Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှားယွင်းသောစမ်းသပ်ခြင်းများနှင့်လူ၏ဖန်တီးမှုစံချိန်များ

    အခြေခံအမှန်တရားများကို သင်ကြားပါ - စကားနှင့်ယုံကြည်ခြင်းအယူဝါဒ အားဖြင့် အလုပ်လုပ်မည့်သူများတို့သည် နယ်သို့အခြားသူများတို့ကိုသွားရောက် ဟောပြောရန် အမိန့်ပေးခြင်းမခံရမီ သူတို့သည် အမှန်တရား၌ခိုင်မြဲစွာတည်ရှိ နေရမည်။ ဖြူစင်ပြီးအခြားအရာနှင့်ရောနှောခြင်းမရှိသောအမှန်တရားကို လူတို့ အားဟောပြောကြရမည်။EvBur 258.2

    ဤသတင်းစကားသည် လူတို့အားဟောပြောရန် မှန်သောစမ်းသပ် မှုပါရှိသည့် တတိယကောင်းကင်တမန်သတင်းစကားဖြစ်သည်။ မာရ်နတ် သည် လူတို့အားမှားယွင်းသောစမ်းသပ်မှုကိုပြုလုပ်ရန်ပို့ဆောင်လိမ့်မည်။ ထိုနောက် အမှန်တရားသတင်းစကားကိုတန်ဖိုးမရှိစေရန်နှင့် ဟောပြောသော အခါ ထိရောက်မှုမရှိစေရန် သူဆောင်ရွက်ပေလိမ့်မည်။ [Ev 211.4]EvBur 258.3

    ဆရာ ဘုရားသခင်၏ပညတ်တော်ကို ကမ္ဘာတစ်ဝန်းလုံးလိုပင် အလေး မထားကြခြင်းသည် ယခုအချိန်အတွက် ခိုင်မြဲသောအမှန်တရားရှိရခြင်းဖြစ် သည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သောသူအားလုံးတို့အတွက် ဤလက္ခဏာ အားဖြင့် ခွဲခြားရမည့်အချိန်ရောက်ရှိလာပြီ။ သူတို့၏ကောင်းကင်အပေါ်သစ္စာ စောင့်သိခြင်းအမှတ်လက္ခဏာအားဖြင့် သူတို့ကိုဘုရားသခင်၏အစေခံများ ကဲ့သို့ လူအများသိရှိရလိမ့်မည်။ သို့သော် လူဖန်တီးသမျှသောစမ်းသပ်ခြင်း အားလုံးတို့သည် လူတို့၏စိတ်ကို ကြီးမားပြီးအရေးကြီးသည့်ယုံကြည်ခြင်း အယူဝါဒပါရှိသော လက်ရှိအမှန်တရားမှ အာရုံပြောင်းသွားစေလိမ့်မည်။ [Ev 212.1]EvBur 258.4

    ကျွန်ုပ်တို့အထဲသို့ တစ်ဖက်စွန်းသမားများ၊ သဘောထားကျဉ်းမြောင်း သူများ၊ ထက်မြက်၍ဝေဖန်ရေးသမားများနှင့် အမှန်တရားသည် မည်သည့် အရာဖြစ်သည်ကို မိမိတို့၏ကိုယ်ပိုင်ခံယူချက်များဖြင့် ခိုင်မြဲစွာစွဲကိုင်ထားသူ များတို့ကို မာရ်နတ်ယူဆောင်လာမည်ဖြစ်သည်။ သူတို့သည် တင်းကျပ်မည် ဖြစ်ပြီး ပြင်းထန်သောတာဝန်များကို အတင်းအကျပ်ဆောင်ရွက်ရန်နှင့် အသေး အမွှားကိစ္စများတို့ကို လွန်စွာအလေးထားခြင်းဖြင့် ပညတ်တော်၏ပို၍အလေး စီးသောကိစ္စများ- ဘုရားသခင်၏တရားစီရင်ခြင်း၊ ကရုဏာနှင့်မေတ္တာကို သူတို့သည်ဂရုမပြု၊ အလေးမထားကြတော့ပါ။ ဤအနည်းငယ်သောအဆင့် အတန်းရှိပုဂ္ဂိုလ်များတို့၏လုပ်ရပ်ကြောင့် ဥပုသ်စောင့်ထိန်းသူအဖွဲ့အစည်းတစ်ခု လုံးတို့သည် တစ်ယူသန်များ၊ သူတော်ကောင်းယောင်ဆောင်သူများနှင့် ဘာသာ ရေးအယူသီးသူများဟု သတ်မှတ်ခြင်းခံရပါလိမ့်မည်။ ဤပုဂ္ဂိုလ်များတို့ကြောင့် အမှန်တရား၏အလုပ်သည် အရေးမကြီးသောအရာဟု အထင်သေးခြင်းခံ ရပေလိမ့်မည်။ [Ev 212.2]EvBur 259.1

    ဘုရားသခင်သည် ဗဟုသုတရှိသူများဆောင်ရွက်ရန်အတွက် မိမိ၌ အထူးအလုပ်ရှိသည်။ သူတို့သည် ဘုရားသခင်၏အလုပ်ကို ကာကွယ် စောင့်ရှောက်ကြရမည်။ မိမိတို့၏လွတ်လပ်သောကိုယ်ပိုင်စီရင်ဆုံးဖြတ်ခြင်း သူများတို့အား ဘုရားသခင်၏လုပ်ငန်းကိုမအပ်နှံမိရန်အတွက် သတိပြု ဟောကြားသူများ၊ မိမိတို့၏အလုပ်အတွက် မည်သူ့အပေါ်၌မျှတာဝန်မထား စောင့်ရှောက်ကြရမည်။ ကျွန်ုပ်တို့အလယ်၌ မိမိကိုယ်ကိုအထင်ကြီးသော သည် သူတို့၏အခွင့်အရေးဟုခံယူသူများ၊ သူတို့နှစ်သက်သောတရားကိုသာ စိတ်ဓာတ်ရှိသူ၊ လှုပ်ဆောင်မှုမညီညွတ်ခြင်းများ၊ စိတ်ဓာတ်စည်းလုံးမှုမရှိ ခြင်းများ၊ အလုပ်အတွက်လုံခြုံမှုမရှိခြင်းနှင့် ကောင်းမွန်စွာအမှုတော်ကြီးထွား မှုမရှိခြင်းတို့ကို မရှိစေပါနှင့်။ ဖြည်းညင်းစွာအမှားကိုသွတ်သွင်းပြီး ဝိညာဉ် များကို အမှန်တရားထံမှဆွဲဆောင်သွားမည့် မှားယွင်းသောဆရာများ၊ ဆိုးသွမ်း သောအမှုဆောင်များရှိပေလိမ့်မည်။ ဤဆုတောင်းခြင်းပြည့်စုံရန် လိုလားသူ များတို့သည် ဤဖြစ်တတ်သောကွဲပြားခြင်းကိုအားမပေးရန်၊ စည်းလုံးခြင်း စိတ်ဓာတ်နှင့် ညီအစ်ကိုများအထဲ၌မေတ္တာရှိစေရန် ကြိုးစား၍ထိန်းသိမ်းကြ ရမည်။ Review and Herald, May 29, 1888. [Ev 212.3]EvBur 259.2

    ပုံပြင်ကလေးများ၊ ကောက်ရိုးမျှတန်ဖိုးမရှိ - ကျွန်ုပ်တို့သည် အမှန်တရား ကိုရရှိခဲ့ပြီး နားလည်သောသူများထံနှင့် တစ်ကြိမ်ပြီးတစ်ကြိမ်၎င်းတို့ကိုကြား ခဲ့ရပြီး၊ မူရင်းအကြောင်းအရာများကို ပြန်လည်၍ပြောနိုင်လိမ့်မည်ဟု ထင်မြင် ရသောသူတို့ထံသို့ အကြောင်းကြားစရာမလိုပါ။ သူသည် ကောက်ရိုးတစ်ချောင်း မျှပင်တန်ဖိုးမရှိသော ဒဏ္ဍာရီပုံပြင်ကလေးများကို ယူဆောင်လာခြင်းပင်ဖြစ် သည်။ လူတို့၏စိတ်ကို ဘုရားသခင်ပေးတော်မူသော စစ်မှန်သည့်စုံစမ်းခြင်း များမှလမ်းကြောင်းလွှဲလိုက်ရန် ထိုအရာများကိုမာရ်နတ်အစပြုဖန်တီးခဲ့သော အခါ ဤအရာများကိုဘုရားပေးသောစုံစမ်းခြင်းများကဲ့သို့ သူယူဆောင်လာ သည်။ General Conference Bulletin, April 16, 1901, [Ev 213.1].EvBur 260.1

    သစ်လွင်၍ထူးဆန်းသောလူသား၏စမ်းသပ်ခြင်းများ - မည်သူမျှအတင်းအကျပ် နှုတ်ကပတ်တော်ကိုနားလည်ရန်ခက်ခဲသောဆောက်တည်ခြင်းအားဖြင့် အမှန် တရားကိုမဖျက်ဆီးသင့်ပါ။ ဤသို့ဖြင့် တချို့သောသူတို့သည် ဘုရားသခင် ၏အမှန်တရားကို လိမ်လည်ခြင်းသို့ပြောင်းလဲလိုက်မည့်အန္တရာယ်ရှိသည်။ သူတို့၏နှလုံးသားကို ဘုရားဝိညာဉ်တို့ထိရန် လိုအပ်နေသူများရှိကြသည်။ သို့မှသာ ယခုအချိန်အတွက်အမှန်တရားသည် သူတို့၏ဝန်ထုပ်ဖြစ်ပေလိမ့် မည်။ သူတို့သည် လူသားတို့၏စမ်းသပ်ခြင်းနှင့် သစ်လွင်၍ထူးဆန်းသော အရာများကို ရှာဖွေကြမည်မဟုတ်ပါ။ ယခုအချိန်အတွက်စမ်းသပ်ခြင်းသည် ပညတ်တော်လေးပါးတစ်ပါးမှ ဥပုသ်နေ့ဖြစ်ပြီး၊ ဤကြီးမားသောအောက်မေ့ ဖွယ်နှင့်ပတ်သက်သည့်အရာအားလုံးတို့ကို လူတို့ရှေ့၌ထားရှိကြရမည်။ Undated Manuscript 111. [Ev 213.2]EvBur 260.2

    လူသားထင်မြင်ယူဆချက်များမှကင်းလွတ်ခြင်း - ဘုရားသခင်၏အလုပ်သည် ကြီးသောအလုပ်ဖြစ်သည်။ လောက၏အလွန်သေးငယ်သောစည်းမျဉ်းဥပဒေ မှကင်းလွတ်သည့် ကျမ်းစာ၏စည်းမျဉ်းဥပဒေများကို စောင့်ရှောက်ထိန်းသိမ်း ရန် ပညာရှိသောသူများလိုအပ်နေသည်။ အမှုဆောင်အားလုံးတို့သည် စမ်းသပ် ခြင်းခံရပါသည်။ အုတ်မြစ်သို့ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးပြတ် ယူလာသောသူအကြောင်းကို ရှင်ပေါလုပြောသည်။ ဤအရာသည် အမှန်တရား မဟုတ်သောအရာကို အမှန်တရားကဲ့သို့ယူဆောင်လာသောသူကိုပုံဆောင်ပြီး မိမိတို့၏ထင်မြင်ယူဆချက်နှင့်လီဆယ်မှုများပင် ၎င်းအထဲ၌ပါရှိပါသည်။ အကယ်၍ ဤဝိညာဉ်များကယ်တင်ခြင်းရရှိပါက မီးအားဖြင့်ကဲ့သို့ပင်ဖြစ်လိမ့် မည်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ အလုပ် လုပ်နေသည်ဟု သတိတရားရှိစွာဖြင့်ထင်နေသောကြောင့်ဖြစ်သည်။ သူတို့ သည် မီးစများကဲ့သို့သာ လွယ်ကူစွာလောင်ကျွမ်းခြင်းခံရပါလိမ့်မည်။ [Ev [213.3]EvBur 261.1

    ဖြူစင်ခြင်း၊ ချီးမြှောက်ခြင်းနှင့်မြင့်မြတ်ခြင်းရှိရမည့်အလုပ်သည် မှားယွင်းခြင်းများတို့နှင့်ရောနှောရန် လူတို့ပြုလုပ်ကြသည်။ ထိုသို့ဖြင့် အမှန် မရှိဘဲ မည်သူမျှရပ်တည်၍မရပါ။ မှားယွင်းမှုများနှင့်ရောထွေးလျက်ရှိသော တရားသည် ပျက်စီးခဲ့ရသည်။ တစ်ကိုယ်ကောင်းစိတ်အားဖြင့် စွန်းထင်းခြင်း ဘုရားသခင်၏အမှုတော်သည် ကမ္ဘာကြီး၏ရှေ့မှောက်၌ ရှင်းလင်းပြတ်သား စွာရပ်တည်သင့်သည့်နေရာတွင် လက်တွေ့လုပ်ငန်းလုပ်ဆောင်ခြင်း၌ ဆန့်ကျင် သည့်စည်းမျဉ်းဥပဒေများ၏မကောင်းမှုများကိုဖြစ်စေသည်။ Letter 3, 1901, Ev214.1]EvBur 261.2

    နှုတ်ကပတ်တော်ကိုဟောပြောပါ - အမှန်တရားကိုသွန်သင်သောလူငယ် များတို့အား ကျွန်ုပ်၌ပြောစရာစကားများရှိသည်။ နှုတ်ကပတ်တော်ကိုဟော ပြောပါ။ သင်၌တီထွင်လိုသောစိတ်ရှိလိမ့်မည်။ အသစ်သောစိတ်ကူးများရရှိ သော ယုဒဆရာများကဲ့သို့ သင်သည် တတ်ကျွမ်းသူတစ်ဦးဖြစ်ကောင်းဖြစ် ပေလိမ့်မည်။ သို့သော် သူတို့ကိုခရစ်တော်ပြောခဲ့သည်မှာ၊ “လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီး ကိုးကွယ်ကြ၏” မဿဲ ၁၅း၉။ သူတို့သည် လူတို့အားရှေးဓလေ့ထုံးစံများ၊ ထင်မြင်ယူဆချက်များနှင့် အမျိုးမျိုးသောပုံပြင်များဖြင့်ဟောပြောကြသည်။ သူတို့နှစ်သက်သောပုံစံနှင့်အခမ်းအနားများမှ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုစောင့်ရှောက်သောသူများဖြစ်ကြသည်၊ သို့မဟုတ် လူတို့ ၏ရှေးဓလေ့ထုံးစံများကို လိုက်လျှောက်နေသောသူများဖြစ်ကြသည်ဟူသော ကွဲပြားခြင်းကို လူတို့အတွက်သိရှိရန်မလွယ်ကူလှပါ။ [Ev 214.2]EvBur 262.1

    လူတို့၏စိတ်ကိုရှုပ်ထွေးစေနိုင်သည့်အခါ မာရ်နတ်သည် လွန်စွာ အားရနှစ်သက်သည်။ ဓမ္မအမှုဆောင်များတို့သည် မိမိတို့၏ကိုယ်တိုင်ထင်မြင် ယူဆချက်များကို မဟောပြောပါစေနှင့်။ လေးနက်သောခံယူချက်ဖြင့် စိတ်အား ထက်သန်စွာ နှုတ်ကပတ်တော်ကိုသူတို့အားရှာဖွေစေပြီး၊ အကယ်၍သူတို့ သင်ကြားသောအယူဝါဒထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်မှပါရှိသည့်အရာ များမဟုတ်ပါက သူတို့သည် ဗျာဒိတ်နောက်ဆုံးကျမ်း၌ပုံဆောင်ခြင်းခံရသော သူများကဲ့သို့ ဖြစ်ပေလိမ့်မည်။ [Ev 214.3]EvBur 262.2

    စိတ်ကူးခြင်းဖြင့်ခံယူသော အယူဝါဒများ၏နောက်သို့လိုက်ပါရန် သွေးဆောင်ခြင်းခံရသောသူတို့သည် ကောင်းကင်အမှန်တရား၏မိုင်းတွင်းထဲ သို့ နက်နက်တူး၍၊ လက်ခံရရှိသောသူထံသို့ပေးနိုင်ရန် ကြွယ်ဝချမ်းသာခြင်း တည်းဟူသော ထာဝရအသက်ကိုရရှိထားရမည်။ တန်ဖိုးရှိသောဘဏ္ဍာကို ဘုရားသခင်၏နှုတ်ကပတ်တော်အား စိတ်အားထက်သန်စွာဖြင့် လေ့လာသူ များတို့သာ ကောင်းကင်တမန်များတို့၏လမ်းပြကူညီရှာဖွေပေးခြင်းအားဖြင့် ရရှိကြပါလိမ့်မည်။ Undated Manuscript 111.EvBur 262.3

    သည်လူသားချည်မျှင်ဖြင့်ရက်လုပ်သောအခါ - လူတို့သည် စတင်၍ လူသားများတို့၏ချည်မျှင်ဖြင့် ပင့်ကူအိမ်ကဲ့သို့ဖြစ်လာရန် ရက်လုပ်သောအခါ၊ ဘုရားသခင်ဆိုင်းငံ့နေပါသည်။ သူ၏ဆိုင်းငံ့နေခြင်းကို လူတို့အနေဖြင့် မိမိ တို့၏ကိုယ်ပိုင်အတွေးအခေါ်ဖြင့် တီထွင်မှုများကိုဘေးဖယ်ထားပြီး ဘုရားသခင် ၏လမ်းနှင့်အလိုတော်ကို လက်ခံသည့်အထိဖြစ်ပါသည်။ Letter 181, 1901. [Ev 215.1]EvBur 263.1

    အဏုမြူ ကမ္ဘာတစ်ခုပြုလုပ်ခြင်း - အို၊ ကိုယ်ကျိုးစွန့်လျက် မိမိကိုယ်ကို ဆက်ကပ်ပြီး မြင့်မြတ်သောအလုပ်ကို လူဘယ်နှစ်ယောက်လုပ်ကြမည်နည်း။ အသက်တာ၏သေးငယ်သောအရာများကို မည်သူစိတ်ဝင်စားသနည်း။ သူတို့ သည် မျက်စိကွယ်ကြပြီး အဝေးသို့မမြင်နိုင်ပါ။ သူတို့သည် ကမ္ဘာ၏အဏုမြူ တစ်လုံးနှင့် အဏုမြူ၏ကမ္ဘာတစ်လုံးကိုပြုလုပ်သည်။ သူတို့သည် တိမ်သော ချောင်းကလေးများကဲ့သို့ဖြစ်လာကြခြင်းသည် အခြားသူများထံသို့ အသက် စမ်းရေကိုဝေမပေးခြင်းကြောင့်ဖြစ်သည်။ Manuscript 173. 1898. [Ev 215.2]EvBur 263.2

    လူတစ်ဦး၏အတွေးအခေါ်အားဖြင့်သတင်းစကားအားနည်းစေသည် - အသင်းတော် ထဲ၌ တန်ဖိုးရှိသောစွမ်းရည်ရှိသည်။ သို့သော်ပြောင်းလဲခြင်းမရှိသမျှ ဤပုဂ္ဂိုလ် များကိုဘုရားသခင်အသုံးမပြုပါ။ အသင်းတော်ကိုအကူအညီပေးရန် လူတချို့ တို့၌ လုပ်ဆောင်နိုင်သည့်စွမ်းအားရှိသည်။ သို့သော် ထိုသူတို့သည် မိမိ တို့၏စိတ်နှလုံးများကို မှန်သောအနေအထား၌ ဦးစွာထားရှိရမည်။ တချို့ သောသူတို့သည် မှားသောစမ်းသပ်ခြင်းများကိုယူဆောင်လာကြပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့်ထင်မြင်ချက်များကို မှတ်ကျောက်တင်ကြသည်။ ၎င်းပြင်အနည်းငယ်သာအရေးကြီးသည့်အရာများတို့ကို ခရစ်ယာန်မိတ်သဟာယ ဖွဲ့ခြင်း၏စမ်းသပ်မှုများထဲသို့ ပုံကြီးချဲ့ ယူဆောင်လာကာ အခြားသောသူများ လေးလံသောဝန်ထုပ်များဖြင့် တုပ်နှောင်ထားကြပါသည်။ ဤသို့ဖြင့် အသင်းတော်ကိုကြီးစွာအနာတရဖြစ်စေသော ဝေဖန်ခြင်းစိတ်ထား၊ အပြစ်ရှာ ခြင်းနှင့် ကြီးမားသောခိုက်ရန်ဖြစ်ပွားခြင်းများဝင်ရောက်လာပါသည်။ ထိုနောက် မယုံကြည်သူများတို့အတွက် ခံစားရသည့်အရာမှာ၊ သတ္တမနေ့ဥပုသ်ကိုစောင့် သော မြော်လင့်ခြင်းအသင်းဝင်တို့သည် တစ်ယူသန်၊ တစ်ဖက်စွန်းများဖြစ်ကြပြီး သူတို့၏ထူးခြားသောယုံကြည်ခြင်းသည် သူတို့အားကြင်နာခြင်းကင်းမဲ့သူများ၊ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသူများနှင့် ခရစ်ယာန်မဆန်သောအကျင့်စာရိတ္တရှိ သူများ ဧကန်အမှန်ဖြစ်ကြောင်း ထင်ရှားလျက်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် အနည်းငယ်သောတစ်ဖက်စွန်းသမား၏အလုပ်သည် အမှန်တရား၏သြဇာဖြင့် လူတို့ထံသွားရောက်ပြီး ခရစ်တော်ထံသို့ခေါ်ဆောင်လာရန် အတားအဆီးဖြစ် စေပါသည်။ [Ev 215.3]EvBur 263.3

    တချို့သောသူတို့သည် အဝတ်အစားနှင့်ပတ်သက်သောကိစ္စကို အရေးကြီးသောနေရာ၌ထားကြပြီး အခြားသူများဝတ်ဆင်သောအရာများကို ပြစ်တင်ဝေဖန်ကြသည်။ ထိုနောက် သူတို့၏အမြင်နှင့်အတိအကျမကိုက်ညီ ပါက အပြစ်တင်ရန်အဆင်သင့်ရှိနေကြသည်။ တချို့သောသူများတို့အနေဖြင့် ရုပ်ပုံကားချပ်များကိုအပြစ်တင်ပြီး ဒုတိယပညတ်တော်မှတားမြစ်ထားသော အရာဟုပြောဆိုကြကာ ၎င်းတို့နှင့်ပတ်သက်သည့်အရာအားလုံးကို ဖျက်ဆီး သင့်သည်ဟု တွန်းအားပေးကြသည်။ [Ev 215.4]EvBur 264.1

    ဤအတွေးအခေါ်တစ်ခုတည်းရှိပုဂ္ဂိုလ်များတို့သည် အခြားအရာများ ကိုလုံးဝမတွေ့ မမြင်ဘဲ တစ်ခုတည်းကိုသာလျှင် စိတ်ထဲ၌စွဲလမ်းလျက်ရှိသည်။ ရင်ဆိုင်ခဲ့ရသည်။ ရုပ်ပုံကားချပ်များကိုဝေဖန်ပြောဆိုသည့်သတင်းစကားကို လွန်ခဲ့သောနှစ်ပေါင်းများစွာ၌ ဤစိတ်ဓာတ်နှင့်လုပ်ဆောင်မှုမျိုးကို ကျွန်ုပ်တို့ ဟောပြောကြပြီး၊ ရုပ်ပုံကားချပ်နှင့်ဓာတ်ပုံအစရှိသည်တို့ကိုဖျက်ဆီးရန် တိုက်တွန်းခဲ့ကြသည်။ ဤထက်မက ရုပ်ပုံ၊ သို့မဟုတ် ဓာတ်ပုံပါရှိသည့် နာရီများကိုအသုံးပြုခြင်းသည် မှားယွင်းကြောင်း၊ မသင့်လျော်ကြောင်းကိုပင် ပြောကြသည်။ [Ev 216.1]EvBur 264.2

    လူအချို့တို့သည် မိမိတို့လက်တွင်းရှိ ပိုင်ဆိုင်သောရုပ်ပုံကားချပ် အားလုံးကို မီးရှို့ဖျက်ဆီးကြပြီး၊ ၎င်းအရာနှင့်တူသော မိမိတို့၏မိတ်ဆွေများ တို့၌ရှိသည့် ရုပ်ပုံကားချပ်၊ ဓာတ်ပုံများတို့ကိုပါ ဖျက်ဆီးကြသည်။ ဤအယူသီး သောလှုပ်ရှားမှုများအပေါ် ကျွန်ုပ်တို့သနားညှာတာမှုမရှိသောအခါ၊ မိမိတို့၏ ရုပ်ပုံကားချပ်များကို မီးရှို့ဖျက်ဆီးသူအား ၎င်းတို့အတွက် အစားထိုးကုန်ကျ စရိတ်ကိုမခံရန်အကြံပြုသည်။ အကယ်၍သူတို့သည် သိလျက်နှင့်လုပ်ဆောင် ကြပါက ဖြစ်ပျက်သမျှအရာအားလုံးတို့အပေါ် သူတို့အနေဖြင့်ကျေနပ်သင့် ကြပါသည်။ သို့သော် သူတို့ပြုသကဲ့သို့ သူတစ်ပါးတို့အားပြုလုပ်ရန်လိုအပ် ကြောင်း အားမပေးသင့်ပါ။ သူတို့၌ရှိသောခံယူချက်မျိုးကို သူတို့၏ ညီအစ်ကိုမောင်နှမများတို့၌ရှိစေရန် သူတို့အနေဖြင့်ကြိုးစား၍မပြုလုပ်သင့်ပါ။ Historical Sketches, pp. 211, 212. (1886) [Ev 216.2]EvBur 265.1