Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှန်တရားသင်ကြားခြင်းနည်းလမ်းများ

    ခရစ်တော်၏ဥပမာပုံ ပြင်များနှင့် သင်္ကေတများ - ယေရှုသည် မိမိ၏တပည့် တော်အဖွဲ့ ကလေးနှင့်အတူအလုပ်လုပ်ပြီး ဓမ္မဟောင်းကျမ်းစာကို သူတို့နှင့် အတူသော်လည်းကောင်း၊ လူများတို့နှင့်အတူသော်လည်းကောင်း လေ့လာ သကဲ့သို့ သိုးထိန်းကြီးခရစ်တော်၏ပုံသက်သေကို ပို၍နီးကပ်စွာလိုက်လျှောက် နိုင်ရန် ကျွန်ုပ်တို့ရှာဖွေသင့်ကြသည်။ သူ၏လှုပ်ရှားသောသာသနာလုပ်ငန်း သည် တရားဟောခြင်းသက်သက်သာမဟုတ်ဘဲ လူတို့ကိုပညာပေးခြင်းမျာ လည်းပါသည်။ သူသည် တောရွာများကိုဖြတ်ကျော်သွားသောအခါ၊ သူတို့ ၏အိမ်များ၌ သူတို့နှင့်တစ်ဦးချင်းတွေ့ဆုံပြီး သူတို့၏လိုအပ်ချက်များကို သွန်သင်၍ ကူညီမစခဲ့သည်။ သူ့နောက်သို့လိုက်ကြသော လူထုပရိသတ် များလာသောအခါ၊ သူသည် သင့်လျော်သည့်နေရာကိုရွေးချယ်ပြီး ပရိသတ် များတို့အား ဥပမာပုံပြင်များနှင့်သင်္ကေတများတို့ကိုအသုံးပြုခြင်းဖြင့် ရှင်းလင်း ဟောပြောခြင်းကိုပြုလုပ်သည်။ Letter 192, 1906. [Ev 203.1]EvBur 246.2

    ကားချပ်များကိုအသုံးပြုသင့်သည် - သင်သည် အမှန်တရားကိုမည်ကဲ့သို့ စိတ်ဝင်စားရန် ပြုလုပ်ရမည့်နည်းလမ်းနှင့်ပတ်သက်သည့်ကိစ္စများကို များစွာ လေ့လာခဲ့ပြီး၊ သင်ဆောင်ရွက်ရမည့်အလုပ်အတွက် ကားချပ်များကိုနည်းလမ်း အတိုင်း ပြည့်စုံစွာပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဤကားချပ်များတို့သည် လူတို့ အတွက်နမူနာသင်ခန်းစာများဖြစ်သည်။ ဤဆွဲဆောင်မှုကောင်းသောသရုပ်ဖော် ခြင်းများကိုရရှိရန် သင်သည် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခဲ့သည်။ အမှန် တရား၏ရှင်းလင်းချက်ကို လူတို့အားဟောပြောရန် ၎င်းတို့၌ထိရောက်သော အရည်အသွေးရှိသည်။ လူတို့၏စိတ်ကိုထိတွေ့ ရန် ၎င်းတို့အားဘုရားသခင် အသုံးပြုသည်။ အမှန်တရားကိုဟောပြောခြင်းပြုရာ၌ ကားချပ်များကိုအသုံးပြု ရန် ရှင်းလင်းတိကျစွာ ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ ဤသရုပ်ဖော်ခြင်း များကို နားထောင်ခြင်း၏ အရေးကြီးခြင်းကိုပြသသောစကားများဖြင့် ပို၍ ထိရောက်ခြင်းရှိရန်ပြုလုပ်သင့်သည်။ Letter 51, 1902. [Ev 203.2]EvBur 247.1

    အနာဂတ်စကားများကို လွယ်ကူ၍စရိတ်ကျဉ်းသောကားချပ်ဖြင့် သင်ကြားခြင်း - ကားချပ်အသုံးပြုခြင်းဖြင့် အနာဂတ်စကားများ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအကြောင်းအရာများတို့ကိုရှင်းပြရာတွင် ထိရောက်မှုအကောင်းဆုံး နည်းလမ်းဖြစ်သည်။ သို့သော် လွယ်ကူ၍စရိတ်ကျဉ်းနိုင်သမျှကျဉ်းအောင် ကျွန်ုပ်တို့၏အလုပ်ကိုဆောင်ရွက်ရမည်။ အမှန်တရားကိုလွယ်ကူသောနည်း ဖြင့် ရှင်းလင်းပြောဆိုကြရမည်။ ကမ္ဘာ၏ပြင်ပပေါ်လွင်ထင်ရှားသောပြသမှ ပုံပမာကို အတုယူလိုက်လျှောက်ကြရန်အကြောင်းမရှိပါ။ Manuscript 42, 1905. [Ev 203.3]EvBur 247.2

    ဆီ လျော် သောဖန် တီးမှုများကို ထိရောက်စွာအသုံးပြုခြင်း - အသင်းလူကြီး အက်(စ်) သည် ယခုအုတ်ခလင်း (Oakland) ၌တရားပွဲတစ်ခုပြုလုပ်သည်။ ကျွန်ုပ်တို့မျှော်လင့်သည်ထက် ပို၍ပရိသတ်များနားထောင်ရန်ကောင်းသော ဗဟိုကျသည့်နေရာတစ်ခုကိုရရှိပြီး တဲကိုဆောက်လုပ်ခဲ့သည်။[Ev 204.1]EvBur 247.3

    ညီအစ်ကိုအက်(စ်) သည် ထက်မြက်သောသာသနာပြုတစ်ဦးဖြစ် သည်။ ကလေးတစ်ဦး၏လွယ်ကူသောစကားဖြင့်သူပြောဆိုသည်။ သူ၏ ဟောပြောခြင်း၌ အကွေ့အကောက်မပါရှိပါ။ သူသည် နှုတ်ကပတ်တော်မှ တိုက်ရိုက်ဟောပြောပြီး နှုတ်ကပတ်တော်ဖြင့်သာ လူတန်းစားအားလုံးကိုသူ ပြောစေပါသည်။ သူ၏ခိုင်မာသောအငြင်းပွားခြင်းသည် ဓမ္မဟောင်းနှင့်ဓမ္မသစ် ကျမ်း၏စကားများဖြစ်သည်။ သူ၏သင်ယူရရှိခဲ့သောပညာမှ စကားလုံးများ အားဖြင့် လူတို့၏စိတ်ကိုဆွဲဆောင်ခြင်းမပြုဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် မှတိုက်ရိုက်ကြိုးစား၍ ရှင်းလင်းပြတ်သားစွာဟောပြောသည်။ အကယ်၍ သူ၏ သတင်းစကားကိုလက်ခံရန်ငြင်းဆိုပါက၊ သူတို့သည် နှုတ်ကပတ်ကိုငြင်းပယ် ခြင်းသာဖြစ်ရမည်။ [Ev 204.2]EvBur 248.1

    ညီအစ်ကိုအက်(စ်) သည် အထူးသဖြင့် ဒံယေလကျမ်းနှင့်ဗျာဒိတ် ကျမ်းတို့၏အနာဂတ်စကားများကိုဟောပြောသည်။ သူ၌ဤစာအုပ်များထဲမှ သားရဲများတို့၏အကြောင်းစကားပြောခြင်းနှင့်ဆိုင်သည့် ဟောပြောချက်များစွာ ရှိသည်။ ဤသားရဲများတို့၏ရုပ်ပုံများတို့ကို အသားကောင်းသောစက္ကူပျော့ ဖြင့် ကောင်းမွန်စွာပုံများကိုဆွဲထားပြီး လူထုရှေ့၌ သင့်လျော်သည့်အချိန်တွင် ပြသနိုင်သည်။ ထိုကြောင့်သူသည် အမှန်တရားကိုပရိသတ်တို့အားဟောပြော စဉ် သူတို့၏အာရုံကို သူကောင်းမွန်စွာဆွဲဆောင်မှုပြုနိုင်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ရာပေါင်းများစွာသောသူတို့အား သမ္မာကျမ်းစာကိုပိုမို၍ယခင် အချိန်ထက်နားလည်နိုင်ရန်ပို့ဆောင်ပေးပြီး လူများစွာပြောင်းလဲမည်ဟု ကျွန်ုပ် တို့ယုံကြည်ပါသည်။ Letter 326, 1906. [Ev 204.3]EvBur 248.2

    ကောင်းသောသင်ကြားပို့ ချခြင်းစည်းမျဉ်းတစ်ခု - အသင်းလူကြီးအက်(စ်) ၏လုပ်ဆောင်မှုများသည် ကျွန်ုပ်အား ၁၈၄၂ မှ ၁၈၄၄ ခုနှစ်အထိ၏ လုပ်ဆောင်မှုများတို့ကို ပြန်လည်၍သတိရစေပါသည်။ သူ၏ငြင်းခုံသော အမှန်တရားများကိုသက်သေပြရန် သမ္မာကျမ်းစာနှင့်သမ္မာကျမ်းစာကိုသာလျှင် သူအသုံးပြုသည်။ သူသည် ရှင်းလင်းသော “ဘုရားသခင်မိန့်တော်မူသည် ကား” ကိုအသုံးပြုသည်။ ထိုနောက် အကယ်၍တစ်ဦးတစ်ယောက်မှသူ့ကို ဆန့်ကျင်လာပါက ထိုသူသည် သူနှင့်အငြင်းပွားရမည်မဟုတ်ကြောင်း ရှင်းလင်း စွာပြောပြပါသည်။ ဆိုလားဌားတင်EvBur 248.3

    သူသည် ဒံယေလနှင့်ဗျာဒိတ်ကျမ်းထဲမှသားရဲများနှင့် ၎င်းတို့၏ သင်္ကေတများ၏ကြီးမား၍အသက်နှင့်တူသောသရုပ်ဆောင်တင်ဆက်ခြင်းရှိပြီး ဤအရာများတို့သည် သူ၏မှတ်ချက်များကို သရုပ်ဖော်ရန်မှန်သောအချိန်တွင် အသုံးပြုပါသည်။ သတိမမူမိသော၊ သို့မဟုတ် မလိုအပ်သောစကားလုံးတစ်လုံး မျှ သူ၏နှုတ်ခမ်းထဲမှမထွက်ပေါ်စေပါ။ အရှိန်အဟုန်နှင့်လေးနက်စွာဖြင့် သူစကားပြောသည်။ ဤကဲ့သို့အလွန်လေးနက်သောပုံစံဖြင့်ဟောပြောခြင်းများ ကို သူ၏တရားနာပရိသတ်များစွာတို့သည် ယခင်အချိန်အခါ၌ တစ်ခါမျှ မကြားဖူးကြပါ။ သူတို့သည် ပေါ့ပြက်သောစိတ်ဓာတ်မဖော်ပြပါ။ သူတို့အပေါ် သို့လေးနက်အံ့သြခြင်းခံစားရပုံပေါ်သည်။ Letter 350, 1906. [Ev 205.1]EvBur 249.1

    သင်္ကေတများအားဖြင့် ရောမအသင်းဝင်များကို ဆွဲဆောင်မှုပြုသည်။ အသင်းလူကြီးအက်(စ်)သည် မိမိအစည်းအဝေးများအားဖြင့် စိတ်ဝင်စားမှုကို နှိုးကြွစေသည်။ လူတန်းစားအားလုံးနားထောင်ရန်လာကြပြီး သူ၌ရှိသော ဗျာဒိတ်ကျမ်းမှ သားရဲများ၏အသက်ပါသည့်ရုပ်ပုံကိုလည်း တွေ့မြင်လိုကြ သည်။ ရောမအသင်းဝင်များစွာလာရောက်နားထောင်ကြသည်။ Letter 352, 1906. [Ev 205.2]EvBur 249.2

    လုပ်ငန်းအဆုံးသတ်ချိန်အတွက်အသုံးပြုရန်နည်းစနစ်များ - ကျွန်ုပ်တို့၏ ညီအစ်ကိုအသင်းလူကြီးအက်(စ်)အသုံးပြုသော သူ၏ပါးနပ်လိမ္မာကျွမ်းကျင် မှုနှင့် သူဟောပြောရန်အတွက်ပြင်ဆင်ထားသော ဆီလျော်သည့်ရုပ်ပုံများဖြင့် သရုပ်ဖော်ခြင်းနှင့်သဘောပေါက်စေရန် တန်ခိုးပါရှိသည့်သရုပ်ဆောင်ဖော်ပြ ခြင်းအပြုအမူများတို့ကို ကျွန်ုပ်နှစ်သက်သည်။ ၎င်းနည်းစနစ်များကို ဤလုပ်ငန်း အဆုံးသတ်ချိန်အတွက် ပို၍ပို၍အသုံးပြုရပါလိမ့်မည်။ Manuscript 105, 1906. [Ev 205.3]EvBur 249.3

    ပုံဆောင်သောအမှန်တရားကို မည်ကဲ့သို့ ဟောပြောရမည်ကို အသက်ငယ်သောပုဂ္ဂိုလ် များလေ့လာပါ - ဤနောက်ဆုံးသောသတိပေးစကားကို လူတို့အားမည်ကဲ့သို့ ပေးရမည်ကို ဘုရားသခင်သည် အသင်းလူကြီးအက်(စ်)ကိုသင်ပေးခဲ့ပါသည်။ ဤအချိန်အတွက် ကျမ်းစာ၏ စကားများသည် အမှန်တရားဖြစ်ကြောင်း သက်သေပြခြင်း၌ သူ၏နည်းစနစ်နှင့် ဒံယေလနှင့်ဗျာဒိတ်ကျမ်းများအထဲရှိ သူအသုံးပြုသောသင်္ကေတများဖြင့် တင်ဆက်ဟောပြောခြင်းသည် ထိရောက် မှုရှိသည်။ သူတို့၏အသက်တာအတွက် အမှန်တရားသည် မည်သည့်အရာ ဖြစ်ကြောင်းနှင့် မည်ကဲ့သို့ဟောပြောသင့်ကြောင်းကို လူငယ်လူရွယ်များတို့ အားသင်ယူစေကြပါ။ ကျွန်ုပ်တို့သည် ကြီးမားသောဒုက္ခကာလ၏နောက်ဆုံး သောနေ့ရက်များတို့၌ အသက်ရှင်နေကြရပါသည်။ အမှန်တရားတစ်ခုတည်း သာလျှင် ဤဒုက္ခကာလအချိန်၌ ကျွန်ုပ်တို့ကိုလုံခြုံစွာဆွဲကိုင်ထားပါလိမ့်မည်။ အသင်းလူကြီးအက်(စ်)သတင်းပြောကြားရန်အတွက် ပြင်ဆင်သင့်သော နည်းလမ်းဖြင့် သူ၏ညစဉ်စည်းဝေးများသို့ ကျွန်ုပ်တို့၏လူငယ်လူရွယ်များ တက်ရောက်သင့်ကြသည်။ Letter 349, 1906.EvBur 250.1

    အမှုဆောင်များသည်ဉာဏ်ဆင်ခြင်းများကိုအစပြုရန် - ဘုရားသခင်၏အမှ ဆောင်များတို့သည် အလင်းတရားကို အနီးအနားပတ်ဝန်းကျင်ရှိသူများနှင့် ရပ်ဝေးရှိလူများတို့ထံဆက်သွယ်မှုပြုနိုင်ရန် ပါးနပ်ခြင်းနှင့်စွမ်းရည်များကိုဖော်ပြ ခြင်း၊ ဉာဏ်ဆင်ခြင်းများကိုအစပြုခြင်းဖြင့် ဆောင်ရွက်ကြပါစို့။ အချိန်သည် ကုန်လွန်သွားခဲ့ပြီ။ ရွှေကဲ့သို့တန်ဖိုးရှိသောအခွင့်အရေးများလည်း တိုးတက် မှုမရှိခဲ့ရခြင်းသည် လူတို့အနေဖြင့် ဝိညာဉ်ရေးအမြင်ကြည်လင်မှုမရှိခြင်း၊ စီမံကိန်းဆွဲရန်ပညာမဲ့ခြင်းနှင့် ရန်သူများဝင်ရောက်ပိုင်ဆိုင်ခြင်းမပြုမီ သာသနာ့ နယ်မြေကိုကြိုတင်ပိုင်ဆိုင်နိုင်ရန် နည်းလမ်းရှာကြံမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်။ Review and Herald, March 24, 1896. [Ev 206.1]EvBur 250.2

    သင်ကြားရန်အကြံအစည်များ ပျော်ဖြေရန်မဟုတ် - ကားချပ်များ၊ သင်္ကေတ များနှင့် သရုပ်ဆောင်တင်ဆက်ခြင်းအမျိုးမျိုးတို့ကိုအသုံးပြုခြင်းအားဖြင့် ဓမ္မ အမှုဆောင်သည် အမှန်တရားကိုရှင်းလင်းပြတ်သားစွာပြုလုပ်နိုင်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် အကူအညီတစ်ခုဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ကိုက်ညီသောအရာဖြစ်သည်။ သို့သော် အမှုဆောင်တစ်ဦးသည် မိမိလုပ်ငန်း အတွက် များစွာအကုန်အကျခံပြုလုပ်ခြင်းကြောင့် အခြားသာသနာ့လုပ်ငန်း အတွက် အထောက်အပံ့ပေးရန် ဘဏ္ဍာရေးဌာနမှ ငွေလုံလောက်စွာမရှိဘဲ ဖြစ်ရခြင်းမှာ ၎င်းလုပ်ရပ်သည် ဘုရားသခင်၏အကြံအစည်နှင့်ကိုက်ညီမှုမရှိ ပါ။ [Ev 206.2]EvBur 251.1

    မြို့ကြီးများရှိအလုပ်သည် ခရစ်တော်၏အမိန့်တော်နှင့်အညီဆောင်ရွက် ရမည်။ ပွဲလမ်းသဘင်ဆန်သောအလုပ်မဖြစ်စေရပါ။ ပွဲလမ်းသဘင်ဆန်သော ဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေနိုင်ပါ။ ခရစ်တော်၏မေတ္တာတော်အားဖြင့်သာ အမှန်တရားကိုတင်ဆက်ခြင်းသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ဖြစ်သည်။ Testimonies, vol. 9, p. 142. (1909) [Ev 206.3]EvBur 251.2