Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၃)—တစ်ဦးစီလုပ်ငန်း

    တစ်ဦးစီလုပ်ငန်းအတွက်လိုအပ်ချက်

    ပြည်သူလူထုတရားပွဲနှင့်တစ်ဦးစီလုပ်ငန်း - လူထုတရားပွဲနှင့်လူတို့ထံတစ်အိမ် တက်တစ်အိမ်ဆင်းသွားရောက်လုပ်ကိုင်ခြင်းသည် အတူတူပင်အရေးကြီးပါ သည်။ လူအစုအဝေးကြီး၌ အမှန်တရားဟောပြောခြင်း၏ အကျိုးကျေးဇူးကြောင့် ဆက်လက်လေ့လာလိုစိတ်ဖြစ်ပေါ်လာသည့်အတွက် တစ်ဦးစီလုပ်ဆောင်ခြင်း ပါသည်။ အမှန်တရားရှာဖွေလိုစိတ်ရှိသူများတို့သည် ဘုရားသခင်၏နှုတ်ကပတ် အားဖြင့် စိတ်ဝင်စားသူတို့ထံသွားရောက်လည်ပတ်ခြင်းသည် အထူးအရေးကြီး တော်ကို စိတ်ပါစွာလေ့လာရန်သင်ကြားပေးဖို့လိုသည်။ ခိုင်ခံ့သောအုတ်မြစ် တည်ဆောက်နိုင်ရန် သူတို့ကိုတစ်ဦးတစ်ယောက်မှနေ၍ မစရပါလိမ့်မည်။ သူတို့ဘာသာရေးဗဟုသုတ၏အရေးကြီးသောအချိန်၌ နှုတ်ကပတ်တော်အမှု ဆောင်များမှ သူတို့၏အကူအညီအတွက် မှန်ကန်စွာလမ်းညွှန်လျက် ဘုရားရှင် ၏နှုတ်ကပတ်တော်ဘဏ္ဍာတိုက်ကို နားလည်ရန်ဖွင့်ပြခြင်းသည် မည်မျှအရေး ကြီးပါသနည်း။ Gospel Workers, p. 364. (1915) [Ev 429.1]EvBur 559.1

    မြေသားကိုပြုစုပျိုးထောင်ပါ - ဟောပြောခြင်းပြုသောအခါ၊ တန်ဖိုးရှိသော မျိုးစေ့ကိုကြဲလိုက်ခြင်းဖြစ်သည်။ သို့သော် တစ်ဦးစီတို့မှကြိုးစား၍ မြေသား ကိုပြုစုပျိုးထောင်ခြင်းမပြုပါက မျိုးစေ့သည် ့အမြစ်တွယ်မည်မဟုတ်ပါ။ ခြင်းမရှိပါက ဟောပြောခြင်းများစွာတို့သည် ပျောက်ဆုံးသွားမည်ဖြစ်သည်။ အကယ်၍စိတ်နှလုံးသားသည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ပျော့ပျောင်း ပရိသတ်ထဲမှစိတ်ဝင်စားပုံပေါ်သောသူများတို့ကိုလေ့လာပြီး စည်းဝေးပြီးသော အခါ၊ သူတို့နှင့်စကားပြောပါ။ တစ်ဦးချင်းပြောဆိုကြသောစကားအနည်းငယ် သည် လူထုကြီးအတွက်ဟောပြောခြင်းထက် များသောအားဖြင့် ပို၍ကောင်းကျိုး ကိုဖြစ်စေပါသည်။ ကြားနာရသူများအတွက် ဟောပြောသောအကြောင်းအရာ မည်ကဲ့သို့ရှိကြောင်း၊ သူတို့၏စိတ်ထဲရှင်းခြင်းရှိမရှိကြောင်းလေ့လာပါ။ ကြင်နာ ခြင်းနှင့်ရိုသေလေးစားခြင်းဖြင့် သူတို့အားသင်အမှန်တကယ်စိတ်ဝင်စားကြောင်း၊ သူတို့၏ဝိညာဉ်ကိုလည်းဂရုစိုက်ကြောင်းကိုပြပါ။ Testimonies, vol. 6, p 68. (1900) [Ev 429.2]EvBur 559.2

    လူတို့ ထံနီးကပ်စွာချဉ်းကပ်ပါ - ခရစ်တော်နှင့်တူသောကြင်နာခြင်းဖြင့် ဓမ္မဆရာသည် တစ်ဦးချင်းလူတို့ထံနီးကပ်စွာပေါင်းသင်းဆက်ဆံပြီး ထာဝရ အသက်နှင့်ဆိုင်သည့် ကြီးမားသောအရာများအပေါ် သူတို့၏စိတ်ဝင်စားမှုကို နှိုးဆွရန်ဆောင်ရွက်သင့်ပါသည်။ သူတို့၏စိတ်နှလုံးသည် အဝေးပြေးလမ်းမ ကြီးကဲ့သို့ မာကျောမည်ဖြစ်ပြီး၊ သူတို့အားကယ်တင်ရှင်အကြောင်းကြိုးစား ဟောပြောသော်လည်း အကျိုးရှိမည်မဟုတ်ဟု ထင်ရပေလိမ့်မည်။ သို့သော် ဆင်ခြင်တုံအကြောင်းတရားဖြင့်ပြောဆိုခြင်းသည် ရှုံးနိမ့်ပြီးပြောင်းလဲရန်အတွက် ပြောဆိုခြင်းများတန်ခိုးမပါသော်လည်း တစ်ဦးချင်းသာသနာလုပ်ငန်းဖြင့် ဖော်ပြသော ခရစ်တော်၏မေတ္တာသည် ကျောက်နှလုံးသားကိုပျော့ပျောင်းစေ မည်ဖြစ်ပြီး အမှန်တရား၏မျိုးစေ့သည် ပေါက်ပွားလာကာ အမြစ်စွဲလာမည် ဖြစ်သည်။ Gospel Workers, p. 185. (1915) [Ev 430.1]EvBur 560.1

    ဟောပြောရုံမျှသာမဟုတ်၊ လုပ်ဆောင်ရန်နေရာများ - မြို့ကြီးများထဲ၌ အလုပ်လုပ်ရမည်။ တရားဟောရုံမျှသာမဟုတ်၊ တစ်အိမ်မှတစ်အိမ်သို့သွား ရောက်လုပ်ဆောင်ကြရမည်။ သတိပေးစကားပြော၍ နှုတ်ကပတ်တော်မှ အမှန်တရားကိုဟောပြောပြီးနောက် ဝိညာဉ်များစွာယုံကြည်လာကြလိမ့်မည်။ Review and Herald, Oct. 14, 1902. [Ev 430.2]EvBur 560.2

    တရားလျော့ ဟောပြီးတစ်ဦးချင်းလုပ်ငန်းတိုး၍လုပ်ဆောင်ခြင်း - အကယ်၍ တစ်ဝက်သာဟောပြောပြီး တစ်ဦးချင်းလုပ်ငန်းကိုနှစ်ဆတိုး၍အချိန်ယူကာ လူတို့၏အိမ်များသို့ ပုဂ္ဂိုလ်များနှင့်လူအများထံသွားရောက်တွေ့ ဆုံကြပါက အကျိုးကျေးဇူးများကို အံ့ဩဖွယ်တွေ့ ရှိရပါလိမ့်မည်။ Manuscript 139, 1897. [Ev 430.3]EvBur 560.3

    အခွင့်အရေးများဆုံးရှုံးခြင်း - တစ်ဦးချင်းလုပ်ငန်းကို လျစ်လျူရှုသောအခါ တန်ဖိုးရှိသည့်အခွင့်အရေးများစွာဆုံးရှုံးမည်ဖြစ်ပြီး တိုး၍လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းတိုးတက်မည်ဖြစ်ပါသည်။ Gospel Workers, p. 364. (1915) [Ev 430.4]EvBur 561.1

    တစ်ဦးချင်းလုပ်ငန်းပျက်ကွက်ခြင်းကြောင့်ဝိညာဉ်များပျက်စီးခြင်း - ကျွန်ုပ်တို့ တွေ့ဆုံသောသူတို့အား အားပေးစကားပြောဆိုကြပါလိမ့်မည်။ “လျောက်ပတ် သောစကားသည် မည်မျှကောင်းလိမ့်မည်နည်း။” တစ်ဦးချင်းလုပ်ငန်းပျက်ကွက် ခြင်းကြောင့် ဝိညာဉ်များပျက်စီးဆုံးရှုံးကြရပါသည်။ [Ev 430.5]EvBur 561.2

    ချိန်ခါမရွေးချက်ချင်းဆောင်ရွက်ခြင်း - ဓမ္မအမှုဆောင်သည် အချိန်အခါ ရွေး အမှုဆောင်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုတော်ရှေ့သို့တိုးတက်ရန် အခွင့်အရေးတိုင်းကိုအဆင်သင့်ဆုပ်ကိုင်ကာ မလွတ်တမ်းဆောင်ရွက်ကြရမည်။ “သင့်လျော်သောအချိန်၌ချက်ချင်းဆောင်ရွက်ခြင်း” သည် အိမ်နှင့်ဝတ်ပြုချိန် ၌ရှိသည့်အခွင့်အရေးများအပေါ်နှင့် ဘာသာရေးခေါင်းစဉ်များနှင့်ပတ်သက်၍ လူတို့ပြောဆိုလာကြသည့်အခါ နိုးကြားခြင်းရှိကြရန်ဖြစ်သည်။ “မမှန်သော အချိန်၌ချက်ချင်းဆောင်ရွက်ခြင်း” သည် မီးဖိုနား၊ လယ်ပြင်ထဲ၊ လမ်းဘေး နှင့်ဈေးတွင်းတို့၌ရှိနေကြစဉ်အခါ လူတို့၏စိတ်ကို ကျမ်းစာ၏ကြီးမားသော အဓိကအချက်များသို့ သင့်လျော်သည့်နည်းဖြင့် သိမ်မွေ့စွာဘုရားသခင်တောင်းဆို သောအရာများကို စိတ်အားထက်သန်စွာ သူတို့ကိုတိုက်တွန်းအားပေးခြင်းဖြစ် သည်။ လူတို့အတွက်မမှန်သောအချိန်အခါဖြစ်သောကြောင့် ၎င်းအခွင့်အရေး များတို့ကိုရယူခြင်းမရှိသည့်အတွက် များစွာဆုံးရှုံးကြရသည်။ သို့သော် အဆိုး အကောင်းခွဲခြားတတ်သည့်စိတ်သို့ လိမ္မာစွာတောင်းဆိုခြင်း၏ထိရောက်မှုကို မည်သူသိရှိနိုင်ပါမည်နည်း။ Gospel Workers, pp. 186-187. (1915) [Ev 430.6]EvBur 561.3

    ခရစ်တော်ချစ်သကဲ့သို့ဝိညာဉ်များကိုချစ်ပါ - လူတို့ကိုခရစ်တော်ချစ်သကဲ့သို့ ကျွန်ုပ်တို့လည်းချစ်ရန် ကျွန်ုပ်တို့ခေါ်ခြင်းခံခဲ့ရပြီး ဒုက္ခခံစားနေရသည့်အပြစ် သားများ ပြောင်းလဲစေလိုသည့်ခံစားချက်များ ကျွန်ုပ်တို့၌ရှိရပါမည်။ တိုင်းတာ ၍မရသော ခရစ်တော်၏မေတ္တာတော်အကြောင်းကိုဟောပြောပါ။ မိမိကိုယ်ကျိုး ကိုစွန့်ပါ။ Manuscript 42, 1998. [Ev 431.1].EvBur 562.1