Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 18—“မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့”

    လုကာ၊ ၁၄:၁၊၁၂-၂၄။ ကို အခြေပြုပါသည်။

    ကယ်တင်ရှင်သည် ဖါရိရှဲ တစ်ယောက်၏ နေအိမ်၌ စားသောက်ပွဲ တစ်ခုတွင် ဧည့်သည် အဖြစ်ပင် ဖိတ်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်သည် ကြွယ်ဝသူတို့၏ ပင့်ဖိတ်ခြင်းကို လည်းကောင်း၊ နွမ်းပါးသူတို့၏ ပင့်ဖိတ်ခြင်းကို လည်းကောင်း လက်ခံတော်မူ၍ ထုံးစံတော် ရှိသည်အတိုင်း ကိုယ်တော်၏ သမ္မာတရား သြဝါဒများကို မိမိ မျက်မှောက်ရှိ မြင်ကွင်းများနှင့် ဆက်စပ်၍ ဟောကြားတော်မူ၏။ ယုဒလူတို့ ထုံးစံမှာ သန့်ရှင်းသော စားသောက်ပွဲများကို အမျိုးသားရေးနှင့် လည်းကောင်း၊ ဘာသာရေးနှင့် လည်းကောင်း ဆက်စပ်ထားသည့် ပျော်ရွှင်းပွဲများအတွက် သက်သက် ရာသီကို လိုက်၍ ကျင်းပကြပါသည်။ ယင်းသို့ ကျင်းပခြင်းသည် ထာဝရအသက်တာတွင် ရရှိမည့် ကောင်းချီးမင်္ဂလာများတွင် တစ်မျိုး ပါဝင်သည်ဟု သူတို့ သဘောထားကြ၏။ ထိုအခါ သူတို့သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် အတူထိုင်ရသော စားသောက်ပွဲကြီး ပြုလုပ်စဉ် တစ်ပါး အမျိုးသားများက ခန်းမ ပြင်မှ မျှော်ကြည့်နေရကြလိမ့်မည်ဟု ဆိုသည့် အကြောင်းကို ကြာမြင့်စွာ ပြောဆို ဆွေးနွေး၍ ပီတိဖြစ်နေတတ်ကြပါသည်။ ထိုကြောင့် ခရစ်တော်သည် မိမိ၏ သတိပေး သင်ခန်းစာ နှင့် သြဝါဒစကားကို စားသောက်ပွဲကြီး ဥပမာနှင့် ပုံဆောင်တော်မူ၏။ ယခု ဘဝ အသက်တာနှင့်ရော နောင်ဘဝ အသက်တာနှင့်ပါ သက်ဆိုင်သည့် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ယုဒလူများသည် သူတို့အတွက် သက်သက် သီးသန့် ထားလိုသော သဘော ရှိကြ၏။ ဘုရားသခင်၏ ကျေးဇူးကရုဏာတော်များကို တစ်ပါး အမျိုးသားမာျးနှင့် မဝေမျှလိုကြ။ ခရစ်တော်၏ ဥပမာတွင် သူတို့သည် ဘုရားသခင်၏ ကရုဏာတော်ဆိုင်ရာ ခေါ်ဖိတ်ခြင်းတည်း ဟူသော နိုင်ငံတော်သို့ ခေါ်ဖိတ်ခြင်းကို ယင်း အချိန်မှာပင် ငြင်းပယ်နေကြပြီ ဖြစ်ကြောင်း ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ထိုကြောင့် သူတို့ အရေးမယူသော ယင်း ဖိတ်ကြားခြင်းကို သူတို့ ရှုတ်ချ၍ ရှောင်သော သူများ၊ အနာကြီးရောဂါစွဲသူများကို ရှောင်သကဲ့သို့ သူတို့ ရှောင်COLB 262.1

    သော သူများ၊ သူတို့၏ ဝတ်ရုံများကိုပင် ထို သူများနှင့် မထိအောင် ပင့်၍ ကိုင်ထားပြီး ရှောင်သော သူများထံသို့ လွှဲပြောင်း ပေးပို့တော့မည် ဖြစ်ကြောင်း ကိုယ်တော်သည် သရုပ်ပေါ်အောင် ဖေါ်ပြတော်မူ၏။COLB 263.1

    ဖါရိရှဲသည် သူ၏ စားသောက်ပွဲအတွက် ဖိတ်ခေါ်ထားသော ဧည့်သည်များမှာ သူ၏ ကိုယ်ကျိုးအတွက် သက်သက် ရည်မှန်း၍ ရွေးချယ်ထားသော ဧည့်သည်များ ဖြစ်ပါသည်။ ထိုကြောင့် ခရစ်တော်က “သင်သည် နံနက်စာ ညစာ လုပ်ကျွေးသောအခါ အဆွေခင်ပွန်း၊ ညီအစ်ကို၊ အမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်၊ ထိုသို့ ခေါ်ဖိတ်လျှင် သူတို့သည် နောက်တစ်ဖန် သင့်ကို ခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။ သင်သည် ပွဲခံသောအခါ ဆင်းရဲသော သူ၊ အင်္ဂါချို့တဲ့သော သူ၊ ခြေမစွမ်းသော သူ၊ မျက်စိကန်းသော သူများကို ခေါ်ဖိတ်လော့။ ထိုသို့ ခေါ်ဖိတ်လျှင် မင်္ဂလာ ရှိလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်း အကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၏။”COLB 263.2

    ဤ နေရာတွင် ခရစ်တော်သည် မောရှေအားဖြင့် ဣသရေလလူတို့အား သြဝါဒ ပေးတော်မူခဲ့သည့်အတိုင်း ယခု တစ်ဖန် ထပ်မံ၍ မိန့်တော်မူခြင်း ဖြစ်ပါသည်။ သူတို့၏ ဘာသာရေး စားသောက်ပွဲများတွင် ထာဝရဘုရား ညွှန်ကြားထားသည်မှာ “သင်တို့ နေရာအရပ်၌ ရှိသော တစ်ပါးCOLB 263.3

    * * * * *

    “အို ရေငတ်သော သူအပေါင်းတို့၊ ရေ ရှိရာသို့ လာကြလော့၊ ငွေ မရှိသော သူတို့ လာကြ၊ ဝယ်၍ စားသောက်ကြလော့။ ငွေ မပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့။ အစာ မဟုတ်သာ အရာအဖို့ သင်တို့ ငွေကို လည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ ဥစ္စာကို လည်းကောင်း အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့ စကားကို စေ့စေ့ နားထောင်လျက် ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသော အရာတို့၌ မိမိကို မိမိ မွေ့လျော်စေလိမ့်မည်။” ဟေရှာ၊ ၅၅:၁၊၂။ အမျိုးသား၊ မိဘ မရှိသော သူငယ်၊ မုဆိုးများတို့သည် လာ၍ ဝစွာ စားရကြမည်။” တရား၊ ၁၄:၂၉။ ယင်းသို့ စုရုံးစားသောက်ခြင်းများသည် ဣသရေလ လူတို့အတွက် သရုပ်ပြ သင်ခန်းစာများ ဖြစ်ရမည်။ လူတို့သည် တစ်နှစ်ပတ်လုံး သေဆုံးမှုကြောင့် ဝမ်းနည်းကြေကွဲသူများ နှင့် နွမ်းပါးသူများကို စောင့်ရှောက် ကြည့်ရှုခြင်းဖြင့် မှန်သော ဧည့်ဝတ်ကျေပွန်မှု၏ ဝမ်းမြောက်ခြင်း အကြောင်းကို သင်ကြားပေးခြင်း ဖြစ်ပါသည် ၎င်းအပြင် ယင်း စားသောက်ပွဲများနှင့် ပတ်သက်၍ ပိုမို ကျယ်ပြန့်သော သင်ခန်းစာ ရှိပါသေးသည်။ ဣသရေလလူတို့အား ပေးထားတော်မူသည့် ဝိညာဉ်ရေးဆိုင်ရာ ကောင်းချီး မင်္ဂလာများသည် သူတို့အတွက် သက်သက် မဟုတ်၊ ဘုရားသခင်သည် သူတို့အား အသက်မုန့်ကို ပေးတော်မူရာတွင် သူတို့အနေဖြင့် ဤ လောကသို့ ဖဲ့ချွေဝေမျှရန်အတွက် ဖြစ်ပါသည်။

    ယင်းလုပ်ငန်းကို သူတို့ မဆောင်ရွက်ကြသေးသဖြင့် သူတို့၏ တစ်ကိုယ်ကောင်းစိတ်ထားများ ပေါ်လွင်စေရန် ခရစ်တော် ဆုံးမသြဝါဒ ပေးတော်မူခြင်း ဖြစ်ပါသည်။ ထိုကြောင့် ကိုယ်တော်၏ စကားတော်များကို ဖါရိရှဲတို့ မနှစ်မြို့ကြသဖြင့် ဆွေးနွေးနေသည့် အကြောင်းရင်းကို လမ်းလွှဲရန် ရည်ရွယ်ပြီးလျှင် တစ်ယောက်သော ဖါရိရှဲက သူတော်စင်ဟန်ဖြင့် “ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်သော သူသည် မင်္ဂလာ ရှိ၏။” ဟု ကြွေးကြော်လိုက်ပါသည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် သူကိုယ်တိုင် တစ်နေရာ ရရှိလိမ့်မည်ဟု အမှန်ပင် ယုံကြည်စိတ်ချ၍ ပြောလိုက်ခြင်း ဖြစ်ပါသည်။ ထိုသူ၏ စိတ်သဘောထားမှာ ကယ်တင်ခြင်း ရရှိရန် လိုအပ်သော စည်းကမ်းများကို မလိုက်နာသေးဘဲ ခရစ်တော်အားဖြင့် ကယ်တင်ခြင်း ရပြီဟု သဘောထား၍ ဝမ်းမြောက်နေသော သူများနှင့် တူပါသည်။ သူ၏ စိတ်သဘောသည် “ဖြောင့်မတ်သော သူ သေသကဲ့သို့ ငါ သေပါစေသော။ ငါ့ အဆုံးသည် သူ၏ အဆုံးကဲ့သို့ ဖြစ်ပါစေသော” ဟု ဗာလမ် ဆုတောင်းသည်နှင့် တူ၏။ တော၊ ၂၃:၁၀။ ဖါရိရှဲသည် ကောင်းကင်နိုင်ငံတော်နှင့် ထိုက်တန်သော သူ ဟုတ်မဟုတ် မစဉ်းစားသေးဘဲ ကောင်းကင် နိုင်ငံတော်တွင် မည်ကဲ့သို့ စံစားရမည်ကိုသာ တွေးဆ မျှော်မှန်းနေခြင်း ဖြစ်ပါသည်။ သူသည် ယင်းသို့ မှတ်ချက်ပြုခဲ့ခြင်းမှာ စား သောက်ပွဲရှိ ဧည့်သည်များသည် သူတို့ ကိုယ်တိုင် လုပ်ဆောင်ရမည့် တာဝန်များမှ အာရုံ လွှဲပြောင်းစေရန် ရည်ရွယ်သည် ဖြစ်၍ လည်းကောင်း၊ မျက်မှောက် အသက်တာမှ ဖြောင့်မတ်သော သူတို့ ထမြောက်ရာ အချိန်ကာလသို့ သူတို့၏ စိတ်အာရုံ ကူးပြောင်းရောက်ရှိလိမ့်မည်ဟု သူ ယူဆ၍ လည်းကောင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။COLB 264.1

    ထို ဟန်ဆောင်သော သူ၏ စိတ်ကို ခရစ်တော် သိတော်မူသောကြောင့် သူ့အား စိုက်ကြည့်လျက် သူတို့ မည်သည့် အခွင့်အရေးများကို ခံစားနေရသည်၊ မည်မျှ တန်ဖိုးရှိသည်ကို ပရိသတ်ရှေ့တွင် ဖွင့်ပြတော်မူ၏။ အနာဂတ်ကာလ၏ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်ရန် ယခု ပစ္စုပ္ပန်ကာလတွင် ကိုယ်နှင့် စပ်ဆိုင်သည့် တာဝန်ကို ကိုယ် ထမ်းဆောင်ရန် အမှန်လိုအပ်ကြောင်းကိုလည်း ထောက်ပြတော်မူ၏။COLB 265.1

    တစ်ရံသောအခါ “လူတစ်ဦးသည် ကြီးစွာသော ပွဲကို စီရင်၍ လူများတို့ကို ခေါ်ဖိတ်လေ၏” ဟု ကိုယ်တော်သည် ဥပမာကို အစပြု၍ ဟောကြားတော်မူ၏။ စားသောက်ပွဲ အသင့်ရှိသောအခါ အိမ်ရှင်သည် ဖိတ်ထားပြီးသော သူများထံသို့ အစေအပါးတို့ကို လွှတ်၍ “လာကြပါ၊ အလုံးစုံတို့သည် အသင့်ရှိပြီ” ဟု ဒုတိယ သတင်းစကားကို ပေးပို့လေ၏။ သို့သော် ထူးခြားသည့် အဖြေများကိုသာ ကြားရ၏။ အဘယ်ကြောင့်ဆိုသော် “ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ် ပြုကြ၏။ တစ်ယောက်သော သူက အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ တစ်ယောက်က အကျွန်ုပ်သည် နွား ငါးရှည်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ တစ်ယောက်က အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ် မလာနိုင်ပါဟု ဆို၏။”COLB 265.2

    ယင်း ဆင်ခြေများသည် တစ်ခုမျှ အမှန်တကယ် အရေးကြီးသော ဆင်ခြေ မဟုတ်ကြပါ။ “သွား၍ ကြည့်ရပါမည်” ဟု ဆင်ခြေပေးသော သူသည် မြေရာကို ဝယ်ယူပြီး ဖြစ်သောကြောင့် အဆောတလျင် သွား၍ ကြည့် လိုသည်မှာ ယင်း ဥစ္စာပစ္စည်းတွင် သူ၏ စိတ်ရောက်နေသောကြောင့်သာ ဖြစ်၏။ နွားများမှာလည်း ဝယ်ယူပြီးသော ပစ္စည်းများပင် ဖြစ်၍ “သွား၍ စမ်းရပါမည်” ဆိုသည်မှာ သူ၏ စိတ်ကျေနပ်မှုအတွက်သာ ဖြစ်ပါသည်။ တတိယ ဆင်ခြေမှာမူကား ပို၍ပင် မလုံလောက်သော အကြောင်းပြချက် ဖြစ်ပါသည်။ သူသည် ခေါ်ဖိတ်ခြင်းကို ခံရပြီးသောကြောင့် မင်္ဂလာဆောင်ပြီး ဖြစ်သော်လည်း စားသောက်ပွဲကို မလာနိုင်စရာ အကြောင်း မရှိပါ၊ သူ၏ ဇနီးကိုပါ ကြိုဆိုရန် အသင့် ရှိကြပါလိမ့်မည်။ သို့သော် သူ၏ အစီအစဉ်များသည် သူ့အား ဖိတ်ခေါ်ထားသည့် စားသောက်ပွဲထက် ပို၍ အရေးကြီးသည်ဟု သူ သဘောထား၏။ ထိုအိမ်ရှင် နှင့် ဆက်ဆံ ပေါင်းသင်းသည်ထက် ပို၍ နှစ်သက်စရာများကို အခြားသော အပေါင်းအသင်းများတွင် တွေ့သိထားသောကြောင့် ဖြစ်၏။ ထိုသို့ သူ ငြင်းဆိုလိုက်ခြင်းအတွက် သူ့အား ခွင့်လွှတ်ရန် ယာဉ်ကျေးမှုအရပင် တောင်းပန်ခြင်း မပြု။ “ကျွန်ုပ်လာဖို့ စိတ် မရှိပါ” ဟု အမှန်အတိုင်း မပြောဘဲ “အကျွန်ုပ် မလာနိုင်ပါ” ဟု သွယ်ဝိုက်၍ ပြောခြင်းသာ ဖြစ်ပါသည်။COLB 265.3

    ဆင်ခြေရှိသမျှသည် သူတို့၏ စွဲလမ်းမှုများကို ဖုံးကွယ်ထားခြင်းများသာ ဖြစ်ပါသည်။ ယင်း ခေါ်ဖိတ်ထားပြီးသော သူများသည် စားသောက်ပွဲထက် အခြားအရာများကို ပို၍ စိတ်ဝင်စားကြ သောကြောင့် ဖြစ်ပါသည်။ သူတို့ သဘောတူ လက်ခံခဲ့ပြီးသော ဖိတ်ကြားချက်များကို ဂရုမပြုဘဲ စေတနာနှင့် ဖိတ်သော မိတ်ဆွေ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြ၏။COLB 266.1

    ဧဝံဂလိတရားတော်အားဖြင့် ကမ်းလှမ်းထားသော ကောင်းချီးမင်္ဂလာများကို ခရစ်တော်သည် ညစာ စားပွဲကြီးဖြင့် ပုံဆောင်ထားတော်မူ၏။ စားသောက်ဖွယ်များသည် အခြားမဟုတ် ခရစ်တော် ကိုယ်တိုင် ဖြစ်ပါသည်။ ကိုယ်တော်သည် ကောင်းကင်မှ ဆင်းသက်တော်မူသော အသက်မုန့် ဖြစ်၍ ကိုယ်တော်ထံမှ ကယ်တင်ခြင်း စမ်းရေများ စီးဆင်းလျက် ရှိနေပါသည်။ ထာဝရအရှင် ဘုရားသခင်၏ တမန်တော်များသည် ကယ်တင်ရှင် ကြွလာတော်မူမည့် အကြောင်းကို ယုဒလူတို့အား ကြွေးကြော်ထားပြီး ဖြစ်ပါသည်။ ခရစ်တော်သည် “ဤ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်” ဖြစ်ကြောင်း သူတို့အား ဖေါ်ညွှန်းခဲ့ပြီး ဖြစ်ပါသည်။ ယော၊ ၁:၂၉။ ကိုယ်တော် တည်ခင်းထားသော စားသောက်ပွဲကြီးတွင် ကောင်းကင်မှ အဖိုးအထိုက်တန်ဆုံးသော လက်ဆောင်တော်၊ ရေတွက်၍ မကုန်နိုင်သော လက်ဆောင်တော်ကို ဘုရားသခင်သည် သူတို့အား ကမ်းလှမ်းထားတော်မူ၏။ ဘုရားသခင်သည် မေတ္တာတော်အားဖြင့် အဖိုးအလွန်ထိုက်သော စားသောက်ပွဲကြီးကို တည်ခင်းထားတော်မူ၏။ မကုန်မခန်းနိုင်သော စားသုံးစရာများကိုလည်း ကြိုတင်စီမံထားတော်မူ၏။ “ဤ မုန့်ကို စားသော သူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်။” ဟု ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၆:၅၁။COLB 266.2

    ဧဝံဂလိ စားသောက်ပွဲသို့ ဖိတ်ကြားခြင်းကို လက်ခံသော သူသည် လောကီစိတ်အာရုံများကို နှိပ်ကွပ်၍ ခရစ်တော် နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်း တရားကိုသာ လုံးလုံး စိတ်ဝင်စားရမည်။ ဘုရားသခင်သည် လူသားအတွက် ခပ်သိမ်းသော အရာတို့ကို ပေးတော်မူသည် ဖြစ်၍ လောကီရေးရာများ နှင့် ကိုယ်ရေးကိစ္စ ရှိသမျှထက် ကိုယ်တော်၏ အမှုတော်ကို ဦးစားပေးရန် တောင်းဆိုတော်မူ၏။ ကိုယ်တော်သည် ဒွိဟသံသယစိတ်ကို လက်ခံတော်မူမည် မဟုတ်။ လောကီရေးရာများ စုံမက်နေသည့် စိတ်နှလုံးကို ဘုရားသခင်အား ဆက်ကပ်၍ မရနိုင်။COLB 267.1

    ဤ သင်ခန်းစာသည် ကာလ အစဉ်အဆက်နှင့် စပ်ဆိုင်သည့် သြဝါဒ ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သိုးသငယ်တော်သွားရာ လမ်းသို့ လျှောက်လိုက်ရပါမည်။ ကိုယ်တော်ရှင် လမ်းပြတော်မူသည်ကို ရွေးချယ်၍ လောကီ မိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံခြင်းထက် ကိုယ်တော်COLB 267.2

    * * * * *

    “ငါသည် အသက်မုန့် ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ကောင်းကင်မှ ဆင်းသက်သော မုန့်ကို စားသော သူသည် သေခြင်းနှင့် ကင်းလွတ်၏။ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်၏။” ယော၊ ၆:၄၈-၅၁။ ရှင်နှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ပို၍ နှစ်သက်ရမည်။ “အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကို သာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။” ဟု ခရစ်တော် မိန့်တော်မူ၏။ မ၊ ၁၀:၂၇။

    ခရစ်တော်လက်ထက်က နေ့စဉ် မိသားစု ထမင်းစားပွဲတွင် စားစရာ ဝေငှသောအခါ၊ “ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်သော သူသည် မင်္ဂလာ ရှိ၏” ဟု ရွတ်ဆိုပြီးမှ စားသောက်လေ့ ရှိကြပါသည်။ သို့သော် အကန့်အသတ် မရှိ၊ တန်ဖိုးကြီးလှသော စားသောက်ဖွယ်ရာများနှင့် ခင်းကျင်းထားသည့် စားသောက်ပွဲအတွက် ဧည့်သည် ရှာရန် မလွယ်ကြောင်း ခရစ်တော် ဖေါ်ပြနေခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ တရားတော်ကို နာယူနေကြသော သူများသည် ကရုဏာတော်ဆိုင်ရာ ခေါ်ဖိတ်ခြင်းကို မလေးမစား ပြုနေကြသည် ဖြစ်ကြောင်း သူတို့ ကိုယ်တိုင် နားလည် သဘောပေါက်ကြ၏။ သူတို့သည် လောကီ ပိုင်ဆိုင်မှုများ၊ ကြွယ်ဝ ချမ်းသာခြင်းများ နှင့် အပျော်အပါး လိုက်စားခြင်းများ၌သာ လုံးဝ နစ်မွန်းနေကြပါသည်။ သူတို့ အားလုံး တညီတညွတ်တည်း ပရိယာယ် ပြုနေကြ၏။COLB 268.1

    ယခု ပစ္စုပ္ပန်ကာလတွင်လည်း ယင်းအတိုင်းပင် ဖြစ်နေပါသည်။ စားသောက်ပွဲကြီးသို့ ခေါ်ဖိတ်ခြင်းကို ငြင်းဆိုခဲ့ကြသည့် ဆင်ခြေ အမျိုးအစားများသည် ဧဝံဂလိတရားတော်နှင့် ဆိုင်သော ဖိတ်ခြင်းကို ငြင်းပယ်သည့် ပရိယာယ် အမျိုးအစား အားလုံးနှင့် အတူတူပင် ဖြစ်ပါသည်။ ဧဝံဂလိ တရားတော်ဆိုင်ရာ တောင်းဆိုချက်များကို အာရုံပြုနေခြင်းဖြင့် လောကီ မျှော်လင့်ချက်များကို လက်မလွှတ်နိုင်ပါဟု လူတို့ ကြေငြာနေကြခြင်း ဖြစ်ပါသည်။ သူတို့သည် ပစ္စုပ္ပန် ဘဝ အကျိုးသက်ရောက်မှုများကို ထာဝရကာလတွင် ရရှိမည့် အရာများထက် ပို၍ တန်ဖိုးထားကြ၏။ ဘုရားသခင်ထံတော်မှ သူတို့ ခံစားနေရသော ကောင်းချီးမင်္ဂလာများသည်ပင်လျှင် သူတို့အား ဖန်ဆင်းတော်မူသော အရှင် ဖြစ်သည့် ကယ်တင်ရှင်နှင့် ကွဲကွာစေသည့် အတားအဆီးများ ဖြစ်နေပါသည်။ လောကီရေးရာများနှင့် အဆက်ပြတ်စေမည့် ကိစ္စမှန်သမျှကို သူတို့ မလိုလား။ ထိုကြောင့် ကရုဏာ တော်ဆိုင်ရာ သံတမန်အား “ယခု သွားဦးလော့၊နောက်မှ အဆင်သင့်သောအခါ ငါ ခေါ်မည်။” ဟု သူတို့ ပြောကြ၏။ တ၊ ၂၄:၂၅။ အချို့သော သူများက အကယ်၍ ဘုရားသခင် ခေါ်တော်မူခြင်းကို လိုက်လျှောက်မည် ဆိုပါက လောကီ ဆက်ဆံမှုတွင် အခက်အခဲ ရှိလိမ့်မည်ဟု သဘောထားကြ၏။ ဆွေမျိုးရင်းချာများနှင့် လည်းကောင်း၊ မိတ်ဆွေများနှင့် လည်းကောင်း အဆင်မပြေ ဖြစ်စေမည်ကို သူတို့ မလိုလားကြ။ ထိုကြောင့် သူတို့သည် ဥပမာတွင် ဖေါ်ညွှန်းထားသည့် ဇာတ်ကောင်များ ဖြစ်နေကြပါသည်။ သူတို့၏ အနှစ်သာရ မရှိသော ဆင်ခြေများသည် ကိုယ်တော်၏ ဖိတ်ကြားခြင်းကို မထီလေးစား ပြုကြသည်ဟု စားသောက်ပွဲကြီး၏ အရှင်က သဘောထားတော်မူ၏။COLB 268.2

    “အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ် မလာနိုင်ပါ” ဟု ဆင်ခြေပေးသူသည် လူအများစုကို ပုံဆောင်ထားပါသည်။ ဇနီး သို့မဟုတ် ခင်ပွန်းများ ကာဆီးနေသည့်အတွက် ဘုရားသခင် ခေါ်တော်မူခြင်းကို အလေးမထားနိုင်သူ အများ ရှိနေကြပါသည်။ ခင်ပွန်း ဖြစ်သူက “ငါ၏ ဇနီး သဘောမတူသည့်အတွက် ငါ့ ယုံကြည်ချက်အတိုင်း တာဝန် မထမ်းဆောင်နိုင်ပါ၊ သူမ၏ ဆွဲဆောင်မှု ကြီးလွန်းပါသည်” ဟူ၍ လည်းကောင်း၊ “လာကြပါ၊ အလုံးစုံတို့သည် အသင့် ရှိပြီ” ဟု ကရုဏာတော် ခေါ်ဖိတ်သံကို ဇနီး ဖြစ်သူကြား၏။ သို့သော် “အကျွန်ုပ်ကို လွှတ်ပါဦးလော့” ကျွန်မ၏ ခင်ပွန်းသည် သူ၏ လုပ်ငန်း အဆင်မပြေသောကြောင့် ကရုဏာ ခေါ်ဖိတ်သံကို ငြင်းပယ်ခဲ့ပါသည်၊ ကျွန်မသည်လည်း သူနှင့် အတူ သွားရမည် ဖြစ်၍ ကျွန်မ မလာနိုင်ပါ” ဟု ပြော၏။ သားသမီးများ စိတ်ဝင်စားကြ၏။ သူတို့ လာရောက်လိုကြ၏။ သို့သော် သူတို့ မိဘများကို ချစ်မြတ်နိုးသောကြောင့် မိဘတို့ အလေးမထားသော ဧဝံဂလိ ဖိတ်ခေါ်သံမှာ သားသမီးများအတွက် မျှော်လင့်စရာ မရှိဟု ယူဆကြသဖြင့် သူတို့ကလည်း “အကျွန်ုပ်ကို လွှတ်ပါဦးလော့” ဟု အသီးသီး တောင်းပန်ကြ၏။COLB 269.1

    မိသားစု အသိုက်အဝန်းအတွင်း စိတ်ဝမ်းကွဲပြားမှုကို မလိုလားသောကြောင့် ကယ်တင်ရှင်၏ ခေါ်တော်မူသံကို သူတို့ အားလုံး တညီ တညွတ်တည်း ငြင်းပယ်ကြ၏။ ဘုရားသခင် ခေါ်တော်မူသည်ကို ငြင်းပယ်ခြင်းအားဖြင့် သူတို့၏အိမ်ထောင်၌ ငြိမ်သက်ခြင်း တည်မြဲ၍ စည်းစိမ်ဥစ္စာ တိုးပွားလိမ့်မည်ဟု သူတို့ သဘောပိုက်ကြ၏။ ယင်းသို့ သဘောထားခြင်းမှာ မှားယွင်းမှုသာ ဖြစ်ပါသည်။ တစ်ကိုယ်ကောင်း စိတ်ကို စိုက်ပျိုးသော သူသည် တစ်ကိုယ်ကောင်းစိတ်ကိုပင် ရိတ်သိမ်းရလိမ့်မည်။ ခရစ်တော်၏ မေတ္တာတော်ကို ငြင်းပယ်သော သူသည် လူသား၏ မေတ္တာကို စင်ကြယ်တည်မြဲစေသည့် တစ်ခုတည်းသော မေတ္တာတော်ကို ငြင်းပယ်ခြင်း ဖြစ်၏။ သူတို့သည် ကောင်းကင်ဘုံကို ဆုံးရှုံးလိမ့်မည် သာမက လူသားအတွက် ကောင်းကင်က အနစ်နာခံ၍ ကမ်းလှမ်းထားသည့် စည်းစိမ်မှန်ကိုပါ ဆုံးရှုံးလိမ့်မည်။COLB 269.2

    ဥပမာတွင် စားသောက်ပွဲကြီးကို ပေးလှူသော အိမ်ရှင်သည် သူ၏ ဖိတ်ကြားချက်ကို လူတို့က မည်သို့ပြုမူကြသည်ကို သိသောအခါ “အမျက်ထွက်၍ မြို့လမ်းမ လမ်းကြားသို့ အသော့ သွားချေ၊ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သော သူ၊ ခြေမစွမ်းသော သူ၊ မျက်စိကန်းသော သူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို၏။”COLB 270.1

    အိမ်ရှင်သည် မိမိ ရက်ရက်ရောရော လှူထားသည့် စားသောက်ပွဲကြီးကို မထီလေးစား ပြုသော သူများ အစား မလောက်မငသော သူ၊ အိမ်မရှိ ယာမရှိသော သူများကို အလှည့်ပေး၍ ဖိတ်ကြားလိုက်ပါသည်။COLB 270.2

    * * * * *

    “ထိုသူတို့ကလည်း …. ကျမ်းစာ၌ လာသည်ကား၊ ထိုသူတို့ စားစရာဖို့ ကောင်းကင်မှ မုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ ဘိုးဘေးများသည် တော၌ မန္နကို စားကြသည်ဟု လျှောက်ကြ၏။ ယေရှုကလည်း ငါ အမှန်အကန် ဆိုသည်ကား မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အား မပေး၊ ခမည်းတော်သည် မှန်သော ကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။ ဘုရားသခင်၏ မုန့်မူကား ကောင်းကင်မှ ဆင်းသက်၍ လောကီသားတို့အား အသက်ကို ပေးသော မုန့်ပေတည်း။ …. ငါသည် အသက်မုန့် ဖြစ်၏၊ ငါ့ထံသို့ လာသော သူသည် နောက်တစ်ဖန် အဆာအမွတ် မခံရ၊ ငါ့ကို ယုံကြည်သော သူသည် နောက်တစ်ဖန် ရေငတ် မခံရ။” ယော၊ ၆:၃၀-၃၅။ ဆင်းရဲနွမ်းပါး၍ ဆာလောင်မွတ်သိပ်သော သူ ဖြစ်သည် သာမက ရက်ရောစွာ ပေးလှူထားသော အရာများကိုလည်း အလေးအမြတ် ပြုမည့် သူများကို ဖိတ်ကြားလိုက်ပါသည်။ “အခွန်ခံတို့ နှင့် ပြည့်တန်ဆာတို့သည် သင်တို့ အလျင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏” ဟု ခရစ်တော် မိန့်တော်မူ၏။ မဿဲ၊ ၂၁:၃၁။ လူတို့က မည်မျှပင် မျက်နှာလွှဲ၍ မထီလေးစား ပြုခြင်းကို ခံရသူများ ဖြစ်စေကာမူ၊ လူတို့က မည်မျှပင် ယုတ်ညံ့နှိမ့်ကျသည်ဟု သဘောထားကြစေကာမူ ဘုရားသခင်၏ မေတ္တာတော်က အသိအမှတ် မပြုနိုင်လောက်အောင် ယုတ်ညံ့နိမ့်ကျနေသည် မဟုတ်ပါ။ ခရစ်တော်သည် စိုးရိမ် ကြောင့်ကြခြင်းများသော သူ၊ စိတ်မသာသော သူ၊ ဝန်လေး၍ ပင်ပန်းသော သူ၊ ဖိစီး နှိပ်စက်ခြင်းကို ခံရသော သူများအား မိမိ ထံတော်သို့ လာကြစေလိုတော်မူ၏။ အခြား မည်သည့် နေရာတွင်မျှ ရှာဖွေ၍ မတွေ့မရနိုင်သော ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း နှင့် အလင်းတရားကို သူတို့အား ပေးကမ်းလိုတော်မူ၏။ ကိုယ်တော်သည် အပြစ် အများဆုံးသော သူတို့ကို နှစ်နှစ်ခြိုက်ခြိုက် ချစ်သနားတော်မူ၏။ ကိုယ်တော်သည် ထိုကဲ့သို့သော သူများကို ကြင်နာ သတိရတော်မူသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်၍ မိမိထံတော်သို့ ဆွဲယူတော်မူ၏။

    ဆင်းရဲနွမ်းပါးသော သူများ နှင့် မျက်စိကန်းသော သူများကို ခေါ်ဆောင်ခဲ့သည့် အစေအပါးက မိမိ၏ အရှင်အား “သခင် စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သော နေရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့ အိမ့်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်းလော့။” ဟု အမိန့်ပေးလိုက်၏။ ဤ နေရာ၌ ခရစ်တော်၏ သြဝါဒမှာ၊ ဧဝံဂလိ အမှုတော်ကို ယုဒ အယူဝါဒ၏ အပြင်ဘက်တွင် လမ်းမကြီးများ နှင့် လမ်းသွယ်များတည်းဟူသော လောကကြီးအတွင်းသို့ သွားရောက် ဆောင်ရွက်ရန် ဖြစ်ပါသည်။COLB 271.1

    ယင်း သြဝါဒကို လိုက်နာသောအားဖြင့် တမန်တော် ရှင်ပေါလု နှင့် ဗာနဗတို့က ယုဒလူတို့အား ကြေငြာခဲ့သည်မှာ “ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို သင်တို့အား ရှေးဦး ဟောပြောရ၏။ သို့သော် လည်း သင်တို့သည် ပယ်၍ ထာဝရအသက်ကို မိမိတို့ မခံထိုက်သည်ဟု မိမိတို့ စီရင်ကြသောကြောင့် ထာဝရဘုရားသည် မှာတော်မူသည့်အတိုင်း ငါတို့သည် မျက်နှာကို လွဲ၍ တစ်ပါး အမျိုးသားတို့ဆီသို့ လှည့်ကြ၏။ မှာတော်မူသော ဗျာဒိတ်တော် အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ သင့်ကို တစ်ပါး အမျိုးသားတို့ လင်းစရာဖို့ ငါ ခန့်ထား၏ဟု ဗျာဒိတ်တော် ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။ ထို စကားကို တစ်ပါး အမျိုးသားတို့သည် ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသေ သူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။” တ၊ ၁၃:၄၆-၄၈။COLB 271.2

    ခရစ်တော်၏ တပည့်တော်များ ကြေငြာခဲ့သည့် ဧဝံဂလိသတင်းစကားမှာ ကိုယ်တော်ရှင် ပထမ အကြိမ် ဤ လောကသို့ ကြွလာတော်မူသည့် အကြောင်းကို ကြွေးကြော်ခြင်း ဖြစ်ပါသည်။ ၎င်းအပြင် ကိုယ်တော်ရှင်အားဖြင့် ကယ်တင်ခြင်း ရမည် ဖြစ်ကြောင်း ကောင်းသော သတင်းစကားကို လူတို့ထံသို့ သယ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ ထိုမျှမက ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် ဒုတိယအကြိမ် ကြွလာတော်မူပြီးလျှင် မိမိ၏ လူတို့ကို ရွေးနုတ်တော်မူလိမ့်မည် ဖြစ်ကြောင်းကို လည်းကောင်း၊ ယုံကြည်နားထောင်ခြင်းအားဖြင့် သန့်ရှင်သူတို့နှင့် အတူ အလင်းတော်၌ အမွေခံများ ဖြစ်ရန်အတွက် မျှော်လင့်ချက် ရှိကြောင်းကို လည်းကောင်း လူသားတို့အား လမ်းညွှန်ခြင်း ဖြစ်ပါသည်။ ယင်း သတင်းစကားသည် မျက်မှောက်ကာလ လူတို့အတွက် ပို့ပေးထားခြင်း ဖြစ်သည့်အပြင် ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူရန် နီးကပ်လျက် ရှိပြီ ဖြစ်ကြောင်း ကြွေးကြော်သံကိုပါ ပူးတွဲထားပါသည်။ ကိုယ်တော် ကြွလာတော်မူမည့် ကြောင်းနှင့် ပတ်သက်၍ ဖေါ်ညွှန်းထားခဲ့သည့် နိမိတ်လက္ခဏာများမှာလည်း ပြည့်စုံလျက် ရှိနေပါသည်။ ၎င်းအပြင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ သွန်သင်ချက်များအရ ဆိုပါက ကိုယ်တော်သည် တံခါးဝတိုင်အောင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။COLB 272.1

    ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူရန် နီးကပ်သောအခါ ကြေငြာမည့် ဧဝံဂလိ သတင်းစကား အကြောင်းကို တမန်တော် ရှင်ယောဟန်က ဗျာဒိတ်ကျမ်းတွင် ကြိုတင်၍ ဟောပြောထားခဲ့ပါသည်။ ထို အခြင်းအရာကို ရှင်ယောဟန် တွေ့မြင်ရသည်တွင် “မြေကြီးပေါ်မှာ နေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂလိတရားကို ဟောရသော ကောင်းကင်တမန် တစ်ပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပါပြီ။” ဗျာ၊ ၁၄:၆၊၇။COLB 273.1

    ဤ တရားစီရင်တော်မူခြင်း အကြောင်းနှင့် စပ်လျဉ်းသည့် နှိုးဆော်ချက်နှင့်တကွ ယင်း နှိုးဆော်ချက်နှင့် ဆက်စပ်နေသည့် သတင်းစကားများကို ကြေငြာနေသည့် အချိန်နှင့် တစ်ဆက်တည်း လူသားသည် မိုးတိမ်ပေါ်မှာ ထိုင်လျက် ဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူမည် ဖြစ်ကြောင်း ပုရောဖက်၏ အနာဂတ်စကားတွင် ဖေါ်ညွှန်းထားပါသည်။ တရားစီရင်တော်မူခြင်း အကြောင်းကို ကြေငြာခြင်းသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူရန် နီးကပ်လျက် ရှိပြီ ဖြစ်ကြောင်းကို ကြွေးကြော်ခြင်း တစ်ရပ် ဖြစ်ပါသည်။ ဤသို့ ကြေငြာခြင်းကို ထာဝရဧဝံဂလိတရားဟု ခေါ်ပါသည်။ ထိုကြောင့် ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူခြင်း အကြောင်းကို ဟောပြောခြင်း နှင့် ယင်း အချိန် နီးကပ်လာပြီ ဖြစ်ကြောင်းကို ကြွေးကြော်ခြင်းတို့သည် ဧဝံဂလိ သတင်းစကားတွင် အထူး လိုအပ်သော အစိတ်အပိုင်း ဖြစ်ပါသည်။COLB 273.2

    * * * * *

    “ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက် ရှိ၍ အသက်ကြီးသော သူ တစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏။ မျက်နှာတော်မှ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိများစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍ …. တရားစီရင်ခြင်းငှါ ပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။” ဒံယေလ၊ ၇:၉၊၁၀။

    * * * * *

    လူတို့သည် နောက်ဆုံးသော ကာလတွင် ငွေရတတ်ခြင်း၊ အပျော်အပါး လိုက်စားခြင်း နှင့် လောကီရေးနှင့် ဆိုင်သော အရာများ၌သာ နစ်မွန်းနေကြလိမ့်မည်ဟု သမ္မာကျမ်းစာတော်တွင် ဖေါ်ပြထားပါသည်။ သူတို့သည် ထာဝရကာလနှင့် ဆိုင်သော အမှန်ဖြစ်ရပ်များကို မတွေ့မမြင်ဘဲ နေကြလိမ့်မည်။ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်း မဖြစ်မီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သော နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်း ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသား ကြွလာသောအခါ၌ ဖြစ်လိမ့်မည်။” ဟု ခရစ်တော် မိန့်တော်မူခဲ့ပါသည်။ မ၊ ၂၄:၃၇-၃၉။COLB 274.1

    ယနေ့ လောကကြီးသည်လည်း ယင်းအတိုင်းပင် ဖြစ်နေပါသည်။ နောင်ဘဝဆိုသည်မှာ မရှိသကဲ့သို့ လည်းကောင်း၊ ကောင်းကင်နိုင်ငံတော် မရှိသကဲ့သို့ လည်းကောင်း၊ ဘုရားသခင် မရှိသကဲ့သို့ လည်းကောင်း လူတို့သည် အတ္တကောင်းကျိုး နှင့် အမြတ်အစွန်းကိုသာ အပြေးအလွှား ရှာဖွေ စုဆောင်းနေကြပါသည်။ နောဧခေတ်က လူတို့သည် ဆိုးသွမ်းခြင်းအတွက် ထိတ်လန့်၍ နောင်တ သံဝေဂရကြစေရန် ရေလွှမ်းမိုးမည့် သတင်းဖြင့် သတိပေးနှိုးဆော်ခဲ့ပါသည်။ ထိုနည်းအတူ ခရစ်တော် ကြွလာတော်မူရန် နီးကပ်ပြီဆိုသည့် သတင်းစကားမှာလည်း လူတို့သည် လောကီရေးရာများ၌သာ နစ်မွမ်းနေခြင်းမှ သတိရကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ လူတို့သည် ထာဝရကာလ၏ အမှန်ဖြစ်ရပ်များကို အာရုံစိုက်ကြပြီးလျှင် ဘုရားရှင်၏ စားသောက်ပွဲသို့ ခေါ်ဖိတ်ခြင်းအတွက် အလေးဂရု ပြုကြစေရန် ရည်မှန်းထားခြင်း ဖြစ်ပါသည်။COLB 274.2

    ဧဝံဂလိ တရားတော်ဆိုင်ရာ ဖိတ်ခေါ်သံကို “မြေကြီးပေါ်မှာ နေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့” ရှိရာ ကမ္ဘာတစ်ဝန်းလုံးသို့ ရောက်အောင် ပေးပို့ရမည်။ ဗျာ၊ ၁၄:၆။ နောက်ဆုံး သတိပေးနှိုးဆော်သည့် သတင်း စကား နှင့် ကရုဏာတရားတော်၏ ဘုန်းတော်ရောင်ခြည်ကို ကမ္ဘာတစ်ဝန်းလုံးတွင် ထွန်းလင်းစေရမည်။ အယုတ်အမြတ်၊ သူကြွယ် သူဆင်းရဲမှ အစ လူတန်းစား အားလုံးသို့ ပေးပို့ရမည်။ “မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့ အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်းလော့” ဟု ခရစ်တော် မိန့်တော်မူ၏။COLB 274.3

    ဧဝံဂလိ တရားတော်ကို လုံလုံလောက်လောက် မရသည့်အတွက် ကမ္ဘာကြီး ပျက်စီး ယိုယွင်းနေပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်နေပါသည်။ နှုတ်ကပါတ် တရားတော်ကို သူတို့၏ ရိုးရာဓလေ့များနှင့် မရောမနှောဘဲ ဟောပြောသူ နည်းပါးလှပါ၏။ လူတို့သည် သမ္မာကျမ်းစာတော်မြတ်ကို လက်ဝယ်ထားရှိ ကြသော်လည်း ယင်း သမ္မာတရားတော်တွင် သူတို့အတွက် ဘုရားသခင် ထည့်သွင်းထားတော်မူသည့် ကောင်းချီးမင်္ဂလာကို သူတို့ မခံစားရကြပါ။ အရှင်ဘုရားသည် မိမိ၏ သတင်း စကားတော်ကို လူအပေါင်းတို့ထံသို့ ပို့ဆောင်ရန် အမှုတော်ဆောင်များကို စေလွှတ်တော်မူ၏။ အပြစ်ဒုစရိုက်အတွင်း နစ်မွန်းနေသူများအား ထာဝရအသက်တည်းဟူသော နှုတ်ကပါတ်တရားတော်ကို ပေးပို့ရမည်။COLB 275.1

    မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့ဟု ခရစ်တော် မိန့်တော်မူရာတွင် မိမိ အမည်နာမကို ခံယူသော အမှုတော်ထမ်း အားလုံးအတွက် သတ်မှတ်ထားသည့် တာဝန် ဖြစ်ကြောင်း ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးသည် ခရစ်တော်၏ အမှုတော်ဆောင်များအတွက် လုပ်ခင်း ဖြစ်ပါသည်။ လူသား မိသားစု တစ်ရပ်လုံးသည် သူတို့၏ ဓမ္မပရိသတ်ကြီး ဖြစ်ပါသည်။ အသက်ဝိညာဉ်တိုင်း ကိုယ်တော်၏ ကျေးဇူးတော်ဆိုင်ရာ နှုတ်ကပါတ်တော်ကို ဂဃနဏ သိကျွမ်းနားလည်ကြစေရန် ထာဝရအရှင် ဘုရားသခင် အလိုရှိတော်မူသည်။COLB 275.2

    ယင်း လုပ်ငန်းသည် အများအားဖြင့် တစ်ဦးစီ ဒူးတိုက်ဆွေးနွေးခြင်းအားဖြင့် ပြီးမြောက်ရန် ဖြစ်ပါသည်။ ဤသည်မှာ ခရစ်တော်၏ လမ်းစဉ် ဖြစ်ပါသည်။ ကိုယ်တော် အမှုတော် ဆောင်ခဲ့ရာတွင် အများအားဖြင့် တစ်ဦးချင်း ကိုယ်တော်တိုင် တွေ့ဆုံဆွေးနွေးခြင်းများ ဖြစ်ခဲ့ပါသည်။ ယင်းသို့ တစ်ဦးချင်း ဆွေးနွေးသည့် ပုံစံကို ကိုယ်တော် မြတ်နိုးတော်မူ၏။ ထို အသက်ဝိညာဉ် တစ်ဦးမှ အစပြု၍ ထောင်သောင်း မကသော အသက်ဝိညာဉ်များ တိုးပွားများပြားလာနိုင်ပါသည်။COLB 275.3

    ကျွန်ုပ်တို့ထံသို့ အသက်ဝိညာဉ်များ ရောက်လာအောင် စောင့်မျှော်နေရန် မဟုတ်ပါ။ သူတို့ ရှိရာသို့ သွားရောက် ရှာဖွေရပါမည်။ တရားပလ္လင်မှ နှုတ်ကပါတ် တရားတော်ကို ဟောပြောပြီးသောအခါ လုပ်ငန်း စရုံမျှသာ ရှိသေးပါသည်။ ဧဝံဂလိ သတင်းစကားတော်ကို ၎င်းတို့ထံသို့ ရောက်အောင် မပေးမပို့ပါက မကြားမနာရမည့် လူ အမြောက်အများ ရှိနေပါသည်။COLB 276.1

    စားသောက်ပွဲကြီးသို့ ယုဒလူတို့က ဦးစွာ ခေါ်ဖိတ်ခြင်း ခံခဲ့ရကြပါသည်။ သူတို့သည် လူတို့တွင် ဆရာများ၊ ခေါင်းဆောင်များအဖြစ် ရပ်တည်ကြရန် ခေါ်တော်မူခြင်းကို ခံရသော လူများ ဖြစ်ကြ၏။ ခရစ်တော် ကြွလာတော်မူမည့် အကြောင်း ကြိုတင် ဟောပြောထားသည့် အနာဂတ်စကားများ ပါဝင်သော ကျမ်းစာလိပ်များကို သူတို့၏ လက်ဝယ်တွင် ကိုင်ဆောင်ထားကြ၏။ ၎င်းအပြင် ကိုယ်တော်၏ အမှုတော်ကို အရိပ်ပြပုံဆောင်ထားသည့် ဘုရားဝတ်ပြုခြင်း ပုံစံကိုလည်း သူတို့အား လွှဲအပ်ထားပါသည်။ ယဇ်ပုရောဟိတ်များ နှင့် လူတို့သည် ခေါ်တော်မူခြင်းကို အလေးဂရုပြုခဲ့ကြပါက သူတို့သည်လည်း ခရစ်တော်၏ တမန်တော်များနှင့် လက်တွဲ၍ ဧဝံဂေလိ တရားတော်ဆိုင်ရာ ဖိတ်ကြားခြင်း လုပ်ငန်းကို ဆောင်ရွက်ကြလိမ့်မည်။ သူတို့အနေဖြင့် လက်ဆင့်ကမ်းရန် သမ္မာတရားတော်ကို သူတို့ထံသို့ ပေးပို့ခဲ့ပါသည်။ ခေါ်တော်မူခြင်းကို သူတို့ ငြင်းပယ်ကြသောအခါ ဆင်းရဲသော သူ၊ အင်္ဂါချို့တဲ့သော သူ၊ ခြေမစွမ်းသော သူ နှင့် မျက်စိကန်းသော သူတို့ကို ခေါ်တော်မူ၏။ ထိုအခါ အခွန်ခံ နှင့် ဆိုးသော သူတို့သည်လည်း ခေါ်ဖိတ်ခြင်းကို ခံရကြ၏။ ဧဝံဂေလိ တရားတော်ဆိုင်ရာ ခေါ်ဖိတ်သံကို တစ်ပါး အမျိုးသားထံသို့ ဆက်လက် ပေးပို့သောအခါတွင်လည်း တူညီသော လုပ်ငန်း စီမံကိန်း ရှိပါသည်။ သတင်းစကားကို ပထမတွင်၊ “မြို့ပြင် လမ်းမ” ကြီးများနှင့် တူသည့် လောကီလုပ်ငန်းတွင် COLB 276.2

    လှုပ်ရှားနေသူများသို့ လည်းကောင်း၊ လူတို့၏ ဆရာသမားများ နှင့် ခေါင်းဆောင်များသို့ လည်းကောင်း ပေးပို့ရန် ဖြစ်ပါသည်။COLB 277.1

    အရှင်ဘုရား၏ သတင်းစကား ဝေငှသူများ နှလုံးသွင်းရမည့် အချက်များကို ဤ နေရာတွင် ဖေါ်ပြထားပါသည်။ သိုးစု၏ သိုးထိန်းများတည်းဟူသော ဘုရားတရားဆိုင်ရာ ဓမ္မဆရာများအတွက် မှတ်သားစရာလည်း ဖြစ်ပါသည်။ အထက်လွှာနှင့် စပ်ဆိုင်သော သူများကို ခင်မင်ရင်းနှီးစွာဖြင့် လည်းကောင်း၊ ညီအစ်ကိုကဲ့သို့ သဘောထား၍ လည်းကောင်း ဆက်ဆံရပါမည်။ ကူးသန်းရောက်ဝယ်မှု လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းသူများ၊ ရာထူးဌာနန္တရ ကြီးမြင့်သူများ၊ တီထွင်ဖန်တီးနိုင်သော စွမ်းရည် ရှိ၍ သိပ္ပံအတတ်ပညာတွင် အမြင်ကျယ်သူများ၊ နှလုံးရည်လက်ရုံရည် ထူးကဲသော သူများ၊ ယနေ့ လောကနှင့် သက်ဆိုင်သည့် ထူးခြားသော သမ္မာတရားများကို မသိသေးသော ဧဝံဂေလိဓမ္မဆရာများ ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် ခေါ်တော်မူခြင်းကို ရှေ့ဦးစွာ ကြားသိထိုက်သော သူများ ဖြစ်ပါသည်။ ထိုကြောင့် သူတို့အား ဖိတ်ကြားရမည်။COLB 277.2

    ချမ်းသာကြွယ်ဝသော သူများအတွက် အမှုတော် ဆောင်ရွက်ရန် လိုအပ်သည့် အကြောင်းမှာ၊ သူတို့သည် ကောင်းကင်ဆုကျေးဇူးများကို ယုံမှတ်လွှဲအပ်ထားခြင်း ခံရသူများ ဖြစ်သည့်အလျောက် သူတို့ ထမ်းဆောင်ရမည့် တာဝန်အတွက် သူတို့အား နိုးကြားတက်ကြွစေရမည်။ အသက်ရှင်သော သူနှင့် တကွ သေသောသူများကိုပါ တရားစီရင်မည့် အရှင်အား သူတို့အနေဖြင့် စာရင်း ရှင်းလင်းတင်ပြရမည် ဖြစ်ကြောင်း သူတို့အား သတိပေးနှိုးဆော်ရန် လိုပါသည်။ သင်သည် ဘုရားသခင်အား ကြောက်ရွံ့ ရိုသေ၍ ကြွယ်ဝချမ်းသာ သူများအတွက် အမှုတော်ထမ်းဆောင်ရန် တာဝန် ရှိပါသည်။ သူ၏ ကြွယ်ဝချမ်းသာမှုကိုသာ ယုံကြည် အားထားနေသောကြောင့် သူ၏ အနန္တရာယ်ကို သူ မသိ။ သူ၏ ဉာဏ်မျက်စိသည် တည်မြဲသော အရာများ၏ တန်ဖိုးကို သိမြင်စွဲလမ်းဖို့ လိုပါသည်။ သူသည် မှန်သော ကောင်းမြတ်ခြင်း၏ သြဇာသက်ရောက်မှုကို အသိအမှတ် ပြုဖို့ လိုအပ်နေပါသည်။ ၎င်းမှာ “ဝန်လေး၍ ပင်ပန်းသော သူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ ထမ်း ကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ်ချသော စိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” မ၊ ၁၁:၂၈-၃၀။COLB 277.3

    ပညာ အရည်အချင်းကြောင့် လည်းကောင်း၊ ကြွယ်ဝမှုကြောင့် လည်းကောင်း၊ ခေါ်တော်မူခြင်းကြောင့် လည်းကောင်း လောကတွင် အခြေအနေ မြင့်မားနေသူများသည် ဝိညာဉ်ရေးရာများနှင့် ပတ်သက်၍ တစ်ကိုယ်ချင်း တွေ့ဆုံဆွေးနွေးခွင့် ရခဲပါသည်။ ခရစ်ယာန် အမှုတော်ဆောင် အများစုသည် ထိုသို့သော လူတန်းစားများကို တွေ့ဆုံရန် နှောင့်နှေးကြပါသည်။ ယင်းသို့ မဖြစ်သင့်ပါ။ အကယ်၍ လူတစ်ယောက်သည် ရေနစ်နေမည် ဆိုပါက ရှေ့နေ ဖြစ်စေ၊ ကုန်သည် ဖြစ်စေ၊ တရားသူကြီး ဖြစ်စေ သူ့ကို မကယ်ဘဲ ကျွန်ုပ်တို့ ရပ်ကြည့်နေကြလိမ့်မည် မဟုတ်ပါ။ လူအများသည် ချောက်ကမ်းပါးဆီသို့ ပြေး၍ နေကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်လျှင် သူတို့၏ ရာထူး နှင့် ခေါ်တော်မူခြင်း အဆင့်ကို ပမာဏ မထားဘဲ အမြန်ပြန်၍ ခေါ်ဖို့ ကျွန်ုပ်တို့ နှောင့်နှေးကြလိမ့်မည် မဟုတ်ပါ။ အသက်ဝိညာဉ်အတွက် အန္တရာယ်နှင့် ရင်ဆိုင်နေသူများကို တွေ့သိသောအခါတွင်လည်း သတိပေးနှိုးဆော်ရန် ကျွန်ုပ်တို့ မနှောင့်နှေးသင့်ပါ။COLB 278.1

    လောကီရေးရာများကိုသာ အာရုံစိုက်နေသည်မှာ ထင်ရှားပါသည်ဟု အကြောင်းပြ၍ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဂရုမစိုက်ဘဲ ပစ်မထားသင့်ပါ။ လူမှုရေးအရ အဆင့်မြင့်သူ အများ စိတ်ဝေဒနာကို ခံစားနေရတတ်သဖြင့် အနတ္တကို နှလုံးနာနေကြ၏။ သူတို့၌ မရှိသော ငြိမ်သက်ခြင်းကို တောင့်တနေကြ၏။ အမြင့်ဆုံးသော လူတန်းစားများ၌ ပင်လျှင် ကယ်တင်ခြင်းကို ဆာလောင် မွတ်သိပ်နေသူ အများ ရှိပါသည်။ ကိုယ်ချင်းစာတရားဖြင့် လည်းကောင်း၊ ခရစ်တော်၏ မေတ္တာတော်ဖြင့် ကြင်နာတတ်သော စိတ်နှလုံးဖြင့် လည်းကောင်း ဘုရားသခင်၏ အမှုတော်ဆောင်များသည် ကိုယ်တိုင် ချဉ်းကပ်ကြမည် ဆိုပါက ချမ်းသာခြင်းကို ရရှိမည့်သူ အများ ရှိနေပါသည်။COLB 278.2

    ဧဝံဂေလိ သတင်းစကား၏ အောင်မြင်မှုသည် ပညာတတ်တို့၏ ပြောဟောမှုပေါ်တွင် လည်းကောင်း၊ စိတ်ရောကိုယ်ပါ သက်သေခံမှုပေါ်တွင် လည်းကောင်း၊ လေးနက်စွာ ဆွေးနွေးချက်များပေါ်တွင် လည်းကောင်း မူတည်သည် မဟုတ်ပါ။ သတင်းစကား၏ လွယ်ကူမှု နှင့် အသက်မုန့်ကို ဆာငတ်ခင်မွတ်နေသူအတွက် လျော်ကန်သင့်မြတ်အောင် ပြုပြင်ထားသည့် အပေါ်တွင် မူတည်ပါသည်။ “ကယ်တင်ခြင်းကို ရအံ့သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်း” ဤသည်ကား အသက်ဝိညာဉ်၏ တမ်းတမှု ဖြစ်ပါသည်။COLB 279.1

    ထောင်သောင်းမကသော သူတို့ထံသို့ အလွယ်ကူဆုံး၊ အောက်အကျို့ဆုံးသေ နည်းလမ်းဖြင့် ရောက်ရှိနိုင်ပါသည်။ လောကီပညာရှင် တစ်ဦးသည် မိမိ စိတ်အပါဝင်ဆုံးသော အကြောင်းအရာ တစ်ခုကို သဘာဝကျကျ ပြောပြနိုင်သကဲ့သို့ ဘုရားသခင်ကို ချစ်သော သူတစ်ဦးသည် ထို ချစ်ခြင်းမေတ္တာ အကြောင်းကို အလွယ်ကူဆုံးသော စကားလုံးများဖြင့် ပြောပြပါက အသိဉာဏ် အရင့်သန်ဆုံးသော သူများ၊ ကမ္ဘာတစ်ဝန်းလုံးက အထူး စွမ်းရည် ရှိသည်ဟု သတ်မှတ်ခြင်း ခံရသည့် အမျိုးသား အမျိုးသမီးများသည် မကြာခဏ စိတ်ရွှင်လန်း ဝမ်းမြောက်ခြင်းကို ရတတ်ကြပါသည်။COLB 280.1

    ကောင်းစွာ ပြင်ဆင်၍ လေ့ကျက်ထားသော စကားလုံးများသည် များသောအားဖြင့် သြဇာသက်ရောက်မှု မရှိတတ်ပါ။ သို့သော် ဘုရားသခင်၏ သား သို့မဟုတ် သမီးတစ်ယောက်သည် သစ္စာဖြင့် လည်းကောင်း၊ ရိုးသားစွာဖြင့် လည်းကောင်း၊ သဘာဝကျကျ လွယ်လွယ်ကူကူဖြင့် သရုပ်ပေါ်အောင် ပြောပြမည် ဆိုပါက ခရစ်တော်ကို လည်းကောင်း၊ ကိုယ်တော်၏ မေတ္တာတော်ကို လည်းကောင်း လက်မခံလို၍ အချိန်ကြာမြင့်စွာကပင် ပိတ်ထားသည့် စိတ်နှလုံးတံခါးကို ဖွင့်နိုင်စွမ်း ရှိပါသည်။COLB 280.2

    ခရစ်တော်၏ အမှုတော်ထမ်း တစ်ဦးသည် မိမိ၏ စွမ်းအင်ကို အားကိုးရန် မဟုတ်ကြောင်း သတိရပါစေ။ ကိုယ်တော်၌ ကယ်ဆယ်နိုင်သော တန်ခိုး ရှိကြောင်း ယုံကြည်စွာဖြင့်ဘုရားသခင်၏ ပလ္လင်တော်ကို အားကိုးအားထား ပြုပါစေ။ ဆုတောင်းပတ္ထနာ ပြုခြင်းဖြင့် ဘုရားသခင်နှင့် ထွေးလုံးပြီးလျှင် ဘုရားသခင် ပေးတော်မူသော အခွင့်အရေးများနှင့် ဆောင်ရွက်ပါစေ။ သန့်ရှင်းသော ဝိညာဉ်တော်ကို သူ၏ စွမ်းရည်အဖြစ် အသင့် စီမံထားပါသည်။ စိတ်နှလုံးများကို နှိုးဆော်ပေးရန် အမှုတော်ဆောင်သော ကောင်းကင်တမန်များ သူ၏ ဝန်းကျင်တွင် ရှိနေကြပါလိမ့်မည်။COLB 280.3

    အကယ်၍ ယေရုရှလင်မြို့၌ ရှိသော ခေါင်းဆောင်များ နှင့် ဓမ္မဆရာများသည် ခရစ်တော် ယူဆောင်ခဲ့သည့် သမ္မာတရားတော်ကို လက်ခံခဲ့ကြ မည် ဆိုပါက သူတို့၏ မြို့ကြီးများသည် အဘယ်မျှလောက် ကြီးသော သာသနာပြု ဗဟိုဌာနကြီး ဖြစ်ခဲ့ပါလိမ့်မည်နည်း။ အားနည်း ဖေါက်ပြားသော ဣသရေလ လူများတို့သည်လည်း စိတ် ပြောင်းလဲကြပေလိမ့်မည်။ အရှင်ဘုရားအတွက် အင်အားကြီးမားသော သာသနာပြု တပ်မတော်ကြီးကို လည်း ဖွဲ့စည်းနိုင်ခဲ့ပေလိမ့်မည်။ ဧဝံဂေလိတရားတော်ကိုလည်း ကမ္ဘာ အရပ်ရပ်သို့ မည်မျှ လျင်မြန်စွာ သယ်ဆောင်နိုင်ကြပေလိမ့်မည်နည်း။ ထိုကြောင့် ယခု မျက်မှောက်ကာလတွင်လည်း သြဇာအာဏာ ရှိသော လူအများ နှင့် အသုံးဝင်သည့် စွမ်းအားများစွာကို ခရစ်တော်အတွက် ရရှိမည် ဆိုပါက လဲသော သူများကို ထူမခြင်း၌ လည်းကောင်း၊ စွန့်ပစ်ထားခြင်း ခံရသော သူများကို စုသိမ်းခြင်း၌ လည်းကောင်း၊ ကယ်တင်ခြင်း သတင်းစကားကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်း၌ လည်းကောင်း ယင်း လူအင်အား၊ စွမ်းရည်အင်အားများဖြင့် မည်မျှ ကြီးမားသော အမှုတော်ကို ဆောင်ရွက်နိုင်ပါလိမ့်မည်နည်း။ ထိုအခါ ဖိတ်ကြားစာများကို အလျင်အမြန် ပေးပို့ ပြီးစီးသဖြင့် ဘုရားသခင်၏ စားသောက်ပွဲကြီးတွင်လည်း ဧည့်သည် မြောက်များစွာ ရောက်ရှိနေကြပြီး ဖြစ်ပေလိမ့်မည်။COLB 280.4

    သို့သော် ကျွန်ုပ်တို့သည် လူကုံထံများ နှင့် အထူး အရည်အချင်း ရှိသူများကိုသာ စဉ်းစား၍ နွမ်းပါးသော အဆင့်ရှိ လူတန်းစားများကို ဥပေက္ခာပြုထားရန် မဟုတ်ပါ။ ခရစ်တော်က မိမိ၏ သံတမန်များအား လမ်းမ နှင့် ခြံနားသို့လည်း သွားရောက်ရန် မိန့်တော်မူခဲ့ပါသည်။ ထိုကြောင့် ဤ လောကရှိ ဆင်းရဲနွမ်းပါးသူများ နှင့် နှိမ့်ကျသူများထံသို့လည်း သွားရောက်ရကြမည် ဖြစ်ပါသည်။ မြို့ကြီးများရှိ ရုံးကြီးများ နှင့် လမ်းမ၊ လမ်းသွယ်များတွင် ဖြစ်စေ၊ တိုင်းပြည်ရှိ လမ်းရှည်ကြီးများ နှင့် လမ်းမများတွင် ဖြစ်စ၊ မိသားစုတွင် ဖြစ်စေ၊ တစ်ကိုယ်တည်း နေသူ ဖြစ်စေ၊ မတော်တဆ တိုင်းတစ်နိုင်ငံမှ ရောက်ရှိနေသည့် ဧည့်သည် အာဂန္တု ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်း မရှိသဖြင့် ဘုရားသခင်သည် သူတို့အား မေ့လျော့် ပစ်ပယ်ထားပြီဟု အားငယ်နေသူများ ရှိနိုင်ပါသည်။ ထိုသူတို့သည် ကယ်တင်ခြင်း ရရှိရန် မည်သို့ ပြုရမည်ဟု မသိကြ။ အများသော သူတို့သည် အပြစ်ဒုစရိုက်အတွင်း နစ်မွန်းနေကြပါသည်။ အများသော သူတို့သည် စိတ်ဆင်းရဲခြင်းနှင့် ရင်ဆိုင်နေရကြပါသည်။ သူတို့သည် ဝေဒနာ ခံစားရခြင်း၊ အလိုဆန္ဒ မပြည့်ဝခြင်း၊ မယုံမကြည် ဖြစ်ခြင်း နှင့် စိတ်ညှိုးငယ်ခြင်းများ၏ နှိပ်စက်ဖိစီးခြင်းတို့ကို ခံစားနေရပါသည်။ ကိုယ်စိတ် နှစ်ပါးလုံးကို ရောဂါဝေဒနာ ပေါင်းစုံက ညှဉ်းပန်း ဖိနှိပ်နေပါသည်။ သူတို့၏ ဒုက္ခမှ လွတ်မြောက်၍ ချမ်းသာရာ လမ်းကို ရှာကြသည်တွင် ကာမဂုဏ် လိုက်စားခြင်း နှင့် အပျော်အပါး လိုက်စားခြင်းများဖြင့် ယင်းချမ်းသာရာလမ်းကို တွေ့လိမ့်မည်ဟု စာတန်က သွေးဆောင်သဖြင့် ပျက်စီးခြင်း နှင့် သေခြင်းသို့ပင် ရှေးရှုနေကြပါသည်။ သူတို့၏ နှုတ်ခမ်းဖျားတွင် ဒုက္ခ ဖြစ်သွားမည့် သောဒုံသစ်သော့သီးကို စာတန်က သူတို့အား ကမ်းလှမ်းနေပါသည်။ သူတို့အတွက် အသက်မွေးလောက်သော အစာ မဟုတ်သည့် ပစ္စည်းပေါ်တွင် သူတို့ ငွေကို သုံး၍ သူတို့အတွက် ကျေနပ်မှု မရနိုင်သည့် ကိစ္စအတွက် ကြိုးပမ်းနေကြပါသည်။COLB 281.1

    ဤသို့ ဒုက္ခဝေဒနာ ခံစားရသူများအား ကယ်ဆယ်ရန် ခရစ်တော် ကြွလာတော်မူခဲ့သည်ကို ကျွန်ုပ်တို့ သိမြင်ရပါမည်။ ထိုသူများအား “အို ရေငတ်သူ အပေါင်းတို့၊ ရေ ရှိရာသို့ လာကြလော့။ ငွေ မရှိသော သူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေ မပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့။ …. ငါ့စကားကို စေ့စေ့ နားထောင်လျက် ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသော အရာတို့၌ မိမိကို မိမိ မွေ့လျော်စေလိမ့်မည်။ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့၊ နားထောင်ကြလော့ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။” ဟု ခရစ်တော် မိန့်မှာတော်မူ၏။ ဟေရှာ၊ ၅၅:၁-၃။COLB 282.1

    မျက်နှာစိမ်းသူ တစ်ရပ်သားကို လည်းကောင်း၊ စွန့်ပစ်ထားခြင်း ခံရသူကို လည်းကောင်း၊ စိတ်အားငယ်သော သူကို လည်းကောင်း သတိပြုကြည့်ရှုရန် ဘုရားသခင် အထူး မိန့်ကြားထားတော်မူ ပါသည်။ ဘာသာရေးရာ ကိစ္စရပ်များကို လုံးဝ ဂရုမပြု အမှုမထားဟု ယူဆရသော သူအများသည် ငြိမ်သက်ခြင်း နှင့် သုခချမ်းသာကို လိုလားတောင့်တနေတတ် ကြပါသည်။ သူတို့သည် အပြစ်ဒုစရိုက်၏ အနိမ့်ဆုံးသော အဆင့်တိုင်အောင် နစ်မွန်းနေကြစေကာမူ သူတို့အား ကယ်ဆယ်ရန် ဖြစ်နိုင်စရာ အကြောင်း ရှိပါသည်။COLB 282.2

    ခရစ်တော်၏ အမှုတော်ဆောင်များသည် ကိုယ်တော်၏ ပုံစံနမူနာအတိုင်း လိုက်လျှောက်ရကြပါမည်။ ကိုယ်တော်သည် တစ်နေရာမှ တစ်နေရာသို့ လှည့်ပြီးလျှင် ဒုက္ခဝေဒနာ ခံစားရသူများကို ချမ်းသာပေးလျက် နာမကျန်းသူများကို ပျောက်ကင်းစေတော်မူ၏။ ၎င်းနောက် ကိုယ်တော်၏ နိုင်ငံတော်နှင့် ယှဉ်သော သမ္မာတရားကို သူတို့အား ပြတော်မူ၏။ ကိုယ်တော်၏ နောက်တော်သို့ လိုက်သော သူများသည်လည်း ယင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရန် ဖြစ်ပါသည်။ သင်သည် သူ၏ ကိုယ်ခန္ဓာ ဒုက္ခဝေဒနာကို သက်သာစေခြင်းဖြင့် သူ၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ပေလိမ့်မည်။ ထိုအခါ မြှောက်ထားခြင်း ခံရသည့် ကယ်တင်ရှင် အကြောင်းကို လည်းကောင်း၊ ပြန်လည် ကျန်းမာရေးအတွက် တစ်ဦးတည်းသော တန်ခိုးတော်ရှင် ဖြစ်သည့် မြတ်တော်မူသော သမားတော်ကြီး၏ မေတ္တာတော်အကြောင်းကို လည်းကောင်း ပြောပြနိုင်ပါသည်။COLB 283.1

    လမ်းလွဲသောကြောင့် သနားစရာ စိတ်ပျက် အားငယ်နေသော သူများအား၊ စိတ်မပျက်ရန် အားပေးစကား ပြောပါ။ ၎င်းအပြင် သူတို့သည် လမ်းလွဲ တိမ်းစောင်းနေသည့်အတွက် မှန်သော အကျင့်စာရိတ္တ မဆောက်တည်နိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူတို့အား လမ်းမှန်သို့ ပို့ဆောင်ရန် ဝမ်းမြောက်တော်မူကြောင်း၊ ကယ်တင်ခြင်းကို ကမ်းလှမ်းသည်တိုင်အောင်ပင် ဝမ်းမြောက်တော်မူ ကြောင်း၊ စာတန်၏ လုပ်ဆောင်မှုကြောင့် ကိုယ်တော်၏ ကရုဏာတော် လက်အောင်ခံ ဖြစ်နေသည့် အမှန်ပင် မျှော်လင့်ချက် မရှိသူများကို သိမ်းပိုက်ရန် လိုလားတော်မူကြောင်း၊ နားမထောင်သူများ ခံရမည့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးရန် ဝမ်းမြောက်တော်မူကြောင်း၊ အသက်ဝိညာဉ်တိုင်းအတွက် ရောဂါဝေဒနာ ကင်းငြိမ်း၍ သန့်ရှင်း စင်ကြယ်စေရန် တတ်နိုင်တော်မူကြောင်း၊ အရှင် ဘုရား၏ စားသောက်ပွဲတွင် သူတို့အတွက် နေရာ ရှိကြောင်း၊ ကိုယ်တော်COLB 283.2

    သည် သူတို့အား ကြိုဆိုရန် စောင့်နေတော်မူကြောင်းများကိုလည်း ပြောပြပါသည်။COLB 284.1

    မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားသော သူများသည် အကျင့်စရိုက် အမျိုးစုံသော သူတို့နှင့် တွေ့ဆုံရကြပေလိမ့်မည် ဖြစ်ရာ ထိုသူများအတွက် အမှုတော် ဆောင်ရန် လိုအပ်ပါသည်။ ထိုသူများတွင် သူတို့ ရရှိသမျှသော အလင်းတရားအတိုင်း လိုက်နာကျင့်သုံး၍ မိမိတို့ တတ်သိ နားလည်သမျှအတိုင်း ဘုရားသခင်အား ဝတ်ပြုကိုးကွယ်နေသူများ ပါဝင်ပါသည်။ သို့သော် သူတို့သည် မိမိတို့အတွက် သာမက ဝန်းကျင်၌ ရှိသော သူများအတွက်ကိုပါ ဆောင်ရွက်ရန် အမှုတော်ကြီး ရှိကြောင်း မုချ သိမြင်နေကြ ပါသည်။ သူတို့သည် ထာဝရအရှင်ဘုရားသခင်၏ အကြောင်းကို ပို၍ သိကျွမ်းနားလည်ရန် လိုလား တောင်းတနေကြပါသည်။ သို့သော် ပို၍ ထွန်းလင်းသော အလင်းတော် ရောင်ခြည်အစကိုသာ တွေ့မြင်ရသေးပါသည်။ ယုံကြည်ခြင်းအားဖြင့် ရရှိနိုင်မည်ဟု သူတို့ သိနားလည်ထားသော အဝေးရှိ ကောင်းချီးမင်္ဂလာကို ရရှိရန် မျက်ရည်ကျလျက် ဆုတောင်းပတ္ထနာ ပြုနေကြပါသည်။ ယင်းသို့သော အသက်ဝိညာဉ်များကို ဆိုးသွမ်းမှု အပြည့်အဝ ရှိနေသော မြို့ကြီးများ၌ တွေ့နိုင်ပါသည်။ အများသော သူတို့မှာ အလွန် နိမ့်ကျသော အခြေအနေ၌ ရှိနေကြသောကြောင့် လောကကြီးက သူတို့အား သတိမပြုနိုင်ပါ။ ၎င်းတို့၏ အခြေအနေကို အသင်းတော် နှင့် ဓမ္မဆရာများကလည်း မည်သို့မျှ မသိကြပါ။ သို့သော် သူတို့သည် ယုတ်ညံ့သိမ်ဖျင်း၍ ဒုက္ခဆင်းရဲမျိုး စုံသော နေရာများတွင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြပါသည်။ သူတို့သည် ခရစ်ယာန်ဆိုင်ရာ လေ့ကျင့်ပညာပေးခြင်း နှင့် အလင်းတရားကို အနည်းငယ်မျှသာ ရရှိထားကြမည် ဖြစ်သော်လည်း အဝတ်အစား မလုံလောက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ရာသီဥတုဒဏ်ကို ခံရခြင်း စသည့် ဒုက္ခဆင်းရဲ မျိုးစုံ၏ အလယ်တွင် သူတို့သည် အခြားသော သူများအတွက် အမှုတော်ဆောင်ရွက်ရန် နည်းလမ်း ရှာဖွေနေကြပါသည်။ ဘုရားသခင်၏ ကျေးဇူးကရုဏာတော် မြောက်များစွာကို ခံယူရရှိထားသော ဘဏ္ဍာစိုးများသည် ယင်း အသက်ဝိညာဉ်များကို ရှာဖွေ၍ သူတို့၏ နေအိမ်များသို့ သွားရောက် လည်ပတ်ပြီးလျှင် သန့်ရှင်း သော ဝိညာဉ်တော်တန်ခိုးဖြင့် သူတို့ လိုအပ်ချက်များကို ဆောင်ရွက်ပေးကြပါ။ သန့်ရှင်းသော ဝိညာဉ်တော် သွန်သင်သည့်အတိုင်း သူတို့နှင့် အတူ သမ္မာကျမ်းစာတော်မြတ်ကို ဆွေးနွေးလေ့လာခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်းများ ပြုလုပ်ကြပါ။ ခရစ်တော်သည် မိမိ၏ အမှုတော်ဆောင်များအား အသက်ဝိညာဉ်အတွက် အသက်မုန့် ဖြစ်သော သတင်းစကားကို ပေးတော်မူလိမ့်မည်။ စိတ်နှလုံး တစ်ခုမှ တစ်ခုသို့ လည်းကောင်း၊ မိသားစု တစ်ဦးမှ တစ်ဦးသို့ လည်းကောင်း အဖိုးထိုက်တန်သော ကောင်းချီးမင်္ဂလာများကို သယ်ဆောင်နိုင်ပေလိမ့်မည်။COLB 284.2

    ဥပမာတွင် “အနိုင်အထက် ခေါ်သွင်းလော့” ဟု အမိန့်ပေးထားသည်ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် မှားတတ်ကြပါသည်။ အချို့က ဧဝံဂေလိ တရားတော်ကို လက်ခံရန် အနိုင်အထက်ပြုဖို့ သွန်သင်ထားသည်ဟု သဘောထားကြပါသည်။ သို့သော် ခေါ်ဖိတ်ခြင်း၏ အရေးကြီးပုံ နှင့် တိုက်တွန်းခြင်းအတွက် အကျိုးသက်ရောက်ပုံကို ဖေါ်ဆောင်ထားခြင်း ဖြစ်ပါသည်။ လူတို့အား ခရစ်တော်ထံသို့ အနိုင်အထက် ခေါ်သွင်းရန် ဧဝံဂေလိ တရားတော်က မခန့်အပ်ပါ။ သတင်း စကားတော်၏ အလိုမှာ “အို ရေငတ်သော သူ အပေါင်းတို့၊ ရေ ရှိရာသို့ လာကြလော့။” ဟေရှာ၊ ၅၅:၁။ “ဝိညာည်တော် နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ …. အလိုရှိသော သူသည် အဖိုးကို မပေးဘဲ အသက်ရေကို ယူပါစေ။” ဗျာ၊ ၂၂:၁၇။ ကျွန်ုပ်တို့ လာရောက်ရန် ဘုရားသခင်၏ မေတ္တာတော် နှင့် ကျေးဇူးတော်တန်ခိုးသည် အနိုင်အထက် သွေးဆောင်တော်မူ၏။COLB 285.1

    ကယ်တင်ရှင် မိန့်တော်မူသည်မှာ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့ ထိုသူ ရှိရာသို့ ငါဝင်၍ သူနှင့် အတူ စားသောက်မည်။ သူသည်လည်း ငါနှင့် အတူ စားသောက်ရလိမ့်မည်။” ဗျာ၊ ၃:၂၀။ ကိုယ်တော်သည် မထီလေးစားပြုခြင်းကြောင့် ဖယ်ရှောင်သွားမည် မဟုတ်၊ ခြိမ်းခြောက်သောကြောင့်လည်း ရှောင်သွားတော်မူမည် မဟုတ်၊ ပျောက်သော သူကို အမြဲတစေ ရှာဖွေ၍ “ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ ဟောရှေ၊ ၁၁:၈။ စိတ်နှလုံး ခိုင်မာသူအနေဖြင့် ကိုယ်တော်၏ မေတ္တာတော်ကို တွန်းလှန်လိုက်သော်လည်း ကိုယ်တော်သည် နောက်တစ်ဖန် ပြန်လာပြီးလျှင် “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏” ဟု ပို၍ လေးနက်စွာ ဖျောင်းဖျသေး၏။ ကိုယ်တော်၏ အောင်နိုင်သော မေတ္တာတော် တန်ခိုးသည် အသက်ဝိညာဉ်များအား အနိုင်အထက် ဝင်ခွင့်ပြုတော်မူ၏။ ၎င်းအပြင် ကိုယ်တော်၏ “သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏” ဟု ခရစ်တော်အား သူတို့ လျှောက်ထားကြ၏။ ဆာလံ၊ ၁၈:၃၅။COLB 285.2

    ပျောက်သော သူကို ရှာဖွေရာ၌ ခရစ်တော် ထားရှိတော်မူသည့် အောက်မေ့တသတတ်သော မေတ္တာတော်မျိုးကို ကိုယ်တော်သည် မိမိ၏ တမန်တော်မျာအား ပေးသနားတော်မူလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့် “လာကြပါ” ဟု သာမန် ခေါ်ဖိတ်ပြောဟောရန် မဟုတ်ပါ။ ခေါ်တော်မူသံကို ကြားသော သူ အများ ရှိကြသော်လည်း သူတို့၏ နားများသည် ထိုင်းလွန်းသောကြောင့် ခေါ်သံ၏ အဓိပ္ပါယ်ကို မခံမယူနိုင်ကြပါ။ သူတို့၏ မျက်စိများမှာလည်း ပြာလွန်းသဖြင့် သူတို့အတွက် သိုလှောင်ထားသည့် ကောင်းသော အရာ တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြပါ။ ဘဝ အဆင့်အတန်း လျှောကျမှု ကြီးမားပုံကို သူတို့ အများစုက သဘောပေါက်ကြပါသည်။ ငါသည် မစထောက်ပံ့ခြင်းကို ခံထိုက်သူ မဟုတ်ပါ၊ ငါ့ တတ်တိုင်း ရှိပါစေဟု သူတို့ ပြောတတ်ကြ၏။ သို့သော် အမှုတော်ထမ်းများ အနေဖြင့် ရပ်တန့်နေရန် မဟုတ်ပါ။ ထောက်ပံ့မှု ကင်းမဲ့၍ စိတ်ပျက် အားလျော့နေသူကို မေတ္တာစေတနာ ရှေ့ထား၍ သနားကြင်နာစွာ ကိုင်ဆွဲ ကူညီပါ။ သင်၏ ရဲရင့်ခြင်း၊ မျှော်လင့်ခြင်း နှင့် ခွန်အားကို သူတို့အား ဝေမျှပါ။ ကရုဏာဖြင့် သူတို့လာအောင် တိုက်တွန်းပါ။ “ပိုင်းခြား၍ သိတတ်သော ဉာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။ …. ကြောက်ရွံ့ခြင်းနှင့် တကွ အချို့တို့ကို မီးထဲမှ ဆယ်နုတ် ကယ်တင်ကြလော့။” ယုဒ၊ ၂၂၊၂၃။COLB 286.1

    ဘုရားသခင်၏ အမှုတော်ဆောင်များသည် ယုံကြည်စွာဖြင့် ကိုယ်တော်နှင့် အတူ လျှောက်လိုက်ကြမည် ဆိုပါက သူတို့၏ သတင်းစကား များ အပေါ်တွင် တန်ခိုးကို ပေးတော်မူလိမ့်မည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ကို ငြင်းပယ်မည် ဆိုပါက သူတို့ ရင်ဆိုင်ရမည့် ဘေးအနန္တရာယ်ကို လည်းကောင်း၊ ကိုယ်တော်၏ မေတ္တာတော်ကို လည်းကောင်း သူတို့ တင်ဆက်နိုင်ကြပေလိမ့်မည် ဖြစ်သောကြောင့် လူတို့သည် ဧဝံဂေလိ တရားတော်ကို လက်ခံလိုက်နာရန် အနိုင်အထက် သွေးဆောင်နိုင်ကြပေလိမ့်မည်။ အကယ်၍ လူတို့သည် ဘုရားပေး တာဝန်များအနက် မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်းကို ထမ်းဆောင်ကြမည် ဆိုပါက ခရစ်တော်သည် အံ့သြဖွယ်သော နိမိတ်လက္ခဏာများကို ပြတော်မူလိမ့်မည်။ ရှေးလူမျိုး အဆက်ဆက်က ဖြစ်ခဲ့သည့် ပုံသဏ္ဌာန် ပြောင်းလဲမှုမျိုးနှင့် အလားတူ ကြီးမားသည့် ပုံသဏ္ဌာန် ပြောင်းလဲမှုကို ယနေ့ ဘူတို့၏ စိတ်နှလုံးများတွင်လည်း ဖြစ်ပေါ်လိမ့်မည်။ ဂျွန်ဗန်းညန်း 1John Bunyan; သည် အပျော်အပါး လိုက်စား၍ ဘုရားတရားကို မလေးစားသည့် ဘဝမှ လည်းကောင်း၊ ဂျွန်နယူတွန် 2John Newton သည် အစေခံကျွန် ရောင်းဝယ်သည့် လုပ်ငန်းမှ လည်းကောင်း၊ ရွေးနုတ်ခြင်းကို ခံရကြသည်မှာ မြှောက်ထားခြင်းကို ခံရသည့် ကယ်တင်ရှင်၏ အကြောင်းကို ကြွေးကြော်ရန်ပင် ဖြစ်ပါသည်။ ယနေ့ လူတို့တွင် ဂျွန်ဗန်းညန်း ကဲ့သို့သော သူတစ်ယောက်၊ ဂျွန်နယူတွန် ကဲ့သို့သော သူတစ်ယောက် ရွေးနုတ်ခြင်းကို ခံရနိုင်ပါသည်။ ဘုရားရှင်နှင့် အတူ ပူးပေါင်းဆောင်ရွက်သော လူသား ကိုယ်စားလှယ်များအားဖြင့် စွန့်ပစ်ထားခြင်းကို ခံနေရသော သူ အများ ပြန်၍ သိမ်းပိုက်ခြင်း ခံရကြလိမ့်မည် ဖြစ်ရာ သူတို့မှ တစ်ဆင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်သည် လူသားတွင် ပြန်လည် ထင်ရှားပေလိမ့်မည်။ ပို၍ ကောင်းသော လမ်းကို မသိသောကြောင့် လမ်းမှားကို လျှောက်လိုက်နေသဖြင့် အခွင့်အရေး ရရှိမှု နည်းပါးသော သူတို့ထံသို့ အလင်းရောက်ခြည်များ ရောက်လာပေလိမ့်မည်။ ဇက္ခဲအား ” သင်၏ အိမ်၌ ယနေ့ ငါ တည်းနေမည်” ဟု ခရစ်တော် မိန့်တော်မူသကဲ့သို့ (လုကာ၊ ၁၉:၆) ထိုသူတို့ ထံသို့ ခရစ်တော်၏ စကားတော် ရောက်လာလိမ့်မည်။ ဒုစရိုက် အပြစ်ကြောင့် စိတ်နှလုံး ခိုင်မာနေသည်ဟု ယူဆရသော သူများကိုလည်း ခရစ်တော် အရေးယူ ဂရုပြုတော်မူသောကြောင့် သူတို့၏ စိတ်နှလုံးများသည် ကလေး သူငယ်ကဲ့သို့ ပြောင်းလဲကြလိမ့်မည်။ အများသော သူတို့သည် အကြီးဆုံးသော အပြစ်ဒုစရိုက် ညွန်တွင်းမှ ပြန်လာ၍ အခွင့်ကောင်းအခါကောင်း အမြောက်အများ ရရှိခဲ့သော်လည်း တန်ဖိုးမထားသော သူတို့၏ နေရာကို ယူကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ အရွေးချယ်ခံလူတို့တွင် စာရင်းဝင် ရွေးကောက်ခြင်းကို ခံရသူများ၊ မြတ်နိုးဖွယ်သော သူများ ဖြစ်ကြလိမ့်မည်။ ၎င်းအပြင် ခရစ်တော်သည် မိမိ၏ နိုင်ငံတော်တွင်းသို့ ကြွလာတော်မူသောအခါ သူတို့သည် ကိုယ်တော်၏ ပလ္လင်တော် အနီးတွင် ရပ်နေခွင့်ရကြလိမ့်မည်။COLB 286.2

    သို့သော် “သင်တို့သည် မိန့်တော်မူသော သူ၏ စကားတော်ကို မငြင်းပယ်မည် အကြောင်း သတိပြုကြလော့။” ဟေဗြဲ၊ ၁၂:၂၅။ “အထက်က ခေါ်ဖိတ်သော သူတစ်ယောက်မျှ ငါ့ ပွဲကို မဝင်ရ” ဟု ယေရှုရှင် မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ခေါ်ဖိတ်ခဲ့သော်လည်း သူတို့ ငြင်းပယ်ခဲ့ကြသဖြင့် မည်သူ့ကိုမျှ နောက်တစ်ဖန် ခေါ်ဖိတ်လိမ့်မည် မဟုတ်ပါ။ ခရစ်တော်ကို ငြင်းပယ်ခြင်းအားဖြင့် ယုဒလူတို့သည် ကိုယ့်စိတ်နှလုံးကို ခိုင်မာစေကြပြီးလျှင် စာတန်၏ တန်ခိုး စည်းရိုးအတွင်းသို့ ကိုယ်တိုင် ဝင်ရောက်ကြသဖြင့် ကိုယ်တော်၏ ကျေးဇူးတော်ကို လက်ခံရန် မဖြစ်နိုင်ကြတော့ပါ။ ယခု မျက်မှောက်ကာလတွင်လည်း ယင်းအတိုင်းပင် ဖြစ်နေပါသည်။ ဘုရားသခင်၏ မေတ္တာတော်ဆိုင်ရာ တရားကို မသိလျှင် လည်းကောင်း၊ မိမိ၏ စိတ်ကို နှိပ်ကွပ်၍ ပျော့ပျောင်းစေရန်အတွက် ယင်းမေတ္တာတော်ကို ကျွန်ုပ်တို့၏ အခြေခံ သဘောတရား လက်စွဲအဖြစ် မထားလျှင် လည်းကောင်း ကျွန်ုပ်တို့သည် လုံးဝဥဿုံ ဆုံးရှုံးသော သူများ ဖြစ်ကြ၏။ အရှင်ဘုရားသည် မိမိ၏ မေတ္တာတော်ကို ဖေါ်ပြပြီးသည်ထက် ပို၍ ထင်ရှားအောင် ဖေါ်ပြစရာ အကြောင်း မရှိတော့ပါ။ အကယ်၍ ယေရှုရှင်၏ မေတ္တာတော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မနှိပ်ကွပ် မပျော့ပျောင်းစေနိုင်ပါက ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တွေ့ထိရန်အတွက် အခြား နည်းလမ်း မရှိတော့ပါ။COLB 288.1

    သင်သည် ကရုဏာတော်ဆိုင်ရာ သတင်းစကားကို နားမထောင်သည့်အခါတိုင်း မယုံကြည်ရန် ကိုယ်ကိုကိုယ် အားပေးနေခြင်း ဖြစ်ပါ သည်။ သင်၏ စိတ်နှလုံးတံခါးကို ခရစ်တော်အား ဖွင့်ပေးရန် ပျက်ကွက်သောအခါတိုင်း ကိုယ်တော်၏ အသံတော်ကို မကြားလိုသော စိတ် ပို၍ ပို၍ လာပါသည်။ ထိုကြောင့် နောက်ဆုံးသော ကရုဏာတော် ဆိုင်ရာ ခေါ်ဖိတ်သံကို တုံ့ပြန်ရန် အခွင့်အခါလည်း ပို၍ ပို၍ ယုတ်လျော့်သွားပါသည်။ “ဧဖရိမ်သည် ရုပ်တုတို့၌ စွဲကပ်လျက် ရှိ၏။ သူ့ကို တတ်တိုင်း ရှိစေလော့” ဟု ရှေးခေတ် ဣသရေလလူတို့၏ အကြောင်းကို မှတ်တမ်း တင်ထားသကဲ့သို့ သင်၏ အကြောင်းကိုလည်း ရေးမှတ်၍ မထားရစေပါနှင့်။ ဟောရှေ၊ ၄:၁၇။ ခရစ်တော်သည် ယေရုရှလင်မြို့တော်ကို ကြည့်လျက် “ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏၊ သင်မူကား အလိုမရှိ၊ သင်တို့နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။” ဟု မိန့်တော်မူပြီးလျှင် မျက်ရည်ကျတော်မူ သကဲ့သို့ သင့်ကို ကြည်၍ မျက်ရည်မကျရပါစေနှင့်။ လု၊ ၁၃:၃၄၊၃၅။ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ချိန်သည် ကရုဏာတော်ဆိုင်ရာ သတင်းစကား၏ နောက်ဆုံးအချိန် ဖြစ်၍ လူသားများအား ယင်း သတင်းစကားတော်နှင့် စပ်လျဉ်းသည့် နောက်ဆုံးသော ခေါ်ဖိတ်သံကို ပေးပို့နေပါသည်။ “မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့” ဟု ဆိုသည့် အမိန့်တော် ပြည့်စုံရန် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပါပြီ။ ခရစ်တော်၏ ဖိတ်ခေါ်သံကို အသက်ဝိညာဉ်တိုင်းသို့ ပေးပို့ပါလိမ့်မည်။ သတင်းစကား ပေးပို့သူများကလည်း “လာကြပါ၊ အလုံးစုံတို့သည် အသင့် ရှိပါပြီ” ဟု ခေါ်ဖိတ်နေကြပါသည်။ ကောင်းကင်တမန်များသည်လည်း လူသား ကိုယ်စားလှယ်များနှင့် လက်တွဲ၍ပင် အမှုတော်ကို ဆောင်ရွက်နေကြပါသေးသည်။ သင် လာရောက်ရန်အတွက် အနိုင်ခေါ် ဖိတ်ရန် စိတ်ဝင်စားစရာ ရှိသမျှ နှင့် သန့်ရှင်းသော ဝိညာဉ်တော်က ဆောင်ကြဉ်းနေပါသည်။ ကိုယ်တော်ရှင် ဝင်ရောက်ရန်အတွက် သင်၏ စိတ်နှလုံးတံခါး ဖွင့်ဖို့ တံခါးမင်းတုပ် ဖြုတ်မည့် လက္ခဏာကို ခရစ်တော် စောင့်ကြည့်နေပါသည်။ ဒုစရိုက် အပြစ်သား တစ်ဦးကို ပြန်၍ တွေ့ပြီ ဖြစ်ကြောင်း ကောင်းကင် သို့ သတင်းသယ်ဆောင်ရန်အတွက် ကောင်းကင်တမန်များ စောင့်နေကြပါသည်။ ဧဝံဂေလိ စားသောက်ပွဲကြီးသို့ လာရောက်ရန် ခေါ်ဖိတ်သံကို နောက်ထပ် လက်ခံသော အသက်ဝိညာဉ် တစ်ခုအတွက် စောင်းတော်များကို တီး၍ ဝမ်းမြောက် သီချင်းဆိုကြရန် ကောင်းကင်ဗိုလ်ခြေများ အသင့်စောင့်နေကြပါသည်။COLB 288.2

    * * * * *