Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂)—လူနေထူထပ်သောမြို့ကြီးများ

    ရောက်ရှိလာမည့်ပျက်စီးခြင်း၏အရိပ်အောက်၌

    မြို့ကြီးများရှိ သန်းပေါင်းများစွာသောသူတို့သည် မကြာမီဆုံးဖြတ်ချက်ချရမည် - ယနေ့ကမ္ဘာတစ်ခုလုံးကိုလွှမ်းခြုံနေသည့် ဝိညာဉ်ရေးအမှောင်ထုကြီးသည် လူဦးရေထူထပ်သောနေရာများ၌ ပို၍ကြီးမားလျက်ရှိသည်။ ထိုကြောင့် မြို့ကြီး များအတွင်းရှိ လူသားတိုင်းတို့အတွက် နောင်တတရားရရှိကြရန် ဧဝံဂေလိ ဝန်ထမ်းများသွားရောက်ဟောကြားခြင်းအတွက် အလိုအပ်ဆုံးအရေတကြီး ဆောင်ရွက်ရမည့်အလုပ်တာဝန်ဖြစ်သည်။ Ev, 25.1].EvBur 14.1

    မြို့ကြီးများ၌ ရာဇဝတ်မှုနှင့်အပြစ်ကျူးလွန်ခြင်းမှတ်တမ်းသည် ကြောက်လှန့်ဖွယ်အလွန်ကောင်းလှပါသည်။ ဆိုးသွမ်းမှု၏ဆိုးသွမ်းမှုများမှာ ကျွန်ုပ်တို့တွေးဆနိုင်သည်ထက် ပို၍သာလွန်လျက်နေပါသည်။ ကောင်းကင်သား များရှေ့မှောက်တွင် မြို့ကြီးပေါင်းများစွာတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်လျက် နေပြီ။ ဤတိုးပွားလာသောဆိုးသွမ်းမှုများကြောင့် လူအများကြုံတွေ့ခံစားနေရ သည့်ဗဟုသုတကို ကယ်တင်ခြင်းပေးနိုင်သောကောင်းကင်တမန်သုံးပါးသတင်း စကားဝင်ရောက်ထိုးဖောက်ရန် တစ်နေ့တခြားပို၍ခက်ခဲလာပါသည်။ လူတို့ ၏ရန်သူတည်းဟူသော တန်ခိုးကြီးမားသည့်စာတန်မာရ်နတ်သည် လူသားတို့၏ စိတ်နှလုံးကို အပြည့်အဝထိန်းချုပ်လျက်ရှိနေသည့်အတွက် ဘုရားရှင်၏အမှု ဆောင်များလုပ်ဆောင်ရမည့် လူတို့အားသတိပေး၍ပြင်ဆင်ရမည့်အလုပ်ကို လျင်မြန်စွာပြီးမြောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ [Ev , 25.2].EvBur 14.2

    မြို့ကြီးများအတွင်း ခရစ်ယာန်အမှုထမ်းများရင်ဆိုင်နေရသည့်အခြေ အနေများမှာ ပျက်စီးခြင်း၏အရိပ်အောက်၌နေထိုင်ကြရသည့် သန်းပေါင်း များစွာသောလူထုကြီးထံ အရေးကြီးလှသည့်သတင်းစကားကို ကြိုးစားယူဆောင် သွားရန်ဖြစ်သည်။ လူတို့သည် မကြာမီကြီးမားသောဆုံးဖြတ်ချက်များကို ပြုလုပ်ကြရန် အခွင့်အရေးရရှိခြင်းနှင့် သမ္မာကျမ်းစာ၏အမှန်တရားကို နားလည် ရကြမည်ဖြစ်ပြီး၊ မှန်သောအသက်တာလမ်းပေါ်တွင် ရပ်တည်နိုင်ကြမည်ဖြစ် သည်။ ယခုဘုရားသခင်သည် မိမိ၏စေတမန်များကို ကရုဏာတံခါးပွင့်နေ ချိန်၌ မြို့ကြီးများကိုသတိပေးရန် တိကျစွာအမှန်ပင်ခေါ်လျက်နေပြီး၊ သမ္မာ ကျမ်းစာ၏အမှန်တရားကို လူထုပရိသတ်များလွယ်ကူစွာပြောင်းလဲနိုင်သည့် တန်ခိုးသြဇာရှိနေစဉ် ဆောင်ရွက်ကြရန်ဖြစ်သည်။ Review and Herald, April 7, 1910. [Ev , 25.3].EvBur 14.3

    “သေခြင်းခြေလှမ်း” ပေါ်၌ - လူဦးရေထူထပ်သောမြို့ ကြီးများတို့၌ စာတန်မာရ်နတ်အလုပ်များနေသည်။ အလုပ်သမားများနှင့်အလုပ်ရှင်များစပ်ကြား ရှုပ်ထွေးခြင်း၊ မညီညွတ်ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အသင်းတော်များရှိ ဘာသာရေး အတုအယောင်များတို့၌ သူသည်အလုပ်လုပ်လျက်ရှိသည်။ ဘုရားရေးတရား ရေးတွင် အချိန်မပေးနိုင်ရန် လူတို့အားစာတန်မာရ်နတ်သည် ကာမရာဂနှင့် ပျော်ရွှင်မှုကိုရှာဖွေရယူခြင်း၊ စားသောက်ခြင်းနှင့်အရက်သေစာသောက်ကြူးခြင်း နောက်သို့လိုက်ရန် သွေးဆောင်လျက်ရှိသည်။ မိမိကိုယ်ကိုချီးမြှောက်လိုသော စိတ်ဖြင့် လူတို့စိတ်ထဲ၌ပြည့်ဝစေသည်။ တစ်ဆင့်ပြီးတစ်ဆင့် ဤကမ္ဘာကြီး သည် နောဧနေ့ရက်များကဲ့သို့ အခြေအနေများဖြစ်ပေါ်လာနေပါသည်။ ရာဇဝတ် မှုအမျိုးမျိုးကိုလည်း လူတို့ပြုလုပ်လျက်ရှိကြသည်။ သွေးသားအလိုဆန္ဒသို့ လိုက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အာဏာအလွဲ သုံးစားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတွင် လူတို့ အားအတင်းအဓမ္မစည်းရုံးခြင်း အစရှိသည်တို့မှာ နောက်ဆုံးသောနေ့ရက် ကာလများအတွက် ကြီးမားသောလောင်ရန် မိမိတို့ကိုယ်ကိုစုစည်းလျက်ရှိခြင်း တို့သည် စာတန်မာရ်နတ်၏ကိုယ်စားလှယ်များတို့၏လုပ်ရပ်များပင်ဖြစ်သည်။ ဤရာဇဝတ်မှုနှင့်လူသားများတို့၏မိုက်မဲခြင်းကို “ကောင်းသောအသက်တာ ဟုထင်မှတ်ကြသည်။ [Ev , 26.1].EvBur 15.1

    ကိုယ်ရေးကိုယ်တာကိစ္စကိုသာစိတ်ဝင်စားပြီး လောကီစည်းစိမ်များကို ရှာဖွေကြကာ ဘုရားမရှိသကဲ့သို့အသက်ရှင်နေကြသောသူတို့သည် မကြာမီ တစ်မဟုတ်ချင်းအတွင်း ပျက်စီးခြင်းကိုမလွဲမသွေအမှန်တကယ်တွေ့ကြုံကြရ မည်ဖြစ်သည်။ အများသောသူတို့သည် သတိမမူသောအတ္တစိတ်ဖြင့် မိမိတို့၏ ဝိညာဉ်ကိုတန်ဖိုးမထားကြသည့်တိုင် လောကီအရာကိုသာစွဲလမ်းလျက်ရှိကြ ပါလိမ့်မည်။ ကခုန်မြူးထူးခြင်း၊ ဆေးလိပ်သောက်သုံးခြင်းနှင့်အရက်သေစာ သောက်ကြူးခြင်း၊ တိရစ္ဆာန်သဘောကဲ့သို့ပျော်မွေ့ခြင်းအားဖြင့် နွားသတ်ရုံသို့ သတ်ဖို့ရန်ယူဆောင်သွားခြင်းခံရသည့် နွားတစ်ကောင်ကဲ့သို့ဖြစ်သည်။ ဆွဲဆောင် မှုနည်းလမ်းအမျိုးမျိုးဖြင့် လူသားများတို့ကို မာရ်နတ်သည် မည်သည့်အရာ ကိုမျှမတွေ့မမြင်နိုင်သော မျက်မမြင်များကဲ့သို့ ပျက်စီးခြင်းလမ်း၏ရှေ့သို့သာ လျှင် ချီတက်စေကာ၊ သူတို့၏အပြစ်နှင့်ပြည့်ဝသောဤကမ္ဘာကြီးကို အပြစ် ဒဏ်စီရင်သည့်တိုင် ပို့ဆောင်ပါလိမ့်မည်။ ကမ္ဘာတစ်ခုလုံးသည် သေခြင်းလမ်း သို့သာလျှောက်လှမ်းနေပုံပေါ်လျက်ရှိပါသည်။ Manuscript 139, 1903.EvBur 16.1

    ရည်မှန်းချက်ကြီးသောစီမံကိန်း - မြို့တွင်းနေလူတန်းစားတို့သည် တစ်နေ့ တခြားပို၍စီးပွားရေးလုပ်ငန်းတွင် နစ်မွန်းလျက်ရှိကြပါသည်။ ကောင်းကင် သို့တိုင်ရောက်ရှိနိုင်သည့် မျှော်စင်ရဲတိုက်ကြီးများနှင့်အဆောက်အဦကြီးများတို့ ကို ဆောက်လုပ်လိုသောပြင်းပြသည့်ဆန္ဒရှိကြပါသည်။ သူတို့၏စိတ်ထဲ၌ ဆန်းပြားသောနည်းလမ်းနှင့် ကြီးမားသောရည်မှန်းချက်စီမံကိန်းများနှင့်ပြည့်ဝ လျက်ရှိသည်။ Manuscript 154, 1902. [Ev , 27.1.EvBur 16.2

    ကောင်းကင်သတိပေးစကားများကို သတိမမူပါက - ပြစ်မှားခြင်းနှင့်ပြည့်ဝပြီး လွန်ကဲစွာအပြစ်ဒုစရိုက်ပြုသောမြို့ကြီးများတို့သည် မြေငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်း၊ ရေလွှမ်းမိုးခြင်းများတို့အားဖြင့် ဘုရားသခင်ဖျက်ဆီးမည်ဖြစ်ကြောင်း ကျွန်ုပ်အားပြောပြရန် စေခိုင်းလျက်ရှိသည်။ မိမိ၏တန်ခိုးအာဏာကို ဘုရား ကဲ့သို့ဖော်ပြရန် ဘုရားတစ်ဆူရှိနေကြောင်း ကမ္ဘာကြီးကိုသတိပေးရပါလိမ့် မည်။ မတွေ့မြင်နိုင်သည့် ဘုရားရှင်၏ကိုယ်စားလှယ်များတို့သည် ပျက်စီးခြင်း၊ ရှုပ်ထွေးခြင်းနှင့်သေကျေပျက်စီးခြင်းအမှုကို ဆောင်ရွက်ကြပါလိမ့်မည်။ စည်းစိမ် ချမ်းသာဟူသရွေ့တို့သည် အချည်းနှီးသက်သက်သာလျှင်ဖြစ်သွားပေလိမ့်မည်။ [Ev , 27.2],EvBur 16.3

    ကြီးမားသောဘေးအန္တရာယ်ရောက်လာလိမ့်မည် — မမျှော်လင့်သောကြောက်မက် ဖွယ်ရာအကောင်းဆုံးဘေးအန္တရာယ်များနှင့်ပျက်စီးခြင်းများတို့သည် တစ်ခုနောက် တစ်ခုဖြစ်ပေါ်လာလိမ့်မည်။ ဘုရားရှင်မှပေးသောသတိပေးစကားကိုနာခံပြီး အသင်းတော်များနောင်တတရားရကြကာ၊ မိမိတို့၏ဘုရားရှင်ထံပြန်၍လှည့် လာပါက အခြားမြို့များ အခိုက်အတန့်ကာလအတွင်းမပျက်စီးရဘဲရှိနေပေ လိမ့်မည်။ သို့သော် လှည့်ဖြားခံရသောသူတို့သည် မိမိတို့၏လမ်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းနေပြီး ဘုရားသခင်၏ပညတ်တော်ကိုအလေးမထား၊ မှားယွင်းမှုကိုလူတို့ရှေ့တွင်ပြသခဲ့သော် မိမိတို့၏အသိတရားနိုးကြားလာရန် အတွက် ကြီးမားသောဘေးအန္တရာယ်များတို့ကို ဘုရားရှင်မှခံစားစေရန်ခွင့်ပြု ပေလိမ့်မည်။ [Ev , 27.3].EvBur 17.1

    ဘုရားသခင်သည် ပြစ်မှားသူအားလုံးတို့ကိုစွန့်ပစ်ရန်၊ သို့မဟုတ် လူမျိုးအားလုံးတို့ကို တစ်မဟုတ်ချင်းအတွင်း ဖျက်ဆီးရန်ပြုလုပ်လိမ့်မည်မဟုတ် ပါ။ သို့သော် မြို့ကြီးများနှင့်နေရာအနှံ့အပြား၌ရှိနေကြသော မာရ်နတ်၏ကိုယ်စား လှယ်လက်တွင်းသို့ရောက်ရှိနေသူများတို့ကို ပြစ်ဒဏ်ပေး၍ဆုံးမပေလိမ့်မည်။ မြို့တွင်းများရှိ လူမျိုးအပေါင်းတို့ကို တင်းကျပ်စွာဆက်ဆံရခြင်းမှာ နောက်ဆုံး ကျရောက်မည့် ပြင်းထန်သောပြစ်ဒဏ်ပေးခြင်းကို မခံစားစေရန်အတွက်ဖြစ် သည်။ အကြောင်းမှာ တချို့သောသူများတို့သည် မာရ်နတ်၏သွေးဆောင် မှုအောက်မှရုန်းထွက်ပြီး နောင်တရပြောင်းလဲကြမည်ဖြစ်သောကြောင့် ဘုရားရှင် အမျက်တော်ကျရောက်သောနေ့၌ မြောက်မြားစွာသောလူသားများလွတ်မြောက် ကြရန်အတွက်ဖြစ်သည်။ Manuscript 35, 1906. Ev, 27.4].EvBur 17.2

    လူတို့ကိုနှိုးဆွစေရန် - ၁၉ဝ၆ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၌ ကာလီဖိုးနီးယားပြည်နယ်၊ လိုးမာလင်းဒါးမြို့၌ အံ့ဖွယ်အကောင်းဆုံးသော ပုံပမာတစ်ခုကို ကျွန်ုပ်တွေ့ရှိခဲ့ရပါသည်။ ညရူပါရုံတစ်ခုရရှိချိန်၌ ကြီးမား သောနေရာတစ်ခုအပေါ်မတ်တတ်ရပ်ကာ ကျူပင်များလှုပ်ရှားသကဲ့သို့ အိမ်များ လှုပ်ရှားသည်ကိုတွေ့မြင်ရပါသည်။ အဆောက်အဦကြီးငယ်အားလုံး မြေပေါ် သို့ပြိုလဲသွားသည်ကိုတွေ့ ရပါသည်။ ဇိမ်ခံအဆောက်အဦများ၊ ကပွဲရုံများ၊ တည်းခိုခန်းများနှင့် တန်ဖိုးရှိအိမ်ရာအဆောက်အဦများ တုန်လှုပ်၍ပျက်စီးကြ ပါသည်။ လူပေါင်းများစွာသေကျေပျက်စီးပြီး ဒဏ်ရာရသူများ၊ ကြောက်လန့် သူများတို့၏အော်ဟစ်သံသည် လေထုထဲ၌ပြည့်လျှံလျက်ရှိသည်။ [Ev , 28.1].EvBur 17.3

    ဖျက်ဆီးသောဘုရားသခင်၏ကောင်းကင်တမန်များ အလုပ်လုပ်နေ သည်။ တစ်ချက်ကလေးတို့ထိရုံမျှဖြင့် အန္တရာယ်အမျိုးမျိုးမှလုံခြုံသည်ဟုထင် ရသော ခိုင်ခံ့ကောင်းမွန်စွာဆောက်လုပ်ထားသည့်အဆောက်အဦများတို့သည် လျင်မြန်စွာအမှိုက်ပုံကြီးဖြစ်သွားရတော့သည်။ မည်သည့်နေရာမှ လုံခြုံမှုအာမခံ ချက်မရှိတော့ပါ။ အထူးမည်သည့်ဒုက္ခမျှကျွနု်ပ်မခံစားရပါ။ သို့သော် ကျွန်ုပ် ရှေ့၌တွေ့မြင်ရသော ကြောက်မက်ဖွယ်မြင်ကွင်းကိုဖော်ပြရန် ကျွန်ုပ်၌စကားလုံး များမရှိပါ။ ဘုရားရှင်၏သည်းခံခြင်းအချိန်ကာလကုန်ခန်းသွားပြီး၊ တရား စီရင်ခြင်းနေ့ရက်ရောက်ရှိလာပုံပေါ်သည်ဟု ခံစားရပါသည်။ [Ev , 28.2].EvBur 18.1

    ကျွန်ုပ်အနား၌ရပ်နေသော ကောင်းကင်တမန်တစ်ပါးသည် ကျွန်ုပ် အားပြောပြသည်မှာ ယနေ့ကမ္ဘာပေါ်ရှိဆိုးသွမ်းမှုများ၊ အထူးသဖြင့် မြို့ကြီး များအတွင်းဆိုးသွမ်းမှုများရှိနေခြင်းကို လူနည်းစုသာလျှင်သတိမူကြကြောင်း ဖြစ်ပါသည်။ ဘုရားသခင်၏ပညတ်တော်ကို ဆက်လက်၍အမြဲကျူးလွန်ကြ ပါက သူ၏အမျက်တော်သည် ကျူးလွန်သူတို့အပေါ်သက်ရောက်မည်ဖြစ် ကြောင်း သူပြောပြပါသည်။ [Ev , 28.3].EvBur 18.2

    ကျွန်ုပ်တွေ့မြင်ရသောအရာသည် လွန်စွာထိတ်လန့်ဖွယ်ရာကောင်းပြီး၊ ကျွန်ုပ်၏စိတ်ကိုလွန်စွာထိခိုက်စေသောကြောင့် ကျွန်ုပ်တင်ပြရခြင်းဖြစ်သည်။ ကျွန်ုပ်၏အနား၌မတ်တတ်ရပ်နေသော ကောင်းကင်တမန်တစ်ပါးပြောဆိုသည် မှာ၊ ဘုရားသခင်၏အကြီးဆုံးသောအုပ်ချုပ်မှုနှင့် သူ၏သန့်ရှင်းမွန်မြတ်သော ပညတ်တော်သည် ဘုရင်တကာတို့၏ဘုရင်အား နာခံရန်အစဉ်တစိုက်ငြင်းဆန် သောသူတို့အား ဖော်ပြရပါလိမ့်မည်။ သစ္စာရှိသောအသက်တာကိုရွေးချယ် သူတို့အား ကရုဏာနှင့်ပြည့်ဝသော တရားစီရင်ခြင်းကိုခံရခြင်းမှာ မိမိတို့၏ အပြစ်ဒုစရိုက်ကိုသိရှိပြီး၊ ဖြစ်နိုင်ပါက နောင်တရ၍ပြောင်းလဲစေရန်အတွက် ဖြစ်သည်။ Testimonies, vol. 9, p. 92, 1909. Ev, 28.4].EvBur 18.3

    ကြီးမားသောပျက်စီးခြင်း၏မြင်ကွင်းတစ်ခု - လွန်ခဲ့သောသောကြာနေ့နံနက်၊ ကျွန်ုပ်အိပ်ရာမှမနိုးမီ အလွန်စိတ်ဝင်စားဖွယ်မြင်ကွင်းတစ်ခုကို ကျွန်ုပ်တွေ့ မြင် ရပါသည်။ ကျွန်ုပ်အိပ်ရာမှနိုးပုံပေါ်သော်လည်း ကျွန်ုပ်၏အိမ်၌မဟုတ်ပါ။ ပြတင်းပေါက်များမှ ကြောက်မက်ဖွယ်ကြီးမားသောမီးလောင်မှုတစ်ခုကို တွေ့မြင် ရပါသည်။ ကြီးမားသောမီးလုံးကြီးများ အိမ်များအပေါ်သို့ကျနေပြီး၊ မီးလုံး များအထဲမှ မီးတောက်လောင်လျက်ရှိသော မြားချောင်းများတို့သည် နေရာ တိုင်းသို့ပျံဝဲလျက်ရှိသည်။ တောက်လောင်နေသောမီးများကိုရေတွက်၍မရပါ။ နေရာများစွာပျက်စီးဆုံးရှုံးကုန်သည်။ လူတို့၏ကြောက်ရွံ့ခြင်းကိုဖော်ပြ၍မရ ပါ။ မကြာမီကျွန်ုပ်၏အိပ်ရာမှနိုးထပြီး အိပ်ရာပေါ်မှာရှိနေသည်ကိုသိရပါသည်။ Letter 278, 1906. [Ev , 29.1].EvBur 19.1

    အကြောင်းမှာမြို့ကြီးများပျက်စီးကုန်လိမ့်မည် — နေရာတိုင်း၌ရှိသောအမျိုးသား များတို့သည် သာသနာ့လုပ်ငန်းအတွက် ပြင်ပသို့ထွက်သွားကြပြီး၊ နောက်ဆုံး သတိပေးစကားကို အပြစ်ကမ္ဘာကြီးအားပြောကြားရန်သင့်ပြီ။ ခရစ်တော်ထံသို့ ဝိညာဉ်များကိုခေါ်ဆောင်ရန် ယခင်အချိန်မှစ၍ဆောင်ရွက်သင့်သည်ကို ပျက်ကွက်ခဲ့ကြပါသည်။ ဘုရားမဲ့တရားမဲ့မြို့ များတို့၌နေထိုင်ကြသော မြို့သူ မြို့သားများတို့အပေါ် မကြာမီဘေးဒုက္ခများကျရောက်မည်ကို ကြင်နာမှုကင်းမဲ့ စွာလျစ်လျူရှုခဲ့ကြသည်။ မြို့ကြီးများပျက်စီးသွားရမည့်အချိန်ကာလနီးကပ်ပြီ ဖြစ်သည့်အတွက် ကျရောက်မည့်တရားစီရင်ခြင်းများအတွက် အားလုံးကိုသတိ ပေးသင့်သည်။ သို့သော် ဘုရားရှင်မှလိုလားတောင့်တ၍ တောင်းဆိုသော စိတ်ပါဝင်စား ဆောင်ရွက်ရမည့်အလုပ်ကို ပြီးမြောက်အောင်မည်သူဆောင်ရွက် ကြမည်နည်း။ [Ev , 29.2].EvBur 19.2

    မြို့ကြီးများအတွင်းလုပ်ရမည့်အလုပ်ကို ထောင်ချီသောနေရာများတို့၌ ယခုအချိန်တွင်မပြုလုပ်ရသေးပါ။ အမျိုးသား၊ အမျိုးသမီးများအားလုံး မိမိ တို့တာဝန်အားလုံးကိုသိရှိကြပါက ဆောင်ရွက်ကြပါလိမ့်မည်။ Manuscript 53, 1910. [Ev , 29.3].EvBur 20.1

    ထောင်ပေါင်းများစွာသောမြို့ကြီးများပျက်စီးခြင်း - ယခုအခါ ဘုရားတရား မရှိသည့် ထောင်ပေါင်းများစွာသောမြို့များတို့ပျက်စီးလုခြင်းကို ဘုရားသားသမီး များနားလည်ခံစားသင့်ပြီ။ Review and Herald, Sept. 10, 1903. [Ev , 29.4].EvBur 20.2

    လုပ်ငန်းကိုလျင်မြန်စေခြင်း - မြို့ကြီးများတို့၏အခြေအနေသည် မာရ်နတ် ၏တန်ခိုးလက်အောက်၌ရှိနေကြောင်း ကျွန်ုပ်စဉ်းစားဆင်ခြင်မိသောအခါ ဤအရာများ၏အဆုံးမည်ကဲ့သို့ဖြစ်လိမ့်မည်နည်းဟု ကျွန်ုပ်ကိုယ်ကိုမေးခွန်း ထုတ်မိပါသည်။ မြို့တွင်းဆိုးသွမ်းမှုပို၍တိုးပွားလာသည်။ ရာဇဝတ်မှုနှင့်အပြစ် ဒုစရိုက်များ နေရာတိုင်း၌ရှိနေပါသည်။ ရုပ်တုကိုးကွယ်ခြင်းနည်းလမ်းအသစ် အဆန်းများကို အသိုက်အဝန်းထဲ၌ ဆက်လက်၍လုပ်ဆောင်နေကြသည်။ လူမျိုးတိုင်း၊ နိုင်ငံတိုင်းရှိ လူတို့၏စိတ်ထဲတွင် အသစ်အဆန်းတီထွင်ရန်စိတ်ကူး ကြပါသည်။ ကြမ်းတမ်းသောအပြုအမူ၊ ရှုပ်ထွေးသောစိတ်ဓာတ်များကို နေရာ တိုင်း၌တိုးပွားလျက်ရှိသည်ကို တွေ့ရပါသည်။ ကမ္ဘာကြီးအထဲ၌ရှိသောမြို့ကြီး များတို့သည် အမှန်တကယ်သောဒုံနှင့်ဂေါမောရမြို့များကဲ့သို့ဖြစ်လာကြပြီ။ Ev, 29.5].EvBur 20.3

    အမှုဆောင်များ၊ ငွေကြေးများနှင့်ဆက်ကပ်လိုသောစိတ်ဓာတ်မရှိခြင်း ကြောင့် မြို့တွင်းလုပ်ငန်းကြန့်ကြာရခြင်းအတွက် ကျွန်ုပ်တို့အနေဖြင့် မြို့တွင်း လုပ်ငန်းများလျင်မြန်စွာပြီးမြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါ သည်။ ယခုအချိန်တွင် ဘုရားရှင်၏သားသမီးများတို့သည် မိမိတို့၏စိတ်နှလုံး ကို လုံးလုံးလျားလျားဘုရားရှင်ထံသို့ပေးအပ်ရမည်။ အရာခပ်သိမ်း၏အဆုံး ရောက်လုနီးပြီ။ သူတို့၏စိတ်နှလုံးနှိမ့်ချရန်၊ ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန်၊ ပျက်စီးခြင်းသို့ ရောက်လုနီးသောမြို့ကြီးများကို သတိပေး ခြင်းသတင်းစကားဟောကြားရန် ကြိုးစားလုပ်ဆောင်ကြရပါမည်။ Review and Herald, Jan. 25, 1912. [Ev , 30.1].EvBur 20.4