Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃)—ပိုမိုသေးငယ်သောလူနေမှုအဖွဲ့အစည်းနှင့် ရော တောအရပ်ဒေသများ

    လမ်းမကြီးများနှင့်လမ်းကြိုလမ်းကြားများ

    လက်လှမ်းမမီသည့်ပြင်ပအရပ်ဒေသများ - လုပ်ငန်းကျယ်ပြန့်ရန် ကျွန်ုပ်တို့စီမံကိန်းဆွဲရာတွင် မြို့ကြီးများအပြင် ပြင်ပအရပ်ဒေသများအတွက် ကိုလည်း စဉ်းစားရပါလိမ့်မည်။ မြို့တွင်းအပြင် အခြားနေရာများနှင့် အိမ်ထောင်မိသားစုများစွာကိုလည်း ခရစ်တော်ဆောင်ရွက်ခဲ့သည့်နည်းတူ ထည့်၍စဉ်းစားရန်လိုအပ်ပါသည်။ [Ev , 45.1].EvBur 40.1

    လမ်းမကြီးရှိလူထုကြီးကို လျစ်လျူရှုခြင်းမပြုရသကဲ့သို့ လမ်းကြို လမ်းကြားနှင့်တောအရပ်ဒေသရှိလူတို့ကိုလည်း လျစ်လျူရှုခြင်းမပြုသင့်ပါ။ ကျွန်ုပ်တို့တစ်နေရာမှတစ်နေရာသို့သွားသောအခါ၊ “ဒီနေရာမှာနေတဲ့လူတွေ သတင်းစကားကြားရပြီလား။ ဘုရားရဲ့နှုတ်ကပတ်တော်အမှန်တရားအကြောင်း ကို သူတို့သိရပြီလား၊ အဆုံးရောက်တော့မယ်ဆိုတဲ့အကြောင်းနဲ့ ဘုရားသခင် ရဲ့တရားစီရင်ခြင်းစောင့်နေကြောင်း သူတို့နားလည်ရဲ့လား၊ ဝိညာဉ်တန်ဖိုးရှိ ကြောင်းကိုလည်း သူတို့သိကြရဲ့လား” အစရှိသည့်မေးခွန်းများဖြင့် စုံစမ်းသင့် သည်။ ဤအကြောင်းကျွန်ုပ်စဉ်းစားဆင်ခြင်သောအခါ၊ ကျွန်ုပ်၏စိတ်သည် နေရာအနှံ့သို့ရောက်ရှိပြီး လူနေထူထပ်သောနေရာများနှင့် တောအရပ်ဒေသ များရှိလူများအားလုံး ဧဝံဂေလိသတင်းစကားကိုကြားသိရရန်လိုအပ်ကြောင်းနှင့် သူတို့ထံသို့သွားရောက်လည်ပတ်မိတ်ဆွေဖွဲ့ပြီး ဘုရားရှင်၏မေတ္တာတော်နှင့် သူ၏အံ့ဖွယ်ကယ်တင်ခြင်းစီမံကိန်းအကြောင်းကို ပြောပြရန်လိုအပ်ကြောင်း တွေ့မြင်ရပါသည်။ [Ev , 45.2].EvBur 40.2

    လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားရှိ အမှုတော်လုပ်ငန်းကိုလုပ်ဆောင်၍ အောင်မြင်ရန် အလွန်ခက်ခဲပါသည်။ အမှုဆောင်တစ်ဦး ဝိညာဉ်များကိုရှာဖွေ ရာတွင် ကြောက်စရာ၊ စိတ်ပျက်စရာမလိုပါ။ ဘုရားရှင်အစဉ်အမြဲကူညီမည်။ မိမိအမှုဆောင်များအတွက် လမ်းဖွင့်ပေးမည်။ Manuscript 15, 1909. [Ev , 45.3].EvBur 41.1

    ပို၍ကြီးမားသောစီမံကိန်းများအတွက်ခေါ်ခြင်း - ကျွန်ုပ်တို့၏စီမံကိန်းသည် အလွန်သေးငယ်လှသည်။ ကျွန်ုပ်တို့အမြင်ကျယ်ရန်လိုသည်။ သူ့အတွက် အမှန်တရား၏စည်းမျဉ်းများနှင့် ဖြောင့်မတ်ခြင်းအကြောင်းကို ဘုရားရှင်မှ ပြောကြားစေလိုသည်။ သူ့အလုပ်သည် မြို့ကြီးမြို့ငယ်ကျေးရွာတိုင်းသို့ ကျွန်ုပ် တို့ယူဆောင်သွားကြရမည်။ [Ev , 46.1].EvBur 41.2

    ကျွန်ုပ်တို့၏ စီမံကိန်းကို သေးငယ်ခြင်းမှကြီးမားခြင်းသို့ပြောင်းလဲလိုက် ရမည်။ နီးသောအရပ်ရှိလူများနှင့် ဝေးသောအရပ်ရှိလူများအားလုံးထံသို့ ကျွန်ုပ်တို့သွားရောက်လုပ်ဆောင်ကြရမည်။ Manuscript 87, 1907. [Ev , 46.2].EvBur 41.3

    မရောက်ရှိသေးသောလုပ်ငန်းခွင်များ - လုပ်ငန်းခွင်ကိုတိုးချဲ့ရမည်။ ဧဝံဂေလိ သတင်းစကားသည် ကမ္ဘာအရပ်ရပ်သို့ရောက်ရှိစေရမည်။ မရောက်ရှိသေးသော နေရာများသို့ရောက်ရှိရန် သွားရောက်လုပ်ဆောင်ကြရမည်။ ဤအရေးကြီး သောလုပ်ငန်းကို ဘုရားရှင်သားသမီးများတို့သည် ကြိုးစားရန်ကိုယ်ကျိုးစွန့် လျက် သစ္စာရှိစွာမိမိဉာဏ်စွမ်းရှိသမျှဖြင့် စီမံခန့်ခွဲဆောင်ရွက်ကြရမည်။ Manuscript 141, 1899. [Ev , 46.3].EvBur 41.4

    ကျေးလက်ဒေသလူတန်းစားများကိုချဉ်းကပ်ရန်လွယ်ကူသည် - မြို့ပြင်အရပ် များ၌နေထိုင်သောသူတို့ကို လူဦးရေထူထပ်သည့်မြို့တွင်းရှိနေထိုင်ကြသောသူ တို့ထက် ပို၍ချဉ်းကပ်ရန်လွယ်ကူသည်။ ခရစ်ယာန်စာရိတ္တ၏ဗီဇပုံစံကိုလည်း သူတို့အထဲ၌ ဆိုးသွမ်းသောမြို့တွင်း၌နေထိုင်သောသူများတို့ထက် ပို၍လွယ်ကူ စွာတွေ့ မြင်နိုင်သည်။ ရိုးသားသောသူတို့၏နှလုံးသားတို့ကို အမှန်တရား ဝင်ရောက်သွားသောအခါနှင့် ဘုရားရှင်၏ဝိညာဉ်တော်သူတို့စိတ်ထဲအလုပ်လုပ် သောအခါ၊ ဟောကြားသောနှုတ်ကပတ်တော်ကို တုံ့ပြန်ရာသို့သူတို့ကိုပို့ဆောင် ပြီး တချို့သောသူတို့သည် ဘုရားရှင်၏အမှုတော်ကို သူတို့၏ငွေကြေးအား ဖြင့်သော်လည်းကောင်း၊ လုပ်အားအားဖြင့်သော်လည်းကောင်း ကူညီပံ့ပိုးကြ ပေလိမ့်မည်။ Manuscript 65, 1908. [Ev , 46.4].EvBur 41.5

    လူတန်းစားအားလုံးထံသို့ - လမ်းမကြီးများနှင့်လမ်းသွယ်များတို့၌ နေထိုင် ကြသောသူတို့ကို ဟောပြောကြရမည်။ ခရစ်တော်၏လုပ်ဆောင်ချက်များကို ဖတ်ခဲ့ရသည်မှာ၊ “ယေရှုသည် မြို့၊ ရွာရှိသမျှသို့သွား၍ တရားဇရပ်ထဲ၌ သွန်သင်ခြင်း၊ ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းစကားကိုဟောကြားခြင်းနှင့် ဖျားနာပြီးရောဂါစွဲကပ်သူအားလုံးတို့ကို ကုသပျောက်ကင်းစေခဲ့ပါသည်” ဟု ဖြစ်ပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့၏မြို့များနှင့်ကျေးရွာများ၊ လမ်းမကြီး နှင့်လမ်းသွယ်များအထဲရှိ နေထိုင်သူတို့အားလုံးအတွက် လုပ်ဆောင်ကြရပါ မည်။ တတိယကောင်းကင်တမန်၏ဝမ်းမြောက်ဖွယ်သတင်းစကားကို လူတန်းစား အားလုံးတို့ထံသို့ ယူဆောင်သွားရကြပါလိမ့်မည်။ . [Ev , 46.5].EvBur 42.1

    နေရာသစ်များ၌ဟောပြောခြင်း - ကျွန်ုပ်တို့ကယ်တင်ရှင်၏အလုပ်သည် မြို့များကိုသတိပေးရန်နှင့် အမှုဆောင်များကိုဘိသိက်ပေးပြီး၊ မြို့များနှင့် နေရာတိုင်းသို့သွား၍ အလင်းတရားတစ်ခါမျှမရောက်ရှိသေးသောနေရာသစ် များ၌ အမှန်တရားကိုဟောပြောရန်ဖြစ်သည်။ တစ်နေရာတည်းကိုသာ အထူး အာရုံစိုက်ခြင်းမပြုရန်နှင့် နေရာသစ်များသို့သွားရောက်ဟောပြောရန် ကျွန်ုပ် အလင်းရရှိပါသည်။ သို့မှသာ ယခုအချိန်၌ တန်ဖိုးရှိသောအမှန်တရားကို လူတို့သည်ကြားသိရပြီး ပြောင်းလဲလာကြမည်ဖြစ်သည်။ နောက်ဆုံးသော သတင်းစကားကို မိမိတို့တိုင်းပြည်အတွင်း နေရာသစ်များ၌ဟောပြောရန် အရေးကြီးသကဲ့သို့ ရပ်ဝေးတိုင်းပြည်များသို့လည်း သွားရောက်ဟောပြောရန် အရေးကြီးပါသည်။ ဤစကားကိုပြောဆိုခဲ့ရခြင်းအကြောင်းမှာ တချို့သော ဒေသများ၌ လူတို့သည် သတင်းစကားကိုမကြားသိရသေးသောကြောင့် ဖြစ်သည်။ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရသေးသောနေရာများ၌ အမှန်တရား၏ မျိုးစေ့များကိုကြဲရမည်။. . . သို့မှသာ နေရာသစ်များ၌လုပ်ဆောင်လိုသော သာသနာပြုစိတ်ဓာတ်ဖြစ်ပေါ်ပေလိမ့်မည်။ ကြီးမားသောအဖွဲ့အစည်းတစ်ခု၌ အတူတကွနေထိုင်ကြခြင်းသည် ဘုရားသခင်၏အစီအစဉ်မဟုတ်ပါ။ ဝင်နိုင် သောနေရာသစ်၌ဝင်ပြီး သတင်းစကားမကြားသိရသေးသော ပတ်ဝန်းကျင် နေရာများသို့သွား၍ လုပ်ငန်းကိုစတင်လုပ်ဆောင်ပါ။ Ev, 47.1].EvBur 42.2

    ဘာကြောင့်ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ပြင်ပသို့သွား၍ မျိုးစေ့ ကိုကြဲကာလုပ်ဆောင်ရပါသနည်း။ ဘာကြောင့်မိမိနေထိုင်ခဲ့သောကျေးရွာနှင့် နေရာများမှ တဖြည်းဖြည်းထွက်ခွာသွားပြီး နှုတ်ကပတ်တော်အလင်းကိုဟော ပြောရသနည်း။ ကြားနာရန်နေရာရှိသည်။ သတင်းစကားမကြားရသေးသူတချို့ လက်ခံရန်ရှိသည်။ ခရစ်တော်သည် တဖြည်းဖြည်းဒေသစာရီလှည့်လည်ပြီး နှုတ်ကပတ်တော်အမှန်တရားကို ရိုးသားသောနှလုံးသားဖြင့်လက်ခံမည့်သူများ ထံသို့ ဖွင့်ဟပြောဆိုပါသည်။ Letter 318, 1908. Ev, 47.2].EvBur 43.1

    မြို့ငယ်များတို့၌အဆက်မပြတ်လုပ်ဆောင်ခြင်း - ဤကိုယ်ထူကိုယ်ထနယ်မြေ တောစခန်းအစည်းအဝေးကျင်းပနိုင်သည့်အချိန်တွင် တစ်ချိန်တည်းမှာ ခြားနားသောနေရာတို့၌ အစည်းအဝေး (၂) ခု (၃) ခုကျင်းပသင့်သည်။ အကြောင်းမှာ ဤကဲ့သို့သောစည်းဝေးမျိုးကိုကျင်းပရန် အခွင့်မရမည့်အချိန် ရောက်လာမည်ဖြစ်ကြောင်းတည်း။ သို့သော် ၎င်းလများအတွင်း တဲများကို အသုံးပြုနိုင်သည့်အခါ၌ မြို့ကြီးများတွင်ကြိုးစား၍ဆောင်ရွက်ခြင်းကိုလည်း ပြုရမည်။ နေရာတိုင်းသို့သတိပေးစကားဟောပြောရမည်။ Manuscript 104, 1902. (47.3].EvBur 43.2

    တောအရပ်ဒေသအမှုဆောင်များ - မှတ်ချက်- ဧဝံဂေလိတရားပွဲလုပ်ငန်း တိုင်း၌ သာမန်အသင်းသားများ၏ကူညီမှုလိုအပ်ခြင်းကို အပြည့်အဝထောက်ခံ သည်။ အမှုဆောင်များနှင့်သာမန်အသင်းသားများ အတူတကွစုပေါင်းလျက် ဧဝံဂေလိသတင်းစကားကိုကြွေးကြော်ခြင်းအားဖြင့်သာလျှင် တောအရပ်ဒေသ၌ နေထိုင်သူများတို့သည် သတိပေးစကားကိုကြားသိရမည်မှာထင်ရှားသည်။ သို့သော် ဤစာအုပ်သည် တောအရပ်ဒေသ သာသနာ့လုပ်ငန်းလုပ်ဆောင် ခြင်းအတွက် ဓမ္မအမှုဆောင်များတို့အား အထူးအကြံပြုထားသည်ဟုဆိုရခြင်း မှာ လူနေမှုနည်းပါးသောအရပ်ဒေသများ၌ သာမန်အသင်းသားများလုပ်ဆောင် ရမည့်အကြောင်း အနည်းငယ်သာဖော်ပြထားခြင်းကိုတွေ့ ရသောကြောင့်ဖြစ် သည်။-ပြုစုသူများ]EvBur 43.3

    မဆောင်ရွက်ရသေးသောဒေသများ၌အမှုဆောင်သစ်များဝင်ရောက်ခြင်း - ကျွန်ုပ် တို့သည် ကမ္ဘာ့နိဂုံးချုပ်ချိန်သို့နီးကပ်လျက်ရှိပြီး၊ ကျွန်ုပ်တို့ရှေ့၌ ကြီးမားသော အလုပ်တစ်ခုရှိနေသည်။ အပြစ်ကမ္ဘာအတွက် နောက်ဆုံးသတိပေးစကား ဟောပြောခြင်းကို အဆုံးသတ်ရမည့်အလုပ်ဖြစ်သည်။ ဤသတင်းစကားကို ကမ္ဘာသို့ယူဆောင်ရန်ထွန်ယက်ခြင်း၊ စပျစ်ဥယျာဉ်၌လုပ်ဆောင်ခြင်း၊ အခြား သောလုပ်ငန်းအမျိုးမျိုးကိုလုပ်ဆောင်ခြင်းအမှုများကိုပြုရန် လူတို့ကိုဘုရားသခင် စေလွှတ်လိမ့်မည်။ Ev, 48.1].EvBur 44.1

    ကမ္ဘာကြီးသည် အဆက်အစပ်မရှိပြိုကွဲလျက်ရှိသည်။ ပုံပန်းသဏ္ဌာန် ကိုကြည့်လိုက်သော် ပြင်ပမြင်ကွင်းသည် စိတ်ဓာတ်ကျဖွယ်ရာပုံပေါ်နေသည်။ သို့သော် စိတ်ဓာတ်ကျသူများအား မျှော်လင့်ခြင်းအာမခံချက်ဖြင့် ခရစ်တော် ကြိုဆိုလျက်ရှိနေသည်။ သူတို့အထဲ၌ သူ၏စပျစ်ဥယျာဉ်ခြံအတွင်း လုပ်ဆောင် နိုင်မည့်အရည်အချင်းရှိသူများကိုတွေ့ ရသည်။ အမြဲသင်ယူလိုစိတ်ရှိသူများဖြစ် ခဲ့လျှင် သူ၏ပြင်ဆင်မှုအားဖြင့် ဤသူတို့ကို မိမိတို့၏လုပ်ဆောင်နိုင်သည့် စွမ်းရည်ထက် ပို၍လုပ်ဆောင်နိုင်စွမ်းကိုပေးပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ် တော်ချပေးခြင်းအားဖြင့် သူတို့အားဟောပြောနိုင်ရန် တန်ခိုးကိုပေးလိမ့်မည်။ [48.2].EvBur 44.2

    လစ်လပ်နေသောနေရာများစွာတွင် အမှုဆောင်သစ်များအားဖြင့် ဆောင်ရွက်ကြရမည်။ ကမ္ဘာကြီးအတွက် တောက်ပသောကယ်တင်ရှင်၏အမြင် သည် အမှုဆောင်များအတွက် ယုံကြည်စိတ်ချစရာဖြစ်စေလိမ့်မည်။ အကယ်၍ စိတ်နှလုံးနှိမ့်ချပြီး လုပ်ငန်းအပေါ်စိတ်ဝင်စားခြင်းရှိခဲ့သော် နေရာနှင့်အချိန် အတွက် မှန်သောသူများကိုတွေ့ရှိရလိမ့်မည်။ ကြီးမားလှသောစိတ်ပျက်စရာ ကောင်းသည့် ကမ္ဘာကြီး၏ဒုက္ခဆင်းရဲခြင်းနှင့်ဝမ်းနည်းဖွယ်ရာကောင်းသော ပထမလှေကားထစ်အဆင့်ကိုပင် လူများတို့အားတက်လှမ်းစေရန် မည်ကဲ့သို့ အစပြုရမည်ကို နားမလည်သောစွမ်းရည်ရှိသည့် တချို့သောကျွန်ုပ်တို့၏အမှ ဆောင်များရှိသည်ကို ခရစ်တော်မြင်ရသည်။ သူတို့၏ကောင်းသောနည်းစနစ် သည် တန်ဖိုးအနည်းငယ်သာရှိသည်။ သူတို့သည် အောက်လှေကားထစ်များ ပေါ်မတ်တတ်ထ၍ပြောရန်မှာ၊ “သင်တို့ရှိသောနေရာမှတက်လာပါ” ဟုဖြစ် သည်။ သို့သော် သနားဖွယ်ရာကောင်းသောဝိညာဉ်များတို့သည် မည်သည့် နေရာ၌ မိမိတို့၏ခြေကိုချကာ လှမ်း၍တက်ရန်မသိပါ။ [48.3].EvBur 44.3

    ခရစ်တော်၏စိတ်ထဲ၌ အားရဝမ်းမြောက်ခြင်းခံစားရခြင်းသည် ဝိညာဉ် ရေး၌အားနည်းနေသောသူများ၊ နှိမ့်ကျသောအသုံးမဝင်သူများ၊ ဖြောင့်မတ်ခြင်း နောက်သို့လိုက်ရာ၌ မည်သည့်အခါမျှကျေနပ်မှုမရှိသူများ၊ စွမ်းရည်မရှိသော သူများတို့သည် ဤလုပ်ငန်းကိုစတင်ဆောင်ရွက်နေကြခြင်းကိုမြင်ရသောကြောင့် ဖြစ်သည်။ ခရစ်တော်သည် ဤစွမ်းဆောင်ခြင်းမရှိသူများအား ဖိတ်ခေါ်အသုံးပြု ခြင်းကိုတွေ့ ရသောအခါ၊ ဓမ္မအမှုဆောင်များတို့အတွက် စိတ်ပျက်ဝမ်းနည်း ဖွယ်ရာဖြစ်စေပါသည်။ ခရစ်တော်သည် မှားယွင်းသောဘုရားတရားစိတ်အား ကြီးသူတို့အား ပြုပြင်ပေးသည်။ ကမ္ဘာ၏ကြမ်းတမ်းသောနေရာရှိ ဆင်းရဲ နွမ်းပါးသောသူများတို့ထံသို့ သွားရောက်အမှုထမ်းရန် လျစ်လျူရှုခြင်းခံရသော သူများနှင့် လက်လှမ်းမမီသူများကို သနား၍ကူညီမလိုသောသူများကိုတာဝန် ပေးပါသည်။ သူ့အနေဖြင့် မစစေလိုသောသူများကိုမစရန် ဤအမှုဆောင် များတို့အား မည်ကဲ့သို့တွေ့ဆုံကူညီမစရမည့်နည်းလမ်းကို သွန်သင်ပေးသည်။ ဆေးဝါးသာသနာ့လုပ်ငန်းလုပ်နိုင်ရန် တံခါးဖွင့်သောနေရာကို သူတို့တွေ့ ရ သည့်အခါ ခွန်အားရကြသည်။ မိမိတို့၏စွမ်းရည်ကို အားကိုးဂုဏ်ယူခြင်း မရှိဘဲ ဘုရားရှင်၏ဘုန်းတော်ကိုသာ ဂုဏ်ပြုချီးမွမ်းကြပါသည်။ [Ev ,49.1].EvBur 45.1

    သာမန်လူများတို့သည် အမှုထမ်းများအဖြစ်နေရာယူကြသည်။ မိမိ တို့၏မိတ်ဆွေများခံစားရသောဝေဒနာကို လူသားများခံစားခဲ့ရသည့်ဝေဒနာ အတွက် ခရစ်တော်မျှဝေခံစားခဲ့သကဲ့သို့ မျှဝေခံစားခဲ့ကြပြီး၊ ယုံကြည်ခြင်း အားဖြင့် သူတို့နှင့်အတူပါဝင်လုပ်ဆောင်နေသည်ကို သူတို့တွေ့မြင်ရပါလိမ့် မည်။ Testimonies, vol. 7, pp. 270-272, (1902) [Ev , 49.2].EvBur 46.1

    ခက်ခဲသောနေရာများ၌လူငယ်အမှုဆောင်များ - မိမိတို့၏ကိုယ်ကိုအမှန်တရား သွန်သင်ခြင်းလုပ်ငန်းနှင့် ဝိညာဉ်ပြောင်းလဲခြင်းအတွက်လုပ်ဆောင်ခြင်းလုပ်ငန်း ၌ အပ်နှံကြသောပျိုးရွယ်မောင်မယ်များတို့အား ဘုရားရှင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်ခွန်အားပေးပြီး အခက်ခဲဆုံးနေရာသို့သွားရောက်လုပ်ကိုင် ရန် စေလွှတ်ပါသည်။ ဗဟုသုတအနည်းငယ်သာရှိသူများတို့အား အသင်း တော်များသို့ဟောပြောရမည့်အလုပ်တာဝန်ကို ဘုရားရှင်မပေးပါ။ သတင်း စကားကို လမ်းမကြီးနှင့်တောနယ်ဒေသများတို့၌ဟောပြောကြရမည်။ Manuscript 3, 1901. [Ev , 49.3].EvBur 46.2

    လျစ်လျူရှုထားသောနယ်မြေ၌အိမ်ထောင်သည်များ - လျစ်လျူရှုထားသော နယ်မြေများသို့ အခြားသောသူတို့ကိုအလင်းပေးရန် အမှန်တရားသိရှိသူ အိမ်ထောင်သည်များတို့ကိုစေလွှတ်ရမည်။ အကောင်းဆုံးလုပ်ဆောင်သော နေရာများ၌ လိမ္မာပါးနပ်စွာလုပ်ဆောင်ရမည်။ အခြားသူများကိုသွန်သင်ပို့ချ နိုင်ရန် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းစည်းကမ်းချက်များကိုသင်ယူပါ။ ကျန်းမာရေးနှင့်ပတ်သက်သောအကြောင်းအရာပါရှိသည့် စာအုပ်များနှင့်မဂ္ဂဇင်း များတို့ကိုဖတ်ရှုလေ့လာခြင်းအားဖြင့် ဖျားနာသူများကိုကုသပေးနိုင်ရန်သင်ယူ ပါ။ သို့မှသာ သခင့်အတွက်ကောင်းသောအလုပ်ကို ပို၍လုပ်ဆောင်နိုင်လိမ့် မည်။ Letter 136, 1902. [Ev , 50.1].EvBur 46.3

    ကြီးသောဗဟို ဌာနမှပုဂ္ဂိုလ်များတာဝန်ယူရန် - မြို့ကြီးအထဲ၌နေထိုင်ကြ သော ကျွန်ုပ်တို့၏လူတို့သည် အကယ်၍ မိမိတို့၏လက်ထဲ၌ ကျမ်းစာကို ကိုင်ဆောင်ပြီး ဝိညာဉ်တော်၏နှိုးဆော်ခြင်းကိုခံယူကြကာ မိမိတို့ရရှိထားသော သတင်းစကားဖြင့် ကမ္ဘာပေါ်ရှိနေရာတိုင်းသို့ ဟောပြောသက်သေခံကြပါက တန်ဖိုးရှိသောဗဟုသုတကို ရရှိကြပါလိမ့်မည်။ Review and Herald, Aug. 2, 1906. [Ev , 50.2].EvBur 46.4

    တောင်များနှင့်ချိုင့်ဝှမ်းများအထဲမှ - ကျွန်ုပ်သည် မြောက်ပိုင်းကာလီဖိုး နီးယား၌ရှိစဉ် ဤအရပ်ဒေသရှိနေထိုင်ကြသောသူတို့အတွက် သစ္စာရှိစွာအမှု ထမ်းရမည့်နေရာဒေသတစ်ခုဟု ကျွန်ုပ်စိတ်ထဲ၌အထူးနှိုးဆော်ခြင်းခံရပါသည်။ ဤတောင်တန်းဒေသ၌ တတိယကောင်းကင်တမန်သတင်းစကား၏အမှန်တရား ကိုကြားနာရန် ဝိညာဉ်ပေါင်းများစွာရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သြဇာ လှုပ်ရှားမှုအောက်၌ ယခုအတွက်အမှန်တရားကို ဤတောင်ပေါ်ဒေသနှင့်ချိုင့်ဝှမ်း ဒေသရှိနေထိုင်သူတို့အား ကျွန်ုပ်တို့ကြွေးကြော်ဟောပြောရမည်။ ၎င်း၏လေးနက် သောသတိပေးစကားကို ကြွေးကြော်ပြီးရင်းထပ်မံ၍ကြွေးကြော်ရမည်။ လူတို့ ထံသို့သတင်းစကားလျင်မြန်စွာရောက်ရှိရမည်။ စာကြောင်းတစ်ကြောင်းပြီး တစ်ကြောင်း၊ သွန်သင်ချက်တစ်ခုပြီးတစ်ခု၊ သည်မှာအနည်းငယ်ဟိုမှာအနည်း ငယ် တိကျစွာသွန်သင်ကြရမည်။ မဆိုင်းမတွဘဲ ပညာရှိ၍ထက်မြက်သော ပုဂ္ဂိုလ်များအား ဤဧဝံဂေလိမျိုးစေ့ကြဲဖြန့်ခြင်းတာဝန်ကို ပါဝင်၍ယူသင့်ကြ ပါသည်။ [Ev , 50.3].EvBur 47.1

    ဤနေရာဒေသ၌အနားယူပြီး မိမိတို့အိမ်များတို့၌နေထိုင်ကြသောသူ တို့ထံသို့သွား၍ နှုတ်ကပတ်တော်ကိုဖွင့်ပြမည့်သူများအားဖြင့် ဘုရားရှင်အလုပ် လုပ်သွားလိမ့်မည်။ ဤကောင်းသောအလုပ်ကိုပြီးဆုံးသည့်တိုင်ထမ်းဆောင် ကြရန် ကျွန်ုပ်၏ညီအစ်ကိုမောင်နှမများတို့ကို ဖိတ်ခေါ်လျက်ရှိပါသည်။ [Ev , 51.1].EvBur 47.2

    သင်တို့၏အာရုံကို မြောက်ပိုင်းကာလီဖိုးနီးယားနှင့်ပတ်ဝန်းကျင်ရှိ နေရာများသို့ ဆွဲခေါ်ရခြင်းအကြောင်းရင်းမှာ ဤနေရာရှိနေထိုင်သူများတို့ အနေဖြင့် ယခုမှန်သောစိတ်ဖြင့် အမှန်တရားကိုမသိကြသေးသောကြောင့်ဖြစ် သည်။ မတော်တဆ ကျွန်ုပ်တို့အထဲ၌ လူတချို့တို့သည် ဤနေရာ၌သာသနာ့ လုပ်ငန်းအစပြုရန် မိမိကြေးငွေကိုအသုံးပြုလိုစိတ်ရှိသူများ ရှိကောင်းရှိပေလိမ့် မည်။ ထိုကြောင့် ကျွန်ုပ်ပြောလိုသည်မှာ “သခင့်အတွက်သင်ဘာကူညီမည် နည်း။” ယခုထိတိုင် ဤနယ်မြေ၌အလုပ်လုပ်ရန် လိုအပ်ချက်များကိုပြည့်ပြည့်ဝဝ မစုံစမ်းရသေးပါ။ သို့သော် ဤနေရာ၏လိုအပ်ချက်ကိုအာရုံပြုကြရန် ကျွန်ုပ် အားဖော်ပြလျက်ရှိသည်။ [Ev , 51.2].EvBur 47.3

    ဤနေရာ၏လိုအပ်ချက်များနှင့်ပတ်သက်၍ ကျွန်ုပ်ပြောဆိုစရာများစွာ ရှိသည်။ ဤနေရာသည် တစ်ပုံစံတည်းသောအလုပ်ကိုလုပ်ရမည့် ဝါရှင်တန် မြို့အနားတစ်ဝိုက်၌ နေထိုင်ကြသောသူတို့နှင့်တူပါသည်။ လမ်းမကြီးနှင့်အနီး အနားတစ်ဝိုက်တွင် ကျွန်ုပ်တို့သည် ပို၍သစ္စာရှိစွာလုပ်ဆောင်ကြမည်လား။ စီးပွားရေးလုပ်ငန်း၌ မိမိတို့၏စိတ်ဝင်စားမှုနှင့်စွမ်းရည်ကို နှစ်ပေါင်းများစွာ မြှုပ်နှံခဲ့ကြသည့် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းသူအသင်းသား များတို့အနေဖြင့် ဤလျစ်လျူရှုထားခြင်းခံနေရသောသူတို့ထံသို့ ယနေ့အမှန် တရား၏အလင်းကိုသယ်ဆောင်ခြင်းအတွက် အသုံးပြုရန်မသင့်လျော်ပါ။ ဤအခြေအနေမျိုးဆက်လက်ရှိနေရန် ကျေနပ်စွာခွင့်ပြုပြီးမနေသင့်ပါ။ [Ev , 51.3].EvBur 48.1

    ကျွန်ုပ်တို့၏လူများစွာတို့သည် အကယ်၍မြို့များသို့စတင်၍ ဤလမ်းကြို လမ်းကြားနှင့်လမ်းမကြီးပေါ်လုပ်ငန်းကိုဆောင်ရွက်ကြပါက ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းခြင်းကို ပြန်လည်ရရှိကြလိမ့်မည်။ သာသနာပြုသူများကဲ့သို့ နှစ်ယောက် တစ်တွဲစီ ဤနေရာများသို့ထွက်၍လုပ်ဆောင်ရန် ကျွန်ုပ်တောင်းဆိုပါသည်။ ပုံပမာကိုခရစ်တော်ပြခဲ့ပါသည်။ ဘုရားကိုကြောက်ရွံ့သောစိတ်ဖြင့် ပထမ တပည့်တော်များကိုသယ်ဆောင်ရန် ခရစ်တော်ပေးသောသတင်းစကားဖြစ်သည့်၊ “ဘုရားသခင်၏နိုင်ငံတော်သင့်ထံသို့ရောက်လာပြီ” ကို ဟောပြောသောသူများ တို့အပေါ်သို့ ဘုရားရှင်သည် အမှန်ပင်ကောင်းချီးချပေးပါလိမ့်မည်။ Manuscript 65, 1908. [Ev , 51.4].EvBur 48.2

    မြို့များနှင့် ကျေးရွာများတို့ အတွက်သာသနာပြုမိသားစုများ - မိမိတို့၏နေရာ ဒေသကိုရွှေ့ပြောင်းလိုသောဆန္ဒရှိသည့်ညီအစ်ကိုများ၊ ဘုရားရှင်၏ဘုန်းတော် ကိုတွေ့မြင်ရသူများနှင့် အခြားသူများအားကောင်းကျိုးပြုရန်ကိုယ်စီတာဝန်မှာ သူတို့အပေါ်ကျရောက်သည်ဟုခံစားရသောသူများတို့သည် ခရစ်တော်အသက် ပေး၍ကယ်တင်ခဲ့သောဝိညာဉ်များကို အကျိုးပြုကယ်တင်ရန်နှင့် အလင်း အနည်းငယ် သို့မဟုတ် လုံးဝမရှိသောနေရာ၌ မိမိတို့၏လုပ်အားနှင့်ဗဟုသုတ အားဖြင့် အခြားသူများအတွက်အကျိုးအမှန်ပြုလိုပြီး ကောင်းချီးဖြစ်စေလိုသော သူတို့သည် တစ်မြို့မှတစ်မြို့သို့ပြောင်းရွှေ့သင့်ကြပါသည်။ သာသနာပြုများ တို့သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့သွားလို၍ အမှန်တရား၏ စံချိန်ကိုမြှင့်တင်ရန်ဖြစ်ပြီး ဘုရားရှင်အတွက် မိမိ၏သက်သေခံများ နေရာအနှံ့အပြားသို့ပျံ့နှံ့ရန်၊ အမှန်တရား၏အလင်းမရောက်ရှိသေးသော နေရာများ၌ရောက်ရှိရန်နှင့် မသိရသေးသည့်နေရာ၌ အမှန်တရား၏အလင်း ကိုမြှင့်တင်ရန်ဖြစ်သည်။ [Ev 52.1]EvBur 49.1

    ယေရှုသည် ကျေးရွာများကိုလျစ်လျူရှုခြင်းမပြုပါ။ မှတ်တမ်းဖော်ပြ ခဲ့သည်မှာ “ယေရှုသည် မြို့တိုင်းရွာတိုင်းသို့သွားပြီး ဘုရားသခင်၏နိုင်ငံတော် ၏ဝမ်းမြောက်ဖွယ်သတင်းကို ဟောပြောပြသပါသည်။ [Ev 52.2]EvBur 49.2

    ယခုဤနေရာ (Battle Creek) ၌အလုပ်မရှိ၊ ထိုင်နေကြသောသူတို့ ကို ခရစ်တော်၏ကိုယ်စားလှယ်များအဖြစ် သူ၏မွန်မြတ်သောအမှန်တရားကို ဆောင်ရွက်နိုင်သောနေရာများ၌ သွားရောက်ဆောင်ရွက်ကြရန်အချိန်မဟုတ် ပါလား။ General Conference Bulletin, March 20, 1891. [Ev 52.3]EvBur 49.3