Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စုံစမ်းလေ့လာခြင်းနှင့်မေးစွန်းထုတ်ခြင်းအစည်းအဝေးများ

    စည်းဝေးပြီးဆုံးသည့် နောက်စိတ်ဝင်စားသူကိုခေါ်ခြင်း - ယခုအချိန်အတွက် ခိုင်မာသောအမှန်တရားကို လူတို့အားအသိပေး၍ ရှင်းလင်းပြသရမည်။ များတို့တိုင် ရောက်လာသမျှသောသူအားလုံးတို့အတွက် ကျွန်ုပ်တို့လုပ်ဆောင် အစည်းအဝေးသို့လာသောအဆင့်ပို၍မြင့်သူများနှင့် အဆင့်အနိမ့်ဆုံးသောသူ ကြရမည်။ သတိပေးစကားပြောပြီးသည့်နောက် အထူးစိတ်ဝင်စားသောသူတို့ ကိုခေါ်ယူကာ သူတို့ပြောင်းလဲရန်အတွက်လုပ်ဆောင်ကြရမည်။ ဤလုပ်ငန်း မျိုးသည် သာသနာ့လုပ်ငန်း၏အမြင့်ဆုံးသောစေခိုင်းခြင်းဖြစ်သည်။ Letter 86, 1900.EvBur 175.2

    မည်ကဲ့ သို့ ခရစ်ယာန်ဖြစ်လာရမည်ကိုသွန်သင်ပါ - ဝိညာဉ်များတို့သည် ရှုပ်ထွေးသောအမြင်ဖြင့် အမှန်တရားကိုမလိုက်လျှောက်ရန်နှင့် ယေရှုထံမိမိ တို့၏ဆန္ဒနှင့်စိတ်ကို မည်ကဲ့သို့ဆက်ကပ်အပ်နှံရမည်ကိုမသိရန် ဤအချက်ကို ရှင်းလင်းစွာနားလည်ပြီး သူတို့ကိုသွန်သင်ရန်ကျွန်ုပ်ဆန္ဒရှိသည်။ ခရစ်ယာန် များမည်ကဲ့သို့ဖြစ်လာရန် အထူးညွှန်ကြားခြင်းပြုဖို့ သူတို့အလိုရှိသည်။ ဤလောက၌ ခရစ်တော်အတွက်အမှုထမ်းခြင်းသည် ကြီးမားသောလုပ်ဆောင် မှုများနှင့် အံ့ဩဖွယ်သောအောင်မြင်မှုများကဲ့သို့ မပြုလုပ်ခဲ့ကြပါ။ ဤအရာ များသည် လိုအပ်သောအရာကဲ့သို့ဖြစ်လာလိမ့်မည်။ သို့သော် အအောင်မြင် ဆုံးသောအလုပ်သည် မိမိတို့၏အတ္တစိတ်ကို ဖြစ်နိုင်သရွေ့ဘေးဖယ်ထားခြင်း ဖြစ်သည်။ ဤအလုပ်သည် နှုတ်ကပတ်တော်ကို တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်း ပေါ်မှာတစ်နည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာအနည်းငယ်ကြင်နာ မှုဖြင့် လူတို့၏နှလုံးသားများနှင့်နီးကပ်စေရမည်။ ဤလုပ်ငန်းသည် ယေရှု ခရစ်တော်အတွက်ဆောင်ရွက်သောလုပ်ငန်းဖြစ်ပြီး နောက်ဆုံးသောနေ့ရက်၌ အသိအမှတ်ပြုခြင်းခံရလိမ့်မည်။ Letter 48, 1886. [Ev 152.1]EvBur 175.3

    တွေ့ဆုံ မေးမြန်းပြီးနောက်လူတို့ နှင့်နီးကပ်စွာနေပါ - အချက်အလက်များကို တစ်ချက်ပြီးတစ်ချက် လျင်မြန်စွာပြောသွားခြင်း၌ အန္တရာယ်ရှိသည်။ တိုသော သင်ခန်းစာများကိုပေးပါ။ ၎င်းနောက် အများအားဖြင့် တန်ဖိုးရှိသောအမှန် တရား၏ဘဏ္ဍာများကို လူတို့အားဖွင့်ပြပြီးသည့်နောက် စိတ်ဝင်စားလာသူတို့ အတွက် ကြီးမားသောအလုပ်ဖြစ်သည့်အကြောင်းအရာများကို ဟောပြောရန် ရှိသေးသည်။ [Ev 152.2]EvBur 176.1

    တိုတိုတုတ်တုတ်စကားပြောပြီးနောက် လုပ်ဆောင်မှုများတို့၏အစီအစဉ် ကိုပြောင်းလိုက်ကာ ဆန္ဒရှိသူများအတွက် ဆွေးနွေးကြရန်ကျန်ရစ်ခဲ့စေခြင်း၊ ကျမ်းစာလေ့လာခြင်း၊ သူတို့နားမလည်သည့်အကြောင်းအရာများအပေါ် မေးခွန် မေးမြန်းခြင်းအခွင့်အရေးကိုပေးပါ။ ဤကျမ်းစာသင်ခန်းစာလေ့လာခြင်း၌ လူတို့နှင့်ရင်းနှီးမှုရှိခြင်းအားဖြင့် ကြီးမားသောအောင်မြင်မှုကို သင်တွေ့ရလိမ့် မည်။ ဓမ္မဆရာများနှင့်ဆက်နွှယ်၍ အလုပ်လုပ်သောအမှုဆောင်များတို့သည် သည်းခံခြင်း၊ ကြင်နာခြင်းဖြင့် အထူးကြိုးစားလုပ်ဆောင်သင့်ကြပြီး လေ့လာ မေးမြန်းသူများတို့အား အမှန်တရားကိုသိရှိနားလည်စေရန် သင်ကြားပို့ဆောင် ကြရပါမည်။ [Ev 152.3]EvBur 176.2

    အကယ်၍ သင်ပို့ချရမည့်သူတစ်ဦးထက်ပို၍မရှိပါက ၎င်းတစ်ဦး တည်းသောပုဂ္ဂိုလ်အား ကောင်းမွန်စွာယုံကြည်ရန်သင်ကြားခြင်းအားဖြင့် အခြား သူများသို့သူသိရှိသောအလင်းကို ဆက်သွယ်ပေးပါလိမ့်မည်။ ဤခိုင်မာသော အမှန်တရားများသည် လွန်စွာအရေးကြီးသောကြောင့် သူတို့တစ်ကြိမ်ပြီးတစ်ကြိမ် ဟောပြောခြင်းအားဖြင့် ကြားနာရသူများတို့၏စိတ်ထဲ၌ စွဲမြဲစေနိုင်ပါသည်။ Special Testimonies, Series A, No. 7, p. 7. (1874) [Ev 152.4]EvBur 177.1

    မေးခွန်းများပေးရန်အခွင့် အရေးတစ်ခု - သင့်လျော်သည်ဟုထင်ရသည့် အချိန်များ၌ အရေးကြီးသောဟောပြောခြင်းအပြီးတွင် သမ္မာကျမ်းစာလေ့လာ ခြင်းကိုဆက်လက်ပြုလုပ်သင့်သည်။ ဤအချိန်၌ဟောပြောခဲ့သောအရာများကို ပြန်လည်ဆွေးနွေးခြင်း၊ မေးခွန်းများမေးခြင်းအားဖြင့် မှန်သောအမြင်များကို စိတ်ထဲ၌စွဲမြဲစေနိုင်ပါသည်။ သည်းခံလျက်လူတို့အားပညာပေးခြင်းနှင့် မိမိ တို့၏ကိုယ်ရေးကိစ္စကိုဖော်ပြရန် အခွင့်အရေးပေးခြင်းတို့၌ အချိန်များစွာ အသုံးပြုသင့်သည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းသည် ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်းသင်ကြားခြင်းကို လူတို့လိုအပ်ခြင်းဖြစ်သည်။ [Ev 153.1 ]EvBur 177.2

    အထူးအစည်းအဝေးများကိုလည်း ဟောပြောခဲ့သောအမှန်တရားများ ကို စိတ်ဝင်စားလာသူများအတွက်နှင့် သွန်သင်မှုလိုအပ်သူများအတွက်ကျင်းပ ပေးသင့်သည်။ ဤစည်းဝေးများသို့ လူတို့ကိုခေါ်ဖိတ်ပြီး ယုံကြည်သူ၊ မယုံ ကြည်သူအားလုံးတို့အား မိမိတို့ကောင်းမွန်စွာနားမလည်သည့်အကြောင်းအရာ များအပေါ် မေးခွန်းမေးနိုင်ရန်အခွင့်အရေးပေးသင့်သည်။ အားလုံးကိုမိမိတို့ မရှင်းမလင်းသောကိစ္စများအတွက် စကားပြောရန်အခွင့်အရေးပေးပါ။ ၎င်းအခွင့် အရေးကိုသူတို့ရသင့်သည်။ တရားဟောချက်အားလုံးနှင့် သမ္မာကျမ်းစာလေ့လာ ခြင်းအားလုံးတို့၌ ရှင်းလင်းပြတ်သားစွာ၊ “ဘုရားသခင်မိန့်တော်မူသည်ကား” ဟူသည့် ယုံကြည်ခြင်းနှင့်ဘာသာရေးယုံကြည်ချက်များအတွက် ထောက်ခံ ပြောဆိုခြင်းပါရှိသည့်အကြောင်းအရာများကို လူတို့အားတွေ့မြင်စေပါ။ [Ev 153.2]EvBur 177.3

    ဤအရာသည် ခရစ်တော်၏သွန်သင်ခြင်းနည်းစနစ်ဖြစ်သည်။ လူတို့ ထံသို့သူပြောဆိုသောအခါ၊ သူ၏ပြောဆိုသောအဓိပ္ပါယ်အပေါ် သူတို့မေးခွန်း ထုတ်ပါသည်။ နှိမ့်ချခြင်းဖြင့် အလင်းရှာဖွေသူများအတွက် သူ၏စကားကို ရှင်းပြရန် အမြဲအဆင်သင့်ရှိသည်။ သို့သော် ဝေဖန်ခြင်းနှင့်အပြစ်ရှာခြင်းကို ခရစ်တော်အားမပေးပါ။ ကျွန်ုပ်တို့လည်းအားမပေးသင့်ပါ။ လူတို့သည် ကြိုးစား၍ အယူဝါဒ၏ငြင်းခုံစရာအချက်အလက်များကိုဆွေးနွေးခြင်း၌ ဒေါသ ဖြစ်စေရန်နှိုးဆွပေးသောအခါ၊ ဤအစည်းအဝေးသည် ဤရည်ရွယ်ချက်အတွက် ကျင်းပခြင်းမဟုတ်ကြောင်း သူတို့ကိုပြောပြပါ။ [Ev 153.3]EvBur 178.1

    မေးခွန်းတစ်ခုကိုသင်ဖြေဆိုသောအခါ၊ သင်၏အဖြေကိုကြားနာရသူ များအတွက်တွေ့မြင်၍ နားလည်အသိအမှတ်ပြုကြောင်းကိုသေချာစေပါ။ မေးလာ သောမေးခွန်းကိုဂရုမစိုက်ဘဲမနေပါနှင့်။ တစ်ဖန်ထပ်မံ၍မေးရန်သူတို့ကိုပြော ပါ။ တစ်ဆင့်ပြီးတစ်ဆင့်ခံစားကြည့်ပါ။ သင်မည်မျှဆောင်ရွက်နိုင်သည်ကို နားလည်ပါ။ [Ev 153.4 ]EvBur 178.2

    ထိုသို့သောအစည်းအဝေးတို့၌ သတင်းစကားကိုနားလည်သောသူတို့ အနေဖြင့် အမှန်တရား၏အချက်အလက်များအပေါ် အလင်းကိုပေးနိုင်သည့် မေးခွန်းများကိုမေးနိုင်ပါသည်။ သို့သော် တချို့သောသူများ ဤကဲ့သို့ပြုလုပ် နိုင်စွမ်းမရှိပါ။ မေးလာသောမေးခွန်းများတို့၌ ရှုပ်ထွေးခြင်းနှင့်သံသယမျိုးစေ့ များကို စိတ်ထဲ၌ဖြစ်ပေါ်စေသောအခါ ထိုမေးခွန်းမျိုးကိုရှောင်ကြဉ်ရန်အကြံ ပေးသင့်သည်။ မည်သည့်အချိန်၌စကားပြောရမည်၊ တိတ်ဆိတ်စွာနေရမည်၊ မည်သည့်အချိန်၌ယုံကြည်ခြင်းမျိုးစေ့ကိုကြဲရမည်၊ မှောင်မိုက်မဟုတ်ဘဲ အလင်း ကိုဝေငှရမည်ကို ကျွန်ုပ်တို့သင်ယူကြရမည်။ Testimonies, vol. 6, pp. 68, 69. (1900) [Ev 153.5]EvBur 178.3

    မေးခွန်းများအားဖြင့်လူတို့ ကိုဆွဲယူပါ - တိုတိုတုတ်တုတ်ဟောပြောခြင်း ပြီးသည့်နောက် တစ်ဆက်တည်းမှာပင်ပြောခဲ့သောအရာအပေါ် ကျမ်းစာသင် ပေးပြီး မေးခွန်းများဖြင့်လူတို့ကိုဆွဲယူပါ။ သင်၏သတင်းစကားကိုနားထောင် သောသူများတို့၏စိတ်နှလုံးကိုတိုက်ရိုက်ထိတွေ့ စေပြီး သူတို့၏အခက်အခဲ များကိုတင်ပြရန်တောင်းဆိုခြင်းအားဖြင့် သူတို့နားမလည်သောသမ္မာကျမ်းစာ အကြောင်းကို သင်ရှင်းပြနိုင်လိမ့်မည်။ Letter 8, 1895.EvBur 179.1

    ကောင်းမွန်စွာကာကွယ်ရန်အချက်တစ်ခု - ဘုရားသခင်သည် မိမိ၏လူ တို့အထဲ၌ အထူးသောလုပ်ငန်းတစ်ခုကိုလုပ်ရန်ရှိသောအခါတိုင်း၊ သူတို့၏ စိတ်ထဲ၌ တန်ခိုးနှင့်ပြည့်ဝသောအမှန်တရားကိုစဉ်းစားဆင်ခြင်ရန် နှိုးဆွမှုပေး သောအခါ စာတန်မာရ်နတ်သည် သူတို့နားလည်ရန်မလိုအပ်သည့်အချက်နှင့် စည်းလုံးမှုမရှိသည့်အရာကိုယူဆောင်လာခြင်းနှင့် အရေးကြီးလိုအပ်သည့်အချက် မှလွဲသွားစေရန် သူတို့၏စိတ်ကိုအခြားအရေးမကြီးသောအရာသို့ လမ်းကြောင်း ပြောင်းပေးလိုက်သည်။ ဤအရာဖြစ်ပျက်လာသောအခါ ဘုရားသခင်သည် လူတို့၏စိတ်နှလုံးထဲ၌ သူ၏ကယ်တင်ခြင်းရရှိရန် လိုအပ်သောဖိအားများကို ပြုလုပ်ပေးပါသည်။ ထိုနောက် အကယ်၍ မာရ်နတ်သည် သူတို့၏စိတ်ကို အရေးမကြီးသောကိစ္စတချို့တို့ထံသို့ဆွဲဆောင်သွားပြီး လူတို့ကိုတချို့သော သေးငယ်သည့်အချက်အပေါ်ခွဲခြားရန်ဖြစ်စေပါက သူတို့၏စိတ်သည် အလင်း နှင့်အမှန်တရားကိုခုခံတားဆီးကာ သူသည် ထိခိုက်နစ်နာစေလိုသောအမှန် တရားထဲ၌ အားရဝမ်းသာခြင်းရှိလိမ့်မည်။ Review and Herald, Oct. 18, 1892. [Ev 154.2]EvBur 179.2

    တိုက်ခိုက်မှုပေါ်ပေါက်ခြင်း၊ ယုံကြည်မျှော်လင့်ချက်ကုန်ဆုံးခြင်း - စာတန် မာရ်နတ်သည် လူတို့၏စိတ်ကို လောကအရာများနှင့်အမြဲလမ်းကြောင်း လွဲပြောင်းလိုက်ပြီး သူတို့၏စိတ်ထဲ၌ အမှန်တရား၏အရှိန်အဟုန်ကိုပျောက်ကွယ် စေနိုင်သည်။ ထိုနောက် အလင်းနှင့်အသိတရားမှ ပို၍ကြီးသောအလင်းနှင့် အသိတရားသို့တိုးတက်ခြင်းရှိလိမ့်မည်မဟုတ်ပါ။ ခရစ်တော်၏တပည့်တော် များတို့သည် အမှန်တရားကို အစဉ်တစိုက်ကျင့်သုံးခြင်းမရှိပါက သူတို့သည် အမှန်တရားအားဖြင့် သန့်ရှင်းခြင်းရှိကြမည်မဟုတ်ပါ။ မေးခွန်းများ၊ မှန်းဆ ချက်များနှင့်အရေးမကြီးသောကိစ္စရပ်များတို့သည် သူတို့၏စိတ်ကိုပိုင်ဆိုင်ကာ သူတို့သည် အပြောသမားများသာဖြစ်ပြီး အပြစ်ရှာခြင်းနှင့်ရန်တွေ့လိုခြင်း စကားများကိုသာပြောကာ အရေးမကြီး၍မလိုအပ်သော ခြားနားသည့်အတွေး အခေါ်ကိုသာ ဟောပြောပါလိမ့်မည်။ [Ev 154.3]EvBur 179.3

    ဘုရားအတွက်အမှုဆောင်သောသူသည် ရန်သူ၏ရည်ရွယ်ချက်ကို တွေ့မြင်တတ်သော လုံလောက်သည့်သတိပညာရှိရမည်ဖြစ်ပြီး မှားယွင်းသော လမ်းသို့ပို့ဆောင်ခြင်းကို ငြင်းဆန်ရမည်။ ကြားနာရသူများတို့၏ဝိညာဉ်ပြောင်းလဲ ခြင်းသည် သူတို့၏အလုပ်ဝန်ထုပ်ကြီးတစ်ခုဖြစ်ပြီး အငြင်းပွားခြင်းကိုမပြု၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသာ ဟောပြောရမည်။ [Ev 155.1]EvBur 180.1

    မာရ်နတ်၏အထူးလိမ်လည်လှည့်ဖြားသောအလုပ်သည် အငြင်းပွား မှုကိုနှိုးဆွပေးပြီး၊ ခိုက်ရန်ဖြစ်စေသောစကားများတို့သည် မည်သည့်အကျိုး မျှမရှိပါ။ ဤအရာများသည် စိတ်နှင့်အချိန်ကိုပိုင်ဆိုင်လိမ့်မည်အကြောင်း သူကောင်းကောင်းသိသည်။ ၎င်းသည် ရန်တွေ့ခြင်းကိုဖြစ်ပေါ်စေပြီး ယုံကြည် ခြင်းကိုလူအများတို့၏စိတ်၌ငြိမ်းစေပါသည်။ လူတို့၏သဘောထားကွဲလွဲမှုကို ဖြစ်စေခြင်း၊ ပြစ်တင်ခြင်း၊ အထင်အမြင်လွဲမှားခြင်းနှင့် အမှန်တရား၏တံခါး ကိုပိတ်စေခြင်းတို့ကို ဖြစ်စေပါသည်။ Review and Herald, Sept. 11, 1888. [Ev 155.2]EvBur 180.2

    ယုံကြည်လာသူများတို့ နှင့် အတူ ဆု တောင်းခြင်း - ဓမ္မအမှုဆောင်များနှင့် သာသနာပြုသူများတို့သည် အမှန်တရားကိုယုံကြည်လာသောသူများတို့နှင့်အတူ အချိန်များစွာယူ၍ ကြိုးစားဆုတောင်းကြရမည်။ ခရစ်တော်သည် သင်နှင့်အတူ အမြဲရှိကြောင်းသတိရပါ။ ဘုရားသခင်သည် ရိုးသားနှိမ့်ချသောအမှုဆောင်ကို ခွန်အားပေးရန် သူ၏ကျေးဇူးတော်ကို အလွယ်တကူဖြင့်တန်ဖိုးအရှိဆုံးပြသ ခြင်းပြုလျက်ရှိသည်။ Manuscript 78, 1900. [Ev 155.3]EvBur 180.3

    စိတ်ရှုပ်ထွေးသူများကိုကူညီပါ - အစည်းအဝေးသို့လာသောသူများစွာ တို့သည် နွမ်းနယ်၍လေးသောအပြစ်ဝန်ထုပ်ကို ထမ်းရွက်နေရပါသည်။ သူတို့ ၏ဘာသာရေးယုံကြည်ခြင်း၌လုံခြုံမှုမရှိဟု သူတို့ခံစားနေရပါသည်။ ဒုက္ခနှင့် ရင်ဆိုင်နေရပြီး ဝိညာဉ်ရေး၌အနားယူလို၍ အကူအညီလိုအပ်သောသူတို့အား အခွင့်အရေးပေးသင့်သည်။ သတင်းစကားဟောပြောပြီးနောက် ခရစ်တော် နောက်သို့လိုက်လိုသောသူတို့အား မိမိတို့၏ဆန္ဒကိုဖော်ပြရန် ဖိတ်ခေါ်သင့် သည်။ ခရစ်တော်ကြွလာခြင်းအတွက် ပြင်ဆင်မှုပြုရာ၌ ကျေနပ်မှုမရှိသူများ နှင့် လေးလံသောဝန်ထုပ်ကိုထမ်းနေရသည်ဟု ခံစားရသူများအားလုံးကို မိမိ တို့ကိုယ်တိုင်သီးသန့်ခွဲခြား၍နေရန်ခေါ်ဖိတ်ပါ။ ဝိညာဉ်ခွန်အားရှိသူများကို ဤပုဂ္ဂိုလ်များတို့နှင့်စကားပြောဆိုစေပါ။ သူတို့နှင့်အတူ သူတို့အတွက်ကို ဆုတောင်းပေးပါ။ ဆုတောင်းခြင်းနှင့်နှုတ်ကပတ်တော်သေချာစွာရှာဖွေလေ့လာ ခြင်း၌ အချိန်များစွာယူပါ။ သူတို့သည် အမှန်တကယ်ဖြောင့်မတ်ခြင်းတရား ကိုဆာငတ်နေသောကြောင့် သူတို့အားလုံးတို့သည် စစ်မှန်သောယုံကြည်ခြင်း ကို မိမိတို့ကိုယ်တိုင် စိတ်နှလုံးထဲ၌ရရှိရန် ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်သည် သူတို့အားပေးလိမ့်မည်။ မိမိတို့ကိုယ်ကို ဘုရားရှင်ထံ မည်ကဲ့သို့ဆက်ကပ်ရမည်၊ မည်ကဲ့သို့ယုံကြည်ရမည်၊ ကတိတော်များကို မည်ကဲ့သို့တောင်းဆိုရမည်တို့ကို သူတို့အားသွန်သင်ပါ။ ဘုရားသခင်ကို နက်ရှိုင်းစွာချစ်ကြောင်း အားပေးစကားများ၊ ပြောဆိုသောစကားများအားဖြင့် ပေါ်လွင်စေပါ။ Testimonies, vol. 6, p. 65. (1900) [Ev 155.4 ]EvBur 181.1