Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဆုတောင်းခြင်းနှင့်ပြည့်ဝသောအကြံပေးခြင်းသည်အရေးကြီးခြင်း

    ကိစ္စများကိုအကြံပြုခြင်းနှင့်ဆုတောင်းခြင်းဖြင့်ဖြေရှင်းခြင်း - တချို့ တို့၌စွန့်စား ရန်ရှိမည်ဖြစ်ပြီး တချို့သောစွန့်စားမှုများတို့သည် နယ်လုပ်ငန်းကိုထမ်းဆောင် သူများတို့မှ ကြုံတွေ့ ရပေလိမ့်မည်။ အချိန်တိုင်း၌ ဌာနချုပ်မှအမိန့်ကိုရရှိရ လိမ့်မည်ဟု သူတို့မထင်သင့်ကြပါ။ အခြေအနေအားလုံးအပေါ် သူတို့သည် အကောင်းဆုံးဆောင်ရွက်ကြရလိမ့်မည်။ အရာခပ်သိမ်းတို့၌ အတူတကွတိုင်ပင် ကြပြီး ဘုရားရှင်ထံဆုတောင်းခြင်းများစွာဖြင့် ဘုရားရှင်၏အကူအညီကိုရယူ ရလိမ့်မည်။ စုပေါင်းကြိုးစားဆောင်ရွက်ခြင်းရှိရလိမ့်မည်။ Letter 14, 1887, [Ev 97.1]EvBur 104.2

    မကြာခဏတိုင်ပင်ခြင်း - မြို့ကြီးများအတွင်းသတင်းစကားဟောပြော ခြင်းနှင့်ဆက်စပ်ရာတွင် ကွဲပြားသောဆုကျေးဇူးအမျိုးမျိုးရှိသည့်အမှုဆောင် များဖြင့် လုပ်ငန်းအမျိုးမျိုးကိုဆောင်ရွက်ကြရလိမ့်မည်။ တချို့သောသူတို့သည် နည်းလမ်းတစ်မျိုးဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားတချို့တို့သည် အခြား သောနည်းလမ်းတစ်မျိုးဖြင့်ဆောင်ရွက်ရလိမ့်မည်။ ဘုရားသခင်နှင့်အတူအမှ ဆောင်များကဲ့သို့ သူတို့သည် တစ်ဦးနှင့်တစ်ဦးညီညွတ်စွာဖြင့် အမှုတော်ကို ဆောင်ရွက်ရကြမည်။ မကြာခဏတိုင်ပင်ကြခြင်းနှင့် ကြိုးစားအားထုတ်ကာ စိတ်ပါစွာဖြင့် စုပေါင်းဆောင်ရွက်သင့်ကြပါသည်။ သော် အရာခပ်သိမ်းတို့၌ ခရစ်တော်၏အကူအညီကိုရယူကြရမည်။ လူတို့၏လမ်းပြမှုအပေါ်သာလျှင် အမှီမပြုရပါ။ Testimonies, vol. 9, p. 109 (1909) [Ev 97.2] valEvBur 104.3

    ညီအစ်ကိုချင်းအကြံယူကြခြင်း - အမှုတော်ဆောင်များအနေဖြင့် ခက်ခဲ သောကိစ္စများအတွက် အတူတကွတိုင်ပင်လုပ်ဆောင်ရန်လိုသည်။ တစ်ဦးနှင့် တစ်ဦးအကြံရယူသင့်ခြင်းသည် မှန်ကန်ပါသည်။ ဆောင်ရွက်စရာအမှုပြီးသွား သောအခါ အတူတကွဆုတောင်း၍ ဘုရား၏ဉာဏ်တော်နှင့်အကြံပြုခြင်းအတွက် တောင်းခံရန် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ သို့သော် ပုဂ္ဂိုလ်တစ်ဦးတည်း ၏ထိန်းချုပ်မှုအောက်၌ရှိနေမည်ဖြစ်ပါက ဝမ်းနည်းဖွယ်ကောင်းသောအမှား တစ်ခုဖြစ်ပါလိမ့်မည်။ Letter 186, 1907. [Ev 97.3]EvBur 105.1

    ချို့ယွင်းချက်များထင်ရှားခြင်း - အမှုထမ်းများ၏အလုပ်၌ အတူတကွ တိုင်ပင်ဆွေးနွေးကြရန်သင့်သည်။ မိမိတို့၏ငွေကြေးအားဖြင့်မဟုတ်ပါက မည်သူမျှတစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ကြိုးစားအာဏာရယူပြီး၊ သူ၏ဆန္ဒ အလျောက် ဆောင်ရွက်ခြင်းမပြုရပါ။ ဗဟုသုတမရှိသောသူတစ်ဦး၏လက်ထဲ ၌ လုပ်ငန်းကိုအပ်နှံပြီး ဦးဆောင်ခွင့်မပြုရပါ။ မိမိကိုယ်ကိုသင့်လျော်သည်ဟု ထင်ကြသော်လည်း ဗဟုသုတကြွယ်ဝခြင်းမရှိသောသူတို့သည် ကြီးလေးသော တာဝန်ကိုထမ်းဆောင်ရန် မသင့်လျော်သောသူများဖြစ်သည်။ သူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်သည်ဟုထင်ကြသော်လည်း သူတို့၏ညီအစ်ကိုများတို့သည် သူတို့၏အားနည်းချက်ကို တွေ့မြင်ကြမည်ဖြစ်သည်။ Review and Herald, Dec, 8, 1885. [Ev 97.4]EvBur 105.2

    ဓမ္မဆရာများအချိန်ယူဆုတောင်းရမည် - ကျွန်ုပ်တို့၏လူများတို့ကို ဝိညာဉ် များတို့အား ကြိုးစား၍ကယ်ဆယ်ရန်အတွက်ပြောရမည့်အကြောင်း ကျွန်ုပ်ကို ခေါ်ယူပါသည်။ ကျွန်ုပ်တို့အသင်းသားများတို့၏စိတ်နှလုံးသည် ဧဝံဂေလိ တရားဟောပြောသူများတို့အတွက် ဆုတောင်းကြရန်ဆန္ဒရှိကြရမည်။ ထို့ပြင် ဓမ္မဆရာများတို့သည် မိမိတို့ကိုယ်တိုင်နှင့် သူတို့ကြည့်ရှုရသောဘုရားသခင်၏ သားသမီးများတို့အတွက် အချိန်ယူဆုတောင်းပေးရကြပါမည်။ Letter 49, 1903. [Ev 98.1]EvBur 105.3

    ဆုတောင်းခြင်းကာလများခွန်အားဖြစ်စေခြင်း - အမှုဆောင်များအဖြစ် ဘုရား ကိုအတူတကွရှာကြပါစို့။ ကျွန်ုပ်တို့ကိုယ်တိုင် မည်သည့်အရာကိုမျှမပြုလုပ် နိုင်ပါ။ သို့သော် ခရစ်တော်အားဖြင့် အရာအားလုံးကိုပြုလုပ်နိုင်ပါသည်။ ဘုရားရှင်၏ဆန္ဒသည် ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦးအကူအညီနှင့်ကောင်းချီး မင်္ဂလာဖြစ်စေရန်ဖြစ်ပြီး ဘုရား၌ခွန်အားရှိရန်နှင့် သူ၏ခွန်အား၌တန်ခိုးရရှိ ရန်ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး စိုးစံတော်မူသည့်အတွက် ကျွန်ုပ်တို့လိုအပ်သည့်အကူအညီအားလုံးကို သူပေးပါလိမ့်မည်။ အချိန်တိုင်း ၌ ခွန်အားနှင့်အားပေးမှုကို သူ၏မွန်မြတ်သောကတိတော်ဖြစ်သည့် “ကျွန်ုပ် ၏ကျေးဇူးသည် သင့်အတွက်လုံလောက်လျက်ရှိ၏” အပေါ်ရယူရန် ကျွန်ုပ် တို့၏အခွင့်အရေးဖြစ်သည်။ Historical Sketches, p. 129. (1886) [Ev 98.2]EvBur 106.1

    Larger font
    Smaller font
    Copy
    Print
    Contents