Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၅)—သီချင်းဖြင့်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း

    သီချင်းအားဖြင့်သာသနာ့လုပ်ငန်း

    ဝိညာဉ်ကယ်တင်သောလက်နက်တန်ဆာပလာတစ်ခု - နှလုံးသားများထဲမှ ထွက်ပေါ်လာသည့် ရှင်းလင်းပြတ်သားစွာသီဆိုသော သာယာသည့်သီချင်း သည် ဝိညာဉ်များကိုကယ်တင်ရာ၌ ဘုရားသခင်၏လက်နက်တန်ဆာပလာ တစ်ခုဖြစ်သည်။ Testimonies, vol. 5, p. 493. (1889) [Ev 496.1]EvBur 648.1

    သီချင်း၏တန်ခိုး - ဣသရေလလူမျိုးများ တောထဲ၌ခရီးသွားကြစဉ် မိမိတို့၏လမ်းခရီးကို သန့်ရှင်းသောတေးသီချင်းသံများဖြင့် ခွန်အားဖြစ်စေ သကဲ့သို့ ဘုရားသခင်သည် သူ၏သားသမီးများတို့ကို သူတို့၏ဘုရားဖူး အသက်တာလမ်းခရီးတစ်လျှောက်၌ ဝမ်းမြောက်ခြင်းရှိစေရန်စေခိုင်းပါသည်။ မှတ်မိဉာဏ်ထဲသို့ ကိုယ်တော်၏စကားများကို ပို၍ထိရောက်စေသောနည်းလမ်း အနည်းငယ်သည် သီချင်းသံဖြင့် ၎င်းတို့ကိုထပ်ခါသီဆိုခြင်းလောက် ထိရောက် မှုမရှိပါ။ ၎င်းတို့သည် ကြမ်းတမ်းခြင်းကိုပျော့ပျောင်းစေပြီး ပင်ကိုယ်စိတ်ဓာတ် ကိုပျောက်ကွယ်စေနိုင်သည်။ အတွေးအခေါ်ကိုထက်မြက်စေသော တန်ခိုးနှင့် ကြင်နာမှုကိုနှိုးကြွစေသည်။ လှုပ်ရှားခြင်း၏ညီညွတ်မှုကိုတိုးတက်စေပြီး ရဲရင့် ခြင်းသတ္တိကိုဖျက်ဆီးနိုင်ကာ ကြိုးစားခြင်းကိုဆုတ်လျော့စေသည့် ဝမ်းနည်း အားငယ်ခြင်းနှင့်တင်းမာမှုများတို့ကို ပျောက်ကွယ်စေပါသည်။ [Ev 496.2]EvBur 648.2

    ၎င်းသည် ဝိညာဉ်အမှန်တရားဖြင့် စိတ်နှလုံးကိုထိတွေ့ စေသော အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုပြင်းထန်စွာခံစားရပြီး မျှော်လင့်ခြင်းကင်းမဲ့မည့်အဖြစ်သို့ရောက်ရှိသောအခါ ဘုရားသခင်၏ တချို့ကို နှစ်ပေါင်းများစွာအချိန် ကလေးဘဝမှ သီချင်းတစ်ပုဒ်ကိုပြန်၍သတိရ ခြင်းအားဖြင့် စုံစမ်းခြင်းတန်ခိုးများပျောက်လွင့်သွားကာ အသက်တာသည် အသစ်သောအဓိပ္ပါယ်နှင့်အသစ်သောရည်ရွယ်ချက်ရရှိလာပြီး ရဲရင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို အခြားသူများထံသို့ဝေငှပေးနိုင်ပါသည်။ Education, Pp. 167, 168. (1903) [Ev 496.3]EvBur 648.3

    အဆက်မပြတ်သောတရားဟောချက်တစ်ပုဒ် - ဤစကားများ (မောရှေ၏ သီချင်း) တို့ကို ဣသရေလလူမျိုးအားလုံးအတွက်ပြန်လည်ရွတ်ဆိုပြီး အမြဲ သီဆိုသောသီချင်းတစ်ပုဒ်ဖြစ်လာကာ သာယာသောကြိုးသံဖြင့်ထွက်ပေါ်လာ သည်။ သူတို့ထံသီချင်းအားဖြင့် အမှန်တရားကိုဟောပြောရန် မောရှေ၏ ဉာဏ်တော်ဖြစ်ခဲ့ပြီး ထိုသာယာသောကြိုးသံများကို သူတို့သိရှိခြင်းဖြင့် နိုင်ငံ တွင်းရှိလူကြီးလူငယ်အားလုံးတို့၏စိတ်ကို ထိတွေ့ ခံစားစေပါသည်။ ကလေး များသီချင်းသင်ယူရန် အရေးကြီးပါသည်။ သူတို့အားစကားပြောရန်၊ သတိ ပေးရန်၊ တားမြစ်ရန်၊ ဆုံးမရန်နှင့်အားပေးရန်ဖြစ်ပါသည်။ ၎င်းသည် ဆက်လက် ဟောကြားသောတရားဟောချက်တစ်ပုဒ်ဖြစ်သည်။ Manuscript 71, 1897. [Ev 496.4]EvBur 649.1

    သြဇာများစွာသက်ရောက်သည် - သီချင်းအစီအစဉ်သည် ဝတ်ပြုခြင်း အစီအစဉ်၌ ပုံမှန်ပါဝင်သောအစီအစဉ်တစ်ခုဖြစ်ပြီး ဆာလံသီချင်းများကို ဒါဝိဒ်မင်းကြီးရေးသားစပ်ဆိုရခြင်းမှာ တဲတော်အစီအစဉ်၌ ယဇ်ပုရောဟိတ် များအသုံးပြုရန်အတွက်သာမကဘဲ နှစ်စဉ်ပွဲများသို့ သူတို့၏ခရီးစဉ်များ၌ လူတို့သီဆိုရန်အတွက်လည်းဖြစ်သည်။ ၎င်း၏သြဇာသည် အလွန်သက်ရောက် မှုရှိပြီး ရုပ်တုကိုးကွယ်ခြင်းမှ သူတို့ကိုကင်းဝေးစေသည်။ ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့မှ ဣသရေလလူမျိုးများတို့၏တိုးတက်အောင်မြင်ခြင်းကိုတွေ့ ရှိ ရသောအခါ ဘုရားသခင်သည် မိမိလူမျိုးများအတွက် ကြီးကျယ်ခမ်းနားသော အမှုကိုဆောင်ရွက်ပေးသည့် ကောင်းမြတ်သောဘုရားဖြစ်ကြောင်း သူတို့အား စဉ်းစားဆင်ခြင်ခြင်းသို့ ပို့ဆောင်စေပါသည်။ Patriarchs and Prophets, p, 711. (1890) [Ev 497.1]EvBur 649.2

    အမှန်တရားသို့ ဆွဲဆောင်ခြင်း - ညအနည်းငယ်မှစပြီး ကျွန်ုပ်၏စိတ်ထဲ တွင် ဤမြို့ကြီးများထဲရှိလူတို့ရှေ့၌ အမှန်တရားကိုမည်ကဲ့သို့ရောက်ရှိအောင် ဆောင်ရွက်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးလျက်ရှိသည်။ အကယ်၍ သူတို့သည် သတင်းစကားကိုကြားရမည်ဖြစ်ပါက အမှန်တရားကိုလူတချို့ ဧကန်အမှန်လက်ခံကြမည်ဖြစ်ပြီး အခြားသူများထံသို့တစ်ဆင့် သူတို့ပြန်လည် ၍ဆက်သွယ်ကြမည်ကို ကျွန်ုပ်တို့သေချာစွာယုံကြည်ပါသည်။ [Ev 497.2EvBur 650.1

    ဓမ္မဆရာများတို့သည် သူတို့၏ပရိသတ်များကို ဤဟောပြောသော အယူဝါဒသည် အန္တရာယ်ရှိကြောင်းသတိပေးပြီး၊ အကယ်၍သူတို့သွားရောက် နားထောင်ကြပါက သူတို့၏ထူးဆန်းသောအယူဝါဒဖြင့် လှည့်ဖြားခြင်းခံရ လိမ့်မည်ဟုပြောပါသည်။ အကယ်၍လူတို့နားမထောင်ကြရန်တားဆီးနိုင်ပါက မမှန်သည့်အစွဲများ ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက် ၍ ကျွန်ုပ်တို့ဆုတောင်းပေးကြပြီး ဘုရားသခင်သည် နောက်ဆုံးသောနေ့များ ၌သတိပေးစကားနှင့်ညွှန်ကြားချက်ကို လူတို့ထံသို့ရောက်ရှိရန် ပြင်ဆင်ပေး လိမ့်မည်။ [Ev 497.3]EvBur 650.2

    တစ်ည၌ကျွန်ုပ်သည် စည်းဝေးတစ်ခုတွင်ရှိနေပုံပေါ်ပြီး ဤကိစ္စ များနှင့်ပတ်သက်၍ပြောနေကြပါသည်။ လွန်စွာတည်ငြိမ်ပြီး သိက္ခာရှိသူတစ်ဦး မှ၊ “သင်တို့အထဲ၌စွမ်းရည်ရှိသည့် အလုပ်လုပ်မည့်အမျိုးသား၊ အမျိုးသမီး များပေါ်ထွက်လာရန် သင်တို့ဆုတောင်းကြပါသည်။ သင်တို့အသိအမှတ်ပြု ရန်လိုသည့် သင်တို့အထဲ၌စွမ်းရည်ရှိသူရှိနေပါသည်” ဟုပြောပါသည်။ ကောင်းသောအဆိုပြုချက်များစွာကိုပြုလုပ်ခဲ့ပြီး လိုအပ်သောစကားများတို့ကို သူတို့အားကျွန်ုပ်ရေးပေးသကဲ့သို့ ပြောဆိုခဲ့ပါသည်။ သူပြောခဲ့သည်မှာ “သင်၏အာရုံစိုက်ခြင်းကို သင်ပြုစုပျိုးထောင်သင့်သည့် သီဆိုတတ်ခြင်းစွမ်းရည် သို့ ကျွန်ုပ်ဆွဲယူသည်။ အကြောင်းမှာ လူတို့၏သီဆိုခြင်းသည် သူ၏ဘုန်း တော်အတွက်အသုံးပြုရန် ဘုရားရှင်ပေးခဲ့ပါသည်။ ဖြောင့်မတ်ခြင်း၏ရန်သူသည် ဤစွမ်းရည်ကို သူ၏လုပ်ငန်း၌ကြီးမားစွာအသုံးပြုနေပါသည်။ ထိုကြောင့် ဤဘုရားပေးသောဆုကျေးဇူးသည် လူတို့အတွက်ကောင်းချီးမင်္ဂလာဖြစ်စေ မည့်အစား ညစ်ညမ်းသွားပြီး၊ မာရ်နတ်၏ရည်ရွယ်ချက်တွင် လွှဲမှားစွာအသုံး ပြုနေပါသည်။ သီဆိုတတ်ခြင်းစွမ်းရည်သည် အကယ်၍ဘုရားသခင်၏အမှ တော်၌ ဆက်ကပ်အသုံးပြုပါက ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်ပါသည်။ ညီအစ်မ၌ ဤစွမ်းရည်ရှိသည်။ သို့သော် ချီးမွမ်းစရာမကောင်းပါ။ သူမ၏ အဆင့်အတန်းကိုဆင်ခြေသုံးသပ်ပါက သူမ၏စွမ်းရည်သည် လူတို့ကိုဆွဲဆောင် ကာ အမှန်တရား၏သတင်းစကားကို လူတို့ကြားရကြလိမ့်မည်။ Letter 62, 1893. [Ev 497.4]EvBur 650.3

    ဘုရားရှင်နှင့်ဆက်သွယ်သည့်လမ်းကြောင်းတစ်ခု - ဆုတောင်းခြင်းဖြင့်သော် လည်းကောင်း၊ ချီးမွမ်းခြင်းသီချင်းများနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်သော် လည်းကောင်း ဘုရားသခင်နှင့်အသက်ရှင်သောဆက်သွယ်မှုရှိရမည်။ Letter 96, 1898.[Ev 498.1]EvBur 651.1

    ရန်သူကိုခုခံရန် - ယခုကလေးငယ်များကဲ့သို့ ခရစ်တော်ကလေးငယ် တစ်ယောက်ဖြစ်ခဲ့စဉ်အခါ၊ အပြစ်ထဲသို့သွေးဆောင်ခြင်းခံခဲ့ရပါသည်။ သို့သော် သူသည် သွေးဆောင်ခြင်းနောက်သို့လိုက်မပါခဲ့ပါ။ သူအသက်ကြီးလာသည် နှင့်အညီ သွေးဆောင်ခြင်းကိုခံခဲ့ရပါသည်။ သို့သော် သီဆိုရန်သူ၏မိခင်သင် ပါသည်။ သူ၏သူငယ်ချင်းများသတိမမူမိဘဲ သူနှင့်အတူသီချင်းဆိုကြပါသည်။ ပေးခဲ့သောသီချင်းများသည် သူ၏စိတ်ထဲ၌ပေါ်လာပြီး ဂုဏ်တော်ကိုသူချီးမွမ်း ရန်သူကိုခုခံနိုင်ရန်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော စိတ်စွမ်းအားတိုင်းကို အသုံးပြုရန် ကျွန်ုပ်တို့အားဘုရားသခင်အလိုရှိသည်။ Manuscript 65, 1901. [Ev 498.2]EvBur 651.2

    ကောင်းကင်၏ဝမ်းမြောက်ခြင်းကိုယူဆောင်ပေးခြင်း - နံနက်စောစောအချိန် တွင် အများအားဖြင့်ခရစ်တော်ကို ဆိတ်ကွယ်ရာအရပ်များ၌တွေ့ရှိရပြီး အာရုံ ပြုခြင်း၊ ကျမ်းစာကိုဖတ်ရှုလေ့လာခြင်းနှင့်ဆုတောင်းခြင်းများကို ပြုလုပ်လေ့ ရှိသည်။ သီချင်းဆိုခြင်းအားဖြင့် သူသည် နံနက်အလင်းကိုကြိုဆိုသည်။ ကျေးဇူးတော်ချီးမွမ်းသောသီချင်းများအားဖြင့် သူ၏လုပ်ငန်းကိုရွှင်လန်းစွာ လုပ်ဆောင်ပြီး ကောင်းကင်၏ဝမ်းမြောက်ခြင်းကို ပင်ပန်း၍စိတ်ဓာတ်ကျသူ များတို့အားပေးသည်။ Ministry of Healing, p. 52. (1905) [Ev 498.3]EvBur 651.3

    ချီးမွမ်းခြင်းသီချင်း — ယေရှုသည် မကြာခဏသူ၏ဝမ်းမြောက်ခြင်းကို ဆာလံသီချင်းများနှင့် ကောင်းကင်နိုင်ငံသီချင်းများသီဆိုခြင်းအားဖြင့်ဖော်ပြသည်။ အများအားဖြင့် နာဇရက်မြို့သူမြို့သားများတို့သည် သူ၏ဘုရားသခင်ချီးမွမ်း သံကိုကြားရပါသည်။ သီချင်းအားဖြင့် သူသည် ကောင်းကင်နှင့်ဆက်သွယ် သည်။ သူ၏မိတ်ဆွေများ မိမိတို့၏လုပ်ငန်း၌ညည်းညူမြည်တမ်းကြသော အခါ၊ သူ၏သီချင်းသံများဖြင့် ရွှင်လန်းကြရသည်။ သူ၏ဂုဏ်တော်ချီးမွမ်း ခြင်းသည် ဆိုးသောကောင်းကင်တမန်များတို့ကို ဝေးရာသို့ထွက်ခွာသွားစေ သည်။ သူ၏သီချင်းသံကိုကြားရသောသူတို့သည် မိမိတို့၏လောကပြည်နှင် ဒဏ်ဘဝမှ ကောင်းကင်အိမ်တော်သို့ ခေါ်ဆောင်သွားခြင်းခံရသည်။ The Desire of Ages, pp. 73, 74. [Ev 499.1]EvBur 652.1

    စိတ်ပျက်ခြင်းကိုတွန်းလှန်သောလက်နက်တစ်ခု - အကယ်၍ ဘုရားရှင်ကို များစွာချီးမွမ်းပြီး စိတ်ပျက်ခြင်းအတွက် ဝမ်းနည်းပူဆွေးစေသောစကားပြောဆို ခြင်းများတို့ကိုရှောင်ရှားပါက အောင်မြင်ခြင်းများစွာရရှိမည်ဖြစ်ပါသည်။ 53, 1896. [Ev 499.2]EvBur 652.2

    သီချင်းအားဖြင့်ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းကိုဖော်ပြကြပါစို့။ စုံစမ်း ခြင်းခံရသောအခါ၊ ခံစားချက်များကိုဖော်ပြမည့်အစား ဘုရားရှင်ထံကျေးဇူးတင် ခြင်းသီချင်းကို ယုံကြည်ခြင်းအားဖြင့်သီဆိုကြပါစို့။ [Ev 499.3]EvBur 652.3

    သီချင်းသည် စိတ်ပျက်ခြင်းကိုတွန်းလှန်ရန် အမြဲအသုံးပြုနိုင်သည့် လက်နက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်ကို ကယ်တင်ရှင်ရှိနေခြင်း၏ နေရောင်ခြည်သို့ တံခါးဖွင့်ပေးသကဲ့သို့ ကျန်းမာခြင်းနှင့်သူ၏ကောင်းချီးမင်္ဂလာ များကို ရရှိစေနိုင်ပါလိမ့်မည်။ Ministry of Healing, p. 254. (1905) [Ev 499.4]EvBur 652.4

    ခရစ်ယာန်ဗဟုသုတကိုထိန်းသိမ်းစောင့်ရှောက်ရန် - နံနက်နှင့်ညဉ့်ဦးယံ၌ သင်၏သားသမီးများနှင့်အတူ ဘုရားရှင်ကိုဝတ်ပြုပြီး နှုတ်ကပတ်တော်ကို ဖတ်ရှု၍ သူ၏ကျေးဇူးတော်ကိုချီးမွမ်းပါ။ ဘုရားရှင်၏ပညတ်တော်ကိုရွတ်ဆို ရန် သူတို့ကိုသင်ပေးပါ။ ပညတ်တော်နှင့်ပတ်သက်၍ ဣသရေလလူမျိုးများ တို့ ဤကဲ့သို့ညွှန်ကြားခြင်းကိုခံခဲ့ရပါသည်။ “သင်၏သားသမီးများတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။” ၎င်းအတိုင်း ဣသရေလလူမျိုးများတို့အား မောရှေသည် တရားစကားများ တို့ကို သီချင်းသံအဖြစ်သို့လမ်းညွှန်ခဲ့ပါသည်။ အရွယ်ကြီးသောကလေးများ သီချင်းတီးသောအခါ၊ အရွယ်ငယ်သောကလေးများချီတက်ပြီး ဘုရားသခင်၏ ပညတ်တော်နှင့်ပတ်သက်သည့်သီချင်းများကို သီဆိုကြပါသည်။ အသက်ကြီး လာသည့်နောက်ပိုင်း၌ ၎င်းကလေးဘဝမှသင်ယူခဲ့ရသော နှုတ်ကပတ်တရား များတို့ကို သူတို့နှလုံးသားထဲ၌မှတ်မိကြပါသည်။ [Ev 499.5]EvBur 653.1

    အကယ်၍ ပညတ်တော်တို့ကို သန့်ရှင်းသောသီချင်းအဖြစ် မောရှေ အနေဖြင့်ရုပ်လုံးဖော်ပြီး တော၌ခရီးသွားကြစဉ် ပညတ်တော်ကိုတစ်ပိုဒ်ပြီး တစ်ပိုဒ် ကလေးများသီဆိုရန်လိုအပ်ပါက ဘုရားသခင်၏နှုတ်ကပတ်တော် ကို ကျွန်ုပ်တို့၏သားသမီးများတို့အား ယခုအချိန်၌ ၎င်းနည်းအတိုင်းသွန်သင် ရန် မည်မျှလိုအပ်ပါလိမ့်မည်နည်း။ ဘုရားသခင်၏ကူညီမစမှုဖြင့် ကျွန်ုပ်တို့ ၏သားသမီးများ ပညတ်တော်ကိုလိုက်လျှောက်နိုင်ကြရန် သွန်သင်ကြပါစို့။ ဘုရားရှင်ကိန်းအောင်ရန် ကျွန်ုပ်တို့၏အိမ်ထောင်များအထဲတွင် ကျွန်ုပ်တို့၌ ရှိသမျှခွန်အားဖြင့် သီချင်းများကိုတီးမှုတ်သီဆိုကြပါစို့။ Review and Her- ald, Sept. 8, 1904. [Ev 500.1]EvBur 653.2

    ကောင်းကင်တစ်ခုလုံးဝမ်းမြောက်စွာသီချင်းဆိုကြသည် - ပျောက်သောသိုးကို သိုးထိန်းတွေ့ ရှိသောအခါ ဖော်ပြခဲ့သောကြီးမားသည့်ဝမ်းမြောက်ခြင်းကို ကျွန်ုပ် တို့၏စိတ်ထဲ၌ မှတ်သားထားရပါမည်။ သူ၏အိမ်နီးနားခြင်းများကိုခေါ်ကာ “ပျောက်သောသိုးကိုငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့။” ကောင်းကင် တစ်ခုလုံးဝမ်းမြောက်စွာသီချင်းသီဆိုကြပါသည်။ ဖခင်ကိုယ်တိုင် ပြန်တွေ့ သောသားကြောင့် ဝမ်းမြောက်၍သီချင်းသီဆိုပါသည်။ မည်မျှသန့်ရှင်းသော ဝမ်းမြောက်ပီတိကို ဤပုံပမာ၌တွေ့ရပါသနည်း။ ထိုဝမ်းမြောက်ခြင်းမျိုးကို ဝေငှရန် သင်၏အခွင့်အရေးဖြစ်ပါသည်။ Testimonies, vol. 6, p. 125. (1900) [Ev 500.2]EvBur 653.3