Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အင်္ဂလန်နှင့်၎င်း၏မြို့များ

    သူတို့ ကိုမည်ကဲ့သို့ သတိပေးရကြမည်နည်း - နောက်ဆုံးသတိပေးစကားကို မကြားရသေးသော အင်္ဂလန်နိုင်ငံရှိမြို့ကြီးများနှင့် ဥရောပတိုက်အတွင်းရှိ သန်းပေါင်းများစွာသောလူဦးရေရှိကြပါသည်။ သူတို့ကိုမည်ကဲ့သို့သတိပေး ကြရမည်နည်း။ အကယ်၍ဘုရားသခင်၏လူတို့သည် ယုံကြည်ခြင်းတစ်ခုတည်း သာတိုးပွားစေကြပါက အလုပ်ပြီးစီးရန်အံ့သြဖွယ်ရာများကို ဘုရားရှင်ပြုလုပ် ပေလိမ့်မည်။ ခရစ်တော်၏စကားများကိုနားဆင်ပါ။ “မြေကြီးပေါ်မှာသင်တို့ တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ဆုတောင်းလျှင်၊ တောင်းသမျှသော ဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော် မူလတ္တံ့။” တန်ဖိုးရှိသောကတိတော်ဖြစ်ပါသည်။ ကျွန်ုပ်တို့ယုံကြည်ကြပါ သလား။ အကယ်၍ အဖွဲ့တစ်ခု၏ညီညွတ်သောဆုတောင်းခြင်းများသည် အသက်ရှင်သောယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ရောက်ရှိ ပါက မည်ကဲ့သို့သောအံ့သြဖွယ်ရာအကျိုးများကို တွေ့ရှိရမည်နည်း။ ယေရှု သည် ဤတောင်းလျှောက်ခြင်းများတို့ကို ခမည်းတော်ထံသို့ပို့ဆောင်ပေးရန် အဆင်သင့်ရှိကြောင်းပြောသည်မှာ၊ “ဤပုဂ္ဂိုလ်များကို နာမည်ဖြင့်ကျွန်ုပ်သိ သည်။ သူတို့၏ဆုတောင်းခြင်းအဖြေကိုပို့ပေးလိုက်ပါ။ ငါသည် ကိုယ်လက်ဝါး ၌သင့်ကိုစာထိုးပြီ။” Historical Sketches, p. 152. (1886) [Ev 414.1]EvBur 539.2

    လန်ဒန်မြို့၌အမှန်တရားကို ဟောပြောခြင်း - အသင်းတော်၌စိတ်အား ထက်သန်မှုလိုအပ်ပြီး ထိုစိတ်အားထက်သန်ခြင်းကို ပညာဖြင့်ထိန်းသိမ်း စောင့်ရှောက်ရပါမည်။ ဝိညာဉ်များကိုကယ်တင်ရာ၌ သင်သည် အေးအေး ဆေးဆေးသာဆောင်ရွက်လျက်ရှိသည်။ အကယ်၍ လန်ဒန်မြို့နှင့်ပတ်ဝန်းကျင် မြို့များတို့တွင် အမှုဆောင်ရွက်ခြင်းကိုတွေ့ ရပါက သင်သည် စည်းလုံးစွာဖြင့် တားဆီး၍မရသော တန်ခိုးအရှိန်အဟုန်ဖြင့်ဆောင်ရွက်လိမ့်မည်။ အမှန်တရား အောင်ပွဲခံသင့်သည်ဟု သင်ယူဆပါက သင်သည် ကြိုးစားလုပ်ဆောင်ပြီး အမှန်တရားစံချိန်ကိုခိုင်မာစွာစိုက်ထူပါ။ သူရဲဘောကြောင်ခြင်း၊ စိုးရိမ်မှုဖြင့် လှုပ်ရှားခြင်းများတို့သည် ယုံကြည်ခြင်းမပါရှိသောကြောင့် မျှော်လင့်သည့် အကျိုးများကို အနည်းငယ်သာရရှိရခြင်းဖြစ်ပါသည်။ [Ev 414.2]EvBur 540.1

    အင်္ဂလန်နိုင်ငံ၌ လုပ်ငန်းနှေးကွေးရခြင်း၏အကြောင်းမှာ လူတို့ကို အံ့သြခြင်းဖြစ်စေမည့်စိုးရိမ်မှုကြောင့် လူတို့၏အကျင့်များနှင့်ဓလေ့ထုံးစံများကို ရင်ဆိုင်ရာတွင် စိုးရိမ်စိတ်ရှိသည့်အတွက် ကြီးမားသောသာသနာ့လုပ်ငန်းကို နှေးကွေးစွာဖြင့် ဆောင်ရွက်သွားခြင်းကြောင့်ဖြစ်သည်။ သူတို့သည် ယခု အချိန်ထက်ပို၍များစွာအံ့သြရန်လိုအပ်သည်။ ဘုရားသခင်၏လုပ်ငန်းကို လျင်မြန်စွာဆောင်ရွက်ရန်လိုသည်။ ဝိညာဉ်များတို့သည် အမှန်တရားကို နားမလည်ကြဘဲ ပျက်စီးခြင်းသို့ရောက်နေကြသည်။ [Ev 415.1]EvBur 540.2

    သတိပြုရန်လိုအပ်သည်။ သို့သော် တချို့ အမှုဆောင်များတားဆီး ခြင်းခံရပြီး အရှိန်အဟုန်ကိုလျှော့ကြသည်။ အကယ်၍ တက်တက်ကြွကြွ လုပ်ဆောင်ရန်လိုအပ်ခြင်းကို တွေ့မြင်သောသူတို့နှင့်ပူးပေါင်းလုပ်ဆောင်ခြင်း မပြုပါက ဝိညာဉ်များစွာပျောက်ဆုံးပြီး အခွင့်အရေးများကျော်လွန်သွားကာ ဘုရားသခင်ပြင်ဆင်ပေးထားသောလမ်းကို ခွဲခြားသိမြင်ကြမည်မဟုတ်ပါ။ Letter 31, 1892. [Ev 415.2]EvBur 541.1

    အင်္ဂလန်နိုင်ငံ၌ကြီးမားသောအလုပ်တစ်ခု - အင်္ဂလန်နိုင်ငံ၌ ကြီးမားသော အလုပ်တစ်ခုကိုဆောင်ရွက်ရမည်။ လန်ဒန်မြို့ မှတောက်ပသောအလင်းသည် ရှင်းလင်းထင်ရှားစွာဖြင့်ထွန်းလင်းသင့်ပြီး အခြားအရပ်ဒေသများတိုင် ရောင်ခြည် များကိုကွန့်မြူးစေရမည်။ ဘုရားသခင်သည် အင်္ဂလန်နိုင်ငံ၌အလုပ်လုပ်နေ သော်လည်း အင်္ဂလိပ်စကားပြောဆိုကြသောကမ္ဘာကြီးကို လျစ်လျူရှုလျက် နေသည်။ အင်္ဂလန်နိုင်ငံသည် အမှုဆောင်များပို၍လိုအပ်ပြီး ငွေကြေးများ ပို၍များစွာလိုအပ်လျက်ရှိသည်။ လန်ဒန်မြို့ကိုတို့ထိခြင်းလုံးဝမရှိသေးပါ။ “ဤကြီးမားသောမြို့ကြီး၏အခြေအနေကို ကျွန်ုပ်ရှေ့၌တင်ပြသောအခါ ကျွန်ုပ် ၏စိတ်ထဲ၌ နာကျင်စွာခံစားနေရသည်။ [Ev 415.3]EvBur 541.2

    လန်ဒန်မြို့တစ်ခုတည်းအထဲ၌ လူပေါင်းတစ်ရာထက်မနည်း လုပ်ငန်း တွင်ပါဝင်သင့်သည်။ ဘုရားသခင်သည် မိမိ၏အလုပ်ကိုလျစ်လျူရှုခြင်း အတွက် မှတ်သားထားပြီး၊ ဤကြီးလေးသောပျက်ကွက်သည့်တာဝန်ကို တစ်ကြိမ်ပြီးတစ်ကြိမ်ဖြေရှင်းသွားကြရပါလိမ့်မည်။ 6T, pp. 25, 26. (1900) [Ev 415.4]EvBur 541.3

    အမှုဆောင်စစ်သည်တော်တစ်စု - အင်္ဂလန်နိုင်ငံ၌လိုအပ်နေသည့်အလုပ် သည် ဤတိုင်းပြည်၌ ကျွန်ုပ်တို့အတွက်အရေးကြီးသောမေးခွန်းတစ်ခုဟု ကျွန်ုပ်တွေ့ မြင်ရသည်။ တရုတ်ပြည်နှင့်အခြားနိုင်ငံများအကြောင်း ကျွန်ုပ်တို့ ပြောဆိုနေကြသည်။ အကယ်၍ အမှန်တရားကိုအင်္ဂလိပ်ဘာသာစကားပြောဆို သောနိုင်ငံများတို့၌ဟောပြောကြပါက အများသောပုဂ္ဂိုလ်တို့သည် လက်ခံပြီး လိုက်လျှောက်ကျင့်သုံးကြမည်ကို မမေ့သင့်ကြပါ။EvBur 541.4

    အဘယ်ကြောင့်အင်္ဂလန်နိုင်ငံ၌ ပို၍မလုပ်ဆောင်ဘဲနေကြပါသနည်း။ မည်သည့်အကြောင်းကြောင့်နည်း။ အမှုဆောင်များငွေကြေးမရရှိကြပါ။ လုပ်ငန်း တိုင်း၌ငွေကြေးလိုအပ်ကြောင်း ကျွန်ုပ်တို့အားပြောဆိုနေကြသည်မဟုတ်ပါ လား။ [Ev 416.1]EvBur 542.1

    လန်ဒန်မြို့တော်၌ လူတစ်ဦး၊ သို့မဟုတ် နှစ်ဦးတည်းဖြင့် လုပ်ငန်းကို ဆောင်ရွက်နိုင်သည်ဟု မယူဆကြပါနှင့်။ ဤအရာသည် မှန်သောအစီအစဉ် မဟုတ်ပါ။ လုပ်ငန်းဦးဆောင်နိုင်သူလိုအပ်သကဲ့သို့ အဆင့်အတန်းမတူညီ သည့်ပုဂ္ဂိုလ်များတို့ထံသို့ သွားရောက်ဟောပြောနိုင်ရန် အမှုဆောင်စစ်သည် တော်များရှိရပါမည်။ တစ်အိမ်တက်တစ်အိမ်ဆင်း လုပ်ငန်းကိုဆောင်ရွက်ကြ ရမည်။ GC Bulletin, April 22, 1901. [Ev 416.2]EvBur 542.2

    ငွေကြေးအထောက်အပံ့ရရှိပါလိမ့်မည် - လန်ဒန်မြို့တော်၌ လုပ်ဆောင်ရန် သည့်ကူညီမှုကို ပြင်ပမှရရှိပါလိမ့်မည်။ ငွေကြေးရှိသူများ မိမိတို့၏ငွေကြေး လုပ်ငန်းရှိသည်။ ဤအလုပ်ကိုလုပ်နိုင်ကြောင်း ကျွန်ုပ်အလင်းရရှိခဲ့ပြီး လိုအပ် ကိုပေးလိမ့်မည်။ သူတို့ထံငွေကြေးတောင်းခံရန် သင်အားငယ်ရန်မလိုပါ။ GC Bulletin, April 22, 1901. [Ev 416.3]EvBur 542.3

    စည်းဝေးနေရာ၊ ကောင်းသောခန်းမဆောင်များကိုငှားယူပါ - လုပ်ငန်းအစပြုသည့် အချိန်၌ အကယ်၍ကျွန်ုပ်တို့၏ညီအစ်ကိုများ ချွေတာလျက်ကြိုးစားအားထုတ် ခြင်းမပြုခဲ့ပါက အင်္ဂလန်၌ ယခုလုပ်ငန်းပို၍တိုးတက်နေမည်ဖြစ်သည်။ အကယ်၍သူတို့သည် ကောင်းသောခန်းမဆောင်များတို့ကိုငှားပြီး ကြီးမား သောအမှန်တရားကို ကျွန်ုပ်တို့ရရှိသကဲ့သို့ လုပ်ငန်းကိုဆောင်ရွက်ကြပါက ပို၍အောင်မြင်မှုရရှိကြပါမည်။ တတ်နိုင်သမျှအကောင်းဆုံးဆောင်ရွက်ခြင်းဖြင့် လူတို့၏စိတ်ကို ဦးစွာဆွဲဆောင်စေနိုင်သည့်အစပြုလုပ်ဆောင်နိုင်ခြင်းကို ဘုရားရှင်အလိုရှိပါသည်။ Gospel Workers, p. 462. (1915) [Ev 416.4]EvBur 542.4

    ဇာတ်နှင့်အဆင့်အတန်းပြဿနာများ - မှန်ပါသည်။ အင်္ဂလန်နိုင်ငံ၌ အမှန်တရားကိုဟောပြောခြင်းသည် ခက်ခဲမှုများစွာရှိနေပါသည်။ ဤအထဲ၌ အကြီးမားဆုံးသောအဓိကခက်ခဲမှုမှာ အဆင့်အတန်းသုံးမျိုးအခြေအနေထဲ၌ ခြားနားမှုရှိနေခြင်း၊ ဇာတ်နိမ့်ဇာတ်မြင့်၏ခံစားချက်သည် နိုင်ငံထဲ၌လွန်စွာ ပြင်းထန်လျက်ရှိခြင်းဖြစ်သည်။ မြို့ထဲ၌အရင်းရှင်များ၊ ဆိုင်တာဝန်ခံများနှင့် နေ့စားအလုပ်သမားများနှင့် တိုင်းပြည်အတွင်းမြေပိုင်ရှင်များ၊ အငှားလယ်သမား များနှင့်လယ်လုပ်သားများတို့သည် အဓိကအားဖြင့် အဆင့်အတန်းသုံးမျိုး သုံးစားကို တွေ့ရှိရပါသည်။ ၎င်းတို့၏စပ်ကြား၌ ပညာရေး၊ အတွေး၊ အခြေအနေများအားဖြင့် ကွာခြားမှုသည် ကြီးမားလွန်းလှသည်။ ပုဂ္ဂိုလ်တစ်ဦး တည်းဖြင့် တစ်ချိန်တည်း၌ အဆင့်အတန်းအားလုံးအတွက် လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အလွန်ခက်ခဲလှသည်။ ချမ်းသာကြွယ်ဝခြင်းသည် ကြီးမား ခြင်းနှင့်တန်ခိုးသြဇာရှိခြင်းဖြစ်သည်။ နွမ်းပါးခြင်းသည် ကျွန်ဘဝထက် အနည်းငယ်မျှသာနည်းပါးသည်။ ဤကဲ့သို့ဖြစ်နေရခြင်းသည် ဘုရားရှင် မည်သည့်အခါမျှဖြစ်ပေါ်စေရန်အလိုမရှိခဲ့ပါ။ Historical Sketches, p. 164. (1886)EvBur 543.1

    သာ၍အဆင့်မြင့်သူများကိုအဆင့်နိမ့်သူများအားဖြင့်ချဉ်းကပ်ခြင်း - လူဦးရေ များသောနိုင်ငံတစ်ခု၌ ချမ်းသာသူများတို့၏အစေခံသူများ များပြားပြီး၊ အထက်တန်းလူတန်းစားတို့၏စေခိုင်းရာကို ဆောင်ရွက်ရသောဓလေ့ထုံးစံမှာ ကြာညောင်းခဲ့ရာ လူအများမနှစ်သက်သည့်အမှန်တရားတိုးတက်ရန် မျှော်လင့် ခြင်းသည် အစ၌နှေးကွေးပေလိမ့်မည်။ သို့သော် ညီအစ်ကိုများ၊ သည်းခံ လျက်လုပ်ဆောင်ကြပါက လုပ်ကိုင်ဆောင်ရွက်သူများ နိုးကြားပြီးအခွင့်အရေး တိုင်းကိုတိုးတက်အောင် သေချာစွာကြိုးစားလုပ်ဆောင်ကြကာ အလင်းတရား ကိုဖြန့်ဝေခြင်းဖြင့် ဝိညာဉ်ပေါင်းများစွာကို အင်္ဂလိပ်နယ်မြေ၌ရိတ်သိမ်းရပါ လိမ့်မည်။ လိမ္မာပါးနပ်စွာ ဇွဲလုံ့လဖြင့်ကြိုးစားလုပ်ဆောင်ခြင်းကြောင့် များစွာ သောငွေကြေးထောက်ပံ့မှုကို လူတို့ထံသို့ဟောပြောရန်အတွက် ရရှိပါလိမ့် မည်။ [Ev 417.1]EvBur 543.2

    အထက်တန်းလွှာလူတန်းစားထံသို့ ဟောပြောသက်သေခံရန် အမြဲ တစေခက်ခဲမှုများရှိခြင်းမှာ အမှန်ပင်ဖြစ်သံည်။ သို့သော် အမှန်တရားသည် ကျော်ကြားသူများထံသို့ အလယ်အလတ်လူတန်းစားနှင့် ဆင်းရဲနွမ်းပါးသူများ တို့ထံ အလျင်ရောက်ရှိခြင်းအားဖြင့် တစ်ဆင့်ရောက်ရှိသည်ကို မကြာခဏ တွေ့ရှိရပါသည်။ Historical Sketches, p. 166. (1886) [Ev 417.2]EvBur 544.1

    သတိဖြင့် ဆောင်ရွက်ရန်အလုပ်တစ်ခုအတွက်ခေါ်ယူခြင်း - ဩစတြေးလျ ၌အောင်မြင်ခဲ့သည့်နည်းတူ အင်္ဂလန်၌အောင်မြင်ခြင်းမရှိသည့်အတွက် သင်အပြစ်တင်ပြောဆိုရန်မသင့်ပါ။ ဂရင်း(စ)ဘီနှင့်အယ်လ်စဘီ၌သော်လည်း ကောင်း၊ အခြားနေရာ၌သော်လည်းကောင်း တန်ဖိုးရှိသောဝိညာဉ်များတချို့ ကို ရရှိပေလိမ့်မည်။ ဆော့သန်ထန်၌ ကောင်းသောဝိညာဉ်တချို့ ရှိပြီး ကျွန်ုပ် တွေ့ဆုံခဲ့သောညီအစ်ကိုနှင့် အဆက်အသွယ်ရှိသောသူတချို့တို့သည်လည်း ကောင်းသည်ဟု ကျွန်ုပ်တွေ့မြင်ရပါသည်။ ကောင်းသည့်အချက်တိုင်းကို ကျွန်ုပ်တို့ကဲ့သို့ သူတို့မမြင်ရသည့်အတွက် သူတို့၏ကိစ္စများ၌ဆောင်ရွက်ရန် ပညာသားလိုအပ်ပြီး ကျွန်ုပ်တို့တတ်အားသရွေ့ ကွာခြားမှုကို ကျွန်ုပ်တို့၏ စပ်ကြား၌ ပို၍မများလာရန် ပေါင်းစည်းဆောင်ရွက်သင့်ကြသည်။ [Ev 417.3]EvBur 544.2

    ကျွန်ုပ်ယုံကြည်သည်မှာ အကယ်၍သူမ၏ကိစ္စ၌ ပါးနပ်စွာဆောင်ရွက် ပါက ထိုညီအစ်မသည် ရှေ့သို့ရောက်ရှိလာမည်ဖြစ်သည်။ ထိုသို့သောသူ များကို ချန်လှပ်ထားခြင်းမပြုဘဲ မွန်မြတ်သောအမှန်တရားသို့ရောက်ရှိလာရန် ကြိုးစားပြီးခေါ်ဆောင်လာသင့်သည်။ ထိုအမျိုးသမီးကို အမှုဆောင်တစ်ဦး အဖြစ် ကျွန်ုပ်တို့အလိုရှိသည်။ ၎င်းသည် သိုးများကိုရှာဖွေရန် ကောင်းသော အလုပ်ဖြစ်ပြီး သူတို့ကိုခေါ်ဆောင်ရန် ကြိုးပမ်းမှုတိုင်းကိုပြုလုပ်ရမည်။ သူတို့၏ ထူးဆန်းသောအတွေးအခေါ်များနှင့် မှားယွင်းသောအမြင်အားလုံးကိုဖျောက်ပစ်ရန် အချိန်ယူရမည်ဖြစ်သည်။ သည်းခံလုပ်ဆောင်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့နှင့် ဝေးကွာ၍မသွားရန် သတိပြုရပါမည်။ သူတို့နှင့်အတူဘုရားသခင်အလုပ်လုပ် နေပြီး လွန်ခဲ့သောအချိန်ကို ကျွန်ုပ်ကြည့်လိုက်သည့်အခါ စိတ်ပျက်စရာများ ကို ကျွန်ုပ်တို့တွေ့ ရခြင်းသည် အောင်မြင်နိုင်ရန်အတွက်ကြီးမားပြီး အင်္ဂလန် နိုင်ငံအဟောင်းမှာကဲ့သို့ ကျွန်ုပ်တို့ကျေနပ်ရောင့်ရဲရပါလိမ့်မည်။ Letter 50, 1887. [Ev 418.1]EvBur 544.3

    အင်္ဂလန်နိုင်ငံ၌သစ္စာရှိသူများအတွက်ဘုရားရှင်တာဝန်ယူလိမ့်မည် - ညီအစ်ကို အက်(စ)၊ အိပ်(ချ်)လိန်းနှင့်အတူ ကျွန်ုပ်တို့သည် လန်ဒန်မြို့နှင့်မိုင် (၄ဝ) အကွာမြို့ငယ်လေး ရိုက်(စ)လီသို့သွားကြသည်။ ထိုနေရာ၌ ညီအစ်ကိုလိန်း နှင့်ဒူးလန်းတို့သည် (၄) ပတ်တရားပွဲကျင်းပနေပြီးဖြစ်သည်။ ထိုင်ခုံ (၃၀၀) ခန့်ရှိပြီး ညအချိန်၌လူပြည့်လျှံကာ အပြင်ဘက်တွင်လူပေါင်းများစွာမတ်တတ်ရပ် လျက်ရှိသည်။ [Ev 418.2]EvBur 545.1

    ဤသူများတို့အတွက် ကျွန်ုပ်အထူးစိတ်ဝင်စားပြီး ဝမ်းမြောက်စွာ သူတို့နှင့်အတူ အချိန်ယူကာပို၍နေလိုပါသည်။ ပရိသတ်ထဲ၌ ဂုဏ်သရေရှိ အမျိုးသမီးများစွာရှိနေသည်ဟု ကျွန်ုပ်ပြောနိုင်ပါသည်။ များစွာသောသူတို့ သည် ဥပုသ်နေ့ကိုစောင့်ရန်ပြောဆိုနေကြသည်။ အမျိုးသားများတို့သည်လည်း အမှန်တရားကိုယုံကြည်ကြသည်။ သို့သော် သူတို့အတွက်မေးခွန်းတစ်ခုမှာ၊ ဥပုသ်စောင့်ခြင်းဖြင့် တင့်တယ်စွာနေထိုင်နိုင်ပါမည်လား၊ မိသားစုစားဝတ် နေရေးဖူလုံပါမည်လားဟုဖြစ်သည်။ ရိုးသားသောပုဂ္ဂိုလ်များတချို့ စတင်၍ ဥပုသ်စောင့်ကြသည်။ ထိုသို့ယုံကြည်သူများအနေဖြင့် ပြင်းထန်သောစမ်းသပ် ခြင်းကိုခံရလိမ့်မည်။ သို့သော် ကျေးငှက်များကိုကျွေးမွေးသောပုဂ္ဂိုလ်သည် သူ့ကိုချစ်ပြီးကြောက်ရွံ့သောသူတို့အား သာ၍စောင့်ရှောက်ကျွေးမွေးမည်မဟုတ် ပါလား။ အင်္ဂလန်နိုင်ငံရှိ သူ၏ရိုးသားပြီးသစ္စာရှိသောသားသမီးများကို ဘုရားသခင်သည်ကြည့်ရှုပြီး သူ၏ပညတ်တော်များကိုစောင့်ရှောက်သောသူတို့ အတွက် လမ်းပြင်ဆင်ပေးလိမ့်မည်။ Historical Sketches, p. 163. (1886) [Ev 418.3]EvBur 545.2