငန်းကို ပြီးမြောက်စေနိုင်သည်။ အသံတိတ်သံတမန်များကို လူတို့၏အိမ်ထဲ၌ထားရှိ ပြီး ဓမ္မစာပေဖြန့်ချိခြင်းလုပ်ငန်းအားဖြင့် ဧဝံဂေလိသာသနာ့လုပ်ငန်းတိုင်းကို ခွန်အားပေးတောင့်တင်းစေလိမ့်မည်။ အကြောင်းမှာ၊ ဤစာအုပ်များကိုဖတ်ရှု ရခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်ကိုကြားနာရသော သူတို့၏စိတ်နှလုံးထဲ၌ သြဇာလွှမ်းမိုးသကဲ့သို့ လူတို့၏စိတ်နှလုံးထဲ၌လည်း သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးလွှမ်းမိုးခြင်းကို ခံစားရပါလိမ့်မည်။ အမှုဆောင် သောကောင်းကင်တမန်များတို့သည်လည်း သာသနာ့အမှုထမ်းများတို့နှင့်အတူ ပါရှိသကဲ့သို့ အမှန်တရားပါရှိသည့်ဓမ္မစာအုပ်စာပေများနှင့်အတူ ပါရှိပါလိမ့် မည်။ Testimonies, vol. 6, pp. 315, 316. (1900) [Ev , 161.3]EvBur 188.3