Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄)—တရားပွဲအတွက်စီမံခန့်ခွဲခြင်း

    သာသနာပြုဆရာကြီး (ယေရှု) ၏ပုံစံကိုအတုယူခြင်း

    ယေရှု၏နည်းစနစ်ကိုလေ့လာခြင်း - အကယ်၍အထူးလိုအပ်ပါက ခရစ်တော် ၏သွန်သင်သော မှန်ကန်သည့်နည်းစနစ်ကိုနားလည်ပြီးလိုက်လျှောက်ရန်နှင့် သူ၏နမူနာကိုလိုက်လျှောက်ရန် ယခုအချိန်ပင်ဖြစ်သည်။ Letter 322, 1908. [Ev 53.1]EvBur 50.1

    လူတို့ နှင့် မည်ကဲ့သို့ ဆက်ဆံသနည်း - အကယ်၍ လူတို့လက်ခံနိုင်သော နည်းဖြင့်ချဉ်းကပ်လိုပါက ဘုရားသခင်၏ရှေ့မှောက်၌ မိမိစိတ်နှလုံးကိုနှိမ့်ချ ၍ သူ၏လမ်းများကိုသင်ယူပါ။ ခရစ်တော်၏လုပ်ကိုင်ခဲ့သောနည်းစနစ်များ နှင့် လူတို့နှင့်တွေ့ဆုံသည့်သူ၏ပုံစံကိုလေ့လာပါက ကျွန်ုပ်တို့၏လုပ်ငန်း အတွက် များစွာအကျိုးခံစားရလိမ့်မည်။ ဧဝံဂေလိပုံပြင်ထဲ၌ လူတန်းစားအားလုံး အတွက် ခရစ်တော်မည်ကဲ့သို့လုပ်ကိုင်ခဲ့ခြင်း၊ မြို့များနှင့်ကျေးရွာများတို့တွင် သူမည်ကဲ့သို့ဆောင်ရွက်ခဲ့ခြင်းနှင့် ထောင်ပေါင်းများစွာသောသူတို့ကို သူ၏ သွန်သင်ချက်အားနားထောင်ရန် မည်ကဲ့သို့ဆွဲဆောင်ခဲ့ကြောင်း မှတ်တမ်းတင် ထားခဲ့ပါသည်။ ယေရှု၏ပြောဆိုသောစကားများမှာ ရှင်းလင်း၍ပြတ်သားပြီး ကြင်နာမှုနှင့်နူးညံ့စွာပြောဆိုပါသည်။ ဤနေရာ၌ အမှန်တရားရှိပါသည်ဟု အာမခံချက်လည်းပါရှိပါသည်။ ခရစ်တော်လည်းရိုးသားစွာနှင့်လေးနက်စွာ လုပ်ကိုင်ပြောဆိုသောကြောင့် များစွာသောသူတို့ကို သူ့ထံသို့ဆွဲဆောင်နိုင်ခဲ့ ပါသည်။ [Ev 53.2]EvBur 50.2

    ခရစ်တော်သည် သူ့လုပ်ငန်းအတွက်စီမံကိန်းဆွဲခဲ့ပါသည်။ ဤစီမံ ကိန်းများကိုလေ့လာပါ။ တစ်နေရာမှတစ်နေရာသို့သူသွားသောအခါ၊ သူ၏ ပြောဆိုသောစကားကို နားထောင်လိုသောသူများစွာတို့သည် သူ့နောက်သို့လိုက် ကြသည်ကို ကျွန်ုပ်တို့တွေ့ ရပါသည်။ သူတတ်နိုင်သည့်အခါ ထူထပ်သော လူအုပ်ကြီးထံမှ သူတို့ကိုဆိတ်ငြိမ်သောတောအရပ်သို့ဆောင်သွားလိုပါသည်။ အကြောင်းမှာ သူတို့နှင့်အတူဆုတောင်းပြီး သူတို့အားထာဝရအမှန်တရားများ ကိုပြောပြလိုပါသည်။ Review and Herald, Jan. 18, 1912. [Ev 53.3]EvBur 50.3

    တရားဇရပ်များအထဲပင်လယ် ကမ်းနား၌ - ယေရှုသည် “ဂါလိလဲတစ်ခွင် သို့ရောက်သွားပြီး သူတို့၏တရားဇရပ်များ၌သွန်သင်ခြင်း၊ နိုင်ငံတော်၏ဧဝံဂေလိ တရားကိုဟောပြောခြင်းနှင့် ရောဂါအမျိုးမျိုးကိုခံစားရသော ဖျားနာသည့်သူများ ကိုကုသပါသည်။” သူတို့၏တရားဇရပ်များ၌ ဟောပြောရခြင်းသည် စုရုံးသော သူများစွာတို့ကို ခေါ်ဆောင်နိုင်ရန်ဖြစ်သည်။ ၎င်းနောက် ပင်လယ်ကမ်းခြေ နှင့်လူအများသွားရာလမ်းမပေါ်၌ထွက်သွား၍ သွန်သင်မှုပြုပါသည်။ ဟောပြော ရန်သူ၌ရှိသော တန်ဖိုးရှိသည့်အမှန်တရားကို တရားဇရပ်များထဲ၌သာဟော ပြောရန် သူကန့်သတ်၍မထားပါ။ [Ev 54.1]EvBur 51.1

    ခရစ်တော်သည် အမြင့်ဆုံးသောနေရာ၊ ယုဒနိုင်ငံ၌အမြင့်ဆုံးသော ဆရာများတို့အထဲ၌လည်း နေရာယူခဲ့ပါသည်။ သို့သော် အများအားဖြင့် ဧဝံဂေလိသတင်းစကားကို ဆင်းရဲသောသူများထံသို့ ပို၍ယူဆောင်သွားပါသည်။ တစ်နေရာမှတစ်နေရာသို့သွားပြီး လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားရှိလူအများ ဧဝံဂေလိအမှန်တရားစကားများကိုကြားကြရန် ဟောပြောပါသည်။ သူလုပ်ဆောင် သည့်နည်းလမ်းအတိုင်း ယနေ့သူ၏အမှုဆောင်များလုပ်ဆောင်ကြရန် သူလိုလား ပါသည်။ ပင်လယ်ကမ်းနား၊ တောင်စောင်းများ၊ မြို့ လမ်းမကြီးများတို့၌ ဓမ္မဟောင်းကျမ်းရှင်းပြခြင်းကို သူ၏ပြောဆိုသံမှကြားရပါသည်။ ကျမ်းတတ် ပုဂ္ဂိုလ်များ၊ ဖာရိရှဲများနှင့်မတူသောရှင်းပြချက်များကိုပြောဆိုရာ၌ သူတစ်ပါး တို့၏အာရုံကိုဆွဲဆောင်ခဲ့ပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များကဲ့သို့မဟုတ်၊ တန်ခိုး အာဏာရှိသူတစ်ဦးကဲ့သို့ သင်ကြားပို့ချခဲ့ပါသည်။ ရှင်းလင်းစွာနှင့်တန်ခိုးဖြင့် ဧဝံဂေလိသတင်းစကားကို သူကြွေးကြော်ဟောပြောပါသည်။ Letter 129, 1903. [Ev _54.2]EvBur 51.2

    ခံသူကို ကိုင်အထူးနည်းစနစ် - နိုင်ငံ၏နှစ်စဉ်ကျင်းပသောပွဲကြီးများကို သူတက်ရောက်ခဲ့ပြီး၊ ရွှေပွဲလာပရိသတ်များကို ကောင်းကင်နိုင်ငံဆိုင်ရာသတင်း စကားများကိုပြောဆိုကာ ထာဝရတည်မြဲသောအရာကိုသာ သူတို့အားတွေ့မြင် စေသည်။ လူအားလုံးတို့အတွက် ပညာသိုလှောင်ရုံမှဘဏ္ဍာများကိုယူဆောင် လာသည်။ လူအားလုံးလွယ်ကူစွာနားလည်နိုင်သောဘာသာစကားဖြင့် သူတို့ အားပြောဆိုသည်။ အထူးသဖြင့် သူကိုယ်တိုင်၏နည်းစနစ်ဖြင့် ဝမ်းနည်း ကြေကွဲ၍ ဒုက္ခနှင့်ရင်ဆိုင်ရသောသူများကို သူကူညီမစသည်။ နူးညံ့၍ယဉ်ကျေး သိမ်မွေ့ သောကျေးဇူးကရုဏာဖြင့် ဝိညာဉ်၏အပြစ်ဖျားနာသူများကိုကုသ၍ ခွန်အားရရန် သူဆောင်ရွက်ခဲ့သည်။EvBur 52.1

    ဆရာများတို့၏မင်းသားလေးယေရှုသည် လူတို့နှင့်အခွင့်အရေးရနိုင် သည့်နည်းလမ်းကို မိမိတို့၏အကောင်းဆုံးပေါင်းသင်းဆက်ဆံသောပုံစံဖြင့် ရှာဖွေအသုံးပြုသည်။ သူတင်ဆက်သောအမှန်တရားကို ကြားနာရသူများမှတ်သား ရလွယ်ကူပြီး ပြန်လည်၍သတိရစေပါသည်။ သူသင်ကြားသောနည်းလမ်းသည် သူတို့အတွက်စိတ်ဝင်စားဖွယ်နှင့်ဝမ်းမြောက်ပျောက်ရွှင်ဖွယ်ဖြစ်ပါသည်။ သူ၏ ညွှန်ကြားချက်များသည် ထိထိမိမိရှိသည်။ သူ၏ကိုးကားချက်များလည်း ဆီလျော်မှုရှိသည်။ သူပြောဆိုသောစကားသည် ကြင်နာခြင်းနှင့်ပြည့်ဝပြီး ကြားနာရသူများအတွက် အားရဖွယ်ရာနှင့်ဆွဲဆောင်မှုကိုပေးသည်။ လိုအပ် သူများကိုပြောဆိုရာ၌ ရိုးသားစွာဖြင့်စိတ်ရင်းရှိသည့်အတိုင်းပြောဆိုသောကြောင့် စကားလုံးတိုင်းကို သူတို့မှတ်မိမှတ်သားနိုင်ကြသည်။ Ministry of Healing, pp. 22-24, (1905) [Ev 55.1]EvBur 52.2

    လူတို့ ၏အခြေအနေကို ယေရှုလေ့လာခြင်း — ယေရှုထံစုရုံးလာကြသောသူ များသည် များသောအားဖြင့် ပညာမဲ့လူတန်းစားများဖြစ်သည်။ ယေရှုသည် လူတို့အားတိုက်ရိုက်ပြောဆိုပြီး နှလုံးသားတိုင်းကိုဆွဲဆောင်နိုင်သည်။ နားထောင် သူများတို့၏မျက်နှာကို သူလေ့လာသည်။ သူတို့၏စိတ်နှလုံးကိုမည်မျှထိခိုက် ပြီး မည်ကဲ့သို့ခံစားရ၍ တုံ့ပြန်မှုပြုနိုင်မည်ကိုသူသိသည်။ ၎င်းနောက် သူတို့၏ ပြုံးရွှင်သောမျက်နှာဖြင့်တုံ့ပြန်မှုကြောင့် ယေရှု၏နှလုံးသားကိုတုန်လှုပ်စေလျက် ကျေနပ်မှုကိုဖြေစေသည်။ Education, p. 231, (1903) [Ev 55.2]EvBur 52.3

    ကျဆုံးသောလူသားများတို့ ၏တောင်းဆိုချက် - လူသားတိုင်းတို့သည် မည်ရွေ့ မည်မျှပင်အပြစ်နှင့်ပြည့်ဝစေကာမူ၊ ဘုရားရှင်ထံသို့ပြန်လည်၍ပေါင်းစည်းနိုင် သောအခွင့်အရေးသို့ရောက်ရှိနိုင်ရန် ဆောင်ရွက်နိုင်သည်ဟုသူတွေ့မြင်ရသည်။ Education, p. 79, (1903) [Ev 53.3]EvBur 53.1

    ရိုးစင်းခြင်း တိုက်ရိုက်ပြောခြင်း၊ ထပ်မံပြောဆိုခြင်း - ခရစ်တော်၏သွန်သင် ခြင်း၏မူရင်းမှာရိုးသားသည်။ အာဏာရှိသူတစ်ဦးကဲ့သို့သွန်သင်သည်။ ယုဒ လူများလိုလားပြီးပြောဆိုသည်မှာ ခရစ်တော်ပထမအကြိမ်ကြွလာခြင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်ဝသော ဒုတိယကြွလာခြင်းကဲ့သို့ဖြစ်သင့်သည်ဟုဖြစ်သည်။ ကြီးမြတ်သောဆရာယေရှုသည် အမှန်တရားကိုဟောပြောစဉ် သူ၏ပရိသတ် အများစုသည် စာမတတ်သူများဖြစ်ကြသည်။ ယေရှုသည် ရှင်းလင်းစွာဖြင့် တိုက်ရိုက်ပြောဆိုသည်။ သူမြွက်ဆိုသောအရာအားလုံးတို့၌ အသက်ပါသော အရှိန်အဟုန်နှင့်ထိရောက်မှုရှိသည်။ သူ့ခေတ်အချိန်အခါ၌ပြောဆိုကြသောသူ များပြောဆိုသကဲ့သို့ သူပြောဆိုခဲ့သော်၊ အမှန်တရားပျောက်ဆုံးမည်ဖြစ်သည်။EvBur 53.2

    ကြားနာရသူများတို့အတွက် မရှုပ်ထွေးစေရန် ယေရှုပြောဆိုလိုသော အရာအားလုံးကို တစ်ချိန်တည်း၌သူမပြောဆိုခဲ့ပါ။ သူပြောဆိုသောစကားတိုင်း ၌ ရှင်းလင်း၍ပြတ်သားသည်။ သူတို့၏စိတ်ထဲ၌ စွဲလမ်းစေလိုသည့်အတွေး အခေါ်များမှအပ သူပြောဆိုသောအရာများကို “ထပ်ခါတလဲပြောဆိုခြင်းကို ရှောင်ရှားသည်။ Manuscript 25, 1890. [Ev 56.1]EvBur 53.3

    အကြီးမားဆုံးသောနှလုံးသားများကိုသူဆွဲဆောင်နိုင်ခြင်း - ကြီးမားသောအမှန် တရားများကို လွယ်ကူသည့်စကားဖြင့်ခရစ်တော်ပြောဆိုသည့်တိုင် ဤထက် စိတ်ဝင်စားပြီးဆွဲဆောင်မှုကောင်းသည့် အမြင့်ဆုံးပညာများကို သူတို့ကြားနာ လိုကြသေးသည်။ [Ev 56.2]EvBur 53.4

    သိမ်မွေ့ခြင်း၊ ချစ်ခြင်း၊ ကြင်နာစွာယုယခြင်း၏အကောင်းဆုံးပုံဆောင် မှုကို သူ၏ခမည်းတော်မည်ကဲ့သို့ဖော်ပြကြောင်း မိုက်မဲသည့်သားထွေး၏ ပုံပမာကို ယေရှုပြောပြခဲ့သည်။ ဖခင်ထံမှ သားသမီးများပြစ်မှား၍လမ်းလွဲ သွားသည့်တိုင် သူတို့နောင်တရ၍ပြန်လာခဲ့ပါက ဝမ်းမြောက်စွာဖြင့်လောကီ ဖခင်တို့သည် နောင်တဖြင့်ပြန်လာသော ပျောက်ဆုံးခဲ့သည့်သားကိုပင် လက်ခံ မည်ဖြစ်သည်။ Manuscript 132, 1902. [Ev 56.3]EvBur 54.1

    ကလေးသူငယ်များနားလည်သည် - ခရစ်တော်၏အမှန်တရားတင်ဆက်ခြင်း နည်းလမ်းကို ပြုပြင်ရန်မလိုပါ။ အသက်ရှင်ခြင်းနှင့်ယှဉ်သောစကားများကို ဤကဲ့သို့လွယ်ကူစွာတင်ဆက်ခြင်းကို ကလေးငယ်များပင်နားလည်နိုင်ပါသည်။ ယောက်ျား၊ မိန်းမ၊ ကလေးငယ်များအားလုံး သူပြောဆိုသောနှုတ်ကပတ်တော် ကို ရှင်းလင်းသည့်အသံ၊ မျက်နှာနေမျက်နှာထားနှင့်ဟန်ပန်အမူအရာများကို လွန်စွာစိတ်ဝင်စားကြပါသည်။ လူငယ်လူရွယ်များတို့သည် သူ၏အမှုတော် ဆောင်ရွက်သည့်စိတ်ဓာတ်ကိုနားလည်ပြီး သူတို့သည် လိုအပ်သူများတို့ကို တွေ့၍မစရာ၌ သူ၏မွန်မြတ်သောနည်းလမ်းကိုအတုယူ၍ အသုံးပြုကြပါ သည်။ Counsels on Health, pp. 498, 499. (1914)EvBur 54.2

    အမှန်တရားပုံ စံ ၌ကျောက်မျက်ရတနာများကို ချထားသည် - ခရစ်တော်၏ သွန်သင်မှုများသည် ယနေ့ဓမ္မအမှုဆောင်များဟောကြားသောတရားကဲ့သို့ မဟုတ်ပါ။ သူ၏အလုပ်သည် အမှန်တရား၏ပုံစံကိုဆောက်တည်ခြင်းဖြစ် သည်။ ရန်သူနှင့်ဆီလျော်သည့် အမှန်တရား၏မွန်မြတ်သောရတနာများကို စုဆောင်း၍ မှားယွင်းသောပုံစံ၌ချထားပြီး အမှန်တရား၏ပုံစံတွင် ၎င်းတို့ကို ပြန်လည်၍ချထားရာ သူ၏စကားကိုခံယူသောသူတိုင်း အသက်တာ၏ ကောင်းကျိုးကိုခံစားကြရန်ဖြစ်သည်။ Manuscript 104, 1898. [Ev 57.1]EvBur 54.3

    သတင်းစကားကို သူခိုင်မာစေသည် - အမှန်တရားကိုမေးမြန်းလာသူတို့အား ခရစ်တော်သည် အမြဲအဖြေပေးရန်အဆင်သင့်ရှိသည်။ တပည့်တော်များသူ့ထံ သို့လာပြီး စကားလုံးတချို့တို့ကိုရှင်းပြရန်တောင်းဆိုသောအခါ ဝမ်းမြောက် စွာဖြင့် သူ၏သင်ခန်းစာကို . ပရိသတ်တို့အားပြောပြသည်။ Letter 164, 1902. [Ev 57.2]EvBur 54.4

    မေတ္တဖြင့်ဆွဲယူသည် - ခရစ်တော်သည် သူ၏တရားနာပရိသတ်တို့၏ စိတ်ကို မိမိမေတ္တာအားဖြင့်ဆွဲယူပြီး၊ တစ်ဆင့်ပြီးတစ်ဆင့် သူတို့လက်ခံနိုင် သရွေ့ နိုင်ငံတော်၏အမှန်တရားကို သူတို့အားဖော်ပြပါသည်။ ကျွန်ုပ်တို့ လည်း ကျွန်ုပ်တို့၏လုပ်ငန်းများကို ဆီလျော်သောပုံစံဖြင့် လူတို့၏အခြေအနေ ပေါ် မိမိတို့ရှိသည့်အရပ်၌ဟောပြောရပါမည်။ ဘုရားသခင်၏ပညတ်တော် နှင့်ပတ်သက်၍ ကမ္ဘာသို့တင်ဆက်သောအခါ မေတ္တာကိုမမေ့ရန်လိုအပ်ပြီး၊ ခရစ်တော်၏မေတ္တာသာလျှင် တန်ခိုးနှင့်ပြည့်ဝပြီး၊ စိတ်နှလုံးသားကိုနူးညံ့စေ လျက် လူတို့အားနားထောင်ခြင်းသို့ပို့ဆောင်ပါလိမ့်မည်။ Review and Herald, Nov. 25, 1890. [Ev 57.3]EvBur 55.1

    အမှန်တရားကိုသူထိန်းချုပ်သည် - ခရစ်တော်သည် အမှန်တရား၏မြေပုံ တစ်ခုလုံးကို မိမိ၏လက်တွင်း၌ကိုင်ဆောင်ထားသည်။ သို့သော် သူ၏တပည့် တော်တို့ကို အကုန်အစင်ဖော်ပြခြင်းမပြုပါ။ ကောင်းကင်လမ်းသို့သူတို့လှမ်းတက် နိုင်ရန် လိုအပ်သည့်အကြောင်းအရာများကိုသာ သူတို့အတွက်ဖော်ပြပေးပါ သည်။ သူမဖော်ပြသည့်ပညာများစွာရှိသည်။ [Ev 57.4]EvBur 55.2

    ခရစ်တော်သည် တပည့်တော်များအတွက် အရာများစွာကိုမဖော်ပြ ဘဲ လျှို့ဝှက်ထားခြင်းမှာ၊ သူတို့၏နားလည်ရန်ဉာဏ်မမီသောကြောင့်ဖြစ်သည်။ ထိုနည်းတူ ယနေ့ကျွန်ုပ်တို့၌အသိဉာဏ်အကန့်အသတ်ရှိသောကြောင့် သူမဖော်ပြဘဲလျှို့ဝှက်ထားသည့်အရာများစွာရှိနေပါသည်။ Manuscript 118, 1902.EvBur 55.3

    ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခြင်း - ခရစ်တော်၏အလုပ်သည် တစ်ဦးချင်း တွေ့ဆုံမေးမြန်းခြင်းအပေါ် များစွာအမှီပြုလျက်ရှိသည်။ ပုဂ္ဂိုလ်တစ်ဦးတည်း ၏ဝိညာဉ်ကို သူတန်ဖိုးထားပါသည်။ တစ်ဦးတည်းသောထိုဝိညာဉ်သည် ထောင်ပေါင်းများစွာသောဝိညာဉ်ကိုကယ်နိုင်သည်။ Review and Herald, May 9, 1899. [Ev 58.1]EvBur 55.4

    ပွဲလမ်းသဘင်များ၌ - ခရစ်တော်သည် ပွဲတစ်ခုသို့ဖိတ်ခေါ်ခြင်းကိုခံ ရသောအခါ၊ စားပွဲပေါ်ထိုင်၍ အမှန်တရားမျိုးစေ့ကို ရွှေပွဲလာပရိသတ် များတို့၏နှလုံးသားထဲသို့ကြဲဖြန့်နိုင်ရန် ထိုဖိတ်ခေါ်ခြင်းကိုလက်ခံခဲ့သည်။ ကြဲလိုက်သောမျိုးစေ့သည် အပင်ပေါက်၍အသီးများသီးလာမည်ကိုသူသိသည်။ စားသောက်ခုံ၌ သူနှင့်အတူထိုင်သောသူများအထဲ၌ “ငါ့နောက်သို့လိုက်လော့” ဟုခေါ်သည့်အခါ လိုက်မည့်သူတချို့ရှိကြောင်း ခရစ်တော်သိသည်။ ခရစ်တော် သည် တစ်နေရာမှတစ်နေရာသို့သွားပြီး အမှန်တရားမျိုးစေ့ကို နေရာတိုင်း၌ ကြဲသကဲ့သို့ ကျွန်ုပ်တို့သည် ၎င်းနည်းတူလုပ်ဆောင်ကြရပါမည်။ Manuscript 113, 1902. [Ev 58.2]EvBur 56.1

    ခရစ်တော်၏ဆက်လက်၍ ဆောင်ရွက်သည့်အစီအစဉ် - နောက်ပိုင်း၌သူ လိုက်လျှောက်ရန် ခရစ်တော်သည် သူ၏တပည့်တော်များကို နှစ်ယောက် တစ်တွဲအဖြစ် နေရာတိုင်းသို့သွားရန်စေလွှတ်ခြင်းဖြစ်သည်။ Manuscript 19, 1910. [Ev 58.3]EvBur 56.2

    ပထမခရစ်တော်၏နည်းလမ်းမှန်ပါသလား - ခရစ်တော်သည် ခြေလျင်ခရီးဖြင့် တစ်နေရာမှတစ်နေရာသို့သွားပြီး ပင်လယ်ကမ်းခြေနှင့်တောင်ပေါ်၌ သွန်သင် ခြင်းအမှုကိုပြုခဲ့သည်။ ထိုကြောင့် လူတို့ကိုသူ့ထံသို့ဆွဲယူခဲ့သည်။ ကျွန်ုပ်တို့ သခင်ထက် ကျွန်ုပ်တို့ပို၍ကြီးပါသလား။ သူ့လမ်းသည် မှန်သောလမ်းဖြစ် ပါသလား။ ရိုးသားခြင်းနှင့်ဘုရားဝတ်၌မွေ့လျော်ခြင်းကိုထိန်းသိမ်းရာ၌ ကျွန်ုပ် တို့မှားယွင်းစွာလုပ်ကိုင်နေကြပါသလား။ သင်ယူသင့်သလောက် ကျွန်ုပ်တို့ မသင်ယူကြသေးပါ။ ခရစ်တော်ပြောခဲ့သည်မှာ၊ “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြ လော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောသဘောရှိ ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်သည်လည်းပေါ့၏။” Letter 140, 1898. [Ev 58.4]EvBur 56.3

    ခရစ်တော်၏လုပ်ငန်းတွင်ပုံသွင်းခြင်းနှင့်ပြုပြင်ခြင်း - တပည့်တော်များတို့ ၏လုပ်ငန်းကို အနူးညံ့ဆုံးစည်းမျဉ်းအားဖြင့်နှင့် မိမိတို့ကိုယ်တိုင်ရရှိခဲ့သော နှုတ်ကပတ်တော်အသိတရားကို အခြားသူများအားဖွင့်ပြခြင်းအားဖြင့် ပုံသွင်း၍ ပြုပြင်ရန်လိုအပ်သည်။ ၎င်းနောက် ခရစ်တော်သည် သူတို့အား မည်ကဲ့သို့ အသက်ရှင်ရမည်၊ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အထူးညွှန်ကြားမှုများကို လည်းပေးပါသည်။ ယခုသူချမှတ်ခဲ့သောစည်းမျဉ်းချက်များနှင့် လုံးလုံးတူညီ သည့် သူပြခဲ့သည့်ပုံသက်သေနှင့်အညီ သူကိုယ်တိုင်၏အသက်တာ၌ လိုက်လျှောက်ခဲ့ပါသည်။ သူတို့ငြင်းခုံခြင်းမပြုရပါ။ ငြင်းခုံခြင်းသည်လည်း သူတို့၏အလုပ်မဟုတ်ပါ။ မိမိတို့ကိုယ်တိုင် အကျင့်စာရိတ္တအားဖြင့် ကြိုးစား ဆုတောင်းခြင်းနှင့် စစ်မှန်သောခရစ်ယာန်၏ကိုယ်တိုင်ဗဟုသုတကိုဖော်ပြသည့် ဆက်ကပ်ခြင်းအားဖြင့် သူတို့သည် အမှန်တရားကိုဖော်ပြ၍လုပ်ဆောင်ကြရ မည်။ ဤဆုံးဖြတ်ချက်သည် ဖာရိရှဲနှင့်ဇကဲတို့၏ယုံကြည်မှုနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ သူတို့သည် ယခုဖော်ပြမည့်အမှန်တရားများကို ကြားနာကြရမည့် ပုဂ္ဂိုလ်များတို့၏အာရုံကို ဆွဲဆောင်ကြရမည်။ သူတို့သည် မြားကိုပစ်၍ ဘုရားသခင်ဝိညာဉ်တော်သည် လူတို့၏စိတ်နှလုံးသားထဲသို့စိုက်ဝင်ရန် ပို့ဆောင် ပေးလိမ့်မည်။ Review and Herald, Feb. 1, 1898. [Ev 58.5]EvBur 57.1