Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျန်းမာခြင်းနှင့်ခရစ်ယာန်အဆင့်အတန်းများအကြောင်းကိုဟောကြားခြင်း

    ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းအကြောင်းဟောပြောခြင်း - ကျွန်ုပ်တို့၏အလုပ် သည် လက်တွေ့ အလုပ်ဖြစ်ရမည်။ ကျွန်ုပ်တို့ကယ်တင်ရမယ့်လူတို့၌ ခန္ဓ ကိုယ်များနှင့်ဝိညာဉ်များရှိကြောင်း ကျွန်ုပ်တို့သတိရကြရမည်။ ကျွန်ုပ်တို့၏ အလုပ်တာဝန်သည် လူတို့အားတရားပလ္လင်ပေါ်၌ထ၍ဟောပြောနေခြင်းထက် များစွာသာလွန်ပါသည်။ ကျွန်ုပ်တို့၏အလုပ်၌ ကျွန်ုပ်တို့နှင့်တွေ့ဆုံကြရသော လူတို့၏ကိုယ်ခန္ဓာချို့တဲ့အားနည်းခြင်းများကို ကူညီမစကြရမည်။ ကျန်းမာ ရေးပြုပြင်ပြောင်းလဲခြင်းဥပဒေများကို လူတို့အားကျွန်ုပ်တို့ဟောပြောရမည်။ ကြားနာရသောသူများတို့အနေဖြင့် မိမိတို့၏ကိုယ်ကို ကျန်းမာစွာထားရှိလိုသော စိတ်ရှိပြီး မိမိတို့၌တာဝန်ရှိကြောင်း နားလည်စေရမည်။ [Ev 260.4]EvBur 326.2

    ဝိညာဉ်ကျန်းမာခြင်းရှိရန် ကိုယ်ခန္ဓာကိုကျန်းမာသည့်အခြေအနေ၌ ထားရှိရန်လိုအပ်ပါသည်။ ကိုယ်ခန္ဓာ၏အခြေအနေသည် ဝိညာဉ်၏အခြေအနေ နှင့်ဆက်စပ်လျက်ရှိသည်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ရေးခွန်အားရရှိလိုသောသူတို့ သည် မိမိတို့၏အာဟာရအာသီသကို မှန်ကန်စွာထိန်းချုပ်နိုင်ရန် ပညာပေး ရမည်။ သူ၏ကိုယ်ခန္ဓာနှင့်ဝိညာဉ်တန်ခိုးများကို အလွန်အကျွံအသုံးပြုခြင်း အားဖြင့် မိမိ၏ဝိညာဉ်ကို ဝန်ထုပ်မဖြစ်စေရန်သတိပြုရပါမည်။ မှန်ကန်သော စားခြင်း၊ သောက်ခြင်း၊ ဝတ်ဆင်ခြင်း စည်းမျဉ်းဥပဒေများကို သစ္စာရှိစွာ လိုက်လျှောက်ခြင်း၏တာဝန်တစ်ခုသည် လူသားများတို့အတွက် ဘုရားသခင် ချမှတ်ထားပေးပါသည်။ [Ev , 261.1].EvBur 327.1

    ကျွန်ုပ်တို့သည် ကျန်းမာခြင်းနှင့်အသက်၏ဥပဒေများကိုနာခံရန် ဘုရားသခင်အလိုရှိသည်။ မိမိတို့၏ခန္ဓာကိုယ်ကို မှန်ကန်စွာဂရုပြုရန်နှင့် ကျန်းမာစွာထားရှိရမည့်တာဝန်ကို တစ်ဦးစီတို့အား ဘုရားသခင်တာဝန်ပေး ထားပါသည်။ Letter 123, 1903. [Ev 261.2]EvBur 327.2

    နောက်ဆုံးသတင်းစကား၏အစိတ်အပိုင်းတစ်ခု - ကျန်းမာရေးပြုပြင်ပြောင်းလဲ ခြင်းစည်းမျဉ်းဥပဒေများကို ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ၌ တွေ့ရှိရပါ သည်။ ကျန်းမာရေးဧဝံဂေလိသတင်းစကားသည် နှုတ်ကပတ်တော်၏သာသနာ လုပ်ငန်းနှင့် ခိုင်မာစွာဆက်သွယ်ခြင်းရှိရပါမည်။ ကျန်းမာရေးပြုပြင်ပြောင်းလဲ ခြင်းသြဇာပြန်လည်ရရှိခြင်းသည် ဧဝံဂေလိသတင်းစကားကြွေးကြော်ဟောပြော ခြင်းအတွက် နောက်ဆုံးကြိုးစားလုပ်ဆောင်ရမည့်တာဝန်တစ်ခုအဖြစ် ဘုရားသခင်ချမှတ်ပေးထားပါသည်။ Medical Ministry, p. 259. Ev,261.3]EvBur 327.3

    ကျွန်ုပ်တို့အား လူတစ်စုအနေဖြင့် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်း စည်းမျဉ်းဥပဒေများကို အသိပေးရမည့်အလုပ်ကို ဘုရားသခင်ပေးထားသည်။ တချို့သောသူတို့သည် မိမိတို့၏ဧဝံဂေလိလုပ်ငန်းထဲ၌ အစားအစာနှင့်ပတ်သက် သောအကြောင်းအရာကို ထည့်သွင်းခြင်းသည် အရေးကြီးသောအရာမဟုတ် ဟုထင်ကြသည်။ သို့သော် ထိုသူတို့သည် ကြီးမားသောအမှားတစ်ခုပြုလုပ် ခြင်းဖြစ်သည်။ ဘုရားသခင်ပြောဆိုသည်မှာ၊ “သင်တို့သည် စားသော်လည်း ကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့ ၁ကော ၁၀း၃၁ ဟုဖြစ်ပါသည်။ ချုပ်တည်းခြင်းအကြောင်းအရာသည် ကယ်တင် ခြင်းလုပ်ငန်း၌ အရေးကြီးသောအခန်းကဏ္ဍ၌တစ်ခုအပါအဝင်ဖြစ်သည်။ Testimonies, vol. 9, p. 112. (1909) [Ev 261.4]EvBur 327.4

    ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်း၌လုံးလုံးတည်ရှိခြင်း - ဤကမ္ဘာ၏နောက်ဆုံး သောနေ့ရက်များ၌ အသက်ရှင်နေကြသောသူများတို့သည် ကျန်းမာရေးပြုပြင် ပြောင်းလဲခြင်းစည်းမျဉ်းဥပဒေထဲ၌ လုံးလုံးလျားလျားတည်ရှိနေရန်လိုအပ်ပါ သည်။ [Ev 262.1]EvBur 328.1

    ကျန်းမာရေးချို့တဲ့သောသူတို့သည် ကျန်းမာရေးပြုပြင်ပြောင်းလဲသူ များဖြစ်လာရန်လိုသည်။ အကယ်၍ သူတို့သည် သတိနှင့်စားသောက်ခြင်း၊ မိမိတို့၏အစာအိမ်၌ မလိုအပ်သောဝန်ထုပ်ကိုထည့်သွင်းရန်ငြင်းဆန်ခြင်းပြု ကြပါက ဘုရားသခင်သည် မိမိတို့၏ကျန်းမာရေးထိန်းသိမ်းခြင်း၌ ပါဝင် ကူညီမည်ဖြစ်သည်။ ဘုရားသခင်သည် မိမိသားသမီးတိုင်းလိုက်လျှောက်ရန် လုံခြုံစိတ်ချရသောကျေးဇူးတရားဖြင့်ပြုလုပ်ထားပေးသည့် သဘာဝလမ်းကို လုံလောက်စွာပြင်ဆင်ပေးထားပါသည်။ ကျွန်ုပ်တို့အသက်ရှင်ရန်အတွက် မြေကြီးမှပြည့်စုံသောကျန်းမာရေးကိုပေးနိုင်သည့် စားသုံးရန်အစားအစာများကို ဘုရားသခင်ပေးထားပါသည်။ [Ev 262.2]EvBur 328.2

    အသက်၏စည်းမျဉ်းဥပဒေကိုဂရုမစိုက်ခြင်းအားဖြင့် မိမိတို့၏ကိုယ်ကို ဒုက္ခပေးသူများစွာရှိကြပြီး၊ ဂရုမစိုက်ခြင်း၏အကျိုးမှ ပြန်လည်၍မူလကျန်းမာ ရေးကိုမရရှိသူများရှိကြပါသည်။ သို့သော် ယခုပင်သူတို့နောင်တရပြီး ပြောင်းလဲ နိုင်ကြပါသည်။ လူတို့သည် ဘုရားသခင်ထက်ပို၍ပညာရှိရန်ကြိုးစားကြသည်။ သူသည် မိမိကိုယ်တိုင်အတွက် ဥပဒေတစ်ခုဖြစ်လာသည်။ ဘုရားသခင်သည် မိမိ၏တောင်းဆိုချက်များသို့အာရုံပြုကြရန်နှင့် ကျွန်ုပ်တို့၏ကိုယ်၊ စိတ်နှင့် ဝိညာဉ်စွမ်းရည်များတို့ကို ပိန်လှီ၍မကြီးထွားနိုင်စေခြင်းအားဖြင့် သူ့ဂုဏ်တော် ကို မည်သည့်အခါမျှမရှုတ်ချစေရန် ကျွန်ုပ်တို့ကိုခေါ်နေပါသည်။ Letter 135, 1902. [Ev 262.3]EvBur 328.3

    တိုးတက်၍ လက်တွေ့ကျသောကျန်းမာရေးပြုပြင်ပြောင်းလဲခြင်း - ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုမသိသေးသောသူတို့အား အချိန်မတန်သေးသည့် မိမိတို့၏ အစားအစာများကို ချက်ချင်းပြောင်းလဲခြင်းမပြုရန် ဘုရားသခင်သည် ကျွန်ုပ် တို့၏ဓမ္မဆရာများ၊ ဆရာဝန်များနှင့်အသင်းသူအသင်းသားများတို့အား သတိပြု ရန်လိုလားပါသည်။ ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းစည်းမျဉ်းများကိုစွဲကိုင် ထားပြီး ရိုးသားသောသူ၏စိတ်ကို ဘုရားသခင်အားပို့ဆောင်စေပါ။ သူတို့ ကြားရပြီးယုံကြည်လိမ့်မည်။ လှပသောကျန်းမာစွာနေထိုင်ခြင်း၏အမှန်တရား များကို သူ၏အမှုဆောင်တို့အား ကြားနာရသောသူတို့၏စိတ်ကို အထင်အမြင် မှားစေမည့်နည်းဖြင့်ပြောဆိုခြင်းကို ဘုရားသခင်အလိုမရှိပါ။ မသိနားမလည် ကြသေးသော အမှောင်လမ်း၌လျှောက်နေသူတို့၏ရှေ့၌ မည်သူမျှခလုတ်တံသင်း ကိုမထားစေပါနှင့်။ ကောင်းသောအရာကိုချီးမွမ်းခြင်း၌ပင် လာရောက်ကြားနာ ကြသောသူများတို့အား ပြန်သွားကြရသည့်တိုင်အောင် သင်အလွန်အကျွံမပြု သင့်ပါ။ ချုပ်တည်းခြင်း၏စည်းမျဉ်းဥပဒေများကို သူတို့အားအကောင်းဆုံး သောဆွဲဆောင်မှုနည်းဖြင့်ဟောပြောပါ။[Ev 262.4]EvBur 329.1

    ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအလွန်စိတ်ချစွာဖြင့်လှုပ်ရှားခြင်းမပြုရပါ။ အသင်းတော်ကိုထူထောင်ရန် နယ်သစ်သို့ဝင်ရောက်သောအမှုဆောင်များတို့ . သည် အစားအသောက်မေးခွန်းကို ကြိုးစား၍ရှေ့တန်းတင်ခြင်းအားဖြင့် အခက် အခဲများကိုမဖန်တီးရပါ။ သူတို့၏လုပ်ဆောင်မှုများ၌ ပြင်းထန်ခြင်းမရှိရန် သတိပြုသင့်သည်။ အကြောင်းမှာ အခြားသူများ၏လမ်းခရီးကို အတားအဆီး ဖြစ်နိုင်ခြင်းကြောင့်ဖြစ်သည်။ လူတို့ကိုတွန်းပို့ခြင်းမပြုဘဲ လက်တွဲပို့ဆောင် ရမည်။ [Ev 263.1]EvBur 329.2

    အမှန်တရားကိုနေရာတိုင်းသို့သယ်ဆောင်သွားရာ၌ ကျန်းမာခြင်းအစာ ကိုပြင်ဆင်ခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာကို လူတို့အားသင်ကြားပေး သင့်သည်။ နေရာတိုင်း၌ရှိသောသူတို့အား မိမိတို့၏နေရာဒေသ၌ရရှိသော အစာကို ကောင်းမွန်စွာမည်ကဲ့သို့ အသုံးပြုရမည့်အကြောင်း ကျွမ်းကျင်သော ဆရာများအားဖြင့် သင်ကြားပို့ချရန် ဘုရားသခင်ဆန္ဒရှိသည်။ သို့မှသာ ဆင်းရဲချမ်းသာမရွေး ကျန်းမာစွာနေထိုင်နိုင်ရန် သူတို့ကိုသင်ကြားပို့ချပေးနိုင် လိမ့်မည်။ Gospel Workers, p. 233. (1915) [Ev 263.2]EvBur 330.1

    ၎င်းကို ရှေ့တန်း၌ထားပါ - ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းအလုပ်သည် ကျွန်ုပ်တို့၏ကမ္ဘာထဲ၌ ဒုက္ခဆင်းရဲခြင်းများကိုလျော့နည်းစေရန်အတွက်နှင့် သူ၏အသင်းတော်ကိုသန့်ရှင်းဖြူစင်စေရန်အတွက် ဘုရားသခင်၏နည်းလမ်း များဖြစ်သည်။ လူတို့၏ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကျန်းမာခြင်းပြန်လည်ရရှိရန် ဘုရားသခင်အမှုဆောင်နှင့်အတူ ပူးပေါင်းခြင်းအားဖြင့် ဘုရားသခင်၏မစခြင်း လက်များကဲ့သို့ သူတို့ဆောင်ရွက်နိုင်ရန် လူတို့ကိုသင်ကြားပေးသည်။ ဤအလုပ်၌ ကောင်းကင်၏အမှတ်အသားရှိပြီး တန်ဖိုးရှိသောအခြားတန်ဖို ရှိသည့် အမှန်တရားများ၏ဝင်ပေါက်အတွက် တံခါးများကိုဖွင့်ပေးပါလိမ့် မည်။ ဤလုပ်ငန်းကို ပါးနပ်စွာဖြင့်လုပ်ဆောင်တတ်သူအားလုံးအတွက် လုပ်ဆောင်ရန်အခန်းကဏ္ဍရှိသည်။ [Ev 263.3]EvBur 330.2

    ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းအလုပ်ကို ရှေ့တန်း၌ထားရမည့်သတင်း ကိုပြောရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ ၎င်း၏တန်ဖိုးကိုပြတ်သားစွာ ဖော်ပြခြင်းအားဖြင့် ၎င်းကိုနေရာတိုင်း၌လိုအပ်ကြောင်း အားလုံးခံစားစေကြ ပါ။ ဘေးဥပဒ်ပေးသည့်အစာနှင့်အရည်အားလုံးကို ရှောင်ရှားခြင်းသည် စစ်မှန် သောဘာသာရေး၏အသီးဖြစ်သည်။ ကောင်းမွန်စွာပြောင်းလဲသောသူသည် ဒုက္ခပေးမည့်အကျင့်ဓလေ့နှင့် ကိုယ်ခန္ဓာ၏တောင့်တမှုအားလုံးကို စွန့်ပစ်ပေ လိမ့်မည်။ လုံးလုံးရှောင်ရှားခြင်းအားဖြင့် ကျန်းမာရေးကိုပျက်စီးစေသည့်စိတ် အလိုသို့လိုက်ခြင်းများအတွက် သူ၏ဆန္ဒကို သူအောင်မြင်ပါလိမ့်မည်။EvBur 330.3

    ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းပညာပေးသူများတို့ကို ရှေ့သို့သာ ချီတက်ပါဟုပြောရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ ကိုယ်ကျင့်တရား ဝမ်းနည်းပူဆွေးခြင်း၏ဒီရေကို သင်တားဆီးနိုင်ရန် ကမ္ဘာကြီးသည် တန်ခိုးသြဇာ ၏သေးငယ်သောအရာတိုင်းကိုလိုနေသည်။ တတိယကောင်းကင်တမန်သတင်း စကားသွန်သင်သူများတို့သည် မိမိတို့၏အရောင်အဆင်းများတို့၌ သစ္စာရှိစွာ ရပ်တည်စေပါ။ Testimonies, vol. 9, pp. 112,113. (1909) [Ev 264.1]EvBur 331.1

    အရက်နှင့်ဆေးရွက်ကြီးမှလုံးလုံးကင်းရှင်းခြင်း - လူတို့သည် သမ္မာကျမ်းစာ ၏စည်းမျဉ်းဥပဒေများနှင့်ဆန့်ကျင်သည့် အကျင့်ဓလေ့များစွာရှိနေကြသည်။ သေသောက်ကြူးသောသားကောင်များနှင့် ဆေးရွက်ကြီးတို့သည် စိတ်၊ ခန္ဓာ နှင့်ဝိညာဉ်ကိုပျက်စီးစေသည်။ ထိုသို့သောသူများတို့ကို စစ်မှန်သောပြောင်းလဲ ခြင်း သူတို့၌မတွေ့ ရမချင်း သူတို့ကိုယ်၌ ဝိညာဉ်ကိုဖြူစင်စေပြီး မေတ္တာ အားဖြင့်အလုပ်လုပ်သောယုံကြည်ခြင်း သူတို့၌လိုအပ်ကြောင်း ခံစားမှုမရှိမချင်း သည် စစ်မှန်သောယုံကြည်သူကို ဖြူစင်စေလိမ့်မည်။ ကောင်းမွန်စွာပြောင်းလဲ အသင်းတော်ထဲသို့သူတို့ကိုလက်ခံခြင်းမပြုသင့်ပါ။ ဘုရားသခင်၏အမှန်တရား သောသူသည် မကောင်းသောအကျင့်ဓလေ့နှင့် ကိုယ်ခန္ဓာ၏ တောင့်တမှုအားလုံး ကို စွန့်ပစ်ပေလိမ့်မည်။ လုံးလုံးရှောင်ရှားခြင်းအားဖြင့် ကျန်းမာရေးကိုပျက်စီး စေသည့် စိတ်အလိုသို့လိုက်ခြင်းများအတွက် သူ၏အလိုဆန္ဒကို သူအောင်မြင် လိမ့်မည်။ Letter 49, 1902. [Ev 264.2]EvBur 331.2

    ပြောင်းလဲခြင်းအတွက်အောင်မြင်ခြင်း၏လျှို့ဝှက်ချက် - ပထမဦးဆုံးနှင့် အရေးကြီးဆုံးသောအရာသည် ယေရှုခရစ်တော်ကိုအပြစ်သယ်ဆောင်သူ၊ အပြစ် ဖြေလွှတ်သောကယ်တင်ရှင်တစ်ဦးအဖြစ် ဧဝံဂေလိတရားကို ရှင်းနိုင်သရွေ့ ရှင်းလင်းစွာဟောပြောခြင်းအားဖြင့် ဝိညာဉ်ကိုအရည်ပျော်သွားပြီး ပျော့ပျောင်း စေရန်ဖြစ်သည်။ [Ev 264.3]EvBur 331.3

    သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်တို့နှင့်အလုပ်လုပ်သောအခါ စခန်းအစည်းအဝေး၌ဆောင်ရွက်သကဲ့သို့ ခရစ်တော်ကြွလာခြင်းအတွက် ပြင်ဆင်မှုမရှိသူများပင် ပြောင်းလဲသွားကြသည်။ မည်သည့်ဘုရားကျောင်းကို မျှ နှစ်ပေါင်းများစွာမတက်ရောက်ခဲ့သောသူတို့ပင် ဤကျွန်ုပ်တို့၏အစည်းအဝေး သို့တက်ရောက်ခြင်းအားဖြင့် ပြောင်းလဲလာကြသည်။ ရိုးစင်းသောအမှန်တရား သည် သူတို့၏စိတ်နှလုံးကိုပြောင်းလဲစေသည်။ လူတိုင်း၏စိတ်ကိုတို့ထိစေ သည်။ ဆေးရွက်ကြီးသုံးစွဲသူများ မိမိတို့၏အကျင့်ဓလေ့ကိုစွန့်ပစ်ပြီး အရက် သောက်သူသည် အရက်ကိုဖြတ်နိုင်သည်။ အကယ်၍ သူတို့၏အပြစ်များကို ဖြေလွှတ်ရန်အတွက် ဘုရားသခင်၏ ကတိတော်များကိုယုံကြည်ခြင်းအားဖြင့် သူတို့ကိုင်ဆွဲထားနိုင်ခြင်းမရှိပါက ဤကဲ့သို့သူတို့ပြုလုပ်နိုင်ကြမည်မဟုတ်ပါ။ ဤကဲ့သို့ကြိုးစားပြီး ဝိညာဉ်များကိုကယ်တင်ခြင်းသည် မထိုက်တန်ဘဲဖြစ်နေ ပါသလား။ Letter 4, 1899, [Ev 264.4]EvBur 332.1

    အောက်ခြေ၌စတင်ပြုပြင်ခြင်း - အရက်သောက်ခြင်းသည် အဆိုးဆုံး သောကာမဂုဏ်ခံစားခြင်းကိုအားပေးပြီး မာရ်နတ်၏စိတ်ဓာတ်ကိုမွေးမြူရန် ခွန်အားပေးသည်။ ဤအရာများကိုရင်ဆိုင်ရပြီး အရက်သောက်ခြင်း၏ဆိုးကျိုး များကိုမြင်ရသောအခါ မိမိတို့၌ရှိသမျှသောခွန်အားအားဖြင့် ဤကြီးမားသော ဆိုးသွမ်းမှုကို ဘုရားသခင်အားကူညီတိုက်ခိုက်စေလိုသောစိတ်မဖြစ်ပေါ်ဘဲရှိ နေပါသလား။ အရက်သောက်ခြင်း၏အောက်ခြေ၌ စားသောက်ခြင်း၏မှားယွင်း သောအကျင့်ဓလေ့များရှိနေသည်။ လက်ရှိအမှန်တရားကိုယုံကြည်သောသူတို့ သည် လက်ဖက်၊ သို့မဟုတ် ကော်ဖီသောက်ခြင်းကိုရှောင်ရှားသင့်ခြင်းမှာ မကောင်းမှုပြုလိုသောဆန္ဒကို ပို၍အားပေးသောကြောင့်ဖြစ်သည်။ သူတို့သည် အသားစားခြင်းကိုရှောင်ရှားသင့်သည်။ ဤအရာသည် အရက်သောက်ကြူး ခြင်းဆန္ဒကို နှိုးဆွပေးခြင်းကြောင့်ဖြစ်သည်။ ကျန်းမာခြင်းအစာကို အရသာ ရှိစွာကျွမ်းကျင်မှုဖြင့်ပြင်ဆင်ထားခြင်းသည် ယခုအချိန်အတွက် ကျွန်ုပ်တို့၏ အစားအစာဖြစ်သင့်သည်။ [Ev 265.1]EvBur 332.2

    ကျန်းမာရေးပြုပြင်ပြောင်းလဲသူမဟုတ်သောသူများတို့သည် မိမိတို့ ကိုယ်ကိုဂရုမစိုက်ဘဲ ဖြစ်သလိုနေထိုင်ကြသည်။ သူတို့၏အာဟာရတောင့်တ မှုအလိုသို့လိုက်ခြင်းအားဖြင့် မိမိတို့၏ကိုယ်ကို ကြောက်မက်ဖွယ်သောဒုက္ခ ဖြင့်ပေးနေကြသည်။ တချို့သောသူတို့အနေဖြင့် အစားအစာကို ဘာသာရေး ထဲ၌ထည့်သွင်းရန်အရေးမကြီးဟု ထင်ကြပါသည်။ သို့သော် ၎င်းထင်မြင် ခြင်းသည် ကြီးမားသောမှားယွင်းခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ် တော်ဖော်ပြသည်မှာ၊ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော် လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်း တော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဟုဖြစ်ပါသည်။ ချုပ်တည်းခြင်းအကြောင်းအရာသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အရေးကြီးသောအရာတစ်ခုအဖြစ် အမြဲပါဝင်နေသည်။ အကြောင်းမှာ မှားယွင်း သောအစာစားသုံးခြင်းအကျင့်ဓလေ့သည် ကမ္ဘာပေါ်၌ အကျင့်တရားယိုယွင်း မှုတစ်နေ့တခြားပို၍များလာစေသောကြောင့်ဖြစ်သည်။ Letter 49, 1902. [Ev 265.2EvBur 333.1

    မချုပ်တည်းနိုင်ခြင်းအတွက်ကိုယ်တိုင်လုပ်ဆောင်ခြင်း - သာသနာ့လုပ်ငန်း သည် တရားဟောခြင်းသက်သက်သာလျှင်မဟုတ်ပါ။ ကိုယ်တိုင်ဆောင်ရွက် ရမည့် မိမိတို့၏ကျန်းမာရေးကို ဒုက္ခပေးခြင်းနှင့် မိမိတို့၏ကိုယ်ကို အာဟာရ အောက်၌ အပ်နှံခြင်းရှိသူများအတွက်ပါဝင်ပါသည်။ ဤပုဂ္ဂိုလ်များအတွက် တောင့်တစိတ်နှင့်တပ်မက်ခြင်းကိုထိန်းချုပ်၍မရသော ကိုယ်ကျင့်တရားတန်ခိုး ပို၍ကောင်းသောအခြေအနေသို့ရောက်ရှိရန် ဆောင်ရွက်ပေးရမည်။ ကျွန်ုပ်တို့ ၏ကမ္ဘာသည် ဒုက္ခသည်များတို့နှင့်ပြည့်လျှံလျက်ရှိသည်။ [Ev 265.3]EvBur 333.2

    ဘုရားသခင်သည် မိမိ၏စည်းမျဉ်းဥပဒေကို လူကိုယ်ခန္ဓာ၏အကြော နှင့်ကြွက်သားများ၊ အမျှင်နှင့်လှုပ်ရှားမှုတိုင်းအပေါ်၌ ရေးသားထားခဲ့ပါသည်။ သဘာဝမဟုတ်သော အာဟာရတောင့်တမှု၏စိတ်အလိုလိုက်ခြင်းများဖြစ်သည့် လက်ဖက်၊ ကော်ဖီ၊ ဆေးရွက်ကြီး၊ သို့မဟုတ် အရက်များကို မချုပ်တည်း နိုင်ခြင်းသည် အသက်နှင့်ကျန်းမာခြင်း၏စည်းမျဉ်းဥပဒေများနှင့် စစ်ပြိုင်လျက် ရှိသည်။ ဤတားမြစ်ထားသောအရာများကို သုံးဆောင်ခြင်းအားဖြင့် ဖန်ဆင်း ရှင်မှပုံသွင်းထားခဲ့ခြင်းတစ်ခါမျှမရှိခဲ့သည့် ကိုယ်ခန္ဓာအခြေအနေများဖြစ်ပေါ် လာပါသည်။ လူသားမိသားစု၏မိသားစုဝင်များ၌ ဤစိတ်အလိုလိုက်ခြင်း သည် အပြစ်ဖြစ်သည်။ ကောင်းသောသွေးသားတည်ဆောက်ခြင်းမပေးသည့် အစာကိုစားခြင်းသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ၏စည်းမျဉ်း ဥပဒေများနှင့်ဆန့်ကျင်နေပြီး ဘုရားသခင်၏စည်းမျဉ်းဥပဒေကိုချိုးဖောက်ခြင်း ဖြစ်သည်။ အကြောင်းအရာသည် အကျိုးကိုဖြစ်ပေါ်စေသည်။ ဒုက္ခဆင်းရဲ ခြင်း၊ ရောဂါဝေဒနာနှင့်သေခြင်းတို့သည် စိတ်အလိုလိုက်ခြင်း၏သေချာသော ပြစ်ဒဏ်ဖြစ်သည်။ Letter 123, 1899. [Ev 265.4]EvBur 333.3

    ပျော်ရွှင်မှုအတွက်ရှာဖွေခြင်း - များစွာသောလူတို့သည် လောက၏ ပျော်ပါးခြင်းများ၌ ပျော်ရွှင်မှုကိုအချည်းနှီးရှာဖွေကြသည်။ သူတို့၌မရှိသော အရာကို အသည်းအသန်တောင့်တနေကြသည်။ သူတို့သည် အစာမဟုတ် သောအရာဖြင့် ငွေကိုဖြုန်းတီးကြပြီး၊ ကျေနပ်မှုမပေးနိုင်သည့်အရာအတွက် သူတို့လုပ်ဆောင်ကြသည်။ ဆာလောင်ခြင်း၊ ငတ်ပြတ်ခြင်းရှိသောဝိညာဉ် သည် ကျေနပ်ခြင်းကိုမပေးနိုင်သည့် ပျော်ရွှင်မှုများကိုရှာဖွေနေသရွေ့ ဆက်လက် ပြီးဆာလောင်ခြင်း၊ ငတ်ပြတ်ခြင်းရှိနေမည်သာဖြစ်သည်။ ထိုကြောင့် ထိုသို့ သောသူများအားလုံး ယေရှု၏စကားသံကိုနားထောင်ကြပါ။ “ရေငတ်သော သူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့။” အသက်ရေကိုသောက်သုံးသောသူ တို့သည် အရေးမကြီးဘဲ စိတ်လှုပ်ရှားစေသောပျော်ရွှင်မှုများကို မည်သည့် အခါမျှဆာငတ်ခြင်းမရှိတော့ပါ။ ခရစ်တော်အသက်စမ်းရေသည် ငြိမ်သက်ခြင်း နှင့်ပျော်ရွှင်ခြင်း၏စမ်းရေတွင်းဖြစ်ပါသည်။ [Ev 266.1]EvBur 334.1

    ဘုရားသခင်သည် လူတို့အားစွမ်းရည်နှင့်ဆုကျေးဇူးအမျိုးမျိုးကိုပေး ထားခြင်းမှာ အကျိုးမဲ့ပေးထားခြင်း၊ သို့မဟုတ် မိမိတို့၏ပျော်ရွှင်ခြင်းနှင့် အတ္တအလိုသို့လိုက်ခြင်းအတွက် အသုံးပြုရန်မဟုတ်ပါ။ လူတို့ကိုသာသနာ့ လုပ်ငန်းအတွက်ကြိုးစားဆက်ကပ်လုပ်ဆောင်နိုင်ခြင်းအားဖြင့် အခြားသူများ အတွက် ကောင်းချီးမင်္ဂလာဖြစ်စေရန် ပေးထားခြင်းဖြစ်သည်။ The Youth’s Instructor, Nov. 6, 1902. [Ev 266.2]EvBur 334.2

    ပြပွဲများနှင့်ပွဲလမ်းသဘင်များ - စာတန်၏ကြီးစိုးသောအမျက်ဒေါသသည် အတွက်နှင့် အသိတရားမှားယွင်းစေရန်အတွက်ဖြစ်သည်။ ဤအလုပ်၌ပါဝင် လူတို့အားပြပွဲများနှင့်ပွဲလမ်းသဘင်သရုပ်ဆောင်ခြင်းများတို့ကို စွဲလမ်းစေရန် ကြသောသူအားလုံးတို့၏ဗဟုသုတနှင့်စာရိတ္တတို့သည် မိမိတို့၏စိတ်အတွက် ရရှိခဲ့သောအစာအတိုင်းသာလျှင်ဖြစ်သည်။ [Ev 266.3]EvBur 335.1

    တတော ဘုရားသခင်သည် ကမ္ဘာအတွက်သူ့မေတ္တာ၏အထောက်အထားကို ပေးခဲ့သည်။ သူလုပ်ခဲ့သမျှတို့၌ မှားယွင်းခြင်းမရှိခဲ့ပါ။ သူသည် အသက်ရှင် ခြင်း၊ အရှက်ခွဲခံခြင်းနှင့်အပြစ်တင်ခံခြင်းများကိုခံခဲ့ရသည်။ ဤအရာများကို သောပေးကမ်းခြင်းတစ်ခုကိုပေးခဲ့ပြီး ရှုတ်ချခြင်းဒုက္ခကိုခံနိုင်ခြင်း၊ စွန့်ပစ်ခံ ပြုရခြင်းသည် အပြစ်သားများကိုကယ်ရန်အတွက်ဖြစ်သည်။ လူသားများသို့ ကိုဖျက်ဆီးရန်ကြံစည်ခြင်းနှင့် နည်းစနစ်များကိုဖန်တီးကြသောအခါ၊ ဘုရားသခင် ၏သားတော်သည် ကျွန်ုပ်တို့ကမ္ဘာသို့ဆင်းလာပြီး လူကိုရွေးနုတ်၍ ကယ်တင် ရမည့်ကြီးမားသောအလုပ်၏ပုံသက်သေတစ်ခုကိုပေးရန်ဖြစ်သည်။ သို့သော် ယနေ့စိတ်နေမြင့်ပြီး နားမထောင်သောသူတို့သည် သူတို့၏ဘုရားပေးထား သောအရာများတို့ကို ပျော်ရွှင်မှုအတွက်အသုံးပြုခြင်းအားဖြင့် မိမိတို့၏လူသား အချင်းချင်းထံနာမည်ကြီးရန်နှင့် ဂုဏ်သတင်းကျော်ကြားရန် ကြိုးစားရယူကြ ပါသည်။ Manuscript 42, 1898. [Ev 267.1]EvBur 335.2

    ပျော်ရွှင်မှုမြတ်နိုးသူများအတွက်လုပ်ဆောင်ခြင်း - ယာကုပ်ရေတွင်းကို ဂရုမစိုက်ဘဲနေရမည့်အစား ခရစ်တော်သည် တိုင်းတာ၍မရသည့် သာ၍ကောင်း သောအရာတစ်ခုကိုဖော်ပြခဲ့သည်။ အမျိုးသမီးတစ်ဦးကိုသူမ၏ပိုင်ဆိုင်မှုများထက် သာ၍ကောင်းသောအရာ၊ အသက်စမ်းရေဖြစ်သည့်သူ၏နိုင်ငံတော်ဧဝံဂေလိတရား ၏ပျော်ရွှင်ခြင်းနှင့် မျှော်လင့်ခြင်းကိုပေးခဲ့သည်။ Ev 267.2]EvBur 335.3

    ဤအရာသည် ကျွန်ုပ်တို့လုပ်ဆောင်ရန်နည်းလမ်းပုံပမာတစ်ခုဖြစ် ပါသည်။ ပျော်ရွှင်မှုမြတ်နိုးသူများ၊ ပွဲလမ်းသဘင်သို့သွားသောသူများ၊ အရက် သမားများ၊ မြင်းပြိုင်သူများ၊ ဖဲကစားသမားများတို့ထံသို့သွားပြီး သူတို့၏ အပြစ်အတွက် သူတို့အားပြင်းထန်စွာဆုံးမခြင်းသည် ကျွန်ုပ်တို့အတွက်အကျိုး မရှိပါ။ ဤအရာသည် ကောင်းကျိုးပေးသောအရာမဟုတ်ပါ။ သူတို့နှင့်ရှိနေ သောအရာထက်သာ၍ကောင်းသော အဘယ်သူမျှကြံ၍မမီနိုင်သောခရစ်တော် အားဖြင့် ဘုရားသခင်၏ငြိမ်သက်ခြင်းကိုပေးရမည်။ [Ev 267.3]EvBur 336.1

    ဤသနားဖွယ်ဝိညာဉ်များတို့သည် လောက၏ပျော်ရွှင်မှုနှင့်ကြွယ်ဝ ချမ်းသာခြင်း၏နောက်သို့ သဲသဲမဲမဲလိုက်ခြင်း၌ပါဝင်နေကြသည်။ သူတို့၌ ဤအရာများထက်သာ၍မက်မောစရာရှိသောအရာရှိနေခြင်း၏အသိတရားမရှိ ပါ။ သို့သော် ကစားပွဲများ၊ ပွဲလမ်းသဘင်များ၊ မြင်းပြိုင်ခြင်းများ အစရှိသည် တို့သည် စိတ်ကိုကျေနပ်မှုမပေးနိုင်ပါ။ ဤနည်းဖြင့်ကျေနပ်ခြင်းရှိရန်နှင့် အစာမဟုတ်သောအရာအတွက် မိမိတို့၏ငွေကိုဖြုန်းတီးရန် လူသားများတို့ကို ဘုရားသခင်မဖန်ဆင်းခဲ့ပါ။ သူတို့အားကွယ်ပျောက်တတ်သော လောကပျော်ရွှ မှုနှင့်စည်းစိမ်ဥစ္စာထက် သာ၍များစွာတန်ဖိုးဖြတ်၍မရသော မပျက်စီးနိုင်သည့် ကောင်းကင်နိုင်ငံ၏ဘုန်းတော်ရှိကြောင်းကိုပြပါ။ သူတို့အားဧဝံဂေလိတရာ ထဲ၌ လွတ်လပ်ခြင်း၊ မျှော်လင့်ခြင်း၊ ခိုနားခြင်း၊ ငြိမ်သက်ခြင်းများရှိကြောင်း နားလည်သဘောပေါက်စေပါ။ “ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအငတ်မခံရ” ဟုယေရှုပြောခဲ့ပါသည်။ Manuscript 12, 1901. [Ev 267.4]EvBur 336.2

    ရှိလာဝတ်ဆင်မှုနှင့်ပျော်ရွှင်မှုအတွက်ညွှန်ကြားချက်များ - အမှန်တရားသို့ရောက်ရှိ စွာပြောပြသင့်သည်။ သစ္စာရှိသောသူတို့သည် ပြောင်းလဲသောဝိညာဉ်ကို လာသောလူသစ်တို့အား ခရစ်ယာန်အသက်တာ၏စည်းမျဉ်းများကို ရှင်းလင်း ယေရှုခရစ်တော်အထဲ၌ရှိသော ဖြောင့်မတ်ခြင်း၏အသိတရားကို မှန်ကန်စွာ နားလည်ရန် ခေါ်ဆောင်လာလိုသော ပြင်းပြသည့်စိတ်ဝင်စားမှုရှိသင့်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ပျော်ရွှင်မှုကိုလိုလားတောင့်တခြင်း၊ သို့မဟုတ် ဝတ်စားဆင်ယင်မှုမြတ်နိုးခြင်း၌ လွန်စွာစိတ်ဝင်စားခြင်းရှိပါက သူတို့၏စိတ်ဝိညာဉ်နှင့်ခွန်အားများတို့သည် အတ္တစိတ်အလိုလိုက်ခြင်း၌ စွဲလမ်း သွားကြမည်ဖြစ်သည်။ ထိုကြောင့် သစ္စာရှိသောယုံကြည်သူတို့သည် ဤဝိညာဉ် များတို့အပေါ်တာဝန်ရှိသည့်အတွက် သူတို့အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် သင့်သည်။ နုနယ်သောပြောင်းလဲသူများတို့ကို လျစ်လျူရှုထားခြင်းမပြုဘဲ သစ္စာရှိစွာ၊ နူးညံ့သိမ်မွေ့ စွာနှင့် မေတ္တာဖြင့်သွန်သင်ရန်လိုအပ်သည်။ စိတ်မပါ ဘဲလုပ်ဆောင်ရမည့်အလုပ်တစ်ခုမဟုတ်ပါ။ Manuscript 56, 1900. [Ev 268.1]EvBur 336.3

    မှားယွင်းသောဝတ်စားဆင်ယင်မှုအပေါ် ယုံကြည်သူအသစ်များတို့အတွက်ညွှန်ကြား ခြင်း - အသစ်ပြောင်းလဲလာသူများအတွက် သွန်သင်ရမည့်လိုအပ်သည့်အရာ တစ်ခုမှာ ဝတ်စားဆင်ယင်ခြင်းဖြစ်ပါသည်။ ၎င်းကိစ္စအပေါ် အသစ်ပြောင်းလဲ လာသူများတို့အား သစ္စာရှိစေပါ။ ဝတ်စားဆင်ယင်မှုအပေါ် ဂရုမစိုက်သူများ ဖြစ်နေပါသလား။ စိတ်နေမြင့်ခြင်းကို မြတ်နိုးသောသူများဖြစ်နေပါသလား။ ဝတ်စားဆင်ယင်ခြင်းကိုမက်မောခြင်းသည် လူ့ကျင့်ဝတ်နှင့်ဆိုင်သောရောဂါ တစ်ခုဖြစ်သည်။ အသစ်သောပြောင်းလဲလာသည့်ဘဝအသက်တာ၌မရှိစေရပါ။ အကြောင်းရင်းများစွာတို့၌၊ ဧဝံဂေလိတရားလိုအပ်ချက်များ၌ ဆက်ကပ်အပ်နှံ ခြင်းသည် တိကျသောဝတ်စားဆင်ယင်မှုပြောင်းလဲခြင်းတစ်ခုကို ပြုလုပ်ဖို့ရန် တောင်းဆိုလိမ့်မည်။ [Ev 268.2]EvBur 337.1

    ဝတ်စားဆင်ယင်ခြင်းကိုအလေးမထားသောစိတ်မရှိသင့်ပါ။ ခရစ်တော် အတွက်သက်သေခံသောကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပြင်ပပေါ်လွင်မှုကို အကောင်းဆုံးထားရှိသင့်သည်။ တဲတော်လုပ်ငန်းထဲတွင် ဘုရားရှေ့၌တာဝန် ထမ်းဆောင်ရသောသူတို့အတွက် ဘုရားသခင်သည် ဝတ်ဆင်ရမည့်ဝတ်လုံ နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားပါသည်။ ထိုကြောင့် ဘုရားသခင် သည် သူ၏အမှုထမ်းများအတွက် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး အရေး တကြီးထားကြောင်း ကျွန်ုပ်တို့ကိုသင်ကြားပေးခဲ့ပါသည်။ အာရုန်၏ဝတ်လုံ နှင့်ပတ်သက်ပြီး တိကျသောညွှန်ကြားချက်များကို ပေးထားခဲ့ပါသည်။ အကြောင်းမှာ သူ၏ဝတ်လုံသည် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ထိုကြောင့် ခရစ်တော်နောက်လိုက်သူများတို့၏အဝတ်အစားသည် အထိမ်းအမှတ်ဖြစ်သင့် သည်။ အရာခပ်သိမ်းတို့၌ ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်စားလှယ်များ ဖြစ်ရကြမည်။ ကျွန်ုပ်တို့၏ပြင်ပပေါ်လွင်မှုအားလုံးတို့သည် သပ်ရပ်ခြင်း၊ ယဉ်ကျေးခြင်း၊ ဖြူစင်ခြင်းရှိသင့်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ် တော်သည် ကျွန်ုပ်တို့အား ခေတ်နှင့်အညီဝတ်စားဆင်ယင်ခြင်း၌ လောကနှင့် တူရန်ခွင့်ပြုထားခြင်းမရှိပါ။ ခရစ်ယာန်များတို့သည် မိမိတို့၏ကိုယ်ကိုတန်ဖိုး ကြီးသောအဝတ်အစား၊ သို့မဟုတ် တန်ဖိုးကြီးသောဆင်ယင်မှုများတို့ဖြင့် ဝတ်စားဆင်ယင်ခြင်းမပြုရပါ။ [Ev 268.3]EvBur 337.2

    ပ ဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်သော နှုတ်ကပတ်တော်၏ပြောဆို ချက်များကို သေချာစွာစဉ်းစားဆင်ခြင်သင့်သည်။ ကိုယ်ခန္ဓာဝတ်စားဆင်ယင် ခြင်းအပေါ်၌ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်နှစ်သက်ကြောင်း ကျွန်ုပ်တို့ နားလည်ရန်လိုသည်။ ခရစ်တော်၏ကျေးဇူးတော်ကို စိတ်ပါဝင်စားစွာရှာဖွေ သောသူတို့သည် ဘုရားသခင်၏မွန်မြတ်သော ဘုရားသခင်နှုတ်ကပတ် သွန်သင်ချက်ကို နာခံကြလိမ့်မည်။ ကိုယ်ခန္ဓာ၏ပြင်ပပေါ်လွင်ထင်ရှားပုံကို များကို လိုက်နာကြသောသူအားလုံးတို့သည် ခရစ်တော်နှင့်တူလာပါလိမ့်မည်။ ပင်လျှင် ဧဝံဂေလိအမှန်တရားကို ဖော်ပြပေလိမ့်မည်။ [Ev 269.1]EvBur 338.1

    သခင်ခရစ်တော်၏အသက်တာကိုလေ့လာပြီး သူ၏သွန်သင်ချက် သူတို့၏တန်ခိုးသြဇာသည် ခရစ်တော်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည် သောလမ်း၌လျှောက်နေပြီး၊ ဘုရားသခင်၏အလိုတော်ကိုဆောင်သကဲ့သို့ ကောင်းသောအကျင့်စာရိတ္တကိုဖော်ပြလိမ့်မည်။ သူတို့သည် နာခံခြင်း၏နှိမ့်ချ ဘုရားသခင်၏အမှုတော်တိုးတက်ရေးနှင့် ဘုရားသခင်၏လုပ်ငန်းကျန်းမာဖြူစင် ခြင်းကိုပြောရန်အတွက် တန်ခိုးသြဇာကိုလည်း သူတို့ကြိုးစား၍ရယူကြသည်။ ဤကဲ့သို့ကောင်းမွန်စွာပြောင်းလဲသောဝိညာဉ်များအားဖြင့် ကမ္ဘာ့အတွက်လူတို့၏ စာရိတ္တအပေါ် အမှန်တရားသည် သန့်ရှင်းခြင်းပေးနိုင်သောတန်ခိုးရှိကြောင်း ကို သက်သေပြနိုင်လိမ့်မည်။ Testimonies, vol. 6, pp. 96, 97. (1900) [Ev 269.2]EvBur 338.2

    ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းနှင့်အညီလိုက်လျှောက်ခြင်း - အဝတ်အစား၌ မိမိ ကိုယ်ကိုငြင်းပယ်ခြင်းသည် ကျွန်ုပ်တို့ခရစ်ယာန်၏တာဝန်ဖြစ်သည်။ ရိုးရိုး ယဉ်ယဉ်ဝတ်ဆင်ခြင်းနှင့် ရတနာဖြင့်အလှဆင်ခြင်းအမျိုးမျိုးမှ ရှောင်ကြဉ်ခြင်း သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ကိုက်ညီသည်။ ကျွန်ုပ်တို့သည် အဝတ် အစားတပ်မက်မောခြင်းနှင့် ပျော်ရွှင်မှုမြတ်နိုးခြင်းတို့ကို လောကီမိုက်မဲခြင်းဟု တွေ့မြင်သောသူများအထဲ၌ ပါဝင်နေပါသလား။ အကယ်၍ပါဝင်ခဲ့လျှင် ကျွန်ုပ်တို့သည် ဤလောကအတွက်သာလျှင်အသက်ရှင်ပြီး လာမည့်အရာ အတွက်မစဉ်းစားသောသူများတို့၏စိတ်နှင့်နှလုံးကိုပိုင်ဆိုင်သော ဤစိတ်ဓာတ် ကိုခွင့်ပြုသည့် အရာခပ်သိမ်းတို့ကိုရှောင်သောလူမျိုးအထဲ၌ပါသင့်သည်။ Testimonies, vol. 3, p. 366. (1875) [Ev 269.3]EvBur 339.1

    ခရစ်တော်၊ သို့မဟုတ် လောကနှင့်တူညီခြင်း - ညီအစ်မတစ်ယောက်သည် ကျွန်ုပ်တို့၏သင်တန်းကျောင်း၌နှစ်ပတ်ကြာနေပြီးနောက် တွေ့ မြင်ကြားသိရ သည့်အရာများအပေါ် ပါသည်။ သူမသည် အမှန်တရားကိုလက်မခံမီ လောက၏ခေတ်နှင့်အညီ ဝတ်စားဆင်ယင်ခဲ့ပြီး တန်ဖိုးကြီးသောကျောက်မျက်ရတနာများကို ဆင်မြန်း ခဲ့ပါသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလိုက်လျှောက်ရန် သူမ၏စိတ်ကိုဆုံးဖြတ်ချက်ချသောအခါ သမ္မာကျမ်းစာသွန်သင်ချက်အရ၊ ၎င်းဆင်ယင်မှုများတို့ကို ဘေးဖယ်လိုက်ရန်လိုအပ်ကြောင်း သူမခံစားရပါ သည်။ သတ္တမနေ့အသင်းဝင်များတို့သည် ကျောက်မျက်ရတနာများ၊ ရွှေ၊ ငွေ၊ တန်ဖိုးရှိသောကျောက်များတို့ကိုမဝတ်ဆင်ကြောင်းနှင့် သူတို့၏ဝတ်ဆင် မှု၌ လောကခေတ်ဆန်ခြင်းနှင့်အညီမကျင့်သုံးကြောင်းတို့ကို သူမသွန်သင်ခြင်း ခံခဲ့ရပါသည်။ သူမသည် ယုံကြည်သူများအထဲ၌ မိမိတို့၏ဝတ်စားဆင်ယင် ခြင်းမှာ ကျမ်ာ်ပြချက်နှင့်များစွာကွာခြားနေခြင်းကိုတွေ့ ရသောအခါ သူမ ၏စိတ်ကိုရှုပ်ထွေးစေခဲ့သည်။ သူမလေ့လာခဲ့သောကျမ်းစာသည် သူတို့၏ ကျမ်းစာနှင့်အတူတူပင်ဖြစ်ပြီး ၎င်းအတိုင်း သူမ၏အသက်တာကိုကြိုးစား ပြောင်းလဲလိုက်ခြင်းမဟုတ်ပါလား။ လွန်ခဲ့သောသူမ၏ဗဟုသုတသည် အယူသီးခြင်းသက်သက်သာလျှင်ဖြစ်ခဲ့ခြင်းလား၊ တမန်တော်၏ပြောခဲ့သော စကားဖြစ်သည့် “လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” ဤအချက်ကို အနက်လွဲမှားပြီးကောက်ယူခဲ့ ပါသလား။ [Ev 270.1]EvBur 339.2

    ဆဌမ သင်တန်းကျောင်းအရာရှိတစ်ဦးဖြစ်သည့် မစ္စစ်ဒီသည် တစ်နေ့၌ ညီအစ်မ၏အခန်းထဲသို့ အလည်အပတ်ရောက်ရှိလာသည်။ နောက်ပိုင်း၌ ဤညီအစ်မသည် မိမိရွှေဆွဲကြိုးနှင့်ရွှေလက်ကောက်များကို သူမ၏သေတ္တာ ထဲမှထုတ်ယူပြီး “ကျွန်မဒီကျောက်မျက်ရတနာများကိုရောင်းလိုက်ပြီး ဘုရားသခင် ရဲ့ဘဏ္ဍာထဲကိုလှူဒါန်းလိုက်ချင်တယ်” ဟုပြောပါသည်။ အခြားတစ်ဦးမှပြန် ၍ပြောသည်မှာ၊ “ဘာဖြစ်လို့ခင်ဗျားရောင်းချင်တာလဲ၊ အကယ်၍ကျွန်မပစ္စည်း သာဆိုရင် ကျွန်မဝတ်မှာဘဲ” ဆိုပြီးပြောလိုက်ပါသည်။ ညီအစ်မပြန်ဖြေသည် မှာ “ဘာဖြစ်လို့လဲ၊ ကျွန်မအမှန်တရားရရှိတဲ့အချိန်တုန်းက ဒီအရာတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဆန့်ကျင်နေပါတယ်” ဟုဖြစ်ပါသည်။ အားလုံးဘေးဖယ်လိုက်ရမယ်လို့ ကျွန်မသွန်သင်ခြင်းခံခဲ့ရပါတယ်။ တကယ်ပဲ ၎င်းနောက် လည်ပတ်လာသူအား ညီအစ်မသည် တမန်တော်ပေါလုနှင့်ပေတရု သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊ အဖိုးထိုက်သောအဝတ် ပြောသောစကားများကို သူမဖတ်ပြလိုက်ပါသည်။ “ထိုနည်းတူ၊ မိန်းမတို့ ထိုနှင့်ကိုယ်ကိုမဆင်ဘဲရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ် သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကိုဝန်ခံ ပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” “သင်တို့၌တန်ဆာဆင်ခြင်း မူကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင် တန်ဆာဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာ ဆင်ခြင်းရှိသောစိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။” [Ev 270.2]EvBur 340.1

    ပြန်လည်၍အဖြေပေးသည့်အနေဖြင့် ဤသင်တန်းကျောင်းအရာရှိ အမျိုးသမီးသည် မိမိလက်ချောင်းထဲရှိ ရွှေလက်စွပ်ကိုထုတ်ပြလိုက်ပြီး ဤလက်စွပ်သည် ကျွန်မအားမယုံကြည်သူတစ်ဦးမှပေးထားသောလက်စွပ်ဖြစ် ဤကဲ့သို့စွပ်ထားခြင်းအားဖြင့် အန္တရာယ်မရှိပါဟုသူမပြောပါသည်။ ကျွန်မ တို့အနေဖြင့် ဒီလောက်တိတိကျကျလုပ်စရာမလိုပါဟု ယခင်သိရသည့်အတိုင်း ဖြစ်ပါသည်။ ဤသင်တန်းကျောင်းမှအမျိုးသမီးများတို့သည် ရွှေနာရီ၊ ရွှေ ဆွဲကြိုးများတို့ကို အခြားလူများနည်းတူဝတ်ဆင်ကြပါသည်။ ကျွန်ုပ်တို့၏ ဆင်ယင်မှုများသည် သူများတို့နှင့်မတူ၊ ထူးခြားခြင်းသည် ကောင်းသော စည်းမျဉ်းမဟုတ်ပါ။ သူတစ်ပါး၏သြဇာကိုလည်း များစွာဆွဲဆောင်မှုပြုနိုင် မည်မဟုတ်ပါ။ [Ev 271.1]EvBur 341.1

    ကျွန်ုပ်တို့မေးမြန်းသည်မှာ ဤအရာသည် ခရစ်တော်၏သွန်သင်ချက် နှင့်ကိုက်ညီပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက်လျှောက်နေပါသလား၊ သို့မဟုတ် လောကဓလေ့ထုံးစံကိုလိုက်နေကြပါ သလား။ ကျမ်းစာစံချိန်အတိုင်းနာခံခြင်းသည် အလုံခြုံဆုံးသောအရာဖြစ်သည် ဟု ကျွန်ုပ်တို့၏ညီအစ်မဆုံးဖြတ်ခဲ့ပါသည်။ မစ္စစ်ဒီနှင့်အခြားသူများလိုက် လျှောက်သည့် တူညီကြသောအရာသည် နောက်ဆုံးသောနေ့ရက်၌ လူတိုင်း မိမိတို့၏အလုပ်အားဖြင့် အကျိုးခံစားရလိမ့်မည်ဟုပြောသော နှုတ်ကပတ်တော် အတိုင်း သူတို့၏အပြုအမူအားဖြင့် ရရှိကြမည့်အကျိုးအတွက် သူတို့၏စိတ် ကိုချမ်းသာစေနိုင်ပါမည်လား။ [Ev 271.2] ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပြတ်သားသည်။ ၎င်း၏ သွန်သင်ချက်များတို့သည် မှားယွင်းခြင်းမရှိပါ။ ကျွန်ုပ်တို့ကိုပေးထားသည့် အတိုင်း ၎င်းသွန်သင်ချက်များကို ကျွန်ုပ်တို့နားထောင်ကြမည်လား၊ သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းသွန်သင်ချက်များ၏အဓိပ္ပါယ်ကို မည်မျှလွှဲချော်စေရန် ရှာဖွေရေးသားပြောဆိုလျက် ကယ်တင်ခြင်းရရန်မျှော်လင့်နေကြမည်လား။ ကျွန်ုပ်တို့နှင့်ဆက်နွှယ်လျက်ရှိသောအဖွဲ့အစည်းများအားလုံးတို့သည် ဘုရား ပေးသောအလင်းကိုလက်ခံပြီးလိုက်လျှောက်ကြကာ ၎င်းအလင်းကိုအမှောင်ထု ထဲလျှောက်လှမ်းနေသောသူများတို့ထံ ပို့ဆောင်ကြရမည်။ [Ev 271.3]EvBur 341.2

    လောကနှင့်ကိုက်ညီခြင်းသည် အပြစ်ဖြစ်ပြီး၊ ကျွန်ုပ်တို့လူများ၏ ဝိညာဉ်ရေးကို တဖြည်းဖြည်းဖျက်ဆီးကာ သူတို့၏အသုံးဝင်ခြင်းကို ဆိုးရွာ စွာဝင်ရောက်နှောင့်ယှက်မှုပေးသည်။ နေ့စဉ်အသက်တာ၏လုပ်ဆောင်ရွက် ခြင်း၌ ကျွန်ုပ်တို့ငြင်းဆန်သောအခါ၊ ကမ္ဘာသို့သတိပေးစကားဟောပြောခြင်း သည် ထိရောက်မှုမရှိနိုင်ပါ။ Review and Herald, March 28, 1882. [Ev 271.4]EvBur 342.1

    နှလုံးသား၏အလုပ်တစ်ခု - လူတို့၏မှားသောအကျင့်ဓလေ့ဟု သူတို့ ယူဆပြီးတိုက်ခိုက်ခြင်းအားဖြင့် လူတို့၏အသက်တာကို ကြိုးစားပြုပြင်သော သူများစွာရှိသည်။ အမှားပြုနေသည်ဟု သူတို့ထင်သောလူတို့ထံသို့သွားကာ သူတို့၏ချို့ယွင်းချက်များကိုဖော်ပြကြသည်။ “သင်ဝတ်ဆင်သင့်သလို သင်မဝတ်ဆင်ပါ” ဟု သူတို့ပြောကြသည်။ ဆင်ယင်မှုများ၊ သို့မဟုတ် မည်သည့်မနှစ်သက်ဖွယ်သောအရာများတို့ကို သူတို့ကြိုးစား၍ဖယ်ရှားခြင်းပြု ကြသော်လည်း လူတို့၏စိတ်နှလုံးကို အမှန်တရားဖြင့်ချည်နှောင်ထားရန် သူတို့ ရှာဖွေခြင်းမပြုကြပါ။ သူတစ်ပါးကိုပြုပြင်ရန် ရှာဖွေသောသူတို့သည် ယေရှု ၏ဆွဲဆောင်ခြင်းများကို တင်ပြဟောပြောသင့်ကြသည်။ သူတို့သည် ယေရှု ၏မေတ္တာနှင့်သနားခြင်းကရုဏာကိုပြောဆိုရန်၊ သူ၏ပုံသက်သေနှင့်ပူဇော် ဆက်ကပ်ခြင်းကိုပြောဆိုရန်၊ သူ၏စိတ်သဘောထားကိုဖော်ပြရန်သင့်ပြီး ဝတ်စား ဆင်ယင်ခြင်းအကြောင်းကို လုံးဝပြောဆိုရန်မလိုပါ။ သင့်ဘာသာရေး၏အဓိက အချက်၌ ဝတ်စားဆင်ယင်ခြင်းအကြောင်းကို ပြောရန်မလိုပါ။ ဤထက်သာ၍ တန်ဖိုးရှိသောအရာတစ်ခုကိုပြောရန်ရှိသည်။ ခရစ်တော်၏အကြောင်းကိုပြော ပြီးနောက် စိတ်နှလုံးပြောင်းလဲလာသောအခါ၊ ဘုရားသခင်၏နှုတ်ကပတ်တော် နှင့်မညီညွတ်သောအရာအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ။ အသက်ရှင်သော သစ်ပင်၏အရွက်ကိုခူးခြင်းအလုပ်သည် အချည်းနှီးသက်သက်သာလျှင်ဖြစ် မည်။ အရွက်ပြန်လည်ပေါက်လာဦးမည်ဖြစ်သည်။ သစ်ပင်ရင်း၌ပုဆိန်ရှိရမည်။ သို့မှသာ အရွက်များကြွေကုန်ပြီး မည်သည့်အခါမျှအရွက်ပြန်လည်၍ပေါက် လာမည်မဟုတ်ပါ။ [Ev 272.1]EvBur 342.2

    လူတို့အား တန်ဖိုးမရှိသည့်လောကအရာများတို့ကိုသွန်သင်မည့်အစား အသက်စမ်းရေရှိရာသို့ သင်ပို့ဆောင်ရမည်။ သူတို့အား မိမိတို့၏စိတ်နှလုံး များအထဲ၌ ဘုရားသခင်၏မေတ္တာဖြင့်ပြည့်ဝစေပြီး ခရစ်တော်သည် သူတို့ အထဲ၌ရှိကာ ထာဝရအသက်သို့ အသက်စမ်းရေထွက်ပေါ်လာသည့်တိုင်အောင် ခရစ်တော်ကိုသောက်စေရမည်။ Signs of the Times, July 1, 1889. [Ev 272.2]EvBur 343.1

    ရေပန်းကိုဆေးကြောပါ။ စမ်းချောင်းသန့်ရှင်းလာလိမ့်မည်။ အကယ်၍ စိတ်နှလုံးမှန်ပါက သင်၏အပြောအဆိုများ၊ ဝတ်စားဆင်ယင်မှုများ၊ လှုပ်ရှား မူများအားလုံးမှန်လိမ့်မည်။ Testimonies, vol. 1, p. 158. (1857)[Ev 272.3]EvBur 343.2

    ရိုးသားသောဝတ်စားဆင်ယင်ခြင်း - ကမ္ဘာ့သမိုင်းအဆုံးသတ်ချိန်သို့ ကျွန်ုပ် တို့ရောက်လုပြီ၊ ဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ် သည်။ ဤအရာသည် ကျွန်ုပ်တို့၏ဝန်ထုပ်ဖြစ်သင့်သည်။ သို့သော် ယခု တော်အရ၊ ရှင်းလင်းပြတ်သားသောသက်သေခံခြင်းကိုပြုရန် ယခုလိုအပ်နေ ဤကိစ္စနှင့်ပတ်သက်ပြီး စမ်းသပ်ချက်တစ်ခုကို စိတ်အားထက်သန်စွာပြုလုပ် ရန် အချိန်အလွန်နောက်ကျနေပြီ။ ကျွန်ုပ်တို့လူတို့၏ဝတ်စားဆင်ယင်ခြင်း သည် အရိုးဆုံးဖြစ်သင့်သည်။ ဤဝတ်စားဆင်ယင်ခြင်းအတွက် လမ်းညွှန် ရမည့်တိကျသောစည်းမျဉ်းဥပဒေကို ပုံစံအကောင်းဆုံးဖြင့် မည်သူမျှမရရှိ ကြပါ။ [Ev 272.4]EvBur 343.3

    ကျွန်ုပ်တို့၏ ညီအစ်မများတို့သည် အိန္ဒြေသိက္ခာရှိသောဝတ်စားဆင်ယင် မှုဖြင့် မိမိတို့၏ကိုယ်ကိုဖုံးကွယ်သင့်ကြသည်။ ရိုးရိုးယဉ်ယဉ်ဖြင့်ဝတ်ဆင်သင့် ကြသည်။ သင်၏ဦးထုပ်နှင့်အဝတ်အစားများအပေါ်၌ ပိုလျှံသောတန်ဆာဆင် ခြင်းများကိုပြုလုပ်ရန်မလိုအပ်ပါ။ သင်သည် ရှက်ကြောက်တတ်ပြီး တည်ကြည် ခန့်ညားစွာဖြင့် အိန္ဒြေရှိသောဝတ်ဆင်ခြင်းကိုပြုရမည်။ ကမ္ဘာသို့ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် အတွင်းတန်ဆာဆင်ခြင်းကို အသက်ရှင်သောပုံပမာအဖြစ် ပြသပါ။ ကျွန်ုပ်တို့၏ညီအစ်မများကို အများသောသူရိုးရိုးဝတ်ဆင်သကဲ့သို့ ကောင်းသောတန်ဆာပလာဖြင့် ချုပ်လုပ်ထားသောအဝတ်၊ ခိုင်ခံ့၍အိန္ဒြေရှိ ပြီး ဤခေတ်နှင့်သင့်လျော်သောအဝတ်ကိုသာဝတ်ဆင်စေပါ။ သူတစ်ပါးအတွက် မေးခွန်းထုတ်စရာမဖြစ်ပါစေနှင့်။ Manuscript 97, 1908. [Ev 273.1]EvBur 344.1