Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တေးသီချင်းနှင့်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလှုပ်ငန်း

    ဝိညာဉ်ရေးအမှန်တရားကို ထိရောက်စေရန် - သီချင်းသည် ဝိညာဉ်ရေး အမှန်တရားကို စိတ်နှလုံးအပေါ်သို့ထိတွေ့ ခံစားမှုကို ထိရောက်စွာပေးနိုင်သော အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ အများအားဖြင့် သန့်ရှင်းသောသီချင်း ၏စကားလုံးများကြောင့် သံဝေဂတရားနှင့် ယုံကြည်ခြင်း၏စမ်းချောင်းလေး များစီးဆင်းလာပါသည်။ Review and Herald, June 6, 1912. [Ev 500.3]EvBur 654.1

    တေးတူရိယာတန်ဆာပလာများ - သီဆိုခြင်းစွမ်းရည်ကို အလုပ်ထဲသို့ ထည့်သွင်းအသုံးပြုပါ။ တေးတူရိယာတန်ဆာပလာများအသုံးပြုခြင်းကို လုံးဝ ကန့်ကွက်ရန်မရှိပါ။ ရှေးအချိန်ဘာသာရေးအစီအစဉ်များ၌ အသုံးပြုခဲ့ကြပါ သည်။ ဝတ်ပြုကိုးကွယ်သူများတို့သည် စောင်းနှင့်လင်းကွင်းများဖြင့် ဘုရားသခင် ကိုချီးမွမ်းကြပြီး ကျွန်ုပ်တို့၏အစီအစဉ်များ၌လည်း တေးသီချင်းသီဆိုတီးမှုတ် ခြင်းကို အသုံးပြုသင့်သည်။ စိတ်ဝင်စားမှုကို ပို၍များလာစေပါသည်။ Letter 132, 1898. [Ev 500.4]EvBur 654.2

    သီချင်းသီဆိုခြင်းအစီအစဉ်ဖြစ်၊ ဖျော်ဖြေခြင်းအစီအစဉ်မဟုတ် - ကျွန်ုပ်ရှေ့၌ ဖော်ပြသည့်အရာမှာ အကယ်၍အသင်းလူကြီးအနေဖြင့် သူ၏ညီအစ်ကိုများ အကြံပေးချက်ကိုနာခံပြီး သူဆောင်ရွက်နေသည့်လူထုပရိသတ်ကြီးကိုရရှိရန် ကြိုးစားလုပ်ဆောင်ခြင်းမပြုပါက ကောင်းကျိုးအတွက်သြဇာပို၍ရရှိပြီး သူ၏ အလုပ်သည် ပို၍ထိရောက်ခြင်းရှိပေမည်။ ပွဲလမ်းသဘင်နှင့်ဆင်တူရိုးမား ခင်းကျင်းပြသမှုဟူသရွေ့ကို ဖယ်ရှားပစ်သင့်သည်။ အကြောင်းမှာ ၎င်းပြင်ပ ပေါ်လွင်မှုများသည် သူသယ်ဆောင်သောသတင်းစကားအတွက် ထိရောက်မှု မပေးနိုင်ပါ။ ဘုရားရှင်သူနှင့်အတူပါဝင်လုပ်ဆောင်နေသည့်အခါ၊ သူ့အလုပ် အတွက် အကုန်အကျများစွာခံစရာမလိုပါ။ သူ၏အစည်းအဝေးအတွက် ကြော်ငြာစရိတ်များစွာ အကုန်အကျခံရန်မလိုပါ။ တေးသီချင်းအပေါ်၌လည်း များစွာအားကိုးမှီခိုရန်မလိုပါ။ ဤအစီအစဉ်အစိတ်အပိုင်းအတွက် ပွဲလမ်း သဘင်ဖျော်ဖြေရေးပုံစံဖြင့်ကျင်းပခြင်းထက် ဘာသာရေးစည်းဝေး၌ သီချင်း အစီအစဉ်နှင့်အညီ ပို၍ကျင်းပပြုလုပ်သင့်ပါသည်။ Letter 49, 1902. [Ev 501.1]EvBur 654.3

    နှုတ်ကပတ်တော်အတွက်လွန်စွာလိုလားတောင့်တခြင်း - ကမ္ဘာပေါ်ရှိလူအများ တို့၏စိတ်နှလုံးနှင့် အသင်းသူအသင်းသားတို့အပါအဝင် အသက်မုန့်ကို ဆာလောင်ကြပြီး ကယ်တင်ခြင်းရေကိုငတ်နေကြသည်။ သူတို့သည် သီချင်း အစီအစဉ်ကိုစိတ်ဝင်စားကြသော်လည်း ၎င်းကိုတောင့်တလိုချင်စိတ်မရှိ၊ ဆုတောင်းခြင်းကိုပါမရှိပါ။ သူတို့သည် နှုတ်ကပတ်တော်ကိုသာသိရှိလိုကြ သည်။ ဘုရားသခင်ကျွန်ုပ်အားဘာပြောသနည်း။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့၏စိတ်နှလုံးထဲ၌အလုပ်လုပ်နေပြီး သူတို့အားအသက်မုန့်ထံသို့ ဆွဲယူလျက်ရှိသည်။ သူတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းပြောင်းလဲ သည်ကိုတွေ့ ရသည်။ ဘာသာရေးဆိုင်ရာ လူတို့၏ခံစားချက်များ၊ အတွေး အခေါ်များပြောင်းလဲနေသည်။ နှုတ်ကပတ်တော်ဖတ်ရှုရသည့်အတိုင်း သူတို့ လာရောက်နားထောင်ကြသည်။ Manuscript 11, 1899.EvBur 655.1

    သီချင်းတိုင်း၏ရည်ရွယ်ချက် - ကယ်တင်ခြင်းသိပ္ပံသည် တရားဟော ချက်တိုင်း၏ဝန်ထုပ်၊ သီချင်းတိုင်း၏ရည်ရွယ်ချက်ဖြစ်ရမည်။ အသနားခံ တောင်းဆိုချက်တိုင်းဖြင့် အဆက်မပြတ်စီးဆင်းစေပါ။ Manuscript 107, 1898. [Ev 502.1]EvBur 655.2

    စိတ်ထကြွခြင်းကိုရှောင်ပါ - တစ်ဖက်စွန်းဆန့်ကျင်ဘက်သို့ တခြားသူ များသွားနေဆဲဖြစ်သည်။ ဘာသာရေးစိတ်ခံစားချက်ကိုထင်ရှားစေပြီး၊ အထူး အစီအစဉ်၌ လွန်စွာဆန္ဒပြင်းပြခြင်းကိုလည်း ပြသကြသည်။ သူတို့၏ဘာသာ ရေးသည် ခရစ်တော်၌ယုံကြည်မှုတည်နေခြင်းထက် လှုံ့ဆော်မှုတစ်ခုကြောင့် ဖြစ်ပုံပေါ်ကြောင်းတွေ့ ရသည်။ [Ev 502.2]EvBur 656.1

    စစ်မှန်သောဓမ္မဆရာများသည် လူတို့၏နှလုံးသားအတွင်းမှ သန့်ရှင်း သောဝိညာဉ်တော်လှုပ်ရှားခြင်း၏တန်ဖိုးကို နားလည်သည်။ ရိုးသားသော ဘာသာရေးအစီအစဉ်ဖြင့် သူတို့ကျေနပ်ရောင့်ရဲကြသည်။ ရေပန်းစားသော သီချင်းသီဆိုမှုများစွာပြုလုပ်မည့်အစား သူတို့၏အဓိကအာရုံစိုက်ခြင်းကို နှုတ်ကပတ်တော်လေ့လာခြင်းအပေါ်၌ထားရှိပြီး နှလုံးသားထဲမှ ဘုရားသခင် ၏ဂုဏ်တော်ကို ချီးမွမ်းကြသည်။ ပြင်ပဆင်ယင်မှုအထက်၌ အတွင်းဆင်ယင် မှုဖြစ်သော နူးညံ့တည်ငြိမ်သည့်စိတ်သဘောထားခြင်းကို တန်ဖိုးထားသည်။ သူတို့၏နှုတ်ထဲ၌ အပြစ်ဒုစရိုက်ကိုမတွေ့ ရပါ။ Manuscript 21, 1891. [Ev 502.3]EvBur 656.2

    အိမ်ထောင်စုများ၌သီချင်းသာသနာလုပ်ငန်း - ကျောင်းသူကျောင်းသားများ တို့၊ လမ်းမကြီးနှင့်ခြံများသို့ထွက်သွားကြပါ။ အဆင့်မြင့်သူများနှင့်အဆင့်နိမ့် သူများတို့ထံသို့ပါ ကြိုးစား၍ရောက်အောင်သွားကြပါ။ ချမ်းသာသူ၊ ဆင်းရဲ သူတို့၏အိမ်ထဲသို့ဝင်ပြီး အခွင့်အရေးရပါက “ကျွန်ုပ်တို့သီချင်းဆိုခွင့်ရနိုင် မလား” ဟုမေးပြီး သီဆိုခွင့်ရပါက အထူးဝမ်းသာမည်ဟုပြောပါ။ ထိုနောက် သူတို့စိတ်နှလုံးများပျော့ပျောင်းလာသည်နှင့် ဘုရားကောင်းချီးမင်္ဂလာအတွက် ဆုတောင်းပေးရန်လမ်းပွင့်လာပါလိမ့်မည်။ လူအများငြင်းပယ်ကြမည်မဟုတ် ပါ။ Review and Herald, Aung. 27, 1903. [Ev 502.4]EvBur 656.3

    ” တစ်အိမ်မှတစ်အိမ်သို့ သာသနာ့လုပ်ငန်း - အလွယ်ကူဆုံးသောသီချင်းများ တို့ကိုဆိုရန်သင်ယူပါ။ တစ်အိမ်မှတစ်အိမ်သို့သွားခြင်း၌ အကူအညီရရှိပြီး ဝိညာဉ်တော်၏သြဇာအားဖြင့် စိတ်နှလုံးသားများကိုထိတွေ့စေလိမ့်မည်။ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့သင်ယူရသည်မှာ၊ ကောင်းကင်တမန်များတို့ သည် နောင်တရသောအပြစ်သားတစ်ဦးအတွက် ဝမ်းမြောက်ကြပြီး၊ ဘုရားရှင် ကိုယ်တိုင် သူ့အသင်းတော်အပေါ်သီချင်းအားဖြင့် ပျော်ရွှင်ဝမ်းမြောက်ခြင်း ရှိပါလိမ့်မည်။ Review and Herald, Nov. 11, 1902. [Ev 502.5]EvBur 656.4

    သီချင်းဖြင့်ဆုံးဖြတ်ချက်များကို တောင်းယူခြင်း - လွန်ခဲ့သည့်ည ကျွန်ုပ် အိပ်မက်ထဲ၌ အမျိုးသားလူပျိုလူရွယ်တစ်စုထံသို့ ကျွန်ုပ်စကားပြောနေပါသည်။ “ဆွဲဆောင်လုနီးပါး” ဟူသောသီချင်းကို သူတို့အားကျွန်ုပ်ဆိုခိုင်းသည်။ ပါဝင် သူတချို့အလွန်စိတ်ထိခိုက်ကြသည်။ သူတို့ဆွဲဆောင်ခြင်းခံရလုနီးပါးဖြစ်သည် ကို ကျွန်ုပ်သိသည်။ သို့သော် အကယ်၍သူတို့သည် ခရစ်တော်ထံသို့ပြန် လာရန် ခိုင်မာသောကြိုးစားမှုများမပြုလုပ်ပါက သူတို့၏အပြစ်နှင့်ပြည့်ဝခြင်း ကိုယုံကြည်ရာ၌ သူတို့အားစွန့်ခွာသွားပေမည်။ သင်ဝန်ချတောင်းပန်မှုတချို့ ပြုခဲ့ပြီး သင့်အားကျွန်ုပ်မေးခဲ့ပါသည်။ “ယခုသင်ဘုရားသခင်ဘက်၌ရပ်တည် မည်လား။” သင်ယေရှုကိုလက်ခံပါက သူသင့်ကိုလက်ခံလိမ့်မည်။ Letter 137, 1904. [Ev 503.1]EvBur 657.1

    ကားပေါ်သီချင်းအစီအစဉ်ဖြင့် ဗဟုသုတ - ဥပုသ်နေ့၌ ကျွန်ုပ်တို့သီချင်း သီဆိုခြင်းအစီအစဉ်ရှိသည်။ ညီအစ်ကိုလောရင့်(Lawrence) သီချင်းဆရာ တစ်ဦး၊ သီချင်းအစီအစဉ်ကိုဦးဆောင်ခဲ့သည်။ ကားပေါ်ရှိခရီးသည်များအားလုံး အစီအစဉ်အပေါ် လွန်စွာဝမ်းမြောက်ကြပြီး အများသောသူတို့သည် ပါဝင် သီဆိုကြပါသည်။ [Ev 503.2]EvBur 657.2

    တနင်္ဂနွေနေ့၌ အသင်းလူကြီး ခေါလစ်(စ) (Corliss) အနည်းငယ် စကားပြောခဲ့ပြီးနောက် ကျွန်ုပ်တို့သီချင်းသီဆိုခြင်းအစီအစဉ်ရှိပါသည်။ သူစကားပြောစဉ် သူအသုံးပြုသောကျမ်းချက်မှာ၊ “ဘုရားသခင်၏သားတော် ဟုခေ၊ဝေါ်ခြင်းအခွင့္ကို ငါတို့သည်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့” ဖြစ်ပါသည်။ ခရီးသည်များ စိတ်ပါဝင်စားစွာနားထောင်ကြပြီး ပြောဆိုသော စကားကို သူတို့နှစ်သက်ပုံပေါ်သည်။ [Ev 503.3]EvBur 657.3

    တနင်္လာနေ့ရောက်လာသောအခါ သီချင်းများပိုမိုသီဆိုခဲ့ကြပြီး တစ်ဦး နှင့်တစ်ဦးရင်းနှီးလာကြသကဲ့သို့ ခံစားလာမိကြသည်။ Letter 135, 1905. [Ev 503.4]EvBur 658.1

    ကမ္ဘာသစ်၌တေးသီချင်း - ဘုရားသခင်၏လက်တွင်းသို့ မိမိတို့ကိုယ် ကိုဆက်ကပ်အပ်နှံသောမည်သူမဆို ... သူတို့အားဘုရားသခင်ဖြစ်စေလိုပြီး လုပ်စေလိုသောအရာအားလုံးကို လုပ်ဆောင်သောသူတို့သည် ဘုရင်ကိုသူ၏ လှပခြင်းရှိသည့်အတိုင်း တွေ့မြင်ရလိမ့်မည်။ သူ၏နှိုင်းယှဉ်၍မရသောဆွဲဆောင် မှုကိုမြင်တွေ့ ရပြီး သူတို့၏ရွှေစောင်းကောက်များကိုကိုင်လျက် သာယာသော တေးသံနှင့်သိုးသငယ်သီချင်းများဖြင့် ကောင်းကင်တစ်ခုလုံးကိုပြည့်လျှံစေလိမ့် မည်။ [Ev 503.5]EvBur 658.2

    ဤနေရာ၌သင်ကြားနာခဲ့ရသောတူရိယာသံများကို ကျွန်ုပ်ကြားလိုပါ သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကြားရဖို့အလိုရှိသည်။ ကျွန်ုပ်တို့၏စိတ်၊ နှလုံးသားနှင့်အသံအားဖြင့် သူ့အားချီးမွမ်းခြင်းကိုပြုပြီး ကမ္ဘာရှေ့၌ သူ၏နာမ တော်ကိုထင်ရှားစေရန် သူအလိုရှိသည်။ Review and Herald, June 15, 1905. [Ev 503.6]EvBur 658.3