Loading...
Larger font
Smaller font
Copy
Print
Contents
ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပုဂ္ဂိုလ်တစ်ဦး၏စနစ်ထက်ပို၍ ခွင့်ပြုခြင်း

    ဆုကျေးဇူးအမျိုးမျိုးပေါင်းစည်းခြင်း - ကျွန်ုပ်တို့တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံကြရာ၌ ကျွန်ုပ်တို့သည် စွမ်းရည်နှင့်ဗီဇချင်းမတူညီကြ ကြောင်း သတိရကြရမည်။ အမှုဆောင်များတို့သည် အကြံအစည်နှင့်အတွေး အခေါ်ခြားနားကြပါသည်။ အမျိုးမျိုးသောဆုကျေးဇူးများကိုပေါင်းစည်းခြင်း သည် လုပ်ငန်းအောင်မြင်ရန်အတွက် လိုအပ်သောအရာဖြစ်သည်။ လူတစ်ဦး သည် အခြားသောသူများတို့ထက် အောင်မြင်စွာခေါင်းဆောင်မှုပြုနိုင်သည်ကို သတိရပါ။ အထူးသောလုပ်ငန်းကို အောင်မြင်စွာထမ်းဆောင်နိုင်သောအမှု ဆောင်တစ်ဦးသည် သူ့ကဲ့သို့မဆောင်ရွက်နိုင်သောအမှုဆောင်တို့အား အပြစ် မတင်သင့်ပါ။ သူတို့အသီးသီးအောင်မြင်စွာလုပ်ဆောင်နိုင်သည့် သူမဆောင်ရွက် နိုင်သောအလုပ်တစ်ခုမျှမရှိဟု ကျွန်ုပ်တို့ပြောနိုင်ကြမည်လား။ [Ev 103.1]EvBur 112.2

    သူ၏အမှုတော်အတွက်လိုအပ်သောကြောင့် ဘုရားသခင်သည် သူ၏ အမှုတော်ဆောင်တို့အား ဆုကျေးဇူးအမျိုးမျိုးကိုပေးထားခြင်းဖြစ်သည်။ မတူညီ သည့်လုပ်ငန်းအစိတ်အပိုင်းများကို တစ်ခုစီယူဆောင်လာကာ ပြည့်စုံသော လုပ်ငန်းတစ်ခုအဖြစ်သို့ရောက်သွားပါသည်။ အဆောက်အဦတစ်ခု၏အစိတ် အပိုင်းအားလုံးမတူညီကြပါ။ နည်းလမ်းတစ်ခုတည်းဖြင့်ထုတ်လုပ်သောပစ္စည်း များမဟုတ်ပါ။ ထိုနည်းတူ ဘုရားရှင်၏လုပ်ငန်းလမ်းကြောင်းများအားလုံး မတူကြပါ။ အားလုံးကိုလည်း ပုံစံတစ်မျိုးတည်းဖြင့် တိတိကျကျဆောင်ရွက် ရမည်မဟုတ်ပါ။ Letter 116, 1903.EvBur 113.1

    ပုဂ္ဂိုလ်တစ်ဦး၏ဆုကျေးဇူးဖြင့်မလုံလောက်ပါ - လူတစ်ယောက်သည် မိမိ ၏တစ်ဦးရရှိသည့်ဆုကျေးဇူးဖြင့် ဘုရားရှင်၏လုပ်ငန်းကိုဆောင်ရွက်ရန် လုံလောက်သည်ဟု မထင်ပါစေနှင့်။ တရားပွဲအစီအစဉ်တစ်ခုလုံးကို သူတစ်ယောက်တည်းပြည့်ပြည့်စုံစုံဆောင်ရွက်၍မရပါ။ သူ့နည်းလမ်းကောင်း မည်ဖြစ်သော်လည်း အခြားဆုကျေးဇူးများလိုအပ်ပါသည်။ အမှုတော်လုပ်ငန်း ကို ခိုင်မာစွာစနစ်တကျဆောက်တည်နိုင်ရန် ဆုကျေးဇူးအမျိုးမျိုးနှင့်ခြားနား သောကိုယ်စားလှယ်အားဖြင့် အားလုံးကို ဘုရားရှင်၏လမ်းညွှန်မှုအောက်၌ ဆောင်ရွက်ရပါမည်။ အမှုဆောင်များတို့ကို မိမိတို့၏စွမ်းရည်ရှိသည့်အလျောက် သူညွှန်ကြားသွားပါလိမ့်မည်။ လုပ်ငန်းတစ်ခုလုံးညီညွတ်ရန်အတွက် တစ်ဦး ကိုတစ်ဦးအားပေး၍ ညီညွတ်စွာဆောင်ရွက်ရန်လိုအပ်ပါသည်။ ဝန်ထမ်း တစ်ဦးစီအား ဘုရားရှင်ချပေးသောတာဝန်ကို လုပ်ဆောင်ကြရမည်။ သင့်လျော် သောတာဝန်ကိုဖြည့်စွက်ရမည်။ အခြားအမှုဆောင်၏လိုအပ်ချက်ရှိပါကလည်း ပံ့ပိုးပေးရပါမည်။ အမှုဆောင်တစ်ဦးအား တစ်ဦးတည်းလုပ်ဆောင်ခြင်းအား ဖြင့် လုပ်ငန်းအားလုံးပြီးစီးမည်ဟုထင်မှတ်ခြင်းသည် အန္တရာယ်ရှိသည်။ [Ev 104.1]EvBur 113.2

    အမှုဆောင်များစည်းလုံးခြင်းရှိသောနေရာတွင် အတူတကွတိုင်ပင် လုပ်ဆောင်ရန်၊ အတူတကွဆုတောင်းကြရန် အခွင့်အရေးရှိပါသည်။ မည်သူ မျှသူတစ်ပါးလုပ်သည့်နည်းတူ တစ်ပုံစံတည်းသူတို့မလုပ်နိုင်သည့်အတွက် သူတို့၏ညီအစ်ကိုများတို့နှင့်အတူလက်တွဲ၍ အလုပ်မလုပ်နိုင်ဟုမထင်သင့်ပါ။ Special Testimonies, Series A, No. 7, pp. 14, 15. (1874) [Ev 104.2]EvBur 114.1

    တစ်ဦးအားနည်းသည့်နေရာ၌တစ်ဦးအားရှိသည် - ဘုရားသခင်သည် အမျိုးမျိုး စွမ်းဆောင်နိုင်သော ဓမ္မအမှုဆောင်များတို့ကို သိုးခြံထဲရှိမိမိ၏သိုးများအတွက် သင့်လျော်သောအစာကိုကျွေးနိုင်ရန် လှုပ်ရှားနေပါသည်။ သူတို့သည် အချက် အလက်များဖြင့် အမှန်တရားကို သူတို့၏ညီအစ်ကိုများမလိုအပ်သည်ဟုထင် သည့်အရာများကို ဖော်ပြပါလိမ့်မည်။ သိုးစုများအားကြည့်ရှုရသောအလုပ် အားလုံးကို လူတစ်ဦးလက်ထဲသို့လုံးလုံးအပ်နှံခြင်းသည် အကျိုးအနည်းငယ် သာရှိမည်။ သူ၏ပြင်ဆင်မှု၌ ဘုရားသခင်သည် အမျိုးမျိုးသောအမှုဆောင် များကိုစေလွှတ်သည်။ လိုအပ်သောတချို့ လုပ်ငန်း၌ ခွန်အားကြီးသောသူ၊ အခြားအလုပ်များ၌အားနည်းသောသူ အစရှိသဖြင့် ပြင်ဆင်ပေးပါသည်။ Manuscript 21, 1894. [Ev 104.3]EvBur 114.2

    ဘီးများကိုမတားထားပါနှင့် - တချို့သောသူတို့၏စိတ်ဓာတ်သည် လုပ်ငန်း ကိုလိုက်၍မမီဘဲ လုပ်ငန်းသည် သူတို့ထက်ပို၍များစွာကျော်လွန်နေပါသည်။ ကြီးမားတိုးတက်သည့်လုပ်ငန်းတောင်းဆိုမှုအပေါ် မိမိတို့ကိုယ်ကိုမချင့်ချိန် အသုံးမခံတတ်ပါက ဘီး၏လည်ပတ်မှုကိုတားဆီးရန်မသင့်ပါ။ အခြားလူတို့ ၏တိုးတက်ခြင်းကိုလည်းအတားအဆီးဖြစ်စေပါ လိမ့်မည်။ Letter 45, 1889. [Ev 104.4]EvBur 114.3

    စနစ်ကိုတိုးတက်စေရမည် - ပုံသေဥပဒေကိုမထားရှိစေရပါ။ ကျွန်ုပ်တို့ ၏လုပ်ငန်းသည် တိုးတက်သောလုပ်ငန်းဖြစ်သောကြောင့် ကောင်းသောနည်း စနစ်များကို လက်ခံအသုံးပြုရန်လိုအပ်ပါသည်။ သို့သော် ဝိညာဉ်တော်ပို့ဆောင် ခြင်းအားဖြင့် စည်းလုံးမှုအမြဲရှိစေရမည်။ Review and Herald, July 23, 1895. [Ev 105.1]EvBur 114.4

    လွန်ခဲ့သောအချိန်နှင့်မတူသောစနစ်များ - လူတို့၏စိတ်နှလုံးကိုဆွဲဆောင် နိုင်မည့်နည်းလမ်းများကို တီထွင်ရမည်။ ယခုအသုံးပြုနေသောစနစ်သည် ယခင်အသုံးပြုခဲ့သည့်စနစ်နှင့် ခြားနားပေလိမ့်မည်။ သို့သော် ဤကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် မည်သူမျှတားဆီးခြင်း၊ ဝေဖန်ခြင်းမပြုကြပါစေနှင့်။ Review and Herald, Sept. 30, 1902. [Ev 105.2]EvBur 115.1

    စနစ်ဟောင်း၌အသစ်သောအသက်တာ - ဉာဏ်ပညာအတွက်ဘုရားရှင်ထံ တောင်းလျှောက်သောသူများ၊ ဘုရားရှင်၏ပို့ဆောင်မှုအောက်၌ စနစ်ဟောင်း တွင် မိမိ၏အသက်တာအသစ်ကိုထားရှိပြီး အသင်းသူအသင်းသားတို့ကို နိုးကြားစေနိုင်၍ ကမ္ဘာပေါ်ရှိလူသားများတို့ကိုလည်း ထိုးဖောက်စေနိုင်သည့် အသစ်သောစီမံကိန်းနှင့်နည်းလမ်းများကို တီထွင်နိုင်သောလူများတို့ကို ဘုရားရှင် အလိုရှိလျက်နေပါသည်။ Manuscript 117, 1907. [Ev 105.3]EvBur 115.2

    စီမံကိန်းတစ်မျိုးတည်းဖြင့်ဘုရားတန်ခိုးကိုကန့် သတ်ခြင်း - မည်သူမျှအသုံးမပြု နိုင်သည့် လူတစ်ဦးတည်းမှချမှတ်သောစီမံကိန်းမျိုးကို အသုံးမပြုသင့်ပါ။ ဘုရားသခင်နှစ်သက်သောနည်းလမ်းမဟုတ်ပါ။ လူတစ်ယောက်သည် မိမိ တစ်ဦးတည်းသောစီစဉ်ဆောင်ရွက်မှုကြောင့် အသင်းတော်တိုးတက်လိမ့်မည်။ မိမိ၏တစ်ဦးတည်းသောစွမ်းဆောင်မှုကြောင့် ကြီးမားသောဘုရားရှင်၏လုပ်ငန်း ကို ပြီးစီးစေလိမ့်မည်ဟုထင်မှတ်ခြင်းသည် ဤလောက၌ဘုရားရှင်၏ရည်ရွယ် ချက်ပြည့်စုံရန် ဘုရားရှင်၏တန်ခိုးကိုကန့်သတ်ခြင်းဖြစ်သည်။ Ev105.4]EvBur 115.3

    ပြောင်းလဲခြင်းတန်ခိုးကိုလိုအပ်သည့်ပုဂ္ဂိုလ်တို့အတွက် အမှန်တရား ကိုသိရှိရန်ယူဆောင်လာသော ခရစ်တော်၏လွယ်ကူသည့်နည်းလမ်းကို အသုံးပြုသောသူတို့အား ဘုရားသခင်အလိုရှိသည်။ သို့သော် သတင်းစကား ကြွေးကြော်ရာ၌ အမှုဆောင်များကြိုးစားလိုက်လျှောက်ရန် သေချာစွာချမှတ် ထားသောစည်းကမ်းတစ်ခုကို အမှုဆောင်အများစုမှအသုံးပြုနိုင်ရန် ကန့်သတ် ထားပါသည်။ Letter 404, 1907.EvBur 115.4

    ချောက်လမ်းကိုရှောင်ပါ - ဘုရားအမှုဆောင်များတို့သည် နည်းမျိုးစုံဖြင့် အမှုဆောင်သူများဖြစ်ရမည်။ ဗဟုသုတကြွယ်ဝသူဖြစ်ရမည်။ အတွေးအခေါ် တစ်ခုတည်းရှိသူများမဖြစ်ရပါ။ ဤကဲ့သို့သောစိတ်ဓာတ်ရှိပါက လူတန်းစား အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးရှိပုဂ္ဂိုလ်များတို့အတွက် အမှန်တရားကိုသူတို့ အနေဖြင့်သိမြင်ခံစားနိုင်ရန် တင်ဆက်ဟောပြောနိုင်မည်မဟုတ်ပါ။ Letter 12, 1887. [Ev 106.1]EvBur 115.5

    အဆင်သင့်ရှိသူများမှကြံစည်သောစနစ် - မတူညီသောသူတို့ကိုကယ်တင် ရန် မတူညီသောစနစ်ကိုအသုံးပြုရမည့်အကြောင်းမမေ့ပါနှင့်။ Review and Herald, April 14, 1903. [Ev 106.2]EvBur 116.1

    သင်၌လုပ်ဆောင်ရန်ခက်ခဲသောနယ်မြေရှိလိမ့်မည်။ သို့သော် ဝမ်းမြောက်ဖွယ်ဧဝံဂေလိတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။ သင်တွေ့ဆုံရမည့်လူတန်းစားတို့ကို ေချာစွာဆုံးဖြတ်ထားသည့်အပေါ်အခြေခံ ပြီး သင်၏လုပ်ငန်းကို ကိုင်တွယ်သင့်ပါသည်။ Letter 97a, 1901. [Ev 106.3]EvBur 116.2

    အခြားသောလုပ်ငန်းကို မပျက်ပြားစေရန် - ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် အတူ အမှုဆောင်များဖြစ်ကြောင်းသတိရပါ။ ဘုရားရှင်သည် တန်ခိုးနှင့်ပြည့်စုံ သောပုဂ္ဂိုလ်၊ ထိရောက်စွာအလုပ်လုပ်ဆောင်သောပုဂ္ဂိုလ်ဖြစ်သည်။ သူတို့၏ အစေခံတို့သည် သူ၏တန်ဆာပလာများဖြစ်သည်။ မိမိတို့၏ကိုယ်တိုင်အတွေး အခေါ်ဖြင့် လူတိုင်းထင်ရာစိုင်းလုပ်ဆောင်ခြင်းမပြုရပါ။ စည်းလုံးစွာ၊ ကြင်နာ စွာ၊ ရိုသေသမှု၊ စနစ်နှင့်ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းလုပ်ဆောင်ကြရမည်။ ကြင်နာဖွယ်ရာမရှိသောဝေဖန်ခြင်း၊ အခြား သူ၏လုပ်ငန်းကိုပျက်ပြားအောင်လုပ်ခြင်းများကိုမပြုရပါ။ အတူတကွလုပ်ငန်း တိုးတက်ရန်အတွက် ဆောင်ရွက်ကြရမည်။ Review and Herald, Dec. 11, 1900. [Ev 106.4]EvBur 116.3

    ဗဟုသုတရှိသောအမှုဆောင်များသို့ သတိပေးချက်တစ်ခု - ဘုရားရှင်ရှေ့၌ နှိမ့်ချစွာလျှောက်လှမ်းရန်၊ အသက်ကြီးသောညီအစ်ကိုများကိုပြောရန် ကျွန်ုပ် တိုက်တွန်းခံနေရပါသည်။ ညီအစ်ကိုများကိုဝေဖန်သောသူများမဖြစ်ပါစေနှင့်။ ဣသရေလဘုရား၏လမ်းညွှန်မှုအောက်၌ သင့်အားပေးထားသောလုပ်ငန်းကို သင်ဆောင်ရွက်ရပါမည်။ ဝေဖန်မှုပြုလိုသောဆန္ဒသည် အများသူတို့အတွက် အကြီးဆုံးအန္တရာယ်ဖြစ်သည်။ သင်ဝေဖန်လိုသောပုဂ္ဂိုလ်များသည် သင်မဆောင်ရွက်နိုင်သည့်လုပ်ငန်းကို ဆောင်ရွက်နေသောသူများဖြစ်ပေလိမ့် မည်။ သို့သော် သင်သည် သူတို့၏ကူညီဖော်ဖြစ်နိုင်ပါသည်။ အကယ်၍ သင်၌ဆန္ဒရှိပါက အခြားသူများတို့၏လုပ်ငန်းနှင့်ပတ်သက်၍ သင်၏ရရှိသော ဗဟုသုတကိုဖော်ပြခြင်းအားဖြင့် ကြီးမားသောလုပ်ငန်းကို သင်ဆောင်ရွက်နိုင် ပါသည်။ ဘုရားသခင်သည် သင်တို့ကိုသူတစ်ပါးအားပြုပြင်ခြင်း၊ ဝေဖန်ခြင်း တာဝန်ကိုမပေးထားပါ။ [Ev 106.5]EvBur 116.4

    ဘုရားကိုသိရန် သင်၏ညီအစ်ကိုများနှင့်အတူလျှောက်လှမ်းပါ။ လေးလံသောဝန်ထုပ်ကိုထမ်းနေရသောပုဂ္ဂိုလ်များကိုသနားပြီး တတ်အားသရွေ့ သူတို့ကိုအားပေးပါ။ စည်းလုံးခြင်းအတွက် သင်၏အသံကို သူတစ်ပါး တို့အားကြားစေပြီး ကွဲပြားမည့်သင်၏ပြောဆိုသံကို သူတစ်ပါးအားမကြား စေပါနှင့်။ Letter 204, 1907. [Ev 107.1]EvBur 117.1