Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၁)—အမေရိကန်မြို့ကြီးများအတွင်းရှိလုပ်ငန်း

    နယူးရော့မြို့

    သွားရမည့်သတင်းစကား - ၁၉ဝ၁ ခုနှစ်၊ ဆောင်းကာလနယူးရော့မြို့ ၌ရှိစဉ် မြို့ကြီးထဲရှိအလုပ်နှင့်ပတ်သက်သောအလင်းကို ကျွန်ုပ်ရရှိခဲ့ သည်။ တစ်ညပြီးတစ်ည ကျွန်ုပ်တို့၏ညီအစ်ကိုများဆောင်ရွက်သင့်သည့် အလုပ်ကို ကျွန်ုပ်ရှေ့၌ဖော်ပြခဲ့သည်။ နယူးရော့မြို့ကြီး၌သတင်းစကားသည် တောက်လောင်သောမီးခွက်ပမာ ဆောင်ယူသွားကြရမည်။ ဤလုပ်ငန်း လုပ်ဆောင်မည့်သူများကို ဘုရားသခင်ပေါ်ထွန်းစေပြီး သူ၏ကောင်းကင်တမန် များကို သူတို့၏ရှေ့၌သွားစေတော်မူမည်။ ကျွန်ုပ်တို့၏ မြို့ကြီးများကို လျင်မြန် စွာထိုးဖောက်နိုင်သော်လည်း အခြေအနေသည် ကမ္ဘာကိုရေမလွှမ်းမိုးမီအချိန် ကကဲ့သို့သော်လည်းကောင်း၊ သူတို့၏အခြေအနေသည် သောဒုံမြို့ကဲ့သို့သော် လည်းကောင်း ရှိနေသည့်တိုင် ကြွလာခြင်းသတင်းစကား၏ထိတ်လန့်ဖွယ် အမှန်တရားများကို သူတို့နားထောင်ရသည့်အခါ ဝိညာဉ်တော်၏ပြောင်းလဲ ခြင်းစိတ်ကိုခံစားရမည့် ရိုးသားသောသူများစွာရှိနေသေးပါသည်။ နယူးရော့ မြို့ကြီး၌အလုပ်လုပ်ရန်အဆင်သင့်ရှိနေပါသည်။ ထိုမြို့ထဲ၌ အမှန်တရား၏ သတင်းစကားကို ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဟောပြောရလိမ့်မည်။ လုပ်ဆောင်မည့်သူတို့အား ဘုရားသခင်ခေါ်နေသည်။ အမှုတော်တွင် ဗဟုသုတ ရရှိထားသူများတို့ကိုခေါ်ယူပြီး နယူးရော့မြို့ နှင့်အမေရိကန်ပြည်ရှိ အခြားမြို့ ကြီးများ၌ သတင်းစကားကိုဆောင်ယူကာ ဟောပြောရကြလိမ့်မည်။ ဤလုပ်ငန်း အတွက်အသုံးပြုရန်ကြေးငွေကိုလည်း သူတောင်းဆိုလျက်ရှိပါသည်။ Testimonies, vol. 7, pp. 54, 55. (1902) [Ev 384.1]EvBur 499.1

    နယူးရော့မြို့ကြီး- ကမ္ဘာ့အတွင်းအလုပ်၏ပုံပမာတစ်ခု - နယူးရော့မြို့၌ အလုပ် ၏ဝန်ထုပ်ကိုသယ်ဆောင်သောသူတို့သည် အကူအညီရရန်အကောင်းဆုံးသော အမှုဆောင်များတို့ကို ရရှိရလိမ့်မည်။ ဤနေရာ၌ ဘုရားရှင်၏လုပ်ငန်းအတွက် ဗဟိုဌာနတစ်ခုပြုလုပ်ရမည်ဖြစ်ပြီး လုပ်ဆောင်လေသမျှတို့၌ ကမ္ဘာပေါ်တွင် လုပ်ဆောင်သော ဘုရားသခင်တွေ့ မြင်လိုသည့်ဆန္ဒနှင့်ကိုက်ညီသည့်လုပ်ငန်း ပုံပမာတစ်ခုကဲ့သို့ လုပ်ဆောင်ကြပါစို့။EvBur 500.1

    နယူးရော့မြို့ တွင် ဘုရားသခင်သည် ဗာလဘုရားရှေ့၌ဒူးမထောက် သော တန်ဖိုးရှိသည့်ဝိညာဉ်များစွာရှိနေပြီး သူတို့မသိသောကြောင့်သာ မှားယွင်း နေသည့်လမ်းများထဲ၌ လျှောက်သွားနေကြခြင်းဖြစ်သည်။ ထိုကြောင့် ခရစ်တော် သည် လမ်းခရီး၊ သမ္မာတရားနှင့်အသက်ဖြစ်ကြောင်းကို သူတို့တွေ့ မြင်စေ ခြင်းငှာ ထိုသူတို့အပေါ်အမှန်တရား၏အလင်းကို ထွန်းလင်းပေးရလိမ့်မည်။ [Ev 385.1]EvBur 500.2

    ခရစ်တော်ကိုချစ်သောစိတ်ဓာတ်ဖြင့် ကျွန်ုပ်တို့သည် အမှန်တရားကို ဟောပြောရလိမ့်မည်။ ဖြုန်းတီးခြင်း၊ သို့မဟုတ် ဝါကြွားခြင်းဖြင့် ဆောင်ရွက် ခြင်းမပြုရပါ။ ခရစ်တော်၏အမိန့်တော်အတိုင်း ဆောင်ရွက်ရလိမ့်မည်။ ဧဝံဂေလိ သတင်းစကားကို နှိမ့်ချစွာ၊ ရိုးသားစွာဖြင့် ရှေ့သို့ဆောင်ရွက်ကြရမည်။ အမှုဆောင်များတို့သည် ပြင်ပပေါ်လွင်မှုများကို ပုံတူကူးချခြင်းမပြုစေပါနှင့်၊ တားမြစ်ထားပါသည်။ နှုတ်ကပတ်တော်ကိုသင်ကြားခြင်းဖြင့် ဘုရားသခင် သည် သူ၏ဝိညာဉ်တန်ခိုးသက်ရောက်မည်ဖြစ်ပြီး ကြားနာရသူများတို့၏စိတ် ကို ပြောင်းလဲစေလိမ့်မည်။ Testimonies, Vol. 7, p. 38. (1902) [Ev 385.2EvBur 500.3

    ဘုရားသခင်၏အမိန့် ဟော်အတိုင်းလုပ်ဆောင်ခြင်း - ကျွန်ုပ်တို့၏လုပ်ဆောင် ခြင်းပုံစံသည် ဘုရားသခင်၏အမိန့်တော်အတိုင်းဖြစ်ရမည်။ ကျွန်ုပ်တို့၏မြို့ ကြီးများတို့၌ ဘုရားသခင်အတွက်လုပ်ဆောင်ခြင်းသည် လူ၏အကြံအစည် အတိုင်းမဖြစ်စေရပါ။EvBur 500.4

    ကျွန်ုပ်တို့၏အလုပ်၌ ခရစ်တော်လုပ်ခဲ့သောနည်းလမ်းကို ကျွန်ုပ်တို့ သတိရရမည်။ သူသည် ကမ္ဘာကြီးကိုဖန်ဆင်းခဲ့သည်။ လူကိုဖန်ဆင်းခဲ့သည်။ ထိုနောက်သူသည် ကမ္ဘာသို့လူပုဂ္ဂိုလ်တစ်ဦးအဖြစ်လာခဲ့ပြီး ကမ္ဘာသူကမ္ဘာသား များတို့အား အပြစ်ကင်းမဲ့စွာမည်ကဲ့သို့အသက်ရှင်ရမည်ကို ပြသခဲ့သည်။ [Ev 385.4]EvBur 501.1

    ညီအစ်ကို၊ သင့်အားနယူးရော့မြို့၌အမှုထမ်းဆောင်ရန် တံခါးဖွင့်ထား ပေးသည်။ သင်၏သာသနာ့လုပ်ငန်းသည် အခြားမြို့များ၌လုပ်ကိုင်သော ဖြစ်ရမည့်ပုံသက်သေတစ်ခုအနေဖြင့် ဖြစ်စေရမည်။ အလုပ်ကိုမည်ကဲ့သို့လုပ်ကိုင် ရမည်၊ မျိုးစေ့ကိုမည်ကဲ့သို့စိုက်ပျိုးရမည်နှင့် အသီးအနှံကိုမည်ကဲ့သို့ရိတ်သိမ်း ရမည်ကို သင်ပြသရမည်။ သင်နှင့်အတူပူးတွဲလုပ်ကိုင်သူများ၊ အလုပ်ကို နားလည်သဘောပေါက်စွာပါဝင်ပြီး သင်နှင့်အပြည့်အဝကြင်နာသနားခြင်းရှိ မည့်သူများရှိပါသည်။ [Ev 385.5]EvBur 501.2

    နယူးရော့မြို့၌ သင်၏အလုပ်ကို သင်မှန်သောဦးတည်ချက်ဖြင့်အစပြု ခဲ့ပါသည်။ နယူးရော့မြို့၌ သာသနာ့လုပ်ငန်းကိုဗဟိုပြုပြီး ထိုနေရာမှအောင်မြင် စွာရှေ့သို့လုပ်ငန်းကိုလုပ်ဆောင်နိုင်ပါသည်။ အမှုဆောင်များအတွက် သင်တန်း ကျောင်းဌာနတစ်ခုဖြစ်ရန် ဘုရားသခင်အလိုရှိသောကြောင့် မည်သည့်အရာ မျှအနှောင့်အယှက်ပြုရန်အခွင့်မရှိစေရပါ။ လူတို့သည် အမှန်တရားကိုမြတ်နိုး ၎င်းအမှန်တရား၌ရပ်တည်ပြီးသည်နောက် ကျမ်းစာ၏အမှန်တရားကို မည်။ လူတို့၏ခန္ဓာ၊ စိတ်၊ ဝိညာဉ်တစ်ခုလုံးကိုပြောင်းလဲနိုင်ရန်အတွက် လုံးလုံးလက်ခံရန်အတွက် သူတို့အားပညာပေးရာ၌ ဘုရားသခင်ပြုပြင်ပေးလိမ့် ခိုင်မာကျစ်လျစ်ပြီး သေချာစွာဆောင်ရွက်နိုင်မည့်ကူညီမစသူတို့ကို သင်ရွေးချယ် ရပါလိမ့်မည်။ ခိုင်မာသောအုတ်မြစ်တစ်ခုကို ဧဝံဂေလိစီမံကိန်းများအပေါ် ချထားခြင်းမှာ အသင်းတော်ကိုဆောက်တည်ရန်အတွက် ချထားရပါမည်။ Letter 150, 1901. [Ev 385.6]EvBur 501.3

    မြို့တော်ကြီးများ၌ဆေးသာသနာလုပ်ငန်းနှင့် ကျောင်းလို အပ်ခြင်း - နယူးရော့မြို့ အနီးပတ်ဝန်းကျင်၌ အကျွန်ုပ်တို့သည် ဆေးရုံတစ်ဆောင်နှင့်ကျောင်းတစ်လုံး လိုအပ်ပြီး ၎င်းကိုရရှိရန်လွန်စွာနှောင့်နှေးပါက ပို၍ခက်ခဲလာပါလိမ့်မည်။ [Ev 386.1]EvBur 502.1

    အိမ်ကဲ့သို့သောနေရာတစ်ခုကို ကျွန်ုပ်တို့၏သာသာနာ့အမှုဆောင်များ အတွက် မြို့ပြင်၌ရရှိခြင်းသည် သင့်လျော်ပါလိမ့်မည်။ သူတို့အတွက်သန့်ရှင်း သောရေကိုရရှိသည့်အကျိုး၊ ညစ်ညမ်းသောအရာအားလုံးမှကင်းဝေးရခြင်းအကျိုး သည် အလွန်အရေးကြီးသောအရာဖြစ်သည်။ ဤအကြောင်းရင်းကြောင့် မကြာခဏတောင်ကုန်းများပေါ်ရှိ နေရာထိုင်ခင်းများတို့၏အကျိုးသက်ရောက် မှုကို စဉ်းစားဆင်ခြင်ခြင်းသည် သင့်လျော်သောအရာဖြစ်သည်။ ထိုနောက် အမှုဆောင်များတို့၏အကျိုးအတွက် သီးနှံပင်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင် ရန် မြေယာတချို့ ကိုလည်းရရှိသင့်ပါသည်။ သာသနာ့လုပ်ငန်းတစ်ခုအတွက် တတ်နိုင်သမျှကျန်းမာခြင်းနှင့်ညီညွတ်သည့်နေရာတစ်ခုကိုရရှိစေပြီး ဆေးရုံ ကလေးနှင့်ဆက်သွယ်မှုနီးကပ်စေပါ။ ရိုးရိုးကုသမှုပြုနိုင်သည့် မြို့တွင်းရှိနေရာ တစ်ခုကိုလည်း ပိုင်ဆိုင်သင့်ပါသည်။ [Ev 386.2]EvBur 502.2

    ၎င်းအိမ်မျိုးသည် ကျွန်ုပ်တို့၏အမှုဆောင်များအတွက် မြို့တွင်း စိတ်လှုပ်ရှားမှုနှင့်ရှုပ်ထွေးမှုများမှကင်းဝေးပြီး ငြိမ်းချမ်းစွာအနားယူရာနေရာ ဖြစ်ပေလိမ့်မည်။ တောင်ကုန်းများပေါ်တက်ခြင်း၏ကိုယ်လက်လှုပ်ရှားမှုသည် ကျွန်ုပ်တို့၏ဓမ္မဆရာများအတွက်၊ သမားတော်များအတွက်နှင့် အခြားကိုယ် လက်လှုပ်ရှားခြင်းလုံလောက်စွာမရရှိသည့် အန္တရာယ်နှင့်ကြုံတွေ့ရသောအမှုဆောင် များတို့အတွက် မကြာခဏကြီးမားသောအကျိုးတစ်ခုဖြစ်ပါသည်။ [Ev 386.3] ထိုသို့သောအိမ်များကို မြို့များတို့၏အနီးအနား၌ရရှိစေပြီး စွမ်းဆောင် နိုင်သောသူများတို့၏စိတ်အားထက်သန်သောဆန္ဒဖြင့်ကြိုးစားကာ ကမ္ဘာသို့ ပြောရမည့်သတိပေးစကားကို ဤမြို့များသို့ဟောပြောစေပါ။ မြို့အနည်းငယ် ကိုသာ ကျွန်ုပ်တို့ဆောင်ရွက်နိုင်သေးသည်ကိုတွေ့ရပါသည်။ Medical Ministry, p. 308. (1909) [Ev 386.4]EvBur 502.3

    အကောင်းဆုံးကူညီမှု - နယူးရော့မြို့၌ ဆေးသာသနာပြုလုပ်ငန်းကို သင်အစပြုလုပ်ဆောင်လျှင် သင်အကောင်းဆုံးလုပ်နိုင်မည့်အရာတစ်ခုဖြစ်ပေ လိမ့်မည်။ အကယ်၍ထိုနေရာ၌လုပ်ဆောင်မည့်အလုပ်ကို မှန်သောဆေးသာသနာ ပြုအလုပ်ကို မှန်ကန်စွာသရုပ်ဖော်ဆောင်ရွက်နိုင်သော ဗဟုသုတရှိသူများဖြစ် ပါက လူတို့အပေါ်မှန်သောဩဇာသက်ရောက်မှုကိုပြုလုပ်ရာ၌ ကြီးမားသော တန်ခိုးကိုဖြစ်စေလိမ့်မည်။ Letter 195, 1901. [Ev 387.1]EvBur 503.1

    အတည်တကျမရှိသောဆေးသာသနာ့လုပ်ငန်း - နယူးရော့မြို့၌ရိတ်သိမ်းရန် မှည့်လျက်ရှိသော ဝိညာဉ်အသီးများစွာရှိ၏။ ဤမြို့ကြီး၌ ဗာလဘုရားရှေ့ တမန်ပြောသည်မှာ၊ “ကြည့်ရှုလော့၊ လူအားလုံးအတွက်ကြီးစွာသောဝမ်းမြောက် တွင်ဒူးမထောက်သည့် ထောင်ပေါင်းများစွာသောသူရှိကြသည်။ ကောင်းကင် ဖွယ်သတင်းကောင်းကို သင့်အတွက်ငါယူဆောင်လာ၏။” နယူးရော့မြို့၌ “လူမျိုးစုံ” နေထိုင်လျက်ရှိသည်။ ကျွန်ုပ်တို့၏ဆန္ဒမှာ ဤနှစ်သစ်တွင် ဆရာ များတို့သည် နယူးရော့မြို့ ၏နေရာအနှံ့အပြား၌ အလုပ်လုပ်နေကြခြင်းဖြင့် မြို့ကြီးများအထဲ၌ ဆေးသာသနာ့လုပ်ငန်းနှင့်ဧဝံဂေလိသာသနာလုပ်ငန်းလက်တွဲ အစပြုသည်ကိုတွေ့မြင်လိုပါသည်။ ဤမြို့၌အလုပ်လုပ်ရမည်။ ကျွန်ုပ်တို့၏ အလုပ်လုပ်ရမည်။ အမှန်တရားဝင်ရောက်နိုင်ရန် တံခါးများပွင့်လာလိမ့် မည်။ Manuscript 117, 1901. [Ev 387,2)EvBur 503.2

    အကျိုးမရှိသည့် ထိတ်လန့် ဖွယ် သတိပေးချက်များ - လွန်ခဲ့သောအချိန်၌ အသင်းလူကြီးတစ်ဦးသည် နယူးရော့မြို့ကြီးပျက်စီးတော့မည့် အလွန်ထိတ်လန့် ဖွယ်သတိပေးချက်များကို ဖြန့်လိုက်ပါသည်။ ထိုနေရာ၌လုပ်ငန်းဦးဆောင်သူအား သည့်လှုပ်ရှားမှုများကိုဖြစ်စေပြီး ဘုရားသခင်၏အမှုတော်ကိုနစ်နာစေမည်ဟု ဤကဲ့သို့သောသတိပေးချက်များကိုကြေညာခြင်းသည် ထိတ်လန့်ဖွယ်ရာမမှန် ကျွန်ုပ်ချက်ချင်းစာပြန်လိုက်ပါသည်။ လူတို့အားဘုရားသခင်၏နှုတ်ကပတ်တော် အမှန်တရားကိုဟောပြောခြင်းသည် လုံလောက်ပါသည်။ ထိတ်လန့်ဖွယ်သတိ ပေးချက်များမှာ ဘုရားသခင်၏အလုပ်တိုးတက်ရေးအတွက် မည်သို့မျှအကျိုး မပြုနိုင်ပါ။ [Ev 387.3]EvBur 503.3

    နယူးရော့မြို့၌အလုပ်လုပ်သောညီအစ်ကိုတို့အား ဤအန္တရာယ်ရှိပြီး ကြောက်မက်ဖွယ်သတိပေးချက်များကို မဖြန့်ချိရန်သတိပေးချက်များ ကျွန်ုပ် ပို့ပေးလိုက်ပါသည်။ ကျွန်ုပ်တို့ညီအစ်ကိုများ တစ်ဖက်စွန်းသို့ရောက်သော အခါ၊ ကျွနု်ပ်ကိုထိပါးလာပြီး မှားယွင်းသောပုရောဖက်ဟု အပြစ်တင်ခြင်းကို ကျွန်ုပ်ခံရပါသည်။ [Ev 387,4]EvBur 504.1

    အကယ်၍နယူးရော့မြို့သည် ဒီရေလှိုင်းဖြင့်ပျက်စီးလိမ့်မည်ဟုကျွန်ုပ် ပြောခဲ့ပါက ကျွန်ုပ်သည် မြို့နှင့် (၆ဝ) မိုင်ဝေးသောပိုင်ဆိုင်မှုတစ်ခုကို နယူးရော့မြို့မှနေ၍အလုပ်လုပ်နိုင်ရန်စေခိုင်းမည်ကို သင်စဉ်းစားလိမ့်မည် မဟုတ်ပါလား။ Letter 176, 1903. [Ev 388.1]EvBur 504.2

    စီးပွားရေးရှင်များထံသို့ လက်လှမ်းရန်စီမံကိန်းများ - နယူးရော့မြို့၌အလုပ်လုပ် ရန်အတွက် တိကျသောတာဝန်တစ်ခုကို သင်ခံစားသင့်ပါသည်။ နယူးရော့ မြို့နှင့်အခြားမြို့ကြီးများ၏စီးပွားရေးအိမ်များတို့၌ရှိကြသောလူများတို့သည် တခြားနိုင်ငံရှိ နိုင်ငံခြားသားများနည်းတူ သူတို့ထံသို့သတင်းစကားရောက်ရှိ ရမည်ဖြစ်သည်။ Letter 168, 1909. [Ev 388.2]EvBur 504.3

    ခန်းမဆောင်နှင့် ဘုရားကျောင်းအဆောက်အဦပြဿနာများ - နယူးရော့မြို့ သို သွားပါ။ မြေနေရာကိုသေချာစွာလေ့လာပြီး ၎င်းမြေပေါ်ရှိဆောက်လုပ်ထား လျှင် မြေကိုနှစ်များစွာချီသည့်ကာလတစ်ခုအတွင်း ငှားရမ်းမည်ဖြစ်သည်။ သောခန်းမဆောင်နှင့်မြေနေရာကိုဝယ်ယူရန် သင့်မသင့်စဉ်းစားပါ။ မတော် တချို့သောဤနည်းစနစ်များကို မြို့ကြီးများအတွင်းအလုပ်လုပ်ရန်အတွက် လိုက်လျှောက်ရလိမ့်မည်ဟု ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ အကယ်၍ ဆုံးဖြစ်သည်ဟု သင်ဆုံးဖြတ်ပါက၊ ကျွန်ုပ်တို့သည် လိုအပ်သည့်ငွေကြေးကို သေချာစွာစဉ်းစားပြီးသည့်နောက် ခန်းမဆောင်ကိုဝယ်ယူခြင်းသည် အကောင်း အစွမ်းကုန်ကောက်ခံကာ ရှာဖွေစုဆောင်းရလိမ့်မည်။ သို့သော် အကောင်း ဆုံးနားလည်သဘောပေါက်ရလိမ့်မည်။ ဆုတောင်းပါ။ ဆုတောင်းပါ။ ဆုတောင်း ပါ။ အကြောင်းမှာ အမှန်တရားဝင်ရောက်ရန် ဖွင့်လျက်ရှိသောတံခါးကို ဖြစ်နိုင်ပါက မာရ်နတ်မှပိတ်နိုင်လိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ အမှန် တရားအတွက် ဗဟိုဌာနတစ်ခုကို ကြီးမား၍ဆိုးသွမ်းသောနယူးရော့မြို့ကြီး ထဲ၌ထူထောင်နိုင်ရန် ဘုရားသခင်အလိုဆန္ဒရှိသည်။ [Ev 388.3]EvBur 504.4

    နယူးရော့မြို့၌ အလုပ်ကိုစုံစမ်းစစ်ဆေးပြီး မြို့တွင်း၌ဘုရားသခင် အတွက် အောက်မေ့ဖွယ်ရာတစ်ခုကိုအခြေချနိုင်ရန်အတွက် စီမံကိန်းများဆွဲ ရန် သင့်ကိုကျွန်ုပ်ခိုင်းပါသည်။ ၎င်းသည် သာသနာ့လုပ်ငန်း၏ဗဟိုဌာန တစ်ခုဖြစ်ရန်နှင့် ဆေးရုံတစ်ဆောင်ထူထောင်ရန်ဖြစ်သည်။ နယူးရော့မြို့နှင့် ပတ်ဝန်းကျင်ရှိ ကျွန်ုပ်တို့၏အသင်းတော်များတို့ကိုပေါင်းစည်းပြီး ဆုံးဖြတ် ချက်တစ်ခုကိုပြုလုပ်ရလိမ့်မည်။ ဤအရာကိုဆောင်ရွက်နိုင်ပါသည်။ အကယ်၍ နယူးရော့မြို့ ၌ ပြင်းထန်သည့်သာသနာ့စစ်ပွဲကြီးကို . အောင်မြင်စွာရှေ့သို့ တိုက်ပွဲဆင်ဆောင်ရွက်နိုင်ပါက ၎င်းကိုလုပ်ဆောင်ရလိမ့်မည်။ Letter 154, 1901. ([Ev 388.4)EvBur 505.1

    မှန်သောကြိုးစားမှုနောက်သို့ လိုက်ခြင်း၏အကျိုးများ - နယူးရော့မြို့၌လုပ်ငန်း ရှေ့သို့တိုးတက်ရန် ဘုရားသခင်အလိုရှိသည်။ ထိုနေရာ၌ ထောင်ချီပြီးဥပုသ် နေ့အမှန်စောင့်သူများရှိသင့်ကြသည်။ အကယ်၍ လုပ်ငန်းကိုဆောင်ရွက်သင့် သည့်အတိုင်း ဆောင်ရွက်ကြပါက၊ ၎င်းအတိုင်းဖြစ်နိုင်ချေရှိပါသည်။ သို့သော် စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်လာသည်။ လူတို့သည် မိမိတို့၏ ဦးတည်ချက်များ အတိုင်းသာ အလုပ်လုပ်လိုကြပြီး အခြားသူများထံမှ ပို၍ကျယ်ပြန့်သောစီမံကိန်း များကို သူတို့အနေဖြင့်ငြင်းဆန်ကြသည်။ ထိုကြောင့် အခွင့်အရေးများဆုံးရှုံး သွားသည်။ နယူးရော့မြို့၌အဖွဲ့ငယ်များစွာကိုထူထောင်သင့်ပြီး အမှုဆောင် များစွာကိုစေလွှတ်သင့်သည်။ သို့သော် မဖြစ်နိုင်ရခြင်းအကြောင်းမှာ လူတစ်ယောက်သည် တရားဟောဆရာတစ်ဦးအဖြစ် ဘိသိက်မခံရပါက ဘုရားသခင်အတွက် အမှုထမ်းဆောင်၍မရသောကြောင့်ဖြစ်သည်။ ထိုသူများ တို့ကို မည်ကဲ့သို့အမှုထမ်းရမည်အကြောင်းကို သင်ကြားပို့ချပြီး၊ သူတို့ကို ထွက်၍အလုပ်လုပ်စေပါ။ လုပ်ငန်းခွင်မှပြန်ရောက်လာသောအခါ သူတို့သည် လုပ်ငန်းကိုမည်ကဲ့သို့ဆောင်ရွက်ခဲ့ကြောင်း တင်ပြစေပါ။ ဘုရားသခင်ချပေး သောကောင်းချီးမင်္ဂလာကြောင့် သူ၏ဂုဏ်တော်ကိုချီးမွမ်းစေပါ။ ထိုနောက် တစ်ဖန်သွားရောက်လုပ်ကိုင်စေပါ။ သူတို့ကိုအားပေးပါ။ အားပေးစကား အနည်းငယ်တို့သည် သူတို့အတွက် စိတ်ဓာတ်ခွန်အားပြင်းပြစေပါလိမ့်မည်။ Life Sketches, p. 385. (1915) [Ev 389.1] ကာစိပ်ပုတEvBur 505.2