Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တစ်ဦးချင်းလုပ်ငန်းပညာကိုသင်ယူခြင်း

    နှုတ်ကပတ်တော်လုပ်ငန်းဆောင်ရွက်နိုင်သူအားလုံး - စွမ်းဆောင်နိုင်သူများ အားလုံး တစ်ဦးချင်းလုပ်ငန်းကိုဆောင်ရွက်သင့်ကြသည်။ သူတို့သည် တစ်အိမ် မှတစ်အိမ်သို့သွားပြီး ရှင်းလင်းစွာနှင့်ရိုးသားသောအပြုအမူဖြင့် လူတို့အား နှုတ်ကပတ်တော်ကိုရှင်းပြပါက ကယ်တင်ရန်ဘုရားသခင်သည် အမှန်တရား ကိုတန်ခိုးဖြင့်ပြည့်ဝစေလိမ့်မည်။ ဤလုပ်ငန်းကိုဆောင်ရွက်သောသူအားEvBur 576.2

    တစ်ဦးချင်းအလုပ်ဖြင့် တိုတောင်းသောရည်ရွယ်ချက်မဟု တ် သောအယူဝါဒကို သင်ကြားခြင်း - ဆုပ်ကိုင်၍ရနိုင်သည်ထက် သာလွန်သည့်အာမခံချက်နှင့် ခွန်အားကိုပေးသောအလင်းကို လွန်စွာတောင့်တသည့်ဝိညာဉ်များစွာရှိပါသည်။ သည်းခံလျက်ဇွဲလုံ့လဖြင့် ထိုသူတို့ကိုရွေးထုတ်ပြီးလုပ်ဆောင်ရန်လိုသည်။ ကူညီမှုအတွက် ဘုရားရှင်ထံစိတ်အားထက်သန်စွာဆုတောင်းခြင်းဖြင့် တိုးလျှိုး တောင်းခံပါ။ သင်၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် သိရှိခဲ့ရသောယေရှုအကြောင်း ကိုပြောပါ။ သူ၏အရှိန်အဟုန်ကြီးသောမေတ္တာ၊ ကြွယ်ဝသောကျေးဇူးတော် ကို လူသားတို့၏နှုတ်မှယိုစီးစေပါ။ မသေချာသောယုံကြည်ယူဆချက်များကို သင်ဟောပြောရန်မလိုပါ။ သို့သော် နှုတ်ကပတ်တော်ကိုယူ၍ သိမ်မွေ့စွာဖြင့် ဝိညာဉ်များကိုမြတ်နိုးသောစိတ်ဖြင့် ကယ်တင်ခြင်းရရန် သင်နှင့်သူတို့ချဉ်းကပ် ရမည့် ခရစ်တော်၏တန်ဖိုးရှိသောဖြောင့်မတ်ခြင်းကို သူတို့အားပြသပါ။ Manuscript 27, 1895. [Ev 442.2]EvBur 577.1

    သီးနှံ စုသိမ်းရန်သင်ယူခြင်း - ဧဝံဂေလိလယ်ပြင်သို့ဝင်ရောက်လုပ်ကိုင် သူတိုင်း သင်တန်းရယူရန် ပညာလိုအပ်သည်။ တံစဉ်ကိုအသုံးပြုပြီး သီးနှံ ရိတ်သိမ်းရုံမျှသာမဟုတ်၊ သီးနှံကိုခြစ်ယူရန်၊ စုသိမ်းရန်၊ သေချာစွာသိမ်းဆည်း ရန်တာဝန်ရှိသည်။ ဤရိတ်သိမ်းခြင်းကို နေရာတိုင်း၌ဆောင်ရွက်ပြီး အနည်းငယ် သာရရှိခြင်းမှာ စပါးကိုစပါးခွံမှကိုယ်တိုင်စုသိမ်းပြီး စပါးကျီသို့ရောက်ရှိသည့် တိုင် ကြိုးစားလုပ်ကိုင်မှုနည်းခြင်းကြောင့်ဖြစ်သည်။ Letter 16e,1892. [Ev 442.3]EvBur 577.2

    ဧဝံဂေလိပိုက်ကွန်ကိုင်တွယ်ခြင်းအတတ်ပညာကို သင်ယူပါ - ကျွန်ုပ်တို့၏ အနီးအနားရှိလူတို့ထံသို့ချဉ်းကပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းများကို တီထွင်နိုင်ရန် အသိဉာဏ်ရှင်သန်ခြင်းရှိရမည်။ စရိတ်ကြီးသော ဝေးလံ သည့်နေရာသို့ ကျွန်ုပ်တို့မသွားသင့်ပါ။ ကျွန်ုပ်တို့တစ်ဦးချင်းလုပ်ဆောင်သင့် သည့် ကျွန်ုပ်တို့၏အနီးအနားရှိပုဂ္ဂိုလ်များ၊ အိမ်ထောင်မိသားစုများရှိနေကြ ပါသည်။ ကျွန်ုပ်တို့မကြာခဏလက်လှမ်းမီသောအခွင့်အရေးများကိုဆုံးရှုံးရ ခြင်းမှာ မတော်ကျွန်ုပ်တို့အချိန်နှင့်ငွေကြေးအကုန်အကျနေရာနှစ်ခုစလုံးအတွက် အတူတူပင်ဖြစ်ပြီး၊ မျှော်လင့်ခြင်းနည်းသော ကျွန်ုပ်တို့နှင့်ဝေးလံသည့်နေရာ ၌ လုပ်ဆောင်ခြင်းကြောင့်ဖြစ်ပေလိမ့်မည်။ ယခုကျွန်ုပ်တို့လေ့လာရမည့်အရာ သည် ဝိညာဉ်များကို ဧဝံဂေလိပိုက်ကွန်ထဲသို့စုသိမ်းခြင်းအလုပ်ကို သင်ယူ ရန်ဖြစ်ပါသည်။ Review and Herald, Dec. 8, 1885. [Ev 443.1]EvBur 577.3

    အလိုအလျောက်ရိုးစင်းသောဝိညာဉ်အောင်မြင်ခြင်း - ခရစ်တော်၏အလုပ် သည် တစ်ဦးချင်းတွေ့ဆုံမေးမြန်းခြင်းအပေါ် အဓိကမူတည်လျက်ရှိသည်။ သူသည် ဝိညာဉ်တစ်လုံးတည်းအပေါ်သစ္စာရှိသောကြောင့်လည်းကောင်း၊ ဝိညာဉ် တစ်လုံး၏ဆောင်ရွက်မှုဖြင့် ဝိညာဉ်ထောင်ပေါင်းများစွာကိုရရှိခဲ့ပါသည်။ [Ev 443.2]EvBur 578.1

    လူငယ်များကိုမစရန် သူတို့ကိုပညာပေးပါ။ ဤအလုပ်ကိုဆောင်ရွက် ခြင်းကြောင့် တစ်ဦးစီသည် ဗဟုသုတရရှိမည်ဖြစ်ပြီး ကြီးမားသောလုပ်ငန်း ကိုထမ်းဆောင်ရန် အရည်အချင်းပြည့်ဝလာပြီး ဆက်ကပ်သောအမှုဆောင် တစ်ဦးဖြစ်လာပါလိမ့်မည်။ ထောင်ပေါင်းများစွာသောနှလုံးသားကို အလွယ်ကူ ဆုံးသောနည်းလမ်းဖြင့် ဆွဲဆောင်နိုင်ပါလိမ့်မည်။ ပညာအရှိဆုံးသူများ သူတစ်ပါးချီးမွမ်းကြသည့်အရည်အချင်းနှင့်ပြည့်ဝပြီး ကမ္ဘာပေါ်ရှိနာမည် ကျော်ကြားသူများတို့ပင် မကြာခဏနှိမ့်ချသောသူများနှင့်ဘုရားကိုချစ်သောသူ၊ ဘုရားရှင်၏မေတ္တာကို ရိုးသားစွာပြောဆိုတတ်သောသူတို့၏ပြောဆိုသော စကားများအားဖြင့် လန်းဆန်းခြင်းရှိလာကြပြီး လေးနက်စွာတွေးတောကာ ခွန်အားရရှိလာကြပါသည်။ ကောင်းမွန်စွာလေ့လာ၍ပြင်ဆင်ထားသောစကား များသည် တန်ခိုးသြဇာအနည်းငယ်သာရှိသည်။ သို့သော် ရိုးသားမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ကြလျက် သေးငယ်သည့်တာဝန်ကိုထမ်းဆောင်ရသော ဘုရားသခင်၏သားသမီးများတို့၏ရိုးသားစွာပုံမှန်ဆောင်ရွက်ခြင်းကြောင့် နှစ်ပေါင်းများစွာပိတ်ထားလျက်ရှိသည့် လူအများတို့၏နှလုံးတံခါးကိုဖွင့်ပေး နိုင်ပါလိမ့်မည်။ Review and Herald, May 9, 1899. [Ev 443.3]EvBur 578.2

    ချဉ်းကပ်ခြင်း- ဆွဲဆောင်နိုင်သော- ကြင်နာစွာ - ဝမ်းမြောက်စွာနှင့်ခရစ်တော် ကိုချစ်၍ ကြင်နာစွာဆွဲဆောင်နိုင်သည့်အမူအရာဖြင့် လူတို့ကိုချဉ်းကပ်ပါ။ မည်သူမျှတန်ဖိုးရှိသည့်နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မြွက်ဆို၍မရပါ။ မည်သည့်လူသားမျှ ဆန်းကြယ်သောနှလုံးသား အသိတရား၏တန်ဖိုးနှင့် အသက်ရှင်သောယုံကြည်ခြင်းဖြင့် နာဇရက်မြို့သား ယေရှုပေးသည့်ကောင်းချီးမင်္ဂလာကို ပုံဖော်၍မရပါ။ Letter 60, 1903. [Ev 444.1]EvBur 579.1

    နှုတ်ဆက်ခြင်း၏အရေးကြီးခြင်း - သင်အလည်အပတ်ပြုသောသူတို့နှင့် တွေ့ဆုံရာတွင် သင်၏အမူအရာအပေါ် များစွာမူတည်လျက်ရှိသည်။ လူတစ်ဦး ၏လက်ကိုကိုင်ဆွဲ၍ ရွှင်လန်းစွာနှုတ်ဆက်ခြင်းဖြင့် သူ၏ယုံကြည်စိတ်ချမှု ကို တစ်ချိန်တွင်သင်ရရှိနိုင်ပါသည်။ သို့မဟုတ် အေးစက်သောအမူအရာဖြင့် သင်နှုတ်ဆက်ပါက သူ့အားသင်စိတ်ဝင်စားခြင်းမရှိဟု သူထင်လိမ့်မည်။ Gospel Workers, p. 189. (1915) [Ev 444.2]EvBur 579.2

    မြို့ပေါ်သမ္မာကျမ်းစာလုပ်ငန်းအတွက်လူပျိုလူရွယ်အမျိုးသားများ - ဤမြို့ကြီး များ၌ အမှုတော်ထမ်းဆောင်နိုင်ရန် ပျိုရွယ်သောအမျိုးသားများကို သင်တန်း လည်း တစ်အိမ်မှတစ်အိမ်သို့သွားရောက်ကာ ကမ္ဘာ၏အပြစ်ကိုယူဆောင်သွား ပေးသင့်သည်။ မတော်စားပွဲပေါ်မှနေပြီး အမှန်တရားကိုမဟောပြောနိုင်သော် သော ဘုရားသခင်၏သိုးသငယ်ကို လူတို့အားညွှန်ပြနိုင်လိမ့်မည်။ တန်ဖိုး ရှိသောအမှန်တရားကျောက်မျက်ရတနာများကို မှားယွင်းသောဖုန်မှုန့်နှင့်အမှိုက် သရိုက်များဖြင့် ဖုံးကွယ်ထားပါသည်။ သို့သော် လူအများနှစ်သက်၍အံ့သြ လောက်အောင် ဘုရားသခင်၏အမှုဆောင်များမှ ဤရတနာများကိုဖော်ထုတ် ပြသနိုင်ပါသည်။ ခြားနားသောစိတ်သဘောထားများနှင့် ကွဲပြားလျက်ရှိသော စွမ်းရည်များဖြင့် အခြေအနေအပေါ်ဆီလျော်စွာဆောင်ရွက်ရမည့် ကြီးမားသော လုပ်ငန်းအမျိုးမျိုးရှိနေပါသည်။ Historical Sketches, p. 182. (1886)EvBur 579.3