Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သာသနာပြုတစ်ဦး၏ဇနီး

    သူမ၏စွမ်းရည်များအတွက်တာဝန်ရှိသည် - တာဝန်တစ်ခုသည် ဓမ္မဆရာ ဇနီး၏အပေါ်သို့ကျရောက်နေပါက ၎င်းတာဝန်ကို သူမအနေဖြင့် ပေါ့ဆစွာ လုပ်ကိုင်သွားရန်မသင့်ပါ။ သူမအားချေးငှားထားသောစွမ်းရည်ကို အတိုးနှင့်တကွ ဘုရားသခင်ပြန်လည်၍တောင်းဆိုလိမ့်မည်။ ဝိညာဉ်များတို့ကိုကယ်ရန် သူမ၏ခင်ပွန်းနှင့်အတူ စိတ်အားထက်သန်စွာ၊ သစ္စာရှိစွာနှင့်စည်းလုံးစွာ ဖြင့်ကြိုးစားလုပ်ဆောင်သင့်သည်။ သူမ၏အလိုနှင့်သူမ၏ဆန္ဒကို မည်သည့် အခါမျှတောင်းဆိုခြင်း၊ သို့မဟုတ် မိမိ၏ခင်ပွန်းအလုပ်၌စိတ်ဝင်စားမှုမရှိကြောင်း ပြသခြင်း၊ သို့မဟုတ် အိမ်မှုရေးကိုသာစွဲလမ်းနေခြင်း၊ ကျေနပ်မှုမရှိသည့်ခံစား ချက်များရှိနေခြင်းများ သူမ၌မရှိသင့်ချေ။ ဤဇာတိသဘော၏ခံစားချက် အားလုံးတို့ကို သူမအောင်မြင်ရလိမ့်မည်။ သူမ၌ပျက်ကွက်ခြင်းမရှိဘဲ အသက်တာ ၌ဆောင်ရွက်သင့်သည့်ရည်ရွယ်ချက်တစ်ခုရှိသင့်သည်။ အကယ်၍ ဤစိတ်ထား သည် ခံစားချက်များ၊ လောကီပျော်မွေ့ခြင်းများနှင့်ဇာတိစွဲလမ်းခြင်းများတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရမည်ဆိုပါက မည်ကဲ့သို့ဖြစ်လိမ့်မည်နည်း။ ကောင်းမှုပြုရန် နှင့် ဝိညာဉ်များတို့ကိုကယ်ရန် ဤအရာများအားလုံးတို့ကို ဝမ်းမြောက်စွာဖြင့် အဆင်သင့်စွန့်လွှတ်လိုက်ရပါမည်။ [Ev 674.2]EvBur 897.2

    ဓမ္မဆရာများတို့၏ဇနီးသည်များတို့သည် ကြီးမားသောမေတ္တာနှင့် ဆုတောင်းသောအသက်တာဖြင့် အသက်ရှင်သင့်သည်။ သို့သော် တချို့တို့ သည် မိမိတို့၏တာဝန်ဘက်၌ အခက်အခဲများမရှိ၊ ကိုယ်ကျိုးစွန့်ခြင်းမရှိသည့် ဘာသာရေးတစ်ခု၌ ဝမ်းမြောက်နေကြပေလိမ့်မည်။ သူတို့သည် မိမိတို့ ကိုယ်တိုင်အတွက် ခမ်းနားကြီးကျယ်စွာရပ်တည်ပြီး၊ ဘုရားသခင်၏ခွန်အား အပေါ်မှီခိုခြင်းနှင့် သူတို့တစ်ဦးစီ၏တာဝန်ကိုဆောင်ရွက်နေမည့်အစား သူတို့ သည် အချိန်များစွာယူပြီး၊ အခြားသူများအပေါ်မှီခိုကာ သူတို့ထံမှမိမိတို့၏ ဝိညာဉ်ခွန်အားကိုရယူခြင်းပြုကြရပါမည်။ အကယ်၍သူတို့သည် ဘုရားရှင် အပေါ်ကလေးများယုံကြည်ကိုးစားတတ်သောသဘောကဲ့သို့ ယုံကြည်စိတ်ချ စွာဖြင့်မှီခိုပြီး မိမိတို့၏မြတ်နိုးစုံမက်ခြင်းကို ယေရှု၌ဗဟိုပြုကာ အသက်ရှင် သောစပျစ်ပင်ဖြစ်သည့် ခရစ်တော်ထံမှ သူတို့၏အသက်တာကိုရယူမည်ဖြစ် ပါက သူတို့သည် ကောင်းကျိုးမည်မျှပြုနိုင်ကြမည်နည်း။ သူတို့သည် အခြား သူများအတွက် အမအစမည်မျှဖြစ်နိုင်ကြမည်နည်း။ မိမိတို့၏ခင်ပွန်းသည်များ တို့ကို မည်မျှပံ့ပိုးနိုင်ကြမည်နည်း။ အဆုံး၌ မည်သည့်ဆုလာဘ်တစ်ခုကို သူတို့ရရှိကြလိမ်မည်နည်း။EvBur 898.1

    ဝိညာဉ်အောင်မြင်ခြင်း၌ခင်ပွန်းသည်နှင့်အတူပါဝင်လုပ်ဆောင်ခြင်း - အကယ်၍ ဓမ္မဆရာတစ်ဦး၏ဇနီးသည် မိမိခင်ပွန်းနှင့်အတူခရီးသွားလာပါက သူမ ကိုယ်တိုင်၏အထူးပျော်ရွှင်ခြင်းအတွက်လည်ပတ်ရန်နှင့် ၎င်းအတွက်စောင့်ဆိုင်း ရန်သာမဖြစ်သင့်ပါ။ မိမိခင်ပွန်းနှင့်အတူ လုပ်ဆောင်ရပါမည်။ ကောင်းမှု ပြုရန် သူမခင်ပွန်းနှင့်အတူ တစ်ခုတည်းသောစိတ်ပါဝင်စားမှုရှိသင့်သည်။ အကယ်၍ အိမ်၌ဆောင်ရွက်ရန်တာဝန်အဟန့်အတားမရှိပါက သူမသည် သူမ၏ခင်ပွန်းသည်နှင့်အတူ ဝိညာဉ်များတို့ကိုကယ်တင်ခြင်းအလုပ်၌ကူညီရန် သူနှင့်အတူသာသနာခရီးသွားလိုသောဆန္ဒရှိသင့်သည်။ သိမ်မွေ့ခြင်း၊ နှိမ့်ချ ခြင်းနှင့်အတူ မြင့်မြတ်သောစိတ်ထားဖြင့် သူမပတ်လည်ရှိလူတို့၏စိတ်အပေါ် ပို့ဆောင်နိုင်သည့်သြဇာတစ်ခုရှိသင့်ပြီး သူမ၏တာဝန်ကိုလုပ်ဆောင်လျက် သူမ၏ကပ်တိုင်နှင့်ဝန်ထုပ်ကိုထမ်းဆောင်ကာ စည်းဝေး၌သော်လည်းကောင်း၊ မိသားစုယဇ်ပလ္လင်ပတ်လည်၌သော်လည်းကောင်း၊ မီးပုံနား၌ပြောဆိုခြင်းတွင် သော်လည်းကောင်း ပါဝင်ဆောင်ရွက်သင့်သည်။ လူတို့သည် ဤအရာကို မျှော်လင့်ပြီး သူတို့၌၎င်းကိုမျှော်လင့်ရန် အခွင့်အရေးရှိသည်။ အကယ်၍ ဤမျှော်လင့်ခြင်းများဖြစ်မလာပါက သူမခင်ပွန်းသည်၏သြဇာသည် တစ်ဝက် ထက်မကဆုံးရှုံးရပေလိမ့်မည်။ [Ev 675.1]EvBur 898.2

    ဓမ္မဆရာတစ်ဦး၏ဇနီးသည် အကယ်၍ဆန္ဒရှိပါက အမှုတော်၌သူမ များစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။ အကယ်၍သူမသည် ဆက်ကပ်သော စိတ်ရှိပြီး ဝိညာဉ်များတို့ကိုချစ်ပါက သူမခင်ပွန်းနီးပါး ကောင်းမှုကိုသူမ ဆောင်ရွက်နိုင်ပါသည်။ ညီအစ်မအမှုဆောင်တစ်ဦးသည် အမှန်တရားလုပ်ငန်း ၌ အထူးသဖြင့်ဓမ္မဆရာများမဆောင်ရွက်နိုင်သည့် အမျိုးသမီးညီအစ်မများတို့ နှင့်ပတ်သက်သောတချို့ကိစ္စများတို့ကို သူမနားလည်၍ဆောင်ရွက်ပေးနိုင်ပါ သည်။ Testimonies, vol. 1, p. 452. (1864) [Ev 675.2]EvBur 899.1

    ဓမ္မဆရာဇနီးများတို့၏အဝတ်အစား - အထူးသဖြင့် အဝတ်အစားနှင့်ပတ်သက် ပြီး ကျွန်ုပ်တို့ဓမ္မဆရာဇနီးများတို့သည် ကျမ်းစာ၏ရှင်းလင်းသောသွန်သင်ချက် များအပေါ် လမ်းမလွှဲစေရန် သတိပြုသင့်ကြသည်။ အများသောသူတို့သည် ဤပိတ်ပင်တားမြစ်ထားသောအမိန့်ကို သတိမမူထိုက်သောရှေးကျောက်ခေတ် အယူအဆများဟုသဘောထားကြသော်လည်း ဤကိစ္စကိုတပည့်တော်များတို့ အားပေးခဲ့သောပုဂ္ဂိုလ်သည် ကျွန်ုပ်တို့အချိန်၌ အဝတ်အစားကိုချစ်သောအန္တရာယ် အကြောင်းကိုနားလည်ပြီး ကျွန်ုပ်တို့ကိုသတိပေးခြင်းဖြစ်သည်။ ဤသတိပေး ခြင်းကို ကျွန်ုပ်တို့နားထောင်ပြီး ပညာရှိများဖြစ်ကြမည်လား။ အဝတ်အစား အားဖြင့် ငွေကြေးဖြုန်းတီးခြင်းသည် အစဉ်တိုးပွားလျက်ရှိသည်။ ယခုအဆုံး သို့မရောက်ရှိသေးပါ။ ခေတ်နှင့်အညီဝတ်စားဆင်ယင်ခြင်းသည် အစဉ်ပြောင်းလဲ လျက်ရှိပြီး ကျွန်ုပ်တို့၏ညီအစ်မများတို့သည် အချိန်နှင့်ကုန်ကျစရိတ်ကို ပဓာန မထားဘဲ ၎င်းတို့၏နောက်သို့လိုက်နေကြပါသည်။ ကျွန်ုပ်တို့အားပေးကမ်းသူ ဘုရားရှင်ထံပြန်လည်၍ပေးအပ်သင့်သောငွေကို အဝတ်အစားများအပေါ်ကြီးမား လှသောငွေအရေအတွက်ဖြင့် အသုံးပြုနေကြပါသည်။ Testimonies, vol. 4, pp. 630, 631. (1864) [Ev 675.3]EvBur 899.2

    အိမ်ဘာသာရေး၏ပုံသက်သေ - သားသမီးရှိသောဓမ္မဆရာ၏ဇနီးသည် မိမိ၏အိမ်၌သာသနာ့လယ်ပြင်တစ်ခုရှိနေပြီး ၎င်းလယ်ပြင်ထဲ၌ မမောမပန်း သောခွန်အားနှင့် မလျှော့သောဇွဲလုံ့လဖြင့်ဆောင်ရွက်ရန်နှင့် သူမအလုပ်၏ အကျိုးများတို့သည်လည်း ထာဝရကာလအတွက်တည်မြဲခြင်းရှိမည်အကြောင်း သူမအားသတိရစေပါ။ သူမသားသမီးများတို့၏ဝိညာဉ်တန်ဖိုးသည် တစ်ပါး အမျိုးသားများတို့၏ဝိညာဉ်များတို့ထက် ပို၍တန်ဖိုးမရှိပေဘူးလား။ ထိုနောက် သူမ၏သားသမီးများတို့ကို မေတ္တာဖြင့်ထိန်းသိမ်းစောင့်ရှောက်စေပါ။ သူမ၏ အိမ်၌ ဘာသာတရား၏တန်ခိုးနှင့် အလွန်ကောင်းမြတ်ခြင်းကို ကမ္ဘာသို့ပြသ ရမည့်တာဝန်ဖြင့် သူမကိုတာဝန်ပေးထားပါသည်။ သူမသည် မိမိ၏စိတ်လိုက် မာန်ပါအားဖြင့်မဟုတ်ဘဲ စည်းကမ်းအားဖြင့်ထိန်းချုပ်ခြင်းကိုခံယူပြီး သူမသည် ဘုရားသခင်အား မိမိ၏ကူညီသူအဖြစ် သတိရှိရှိဖြင့်သူမ၏အလုပ်ကိုလုပ်ဆောင် ရပါမည်။ သူမသည် မည်သည့်အရာကိုမျှ မိမိ၏တာဝန်ကိုမဆောင်ရွက်စေ ရန် လမ်းလွှဲခွင့်မပြုစေရပါ။ [Ev 676.1]EvBur 900.1

    ခရစ်တော်နှင့်နီးကပ်စွာဆက်သွယ်လျက်ရှိသော မိခင်တစ်ဦး၏သြဇာ သည် တန်ဖိုးဖြတ်၍မရပါ။ သူမ၏မေတ္တာအားဖြင့်ဆောင်ရွက်သောအလုပ် သည် မိမိအိမ်ကိုဗေသလကဲ့သို့ဖြစ်စေပါသည်။ သူမနှင့်အတူ ခရစ်တော်သည် အလုပ်လုပ်ပြီး အသက်တာ၏ရိုးရိုးရေကို ကောင်းကင်၏စပျစ်ရည်သို့ပြောင်းလဲ ပေးလိုက်ပါသည်။ သူမ၏သားသမီးများတို့သည် ကောင်းချီးမင်္ဂလာတစ်ခုသို့ ကြီးပြင်းလာပြီး၊ ဤဘဝအတွက်နှင့်နောင်တမလွန်ဘဝအတွက်ပါ ဂုဏ်ယူ စရာဖြစ်စေပါလိမ့်မည်။ Gospel Workers, p. 206.EvBur 900.2

    အိမ်၌အရေးကြီးသောအလုပ် - အကယ်၍ အိမ်ထောင်သည်အမျိုးသား များတို့သည် အလုပ်သွားကြပြီး၊ မိမိတို့၏ဇနီးသည်များတို့ကို အိမ်၌ချန်ထားကာ အိမ်၌ရှိကြသောသားသမီးများတို့ကို ကြည့်ရှုစောင့်ရှောက်ရပါက ဇနီးသည် မိခင်သည် ကြီးမား၍အရေးကြီးသောအလုပ်တစ်ခုကို ခင်ပွန်းသည်ဖခင်ကဲ့သို့ ပြည့်ပြည့်ဝဝလုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ဦးသည် သာသနာ့လယ်ပြင်ထဲ၌ ရှိစဉ်၊ အခြားတစ်ဦးသည် အိမ်တွင်းသာသနာလုပ်ငန်းတစ်ခုကိုဂရုပြုခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့်လေးသောဝန်များကို ကြိမ်ဖန်များစွာပို၍ ခင်ပွန်းသည်ဖခင် ထက်ကြီးလေးသောတာဝန်ကိုထမ်းဆောင်နေရသောသူဖြစ်ပါသည်။ မိခင်၏ တာဝန်သည် လေးနက်၍အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ သူမ၏ သားသမီးများတို့၏စိတ်သဘောထားနှင့်အကျင့်စာရိတ္တများတို့ကိုပြုပြင်ပေးခြင်း၊ ဤလောက၌အသုံးဝင်သောသူများဖြစ်ရန်သင်တန်းပေးခြင်းနှင့် အတိတ်ကာလ အတွက် သူတို့အားသင့်လျော်စေရန်ပြုပြင်ပေးခြင်းတို့ဖြစ်ပါသည်။ [Ev 676.3] ခင်ပွန်းသည်သည် သာသနာ့လယ်ပြင်၌ လူတို့ဂုဏ်ပြုခြင်းကိုခံရပေ လိမ့်မည်။ အိမ်၌ပင်ပန်းစွာလုပ်ဆောင်နေရသောသူသည် မိမိအလုပ်အတွက် မည်သည့်အသိအမှတ်ပြုခြင်းကိုခံရမည်မဟုတ်ပါ။ သို့သော် အကယ်၍သူမ သည် မိမိ၏မိသားစုအတွက် အကောင်းဆုံးစိတ်ဝင်စားမှုဖြင့်လုပ်ဆောင်ပြီး သားသမီးများတို့၏အကျင့်စာရိတ္တများကို သန့်ရှင်းမွန်မြတ်သောပုံစံသို့ရောက်ရှိ ရန်ပြုပြင်ပေးပါက မှတ်တမ်းယူသောကောင်းကင်တမန်သည် သူမ၏နာမည် ကို ဤကမ္ဘာ၌အကြီးဆုံးသောသာသနာပြုများအထဲ၌ ရေးသားထားပါလိမ့်မည်။ အကယ်၍ ဓမ္မဆရာ၏ဇနီးသည် မိမိ၏အသက်တာကို ဘုရားရှင် ၏မေတ္တာတော်၌ထိန်းသိမ်းထားပါက သူမခင်ပွန်းသည်၏ဝန်ထုပ်ကို ပေါ့ပါး စေရန်အတွက် ကြီးစွာသောအမအစဖြစ်စေပါလိမ့်မည်။ သူမ၏သားသမီးများ တို့ကို နှုတ်ကပတ်တော်ဖြင့်သင်ကြားပေးနိုင်လိမ့်မည်။ သူမ၏အိမ်ထောင်ကို ချွေတာသုံးစွဲခြင်းနှင့် အစစအရာရာစဉ်းစားဆင်ခြင်မှုဖြင့် စီစဉ်ကွပ်ကဲနိုင်ပါ လိမ့်မည်။ မိမိခင်ပွန်းသည်နှင့်အတူ မိမိ၏သားသမီးများတို့ကို ချွေတာသုံးစွဲ တတ်ခြင်း၏ အကျင့်ဓလေ့များ၌ပညာပေးခြင်း၊ မိမိတို့၏လိုချင်တပ်မက်ခြင်း ကိုကန့်သတ်တတ်ရန် သင်ကြားပေးခြင်းတို့ကိုပြုလုပ်နိုင်ပါလိမ့်မည်။ Gospel Workers, p. 203. (1915) [Ev 677.2]EvBur 900.3

    ပြစ်တင်ခြင်းသဘောသည်အသက်မရှိသောအလေးချိန်တစ်ခု - ဘုရားသခင် သည် သူတို့၏ခင်ပွန်းသည်များတို့ကို လက်ရှိအမှန်တရားဟောပြောရန်ခေါ်ယူ ပါက ဤညီမများတို့သည် ဘုရားသခင်၏အလုပ်နှင့်နီးကပ်စွာဆက်သွယ် လျက်ရှိသည်။ ဤအစေခံများတို့သည် အကယ်၍မှန်ကန်စွာဘုရားသခင် ခေါ်သောသူများဖြစ်ပါက အမှန်တရား၏အရေးကြီးခြင်းကို သိရှိခံစားကြရလိမ့် မည်။ သူတို့သည် အသက်ရှင်သောသူနှင့်သေသောသူစပ်ကြား၌မတ်တတ် ထနေပြီး သူတို့၌စာရင်းရှင်းရန်တာဝန်ရှိသကဲ့သို့ ဝိညာဉ်များတို့ကိုစောင့်ကြည့် နေကြရမည်။ သူတို့အခေါ်ခံရခြင်းသည် အလွန်အရေးကြီးပြီး၊ သူတို့၏အဖော် များသည် သူတို့အတွက်ကြီးမားသောကောင်းချီးမင်္ဂလာတစ်ခု၊ သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာတစ်ခုဖြစ်နိုင်ပါသည်။ စိတ်ပျက်ညှိုးငယ်သောအခါ သူတို့ကို အားပေးခြင်း၊ ဝိုင်းပယ်ခြင်းခံရသောအခါ သူတို့ကိုနှစ်သိမ့်ခြင်းနှင့် ယုံကြည် ခြင်းကျဆင်းသောအခါ အထက်သို့မျှော်ကြည့်ပြီး ဘုရားသခင်၌လုံးလုံးလျားလျား ကိုးစားရန် သူတို့အားခွန်အားပေးခြင်းများကို သူတို့ပြုနိုင်ကြပါသည်။ တစ်ဘက် ၌ဆန့်ကျင်သောအရာများဖြစ်သည့် မကောင်းသောအရာကိုကြည့်ခြင်း၊ ခက်ခဲ သောအချိန်ကိုစဉ်းစားခြင်း၊ ဘုရားကိုမယုံကြည်ရန်ပြုလုပ်ခြင်း၊ သူတို့၏ဒုက္ခ များနှင့်မယုံကြည်မှုကို သူတို့၏မိတ်ဆွေများသို့ပြောခြင်း၊ အပြစ်တင်၍ညည်းညူ မြည်တမ်းခြင်း၌ စိတ်အလိုလိုက်ခြင်းနှင့် အသက်မရှိသောအလေးချိန်တစ်ခု နှင့် သူတို့အတွက်ကျိန်ခြင်းတစ်ခုအထိပင်ဖြစ်ရန် ပြုလုပ်နိုင်ပါသည်။ [Ev 677.3] 3/EvBur 902.1

    ထိုသန့်ရှင်းခြင်းမရှိသောဇနီးသည်ရရှိထားသည့် ဓမ္မဆရာတစ်ဦးအတွက် အကြီးဆုံးသောကျိန်ခြင်းရရှိသူဖြစ်သည်။ ထိုသို့သောအလွန်ပျော်ရွှင်ခြင်းမရှိ သည့်အခြေအနေ၌ရှိခဲ့ပြီး၊ မိမိ၏အိမ်၌ညှိုးနွမ်းသောသြဇာရှိနေသည့် ဘုရားသခင် ၏အစေခံတို့သည် သူတို့၏ဆုတောင်းခြင်းနှင့်စောင့်ကြည့်နေခြင်းကို ခွင့်ပြု ကြရမည်ဖြစ်ပြီး ကြံ့ကြံ့ခံနိုင်ခြင်း၊ တိကျသောခံယူချက်ရှိခြင်းအားဖြင့် ဤဆိုးရွားခက်ခဲသောအရာသည် သူတို့ကိုဖိနှိပ်ခြင်းမရှိပါစေနှင့်။ ဘုရားရှင် ထံသို့နီးကပ်စွာစွဲကပ်ပြီး ခိုင်ခံ့ခြင်းနှင့်တိကျခြင်းရှိကာ မိမိတို့၏အိမ်ကို ကောင်းမွန်စွာအုပ်ချုပ်လျက်နေထိုင်ခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ သဘောတူခွင့်နှင့် ကောင်းကင်တမန်များတို့၏စောင့်ရှောက်ခြင်းကိုရရှိစေရန် ဖြစ်သည်။ သို့သော် အကယ်၍သာ သူတို့၏ဆက်ကပ်ခြင်းမရှိသည့်အပေါင်း အဖော်များတို့၏အလိုဆန္ဒများသို့ သူတို့လိုက်ပါသွားကြပါက ဘုရားသခင် ၏မျက်မှောင်ကြုတ်ခြင်းသည် မိသားစုအပေါ်သို့ကျရောက်ပါလိမ့်မည်။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာသည် သူတို့၏အိမ်၌ရှိနိုင်မည်မဟုတ်ပါ။ အကြောင်းမှာ သူတို့အားမိမိတို့၏အမှားများထဲ၌ သူတို့ထောက်ခံအားပေးပြီး စွဲကိုင်ထားသောကြောင့်ဖြစ်သည်။ Testimonies, vol. 1, pp. 138, 139 (1856) [Ev 677.4]EvBur 902.2